Wednesday, July 20, 2016

ဗိုလ်မှူးကြီး မေရီအုန်း - မုန်တိုင်းထဲက ပန်းရိုင်းနှင်းဆီ

ဗိုလ် လဖိုင် နော်ဆိုင်းနှင့် စစ်သည်များ






ဗိုလ် လဖိုင် နော်ဆိုင်းနှင့် စစ်သည်များ

ဒုတိယ ကမ္ဘာစစ် အတွင်း ကချင် ပြောက်ကျား စစ်သည် များ၏ ဖက်ဆစ် ဂျပန် တော်လှန်ရေး ၊ ကရင့် တော်လှန်ရေး အစပိုင်းတွင် ကချင် တပ်များ ပူးပေါင်း ပါဝင်မှု ( မှတ်တမ်း အကျဉ်းချုပ် ) နှင့် တကျော့ပြန် ဗိုလ် လဖိုင် နော်ဆိုင်းနှင့် ကချင် စစ်သည်များ

ကချင်လူမျိုးများသည် ပထမတန်းစား စစ်သည်များ (Kachins were the first class warrior) ဖြစ်သည်ဟု ကမ္ဘာကျော် သမိုင်းဆရာ ဂျေဂျီစကော့တ်က Burma and beyond အမည်ရှိ စာအုပ်တွင် ရေးသားလေသည်။ ထို့အတူ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်အတွင်း အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့သော ဖလက်ချာ ကလည်း ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက် ရေးသမားများ (Unmatch jungle fighters) ဟူ၍ လည်းကောင်း၊ ဗြိတိသျှ ကချင်လေဗီးစ်တပ်မှူး ဗိုလ်မှူးကြီး အီယန်ဖဲလိုး ဂေါ်ဒွန်ကလည်း (Amicable assassins) အမည်ရှိ သူ၏ စာအုပ်တွင် (The best guerrillas in the world) ကမ္ဘာ့အတော်ဆုံးသော ပြောက်ကျား စစ်သည်များဟု ရေးသားလေသည်။

ထို့ပြင် ကိုလိုနီခေတ် ရန်ကုန် တက္ကသိုလ် နောက်ဆုံး ပါမောက္ခချုပ် Hugh Tinker ကလည်း ဗိုလ်ချုပ်အောင်ဆန်း ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရာတွင် တရုတ်နယ်စပ်အရေး အတွက် လိုအပ်သော စစ်သည်များအဖြစ် အကူအညီ ရယူနိုင်ရန် ကချင်များအား ဖက်ဒရယ် ပြည်ထောင်စုတွင် ပါဝင်ရန် အတွက် စည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု …… အမည်ရှိသူ၏ စာအုပ်တွင် ရေးသားလေသည်။
ဒုတိယကမ္ဘာစစ်မီး အာရှတိုက်သို့ ကူးစက်လာချိန်တွင် မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသားများ၏ နိုင်ငံရေး လှုပ်ရှားမှု ပိုမိုပြင်းလာခဲ့ရာ သခင်အောင်ဆန်း ဦးဆောင်သော လူငယ်များသည်လည်း တိုင်းပြည်လွတ်လပ်ရေး ရရှိရန်အတွက် ပိုမိုလှုပ်ရှား ဆောင်ရွက်လာကြလေရာ ရှေးဦးစွာ ဖက်ဆစ်ဂျပန်များနှင့် အဆက်အသွယ် ရရှိကြ လေသည်။ ထို့နောက် မြန်မာ လူငယ် ၃ဝ အားခေါ်ဆောင်ကာ တရုတ်ပြည် ဟိုင်နန်ကျွန်းတွင် ဗြိတိ သျှတို့အား တိုက်ခိုက်ရန်အတွက် စစ်ပညာ သင်ကြားကြလေသည်။ စစ်ပညာ သင်ကြားပြီးနောက် မြန်မာနိုင်ငံသို့ ဂျပန် တပ်မတော်နှင့် အတူ ပြန်လည် ဝင်ရောက်လာကာ မြန်မာနိုင်ငံအား ဗြိတိသျှထံမှ ပြန်လည် သိမ်းယူ ကြလေ သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော် နှင့်အတူ ဖက်ဆစ်ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာချိန်တွင် ဗြိတိသျှ တပ်များ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများမှ တစ်ဆင့် အိန္ဒိယပြည်သို့ ဆုတ်ခွာကြလေသည်။ ကုန်းကြောင်း ဆုတ်ခွာရာတွင် ရခိုင်ကမ်းမြောင်၊ ချင်းတောင်တန်းနှင့် အများဆုံးမှာ ကချင်ဒေသ ဟူးကောင်းတောင် ကြားမှတစ်ဆင့် ဆုတ်ခွာကြလေသည်။ ဖက်ဆစ် ဂျပန်များ သိမ်းပိုက်ပြီး များမကြာမီ ကချင်ဒေသ သို့ ရောက်ရှိလာကြရာ ဗြိတိသျှတို့အား အစဉ်အဆက် သစ္စာခံပြီး စစ်တပ်ဝန်ထမ်း များအဖြစ် အမှုထမ်းနေကြသော ကချင်လူမျိုးတို့အပေါ် မုန်းတီးစိတ် အပြည့်ဖြင့် ညှဉ်းပန်း ရက်စက်မှုများ ပြုလာကြလေသည်။
ဖက်ဆစ်များ၏ ရက်စက်မှုများကြောင့် ဟူးကောင်းတောင်ကြားမှ အိန္ဒိယပြည်သို့ ဗြိတိသျှများ ဆုတ်ခွာရာတွင် ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်စစ်သည်အချို့မှာ လိုက်ပါသွား ခြင်းမပြုဘဲ၊ ဆွမ်ပရာဘွမ် ဒေသ တွင် နေရာယူကာ ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီး ရရာလက်နက်ဖြင့် ဖက်ဆစ် ဂျပန်များအား ခုခံတော်လှန်ရန် အတွက် ပြင်ဆင် ကြလေသည်။ အိမ်တွင်းလုပ် တူမီးသေနတ်များဖြင့် ခုခံကြရာတွင် အမေရိကန် ပြည်တွင်းစစ် အတွင်း အသုံးပြုခဲ့သော တစ်လုံးထိုး တူမီး သေနတ်မှာ ကချင်ပြောက်ကျားများ၏ အကောင်းဆုံး လက်နက် ဖြစ်ခဲ့ လေသည်။

မြန်မာတစ်ပြည်လုံးတွင် မည်သူ၏ အကူအညီမျှ မပါဘဲ ဖက်ဆစ် ဂျပန်အား ပထမဆုံး ဆန့်ကျင်တော်လှန် တိုက်ခိုက်နေသူ များမှာ ကချင်တိုင်းရင်းသား များသာလျှင် ဖြစ်ခဲ့လေသည်။ ဗြိတိသျှများ ဆုတ်ခွာပြီးချိန်တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွား ခဲ့ရာ ၆ လမျှ ကြာမြင့်ခဲ့လေသည်။ သို့သော်လည်း ကချင်ပြောက်များ ထံတွင် ဝိုင်ယာလက် ဆက်သွယ်ရေး စက်ရှိကြောင်း၊ ဗြိတိသျှတို့ ကြားသိရ သဖြင့် အဆက်အသွယ် ပြုလုပ် နိုင်ရန် ကြိုးပမ်းကြတော့သည်။ ဆက်သွယ်ရေးတပ် ရဲဘော်များ တစ်ရက်တွင် ၂၄ နာရီ ဆက်သွယ်ရေး စက် ဖွင့်ပြီး ကချင်ပြောက်ကျားများ၏ အဆက်အသွယ်ကို စောင့်ဆိုင်းနေကြပေရာ ၄ လခန့်အကြာ ၁ ရက်တွင် တီတီ.. တီတီတီ.. တီတီတီတီတီတီ… ဆို သော ဆက်သွယ်မှု အချက်ပြသံ မြည်လာရာ ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်ပြောက်ကျားများထံမှ ရေဒီယို ဆက်သွယ်မှုဖြစ်နေတော့သည်။ ယင်း သို့ အဆက်အသွယ် ရပြီး ပြီးချင်း ဗြိ တိသျှတို့မှ ကချင်ပြောက်ကျားများ အား အကူအညီပေးရန် ကြိုးစားလေ တော့သည်။

ဖက်ဆစ်ဂျပန်တို့သည် အိန္ဒိယပြည်အား အောင်မြင်အောင် တိုက်ခိုက်ရန်အတွက် ပူတာအိုဒေသအား မဖြစ် မနေ ရရှိရန်မှာ အလွန်တရာမှ အရေးကြီးကြောင်း သိကြရသဖြင့် ပူတာအို ဒေသသိမ်းပိုက်ရေးအတွက် ကြိုးပမ်း ကြလေရာ ပူတာအိုဒေသသို့ ရောက်ရှိရန် အတွက်မူ ဆွမ်ပရာဘွမ် ဒေသအား ကျော်ဖြတ်သွားရမည်ဖြစ်လေ သည်။ သို့သော်လည်း ဆွမ်ပရာဘွမ် ဒေသတွင် ကချင်ပြောက်ကျားများ နေရာယူထားပြီးဖြစ်လေရာ ဖက်ဆစ် များအတွက် အလွန်တရာမှ အခက်အခဲ ဖြစ်နေတော့သည်။

အစတွင် ဂျပန်တို့သည် ကချင် ပြောက်ကျားများအား အထင်အမြင် သေးစွာဖြင့် ချီတက်လာရာ လမ်းတစ်လျှောက် လုံးတွင် ကချင်ပြောက်ကျား များ၏ ဆီးကြို တိုက်ခိုက်မှုအား ကြုံတွေ့ရလေတော့သည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိသျှနှင့် ကချင်ပြောက်ကျား များ အဆက်အသွယ် ကောင်းမွန်စွာ ပြန်လည် ရရှိပြီးသည့် နောက်တွင် ဆွမ်ပရာဘွမ်ဒေသ ဂေါ့နန်ကျေးရွာ (Fort Hertz) တွင် ဗြိတိသျှများ လေထီး ဖြင့် ပြန်လည် ရောက်ရှိလာပြီးကာ နယ်ဖိုဒ်ဦးစီးကာ ဗြိတိသျှ ကချင် လေဗီးစ် (…) တပ်ဖွဲ့စတင်ဖွဲ့စည်း ကြရာ နောက်ပိုင်း တွင် တပ်ဖွဲ့ဝင် အင် အား ၄ ထောင်မျှရှိခဲ့လေသည်။ ထို တစ်ချိန်တည်းမှာပင် အိန္ဒိယသို့ ဆုတ် ခွာခဲ့ကြသော ဗြိတိသျှတို့မှလည်း မေဂျာဂျင်နရယ် ဝင်းဂိတ်ဦးဆောင် ကာ ချင်းဒစ်(ခြင်္သေ့)အမည်ရှိ ပြောက် ကျားတပ်ဖွဲ့ ဖွဲ့စည်းရာ ကချင်စစ်သည် ထောင်ဂဏန်းမျှ ပါဝင်ခဲ့ကြလေသည်။

ထိုသို့ ပြောက်ကျားတပ်ဖွဲ့ဖွဲ့စည်း ပြီးနောက် လေဗီးစ်တပ်ဖွဲ့ဝင်များက ဆွမ်ပရာဘွမ်ဒေသသို့ ကျူးကျော်လာ သော ဖက်ဆစ်များကို တိုက်ခိုက် ခြင်းနှင့် ချင်းဒစ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနား မန္တလေး မီးရထားလမ်း အနောက်ဘက်ပိုင်းများထိ ထိုးဖောက် ဝင်ရောက်ကာ ဖက်ဆစ်များအား စတင် တိုက်ခိုက်ကြလေသည်။ ၁၉၄၃ ခုနှစ်တွင် မဟာမိတ် အမေရိကန် တပ်ဖွဲ့များ မြန်မာအိန္ဒိယ နယ်စပ်သို့ရောက်ရှိလာပြီး ပန်ဆောင်၊ နန်းယွန်း၊ ရှင် ဗွေယန်ဒေသမှ မြန်မာပြည်တွင်းသို့ ထိုးစစ်ဆင်နွဲရန် ရောက်ရှိလာပြီး ဒေသခံ ကချင်များ၏ အကူအညီဖြင့် မြစ်ကြီးနား မြို့သိမ်း တိုက်ပွဲအား အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြလေသည်။ ထို့နောက် အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ကို ဆက်လက်ဖွဲ့စည်းရာ ကချင်စစ်သည် တစ်သောင်းကျော် ပါဝင် တိုက်ခိုက်ခဲ့ကြ လေသည်။
ထိုသို့ဖြင့် လေးဗီးစ်၊ ချင်းဒစ်၊ ရိန်းဂျား တပ်ဖွဲ့ဝင်များသည် မဟာ မိတ်တို့နှင့်အတူ ဖက်ဆစ်များအား ပူးပေါင်း တိုက်ခိုက်ခဲ့ရာ မန္တလေး၊ သာ စည်၊ တောင်ကြီး၊ လွယ်လင်၊ ရပ် စောက် စသည့် ဒေသများထိ ဖက်ဆစ် များအား လိုက်လံ တိုက်ခိုက်ခဲ့ကြလေသည်။

၁၉၄၅ ခုနှစ် မတ် ၂ဝ ရက်တွင် ဒေသအနှံ့သို့ ရောက်ရှိနေသော အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ဝင်များအား ဗန်းမော်သို့ လေ ယာဉ်အစီး ၃ဝ ဖြင့် ပြန်လည်ခေါ်ယူ ကာ မတ် ၂၄၊ ၂၅၊ ၂၆ ရက်တွင် စိန်လုံကဘားတွင် ဖက်ဆစ်ဂျပန်အား စစ်နိုင်သော အထိမ်းအမှတ် မနောပွဲ တော်ကြီးကို ၃ ရက်တိုင် ခြိမ့်ခြိမ့် သဲ ကျင်းပခဲ့ကြလေသည်။ အမေရိ ကန် ကချင်ရိန်းဂျားတပ်ဖွဲ့ဝင် ကချင် စစ်သည်များ ပြန်သွားကြသော်လည်း ဗြိတိသျှတပ်ဖွဲ့ဝင်၊ ကချင်လေဗီးစ် (British Kachin Levis) တပ်ဖွဲ့ဝင်များနှင့် ခြင်းဒစ် (Chindit) ကချင်စစ်သည် များက ရန်ကုန်၊ မော်လမြိုင်၊ တာချီလိတ် စသည့် ဒေသများထိ သွားရောက် တိုက်ခိုက် ခဲ့ကြလေသည်။ သို့ ဖြင့် ဒုတိယကမ္ဘာစစ် ပြီးတွင် ကချင် စစ်သည်များတွင် ဘီဂျီအမ် (Burma Gallantry Medal)၊ အယ်မ်စီ (Militry Cross) သူရဲကောင်းဘွဲ့ရ ၂ဝဝ ခန့်နှင့် အခြား သူရဲကောင်း ဘွဲ့တံဆိပ်ရ ၄ဝဝ ခန့်ရှိခဲ့ကြောင်း သိရလေသည်။

ကချင် ပြောက်ကျားများ၏ ခုခံတိုက်ခိုက်မှုကြောင့် ဖက်ဆစ်များသည် ပူတာအို ဒေသအား မသိမ်းပိုက်နိုင်ခဲ့သဖြင့် အိန္ဒိယနိုင်ငံအား မသိမ်းနိုင်ခဲ့ခြင်းနှင့်အတူ မြန်မာပြည်တွင် ဖက်ဆစ် များ စစ်ရှုံးမှု စတင်ခဲ့ရခြင်း ဖြစ်ခဲ့လေသည်။
ထို့အတူ ဖက်ဆစ်များသည် တရုတ်ပြည်နောက်ကျောဖြစ်သော ယူနန်နယ်မှ တရုတ်ပြည်တွင်းသို့ ဝင်ရောက် ရန် ကြိုးပမ်းမှုတွင်လည်း ပန် ဆိုင်းကြူကုတ်၊ စိန်လုံကဘား၊ လိုင် ဇာဒေသများတွင် ကချင်ပြောက်ကျား များ၏ တိုက်ခိုက်မှုအား မထိုးဖောက် နိုင်သဖြင့် တရုတ်ပြည်သို့ ဝင်ရောက် နိုင်ခြင်း မရှိခဲ့ကြချေ။ တရုတ်ပြည် သို့ နောက်ကျောမှ မဝင်ရောက်နိုင်သဖြင့် မြန်မာပြည်တွင်းမှပင် တရုတ် အမေရိကန် အင်္ဂလိပ်တပ်ဖွဲ့များ၏ ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။

မြစ်ကြီးနားမြို့သိမ်း တိုက်ပွဲဖြစ်ပြီး ဖက်ဆစ်တို့သည် ဧရာဝတီ မြစ် ကြောင်းမှ ဝါးလုံး တစ်ချောင်းတည်းဖြင့် လည်းကောင်း၊ အုန်းသီးတစ်လုံးအား ဖက်တွယ်၍ လည်းကောင်း၊ ခြုံဖုတ်ကလေးများ၊ ဒိုက်ကလေးများ အား ဖက်တွယ်၍ လည်းကောင်း ညအချိန်တွင် ရေစုန်မျောကာ ထွက်ပြေးရာ ကချင်ပြောက်ကျား လက်ဖြောင့် တပ်သားများ၏ လက်ချက်ဖြင့် တစ်ဦးတစ်ယောက်မျှ လွတ်ထွက်သွား ခြင်းမရှိကြောင်း …. အမည်ရှိ စာ အုပ်တွင် General Donovan Webstar က ရေးသားလေသည်။ သို့ဖြင့် ကိုလိုနီ မြန်မာပြည်၏ နောက်ဆုံး ဒုတိယ ဘုရင်ခံ ဖြစ်သော ဆာဒေါ်မန်စမစ်သည် Col.Ian Fellowes Gordon ၏ Battle for Naw Seng’s Kingdom အမည်ရှိ စာအုပ်တွင် အောက်ပါအတိုင်း အမှာစာ ရေးသားခဲ့လေသည်။

“The battle for Naw Seng’s Kingdom”, foreword by The Rt Hon Sir Reginald Dorman Smith, G.B.E, Governor of Burma, 1941-1946”. I can only envy who had the privilege of fighting alongside the Hill peoples of Burma, without courage and determination the whole history of our generation might have been changed with the Japanese.
နော်ဆိုင်းနှင့် သူ၏ ရဲဘော် ကချင်ပြောက်ကျားများ၏ အကူအညီ မရှိခဲ့လျှင် ကျွန်ုပ်တို့ သားစဉ် မြေးဆက်များ၏ သမိုင်းသည် ဂျပန်သမိုင်း ဖြစ်သွားမည်ဖြစ်ကြောင်းကို ဆိုလိုခြင်းပင် ဖြစ်လေသည်။

၁၉၄၈ခုနှစ်မြန်မာပြည်လွတ်လပ်ရေးရအပြီး အုပ်စုဖွဲ့သောနိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ အမှန်မှာ နိုင်ငံရေးအဖွဲ့အစည်းများသည်လွတ်လပ်ရေးမရခင်ကတည်းက ရှိနေပြီးသားဖြစ်သည်။
လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသော အုပ်စုများမှာ
(၁)ဗမာပြည်ကွန်မြူနစ်ပါတီ။
(၂) ရဲဘော်ဖြူ။
(၃) အလံနီ။
(၄) ကေအန်န်ဒီအို။
(၅) အမ်မ်အန်န်ဒီအို များ ထင်ပေါ်ကျော်ကြားလာသည်။
၎င်းတို့အထဲမှ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ရဲဘော်ဖြူတို့သည် ဖဆပလကိုမကျေနပ်(ထိုင်ခုံလုကြသည်)၊
ထို့ကြောင့် ဦးစွာတောခိုကြသည်။
ဖဆပလ အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင် တော်လှန်ပုန်ကန်ကြသည်။
ဂျပန်ခေတ် သို့မဟုတ် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် မြန်မာပြည်လွတ်လပ်ရေးမရခင် အင်္ဂလိပ်အစိုးရက
မြန်မာနိုင်ငံအတွက် စစ်တပ်များဖွဲ့စည်းပေးခဲ့သည်။ မြန်မာပြည်ကိုကာကွယ်ရန် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။

ဗမာအမျိုးသား သတ်သတ်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်း(Burma Rifle) ဗမာ့သေနတ်ကိုင်(၁) တပ်ရင်း(၃) (၄) (၅) (၆)တို့ဖြစ်သည်။
ဗမာ့သေနတ်ကိုင်တပ်ရင်း(၂) (2nd-Burma Rifle)သည် ဗမာ့သေနတ်ကိုင်တပ်ရင်းဟုခေါ်သော်လည်း ၎င်းတပ် ထဲတွင် ကချင်၊ ချင်း၊ ကရင်များသာရှိ၍ ဗမာအမျိုးသားများ လုံးဝမပါဝင်ချေ။ ၎င်းတပ်ရင်းသည် ကုလားပြည် (India)သို့ ဒုတိယကမ္ဘာစစ်အတွင်း ရောက်သွားသောတပ်ဖြစ်သည်။
General Wingate
(Chin dit force)ခြင်္သေ့တပ်ဟုခေါ်သော (General Wingate)၏ တပ်ဖြစ်သည်။
ထိုတပ်ထဲတွင် အင်္ဂလိပ်စစ်သား၊ ဂေါ်ရခါးစစ်သား၊အာဖရိကန်စစ်သားများလည်း ရောနှောပါဝင်သေးသည်။ (2nd-Burma Rifle)တပ်၏တာဝန်မှာ (General Wingate)၏ တပ်များကိုလမ်းပြရန်၊ ထောက်လှမ်းရေး လုပ် ငန်းများလုပ်ရန်ဖြစ်သည်။
လူမျိုးစုများကိုလည်း ကရင်သေနတ်ကိုင်တပ်ရင်း(Karen Rifle) (၁) (၂) (၃)၊ ကချင်သေနတ်ကိုင်တပ်ရင်း (Kachin Rifel) (၁) (၂) (၃)၊ ချင်းသေနတ်ကိုင်တပ်ရင်း (Chin Rifel) (၁) (၂) (Chin Hill Battalion) ဆိုကာ ဖွဲ့စည်းထားသည်။
ထို့နောက်ဗမာ့သေနတ်ကိုင်တပ်များ တောခိုသည်။
ထိုတပ် ရင်းများမှာ (1st-Burma Rifle) (2nd-Burma Rifle) (3rd-Burma Rifle) အချို့(UMPGT) တပ်၊ အခြား
တပ်များ အနည်းငယ်ပါဝင်သည်။
(4th-Burma Rifle)နေ၀င်းကိုင်သောတပ်သည် တောခိုခြင်းမရှိ။
၎င်းတို့တောခိုရန် ပထမ စည်းဝေးသောအခါ ဗိုလ်နေ၀င်းကိုယ်တိုင်ပါဝင်ရန်ဖြစ်သော်လည်း နောက်ပိုင်းမည်ကယ့်
သို့ စိတ်ပြောင်းလဲသွားသည်ကို မသိရပါ။ ပါဝင်ခြင်းမရှိပါ။ တောခိုရန်ပြဿနာကို ဗိုလ်နေ၀င်းအားလုံးသိသည်။
သို့သော် အစိုးရအဖွဲ့အစည်းကို အသိမပေးပါ။
တောခိုသွားသည့်တပ်များကို တိုက်ရန်အတွက် နယ်မြေခွဲပြီးစစ်ဆင်ရေးလုပ်တော့သည်။
(2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များ ပြည်မြို့နယ်ကိုတာဝန်ပေးသည်။
(2nd-Kachin Rifle)မင်္ဂလာဒုံမှ သာယာဝတီသို့၊(2nd-Karen Rifle)မိတ္ထီလာမှရေနံချောင်း၊ အောင်လံ ပြည်မြို့
သို့ ဦးတည်တိုက်ခိုင်းသည်။
ထိုးစစ်ကို (2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များညှပ်ပြီးပြည်မြို့ကို ကွန်မြူနစ်လက်မှ သိမ်းယူရန်
ဖြစ်သည်။
(1st-Kachin Rifle)သည် ပျဉ်းမနား၊တပ်ကုန်း၊ ရမည်းသင်း၊ ကန်သာနယ်မြေများကို ထိုးစစ်ဆင်သည်။ (3rd-Karen Rifle)စစ်ကိုင်းနယ်၊(1st-Karen Rifle)သည် တောင်ငူနယ်၊(2nd-Burma Rifle)သည် ညောင်လေး
ပင် နယ်မြေ၊ (2nd-Chin Rifle)သည် ပဲခူးနယ်မြေ၊ (1st-Chin Rifle) သည် ရန်ကုန်မြို့လုံခြုံရေး ယူထားသည်။
မှတ်ချက် ထိုအချိန်တွင် ဗမာတပ်များ မြို့လုံခြုံရေးဖြစ်သည်။
တောခို၍ ကျန်ရစ်ခဲ့သောတပ်ရင်း (၆)မှ တပ်သားများ ပဲခူးခရိုင်တွင် လှုပ်ရှားမှုအနည်းငယ်ပေးသည်။

(1st-Kachin Rifle)သည် ပျဉ်းမနားနယ်မြေကို တိုက်ခိုက်ရှင်းလင်းရန်အတွက် မေမြို့ ပျဉ်းမနား သာဝတ္ထိ သို့
ရွှေ့ပြောင်းလာပြီး သာဝတ္ထိတွင်ရှေ့တန်းရုံးစိုက်လျက် ၁၉၄၈ခုနှစ် ဧပြီလမှစ၍ ထိုးစစ်ဆင်လေတော့သည်။
၎င်းထိုးစစ်တွင်(C-coy, D-coy)များကိုအသုံးချသည်။
ထိုတပ်ခွဲနှစ်ခွဲကို တပ်ခွဲမှူး ဗိုလ်ကြီးနော်ဆိုင်း အမြဲတမ်းတာဝန်ယူသည်၊ နောက်ပိုင်းလုံခြုံရေးကို(A-coy)က တာဝန်ယူသည်။
ထိုအချိန်တွင် ကွန်မြူနစ်လှုပ်ရှားမှု သိသိသာသာနည်းသွားသည်၊နယ်မြေအများစုကို ထိန်းထားနိုင်ပြီဖြစ်သော် လည်း တောင်တွင်းကြီးနယ်မြေ၌ လှုပ်ရှားမှုများရှိနေသေး၍ ထိုနေရာသို့(D-coy)ကိုတာဝန်ပေးသည်။

တောင်ညို၊ ဟင်းကုန်း ကို (c-coy)မှ တာဝန်ယူတိုက်ခိုက်နေချိန် ၁၉၄၉ခုနှစ်ဇန္န၀ါရီလကုန်ခါနီး(ရက်အတိအကျ မမှတ်မိတော့)တပ်ရင်းမှစာတစောင်(C, D-coy)တပ်ခွဲမှူးထံရောက်လာသည်။
၎င်းစာထဲတွင် ကရင်သူပုန်ထပြီ ဤစာရရှိပါက ချက်ခြင်းတပ်ရင်းသို့ပြန်လာရန် ဟု ပါရှိပါသည်၊
ထိုစာကြောင့်တပ်ခေါက်လာပြီး သာဝတ္ထိသို့ပြန်စုရုံးကြသည်။
တပ်ရင်းဌာနချုပ်သို့ပြန်ရောက်ပြီး ၂ရက်နားပြီးသောအခါ တပ်ဗိုလ်များစည်းဝေးကြသည်။
တပ်ရင်းမှူး ဒုတိယဗိုလ်ကြီး ဇော်ဂေါင်က ပြောကြားသည်မှာ အခု ကျွန်တော်တို့ အစိုးရလခစားသည့်အတွက် ကရင်ကိုတိုက်ရမည်၊ သို့သော်ကြည့်တိုက်ရမည် ဟုပြောသည်၊ အခြားဗိုလ်တွေဘာမျှမပြောကြ။
ဗိုလ်ဇော်တူး (D-coy)က မြွေကယ့်သို့ဥာဏ်ရှိပြီး ချိုး(ဂျိုး)ကယ့်သို့လိမ္မာရမည် ဟုပြောသောအခါလူတိုင်းဝိုင်း
ရယ်(ရီ)ကြသည်
ညနေပိုင်း(Mess)တွင်တပ်ဗိုလ်များအနားယူသောအခန်း၌ ဘီယာ၊ရမ် သောက်ရင်း အချို့က ဗမာအစိုးရ မ
ကောင်းကြောင်းပြောကြသောအခါ ဗိုလ်ကြီးနော်ဆိုင်းနှင့် တပ်ရင်းမှူးတို့အငြင်းအခုံဖြစ်လေသည်၊
ဗိုလ်ကြီးနော်ဆိုင်း၏အကြောင်းပြချက်မှာ ယခုလက်ရှိကွန်မြူနစ်ကို တိုက်၍မပြီးခင် ကရင်ကိုပြန်တိုက်ရမည်ဖြစ်
၍ မိမိတို့အနေဖြင့် တပ်အကူအညီဘယ်က ရမည်နည်း။
အဓိပ္ပါယ်သည် အစိုးရမကောင်းသဖြင့် လူတိုင်းမကြေမနပ်ဖြစ်နေသောကြောင့် တော်လှန်ကြသည်ကို ဆိုလိုခြင်း
ဖြစ်သည်။

ထိုအခါ တပ်ရင်းမှူးက ဟေ့ နော်ဆိုင်း ခင်ဗျားမလုပ်ချင်လျင် ထွက်ပါ ဟုဆိုသောအခါ ဗိုလ်ကြီးနော်ဆိုင်းက ထွက်ဘို့ပြောနေတာမဟုတ်ဘူး ဟုပြန်ပြောလေသည်၊ ညစာစားပြီးနောက် အုပ်စုဖွဲ့ပြီးစကားပြောကြသည်၊
ဗိုလ်ကြီးနော်ဆိုင်းကို ထောက်ခံသောသူများသည်။
ရေတာရှည်၊ တောင်ငူဘက်သို့ချီတက်ရန် အစီအစဉ်လုပ်ကြလေသည်။
ဗိုလ်မှူးကြီး ဘန်လင်ဇော်တူး
တနေ့တွင် ဗိုလ်ကြီးနော်ဆိုင်းသည် ပျဉ်းမနားမြို့ထဲတွင် ဗမာအစိုးရတပ်များဖမ်းထားသော ကရင်အရပ်သားများ ထံသွား၍ ကရင်အလံတခုနှင့်ကရင်ယောက်ျားလေး အသက် ၁၂နှစ်ခန့်ရှိသူတယောက်ကိုပါခေါ်ယူလာပြီး(C-coy) ထမင်းချက်ရုံ၌ ၀ှက်ထားလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် တပ်ရင်းဌာနချုပ်တွင် သယ်ယူပို့ဆောင်ရေးတပ်၌ ဗမာတပ်သားများပါရှိနေသည့်အပြင် အခြားလူများမသိစေရန်ဖြစ်သည်။
တောင်ငူသို့ဆင်းမည့်ရက၌် ထိုကရင်ကလေးကို တပ်အပြင်ဘက် နှစ်ဖါလုံခန့်အကွာရှိ ရွာတရွာ၏ဆိုင်တဆိုင်
တွင် သွားထားလေသည်၊ဗိုလ်ကြီးနော်ဆိုင်း၏ (C-coy)အရင်ချီတက်ရန်ဖြစ်သည်၊ စစ်ချီကားများအစီအရီ စီ
တန်းထားသည်ကို တပ်ရင်းမှူးက စစ်ဆေးကြည့်ရှုပြီးသည်နှင့် ဗိုလ်ကြီးနော်ဆိုင်းက တပ်ရင်းမှူးကိုအလေးပြုပြီး ကားပေါ်တက်၍ထွက်ခွါလာခဲ့သည်၊ ကရင်ကလေးကိုခရီးစဉ်အတွင်းခေါ်ယူသွားသည်။
ကိုယ်ရံတော်၊ စက်ကိုင်ရဲဘော်သုံးဦးနှင့်အတူ သူ၏ဂျစ်ကားသည် ရှေ့ဆုံးမှထွက်သွားလေသည်။ ထိုအချိန် ရေတာရှည်မြို့ကို ကရင်တပ်ရင်း(၁)မှ တပ်ခွဲတခွဲနေရာယူထားချိန်ဖြစ်သည်၊ ရေတာရှည်မြို့သို့ရောက်
ခါနီးတွင် ဂျစ်ကားပေါ်၌ ကရင်အလံနှင့်ကချင်အလံတို့ကို တဘက်တချက်တပ်လျှက် ကရင်တပ်ခွဲရှိရာသို့ ကား
မောင်းသွားသည်၊ သို့သော် သူ၏တပ်ခွဲမှ တပ်သားများကိုမြိ့နှင့် ၂မိုင်ခန့်အကွာတွင်ထားရစ်ခဲ့သည်။
ကရင်စစ်သားများသည် ကရင်အလံနှင့် ကချင်အလံတပ်ဆင်ထားသည့် ဂျစ်ကားကိုတွေ့သောအခါ ပစ်ခတ်ခြင်း မပြုပဲ ၀င်ခွင့်ပြုလေသည်။ဂိတ်ရောက်သောအခါ ဗိုလ်ကြီးနော်ဆိုင်းက ခင်ဗျားတို့ဗိုလ်နဲ့တွေ့ချင်တယ် ဟုဝှက်ပြီးခေါ်လာသည့် ကရင်ကလေးကို ကရင်ဘာသာဖြင့်ပြောစေလေသည်။

ထိုအခါကရင်တပ်ခွဲမှူးနှင့်စကားပြောဆိုပြီး ကြေးတောကရင်တပ်ရင်းသို့ဆက်သွားကာ ကရင်တပ်ရင်းမှူး
စောမင်းမောင်နှင့်တွေ့ရန် စကားပြောစက်ဖြင့်အကြောင်းကြားပေးသည်။
ထို့နောက် ဗိုလ်ကြီးနောင်ဆိုင်းကို ကရင်တပ်ရင်းမှူးရှိရာ ကြေးတောတပ်ရင်းဌာနချုပ်သို့ လိုက်ပို့သည်၊ တပ်ရင်း ဌာနချုပ်သို့ရောက်သည့်အခါ တပ်ရင်းမှူးနှင့်အခြားကရင်လူကြီးများနှင့်တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုယူ လိုက်ကြသည်။
ရေတာရှည်တွင်ချထားသော ကရင်တပ်ကိုရုပ်သိမ်းပြီး ကချင်တပ်ကိုရေတာရှည်မြို့တွင်နေစေလျှက် ဆက်လုပ်ရမည့်လုပ်ငန်းများကို လက်တွဲလုပ်ဆောင်သွားရန်သဘောတူသဖြင့် ကရင်တပ်ကိုနောက်ဆုတ်စေပြီးနောက် ထိုနေ့ညနေ ၆နာရီခန့်၌ ကချင်တပ်ရင်းကို စက်ဖြင့်အကြောင်းကြားခေါ်ယူလိုက်သည်။

တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ရုံးထိုင်မှူးနှင့်အတူ အခြားဗိုလ်သုံးယောက်တို့ ကြေးတောကရင်တပ်ရင်းဌာနချုပ်သို့ သွားရောက် ဆွေးနွေးကြပြီး ည ၁၂နာရီခန့်တွင် မိမိတပ်ရင်းသို့ပြန်လည်ရောက်ရှိသည်။
ထို့နောက် ဗိုလ်နော်ဆိုင်းနှင့် ဗိုလ်ဇော်တူးနှင့်အတူ တပ်ဗိုလ်တပ်သားအားလုံးဆွေးနွေးကြသည်။
ကရင်ကိုတိုက်မလား မတိုက်ဘူးလား ဟုမေးကြည့်သောအခါ မတိုက်ချင်ကြောင်းနှင့် အချို့ကဗမာကိုတိုက်ရန်
ပြောလာပါသည်။

ဤကယ့်သို့ ကရင်ကိုမတိုက်လိုသည့်အကြောင်းမှာ ကရင်နှင့်ကချင်တို့သည်တောင်ပေါ်သား ညီအစ်ကိုရင်းခြာ များသဖွယ် လူမှုရေး၊ ဘာသာရေးကြောင့်ဖြစ်သည်။
ဘာသာရေးနှင့်စပ်လျှဉ်း၍ပြောရမည်ဆိုပါက ကရင်နတ်စားနှင့် ကချင်နတ်စားတို့သည် ခြားနားခြင်းမရှိကြချေ၊ ကရင်နတ်စားတို့၏နတ်စင်သည် ၀ါးခြမ်းပြား တစ်ခြမ်း နှစ်ခြမ်းဖြင့်လုံလောက်သည့်နည်းတူ ကချင်နတ်စားတို့
သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။
တောင်ပေါ်သားများသည် ခေါင်ရည်ကိုနှစ်သက်ကြသည်၊ တောင်ပေါ်သားကရင်များသည် ဧည့်သည်လာလျင် ချက်ခြင်း ခေါင်ရည်ဖေါက်သကယ့်သို့ ကချင်တို့သည်လည်းထိုအတိုင်းပင်ဖြစ်သည်။
ဆိုလိုသည်မှာ ကရင်နှင့်ကချင်တို့ တွင်တူညီသည့်အခြခံအချက်အလက်များ များစွာရှိသဖြင့် ကိုယ်ချင်းစာနာ
စိတ်၊ သနားကြင်နာစိတ်ရှိသည်နှင့် အတူ ကူညီလိုသောစိတ်စေတနာကြောင့် ၁၉၄၉ခုနှစ်ကရင့်တော်လှန်ရေး
ကို ကချင်တပ်ရင်း (၁)နှင့် (၃)မှ တပ်ဗိုလ်တပ်သားများ ကရင်နှင့်ပူးပေါင်းလျှက် ဖဆပလ အစိုးရကို အတူတ
ကွ တော်လှန်တိုက်ခိုက်ကြရန်သဘောတူညီခဲ့ကြလေသည်။

ထိုအချိန် မေမြို့တွင် ရန်သူအစိုးရတပ်မှဖမ်းထားသော ကရင်တပ်ဗိုလ်တပ်သား၊ အစိုးရအမှုထမ်း ယောက်ျား
မိန်းမ ကလေးသူငယ် စုစုပေါင်းငါးထောင်ခန့်ကို ဦးစွာသွားရောက်ကယ်ထုတ်ပြီးမှ အင်းစိန်၊ ရန်ကုန်ဆင်းရန် ဗိုလ်ကြီးနော်ဆိုင်းတို့ဘက်မှ တင်ပြချက်ကို ကရင်တပ်များကအစတွင် လုံးဝလက်မခံကြချေ။ ဗိုလ်ကြီးနော်ဆိုင်း နှင့်ဗိုလ်ဇော်တူးတို့ ကြေးတောကရင်တပ်ရင်းသို့ညစဉ် ရှစ်နာရီမှ ဆယ့်တစ်နာရီအထိ သွား
ရောက်ဆွေးနွေး သည့်တိုင် ကရင်တပ်မှ တပ်မှူးများလက်မခံခဲ့။
နောက်ဆုံး အစ္စတု၊တောင်ငူအရှေ့ဘက်ကမ်း ဦးစောလုံအိမ်၌ နှစ်ကြိမ်တိုတိုင်ကရင် ခေါင်းဆောင်များနှင့်ဆွေး
နွေးပြီးနောက် မယုံတ၀က်ယုံတ၀က်ဖြင့်လက်ခံခဲ့ကြသည်။
ရာနှုံးပြည့်လက်မခံသောကြောင့် ဗိုလ်ကြီးနော်ဆိုင်းက ဗိုလ်ဇော်တူးကိုပြောသည်မှာကရင်တွေကိုပြောရတာ တော်တော်ခက်သည် ဟု ဆိုပါသည်။နောက်ဆုံးတွင် ၁၃-၀၂-၁၉၄၉နေ့၌ အစီအစဉ်လုပ်ရန် သဘောတူလက်ခံလာသည်။ ၁၄-၀၂-၁၉၄၉ နေ့တွင်ဦးစောလုံ၏အိမ်၌ နောက်တဖန်ထပ်မံဆွေးနွေးသည်၊၁၅-၀၂-၁၉၄၉ရက် ည၌ ကချင်တပ်မှ တပ်ခွဲမှူး၊ တပ်ဗိုလ်နှင့် ကရင်ခေါင်းဆောင်များ ဆုံးဖြတ်ချက် သဘောတူညီချက်များကို အတည်ပြု လိုက်ကြသည်။

ထိုသဘောတူညီချက်အရ ကရင်နှင့်ပူးပေါင်းသော ကချင်တပ်၏အင်အားများမှာ (1st-Kachin) မှ (A), (C), (D) Coyများနှင့် (3rd-Kachin)မှ (A) Coy သယ်ယူပို့ဆောင်ရေး၊မော်တော်ကားတပ်၊ဘရင်းကယ် ရီယာ(Bren Carrier)လေးစင်း၊ ဆက်သွယ်ရေးအဖွဲ့၊ ရုံးအဖွဲ့စုစုပေါင်း ကချင်တပ်အင်အား ၇၀၀ကျော်သည်။ အဘယ်ကြောင့်ဆိုသော် တပ်ခွဲတခွဲတွင်လူအင်အား ၁၅၀ရှိခြင်းကြောင့်ဖြစ်သည်။
ထိုညတွင် ကရင်ခေါင်းဆောင်များနှင့် ကချင်ခေါင်းဆောင်များ ဆုံးဖြတ်သဘောတူညီကြသောအချက်များမှာ
(၁) တိုက်ပွဲတွင်ကျဆုံးသော ကချင်ရဲဘော်များ၏ မိဘများကို တိုက်ပွဲမပြီးခင် တစ်ယောက်လျင် ငွေ၁၀၀၀ ပေး ထားရန်၊ ၎င်းငွေ ၁၀၀၀သည် စပ်ကူးမတ်ကူးကာလတွင် ပေးထားခြင်းဖြစ်သည်။
(၂) လောလောဆယ်တွင် ကျောင်းဆရာ အယောက် ၅၀ကို ကချင်ပြည်သို့အကူအညီပေးရန်။
(၃) ကချင်စစ်သားများကို တတ်နိုင်သရွေ့ စစ်သုံးပစ္စည်း၊ လက်နက်ခဲယမ်း ကူညီဆောင်ရွက်ပေးရန်။
(၄) အခြားသောကိစ္စအ၀၀ကို တိုက်ပွဲပြီးမှ ဆုံးဖြတ်ရန်။
စသည်တို့ဖြစ်သည်။
၁၅-၀၂-၁၉၄၉ ည အစည်းအဝေးတက်ရောက်သည့် ကချင်တပ်ဗိုလ်များမှာ
(1st-Kachin) (A-coy)မှ ဗိုလ်ကြီးဒေါင်ဒေါင်း။
ဗိုလ်လဗျတန်။
(C-coy)မှ တပ်ခွဲမှူး ဗိုလ်ကြီးနော်ဆိုင်း(ကချင် တပ်အားလုံး၏ ခေါင်းဆောင်)။
(D-coy)တပ်ခွဲမှ တပ်ခွဲမှူး ဗိုလ်ကြီးတန်ဒေါင်းခင်။
ဗိုလ်ကြီးဖရမ်ဂမ်ဒီး။
ဒု တပ် ခွဲမှူး သို့မဟုတ် (12 Platoon Comdr) ဗိုလ်အင်ကျောတန်။
(11 Platoon Comdr) ဗိုလ်ဇော်တူး။
(10 Platoon Comdr)(2rd-Kachin) (A-coy)မှ တပ်ခွဲမှူး ဗိုလ်ကြီးဇောရှန်။
ဒုတပ်ခွဲမှူး သို့မဟုတ် (Sun Lut La Myi Chyang)ဗိုလ်ကြီး ဆွမ်လွတ်လ (Platoon Comdr) တို့ဖြစ်ကြသည်။
ဤဖေါ်ပြပါ ဗိုလ်ကြီးများအပြင် အခြား ဗိုလ်များလည်း ပါရှိသေးသည်။
ကရင်ဘက်မှ အစည်းအဝေးတက်ရောက်သော ခေါင်းဆောင်များမှာ
(၁) ဦးစောလုံ(အဖွဲ့ခေါင်းဆောင်)။
(၂) ဒုတိယ ဗိုလ်မှူးကြီး မင်းမောင်။
(၃)ရွှေလေး။
(၄) ပေါ်ပေါ်။
(၅) ဆရာ ဘထွန်း။
(၆) ဖိုးညှော်။
(၇)မိဒီအ။
(၈) တူရောဦး။
(၉) ဒေါ်ဒီ။
တို့ဖြစ်ပြီး အခြားကရင်ခေါင်းဆောင်များ၏ အမည်များကို မမှတ်မိတော့ပါ။

ဗိုလ်မှူးကြီး ဘန်လင်ဇော်တူး

သမိုင်းမှတ်တမ်း၏ ရည်ရွယ်ချက် ဤသမိုင်းမှတ်တမ်း ကရင်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်းအကျဉ်းချုပ် စာ အုပ်ငယ်ကို ရေးသားပြုစုပေးသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူးအား ရပ်ဝေးကချင်လူငယ်အသင်း(Kachin Youth Association Abroad) မှ အထူးကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာမှတ်ကျောက်တင်အပ်ပါသည်။
ကရင်အမျိုးသားများနှင့် ကချင်အမျိုးသားများသည် ဘာသာရေး၊ သာသနာရေးသမိုင်းကြောင်းသာမကပဲ အမျိုး သားရေးသမိုင်းကြောင်း၊ နိုင်ငံရေး စစ်ရေးသမိုင်းကြောင်း၊ တော်လှန်ရေးသမိုင်းကြောင်းတွေမှာ မည်သို့နီးစပ်မှု ရှိခဲ့သည်ကို ဖြစ်ပြီးခဲ့သောတကယ့်ဖြစ်ရပ်မှန်တွေအရ သိရှိနိုင်သည်။
နောင်လာနောက်သား မျိုးဆက်လူငယ်များသိရှိထားပါက အကျိုးရှိမည်၊ အဖိုးတန်မည်ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် ဤသမိုင်းမှတ်တမ်းကို ရပ်ဝေးကချင်လူငယ်အသင်း(KYAA)မှ တာဝန်ယူပြီး ပုံနှိပ်ထုတ်ဝေပါသည်။

အမှုဆောင်များ ရပ်ဝေးကချင်လူငယ်အသင်း (1993 October) မှတ်တမ်းရေးသားပြုစုသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ ကိုယ်ရေးအကျဉ်း

ကျွန်တော်ဗိုလ်မှူးကြီး ဇော်တူးသည် ဗန်းမော်ခရိုင် ဘန်လင်ကျေးရွာတွင်မွေးဖွါးခဲ့သည်။
အသက် ၈နှစ်အရွယ် တွင် ကျွန်တော့်ဦးလေးနှင့်အဒေါ်အိမ်၌ နေထိုင်ခဲ့သည်။
အသက် ၉နှစ်အရွယ် ဗန်းမော်ခရိုင် စိန်လုံကဘားမြို့ရှိ အစိုးရကျောင်းတွင် စတင်ပညာသင်ကြားရာ ကျောင်းတက်
နေစဉ်အတွင်းဖျားသဖြင့် မိဘနေရပ်ဘန်လင်ကျေး ရွသို့ပြန်ပြီး၊ အသက် ၁၁နှစ်မှ ကျောင်းပြန်ဆက်တက်သည်။
စိန်လုံကဘားကျောင်းမှ နမ့်ခမ်းမြို့ ခရစ်ယာန်သာ သနာပြုကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားသည်။
ထိုသို့ပညာသင်ကြားနေစဉ်အတွင်း ၁၉၄၂ခုနှစ်တွင် ဒုတိ ယ ကမ္ဘာစစ်ဖြစ်ကာ ကျောင်းများအားလုံးပိတ်၍ ပညာဆက်လက်မသင်ကြားနိုင်တော့ပါ။

၁၉၄၂ခုနှစ် မတ်လ(၁)ရက်နေ့တွင် ဗြိတိသျှလက်အောင်ရှိ ပုလိပ်တပ်သို့ဝင်၍ ပုလိပ်ဝင်လုပ်သည်။ ထိုအချိန်က တလလျှင် ၂၄ရူပီး လစာရသည်။
၁၉၄၂ခုနှစ် မေလ ၅ရက်နေ့တွင် ဂျပန်တပ်များ ဗန်းမော်မြို့ကိုဝင်ရောက်သိမ်း ပိုက်သည်။
ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးယန္တရားပျက်ပြားသွားပြီဖြစ်၍ ကျွန်တော်လည်းပုလိပ်မလုပ်တော့ပဲ ကျွန်တော့်ဦးလေးနှင့် အဒေါ်အိမ်ပြန်နေသည်။
ထိုအချိန်တွင် ဖက်ဆစ် ဂျပန်အုပ်ချုပ်ရေးစနစ် စတင်နေချိန်ဖြစ်ပြီး ဖက်ဆစ်ဂျပန်များကိုတော်လှန်ရန်အတွက် ဗြိတိသျှတပ်တွင် ထောက်လှမ်းရေးတာဝန်ထမ်းဆောင်ခဲ့သည်။
ဗိုလ်မှူးကြီးခွန်နောင် ကထောက်လှမ်းရေးအ ရာရှိအဖြစ်တာဝန်ယူပြီး ဗိုလ်မှူးကြီးဇောဂျွန်း က အိန္ဒြိယပြည်မှလေယာဉ်ဖြင့်အလောဘွမ်တောထဲ လေထီးဖြင့်ခုန်ချကာ ၀ိုင်ယာလက်စက်ဖြင့် ဖက်ဆစ်ဂျပန်များ၏လှုပ်ရှားမှုများကို သတင်းယူ သတင်းပို့ တာဝန်ယူသည်။
ဗိုလ်မှူးကြီးခွန်နောင်နှင့် ဗိုလ်မှူးဇော်ဂျွန်းတို့သည် ဗြိတိသျှအစိုးရတပ်မှ ကချင်အမျိုးသားတပ်မှူးများဖြစ်သည်။

ကျွန်တော့်အား ဗိုလ်မှူးကြီးခွန်နောင် က ဗန်းမော်လေယာဉ်ကွင်းတွင်ကူလီခေါင်းလုပ်ခိုင်း၍ ဂျပန်များ၏လှုပ်ရှား
မှုကို ထောက်လှမ်းခိုင်းသည်။
ကျွန်တော်လည်း လေယာဉ်ကွင်းဆောက်လုပ်ရာတွင် လိုအပ်သောအလုပ်သ နားများ စုစည်းခေါ်ယူရင်း ဗိုလ်
မှူးကြီးခွန်နောင်ထံ ပုံမှန်သတင်းပို့ခဲ့သည်။
နောက်များမကြာမှီ ဂျပန်များရု့းစိုက်ရာ ဗန်းမော်မြို့နှင့် လေယာဉ်ကွင်းအား ဗြိတိသျှလေတပ်မှ ဗုံးကြဲတိုက်ခိုက် သည်။ ဗိုလ်မှူးကြီးခွန်နောင်နှင့်အတူ စိန်လုံကဘားသို့ထွက်ပြေးသည်။ ထိုအချိန် ဗိုလ်မှူးဇောဂျွန်းလွှတ်လိုက်
သော တရုတ်တပ်မှတရုတ်များနှင့်လိုက်ပါသွားသည်။
၎င်းတရုတ်တပ်များဖြတ်သန်းခဲ့သောရွာများတွင် တရုတ် တပ်များ ဓါးပြတိုက်သဖြင့် ရွာသားများက ကျွန်တော်
တို့နှစ်ဦးအားဖမ်းဆီးရန် ဂျပန်ကိုတိုင်သည်။
ဗိုလ်မှူးကြီးခွန်နောင်၏ သားသမီးများကို ဒုက္ခမပေးပါ။
နောက်ပိုင်းဗြိတသျှတပ်နှင့်တွေ့ဆုံပြီး ဗြိတိသျှတပ်သို့ဝင်၍ ဖက်ဆစ်ဂျ ပန်များကိုတော်လှန်ရန် စစ်မှုထမ်းခဲ့သည်။
ထိုသို့ဗြိတိသျှတပ်တွင် စစ်မှုထမ်းနေစဉ်အတွင်း မြစ်ကြီးနားခရိုင် ၀ါးရှောင်၊ ဂွေထူဒေသများတွင်တာဝန်ထမ်း
ဆောင်နေစဉ် ဖျားသဖြင့်ဗြိတိသျှစစ်တပ်မှ အိန္ဒြိယပြည်နယ် အာသံ(Assam) သို့ဆေးကုရန် လေယာဉ်ဖြင့်ပို့ လိုက်သည်။
အာသံစစ်ဆေးရုံ၌ တလကြာ ဆေးကုသမှုခံယူပြီး ဗြိတိသျှစစ်တပ်မှ ၁လ နားခွင့်ပေးသည်။
ထို့နောက် အိန္ဒြိယပြည် ဥတရာပရာဒက်ပြည်နယ်ရှိ (Deharadun) မြို့သို့ ကျွန်တော့်အား စစ်သင်တန်းယူရန်ပို့ လိုက်သည်။စစ်သင်တန်းပြီးသည့်နောက် ပန်ဂျပ်ပြည်နယ် ဟူရှာမြို့တွင်တာဝန်ထမ်းဆောင်နေစဉ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသဖြင့် မြန်မာပြည်သို့ သင်္ဘောဖြင့်ပြန်လာခဲ့သည်။

ကျွန်တော်၏ မိခင်တပ်ရင်းမှာ (2nd-Burma Rifle)ဖြစ်သည်။ စစ်ပြီးနောက်ပိုင်း (1st-Kachin Rifle)သို့ပြောင်းပြီး ဗမာပြည် ကွန်မြူနစ်များကိုတိုက်ရင်း ဖဆပလ ခေတ် ကရင့်တော်လှန်ရေးပေါ်ပေါက်လာသဖြင့် ဗိုလ်ချုပ် နော်ဆိုင်း ဦးဆောင်သော ကချင်တပ်နှင့် ကရင်တပ်များပူးပေါင်းသော တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ဖဆပလ အစိုးရကိုတော်လှန်ရင်း ယခုတိုင် ကရင်နယ်မြေတွင်ကျန်ရစ်ခဲ့သည်။

ဗိုလ်မှူးကြီးဘန်လင်ဇော်တူး (ဤတွင် ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ ကိုယ်ရေးအကျဉ်းပြီး၏)

(၁၅-၀၂-၁၉၄၉)ည သဘောတူချက်များရရှိပြီးနောက် (၁၆-၀၂-၁၉၄၉)ရက် နံနက်၁၀နာရီအချိန်တွင် မည်သို့ချီ တက်ကြမည်ကို စီမံခန့်ခွဲကြသည်။ ကချင်(၁)မှ ဗိုလ်ဇော်တူး ဦးဆောင်သော သူ၏တပ်စုသည်ရှေ့ဆုံးမှဖြစ်ပြီး ၎င်းတို့နောက်မှ (1st-Karen) ဗိုလ်ကြီးမောင်ချစ်၏တပ်ဖွဲ့များ လိုက်ရန်ဖြစ်သည်။
(1st-Kachin) မှ (D-coy) (C-coy)နှင့် (1st-Karen) တပ်များချီတက်ပြီး(1st-Kachin A-coy)၊ (3rd-Kachin) နှင့် (3rd-Kachin A-coy)တို့ မီးရ ထားဖြင့်ချီတက်သည်။
KNDO လက်နက်မဲ့ရဲဘော်များလည်း မီးရထားတစ်စီးစာပါလာသည်။
လူအင်အားမည်မျှ ပါသည်ကို အတိအကျမသိပါ။
ဤကယ့်သို့ချီတက်သွားရာ ဗိုလ်ဇော်တူးတပ်နှင့် ကရင်တပ်ရင်း(၁)မှ ဗိုလ်ကြီးမောင်ချစ်တို့ ဦးဆောင်သောတပ်
များ မြို့လှမြို့ကို ရှေးဦးစွာ ကချင် ကရင်တပ်များပူးပေါင်းကာ ည ၈နာရီအချိန်တွင်တိုက်ခိုက်ရာ ၂နာရီကြာမှ မြို့ ကိုသိမ်းပိုက်နိုင်ခဲ့သည်။၎င်းတိုက်ပွဲတွင် ကရင်စစ်သား ၂ဦးကျဆုံးပြီး၊ ရန်သူဘက်မှ ၅၀ဦးကျဆုံးသည်။
လက်နက် ၁၀၀ ကျော်သိမ်းဆည်းရမိသည်။ရှေ့သို့ဆက်လက်ချီတက်ရာ ရေနီမြို့၌ အနည်းငယ်ခုခံတိုက်ခိုက်မှု ခံရသည်။ဆက်လက်ချီတက်သွားရာ မိခင်တပ်ရင်းရှိသည့်သာဝတ္ထိနှင့် ငါးဖာလုံအကွာတံတားတခုသို့ရောက်သည်။ တံတားကို မိခင်တပ်ရင်းမှတပ်ဖွဲ့က စောင့်ကြပ်နေသည်။
ဆက်သွားရာ တံတားစောင့်မှ ဘယ်သူလဲ ဟု ကချင်လိုမေးသည်။

ထိုအခါဗိုလ်ဇော်တူးက ကချင်လို ပြန်ပြောသောအခါ သွားခွင့်ပေးလိုက်သည်။
ထိုသို့သွား ခွင့်ပြုသူမှာ ဗိုလ်ကရိန်လ ဖြစ်သည်။ တပ်ရင်းဂိတ်တွင်ရပ်နေသော တပ်ရင်းမှူးကို ဗိုလ်ကြီးနော်ဆိုင်းက ဖမ်းဆီးလိုက်သည်။ တံတားစောင့်ကြပ်သောဗိုလ်ကရိန်လကို နောက်ပိုင်းတွင်ရန်သူအစိုးရမှ ထောင်ချလိုက်ကြောင်းသိရသည်။ (၁၇-၀၂-၁၉၄၉)နေ့ နံနက် ၈နာရီတွင်လယ်ဝေးမြို့ကိုသိမ်း၍ ၁၀နာရီတွင်ပျဉ်းမနားမြို့ကိုသိမ်းလိုက်သည်။ ပျဉ်းမနားမြို့တွင် ဗိုလ်ကြီးသိန်းထွတ်ကို ဖမ်းဆီးရမိသည်၊ သူ၏နောက်လိုက် ၂၀ဦးကို လက်နက်သိမ်းယူပြီး ပြန် လွှတ်လိုက်သည်။ ထိုည ပျဉ်းမနားတွင်အိပ်သည်။
နောက်တနေ့ (၁၈-၀၂-၁၉၄၉) တွင် တပ်ကုန်း ရမည်းသင်း မြို့ ကိုသိမ်းရာတိုက်ပွဲ နာရီဝက်ခန့်ကြာသည်။ (၁၉-၀၂-၁၉၄၉) နေ့ ပျော်ဘွယ်ကိုသိမ်းသည်။ တိုက်ပွဲမဖြစ်။ ပုလိပ် ၂၀ဦးလက်နက်ချသည်။
ရန်သူများဖမ်းဆီးထားသော ကရင်(ယူအမ်မ်ပ်ပီ)တပ်သား ၁၅၀ဦးကိုကယ်တင် လိုက်သည်။

(၂၀-၀၂-၁၉၉၄) မိတ္ထီလာမြို့အ၀င် ကုန်းသာတံတားတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးသည်။
ပျော်ဘွယ် ရောက်သောအခါ (1st-Kachin)မှ ((D-coy) နှင့် (C-coy)တို့ မီးရထားနှင့် ပြန်သွား၍ (1st-Kachin)
မှ (A-coy)၊ (3rd-Kachin) မှ (A-coy) ထိပ်တိုက်တက်ပြီး၊ (1st-Karen)က ရန်သူ၏နောက်ကျောကို ဖြတ်တိုက် သည်၊ ထိုတိုက်ပွဲတွင် ကချင်တပ်သားတစ်ဦးကျဆုံးပြီး ဗိုလ်ဇော်တူးအပါအ၀င် ကိုးဦးဒါဏ်ရာရသည်။ကရင်တပ်၏ ထိခိုက်ကျဆုံးမှု မည်မျှရှိသည်ကို မသိခဲ့ရ။
ထိုတိုက်ပွ္ပဲ၌ ဗမာတပ်မှ ဗိုလ်မှူးကြီး မောင်မောင်၊ ဗိုလ်မှူး ဒေါ်စိန်နှင့် အခြားဗိုလ် ၅ဦး ဖမ်းဆီးရမိပြီး မိတ္ထီလာမြို့ ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။ မြို့ကိုသိမ်းပိုက်လိုက်ပြီးနောက် လေယာဉ် ၂စင်း ဆင်းသက်လာသည်။ ထိုလေယာဉ်ကို ဖမ်းဆီးပြီးနောက် တစီးကို ဗိုလ်ကြီးစောဦးကို ဦးဆောင်၍ ကရင်တပ်ကိုစီးစေသည်။ ကျန်လေ .ယာဉ်အား ကချင်တပ်ကိုစီးစေသည်။ လေယာဉ်နှစ်စင်းပေါ်ပါ တပ်သားများအားလုံးကို ဗိုလ်ကြီး နော်ဆိုင်းမှ ကြီးကြပ်ကွ့ပ်ကဲကာ မေမြို့သို့ ပျံသန်းသွားသည်။
ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ရန်သူဗိုလ်ကြီး တင်မောင်ရေးသားသောစာထဲမှ ကောက်နုတ်ချက်အရ ထို လေယာဉ်ပျံကိုသိမ်းပိုက်ပြီး အသုံးချသွားသည့် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ကချင်စစ်ဗိုလ်နော်ဆိုင်း၏ ဦးဆောင် မှုအခန်းကဏ္ဍကို ချီးကျူးရေးသားထားသည်ကို တွေ့ရလေသည်။

ဤကွန်မန်ဒိုစစ်ဆင်ရေးသည် ခက်မယောင်နှင့် လွယ်ကူလွန်းလှသည်၊ ဤသို့လွယ်ကူလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားကြပါ။ထိုသို့မမျှော်လင့်ခဲ့ကြသဖြင့် မေမြို့သည် သူပုန်လက်တွင်းသို့ သေနတ်တချက်မျှ မပစ်ဖေါက် ရပဲ ရောက်ရှိလာ လေသည်။ မည်သို့ပင်ဖြစ်စေ၊ ထိုစစ်ဆင်ရေးကို နှလုံးရည်အပြည့်အ၀ဖြင့် စီစဉ်သူကို အထူးချီးကျူးပါသည်။ လေယာဉ်ပျံနှစ်စင်း မမျှော်လင့်ပဲရောက်လာသည်။ ထိုလေယာဉ်နှစ်စင်းကို ရလိုက်သည် နှင့်တခဏခြင်းအတွင်း၌ အခွင့်အရေးကောင်းတခုဟုမြင်သော မြင်နိုင်စွမ်းရှိသော ထို့အပြင် ချက်ခြင်းအသုံးချ နိုင်သောကြောင့် ရန်သူပင်ဖြစ်နေစေကာမူ မလေးစားပဲမနေနိုင်ချေ။ထိုသို့သော အကြံအစည်ကို ဗိုလ်နော်ဆိုင်း အကောင်အထည်ဖေါ်လိုက်ခြင်းသည် များစွာအံ့အားသင့်ဘွယ်
ကောင်းသည်ဟု ဆိုရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဗိုလ်နော်ဆိုင်းကို စာရေးသူအတော်ပင်ရင်းနှီးသည်။
(၁၉၄၆ ခုနှစ်) မေမြို့တွင်ဖွင့်လှစ် ခဲ့သော တပ်ခွဲမှူးသင်တန်းသို့ သူသည် ၃လကြာမျှ စာရေးသူနှင့်အတူတကွ သင်တန်းတက်ခဲ့ဘူးသည်။
စာပေအားဖြင့်အခြေခံ မရှိခဲ့သော်လည်း သူသည် နှလုံးရည်လက်ရုံးရည်နှင့် ပြည့်ဝသူဖြစ်သည်။
စစ်ကြီးကာလ တွင် အင်္ဂလိပ်စစ်တပ်ထဲ သတ္တိပြောင်မြောက်စွာဖြင့် စစိမှုထမ်းခဲ့သည်။
(BGM) သူရဲကောင်းဆုတံဆိပ် နှစ်ထပ် ကွမ်းချီးမြှင့်ခံရသူဖြစ်သည်။
မေမြို့ကို လေယာဉ်ပျံဖြင့် သွားရောက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို မည်သူကစ တင် အကြံဥာဏ်ပေးသည်ဖြစ်စေ ထိုစစ်ဆင်ရေးကို ဗိုလ်နော်ဆိုင်းက ခေါင်းဆောင်ခဲ့သည်။ အမှန်ဆိုလျင် ထို စစ်ဆင်ရေးသည် သူနှင့်အကိုက်ညီဆုံး စစ်ဆင်ရေးပင်ဖြစ်သည်။ ထိုသို့အထက်မြန်မာပြည်သို့ ထိုးစစ်ဆင်ချိန် ရဲဘော်ဖြူ၊ ကွန်မြူနစ်များနှင့် တိုက်ခိုက်မှု မရှိချေ။

ပျဉ်းမနားမြို့ကို ကွန်မြူနစ်များအုပ်ချုပ်သည်။ ရမည်းသင်း ပျော်ဘွယ်ကို ရဲဘော်ဖြူများ အုပ်ချုပ်သည်။ကေအင်န်ဒီအိုနှင့် ကချင်တို့ မိတ္ထီလာမြို့ကိုသိမ်းပိုက်ထားသည်။မေမြို့ကို ရန်သူဘက်မှ ဗိုလ်ကျင် ပြန်သိမ်းရန်ကြိုးစားနေသည်။ထို့ကြောင့် ဗိုလ်ကျင်ထံသို့ စာတစ်စောင်ရေးပို့လိုက်သည်။ ၎င်းစာထဲတွင် ခင်ဗျားတို့လက်နက်ချပါ။လက်နက်မချလျင် အားလုံးပြုတ်အောင် ချေမှုန်းခြင်းခံရမည် ဟုရေးလိုက်သည်။

၎င်းစာကို ကရင်လူကြီးများ ပြန်စာပေးရန် မပြုလုပ်ပါ။ ထိုအချိန်က ကရင်စစ်ဗိုလ်ကြီးများ အများအပြားရှိသည်။ တွင် လက်မှတ်ရေးထိုးပြီး စာပြန်လိုက်သည်။ ၎င်းစာထဲတွင် လက်နက်မချဘူး။ ခင်ဗျားတို့ကို ဆက်တိုက်မည်။ခင်ဗျားတို့ ဖမ်းထားတဲ့ ကရင်လူကြီးတွေကို အရမ်းမလုပ်ပါနဲ့။ ကျွန်တော်တို့ဆီမှာလည်း ခင်ဗျားတို့လူကြီးတွေ ဖမ်းထားတယ်။ ဟုပြန်စာရေးလိုက်ခြင်းဖြစ်သည်။ ထိုအချိန်၌ မန္တလေးထောင်တွင် စောဖိုးချစ်၊ နိုင်ရွှေကျင်၊စော သာဒင်နှင့် အခြားကရင်ခေါင်းဆောင်များရှိသည်။

မှတ်ချက်

ဤဖေါ်ပြချက်ကို ကရင်နီဥက္ကဌ မန်းအောင်သန်းလေး အနေနှင့် အဖြစ်မှန်ကို ပြန်ပြောပြနိုင်ပါသည်။
ထိုအခါ မိတ္ထီလာမှ ကရင်ဌာနချုပ်ကို မန္တလေးသို့ ချီတက်သွားရန်စီစဉ်သည်။
ထိုအချိန်တွင် သာစည်မြို့ကို ရန် သူတပ်များက ကလောမှဆင်းလာပြီး တပ်စွဲထားသည်။
၎င်းရန်သူများကို တိုက်ထုတ်ပြီး မီးရထားဖြင့်မန္တလေး ကိုချီတက်ရန် သာစည်သို့ချီတက်သွားသည်။
သို့သော် စိတ်ကူးသည့်အတိုင်းဖြစ်မလာပဲ ၀မ်းနည်းကြေကွဲစရာ ဖြစ်ရန်အနည်းငယ်သာ လိုပါတော့သည်။
ခေါင်းဆောင်များ အသေအခြာမစဉ်းစားခဲ့ကြ၍ မှားခြင်းဖြစ်သည်။
ဖြစ်ပုံမှာ ရန်သူဘက်မှ ၆ပေါင်တာအမြှောက်နှင့် သာစည်ဘက်မှပစ်လိုက်သည်။ မီးရထားဆေးရုံတွင် ၃လုံးကျ ကွဲသည်၊ သို့သော်ထိခိုက်မှုမရှိ။ ဆရာမများ ဟိုပြေးဒီပြေး ဖြစ်ခဲ့ရသည်။
ထိုဖြစ်ရပ်ကို ဆက်သွယ်ရေးစက်သ မားက အသေအခြာမသိ၊ သွားမကြည့်ပဲ စက်ဖြင့် ဆရမများထိခိုက်ကြောင်း ပြောလိုက်သည်။

ရန်သူဘက်မှလည်း အခွင့်ကောင်းယူပြီး သာစည်ရှေ့တန်းပြိုပြီ ဆရာမအချို့ ငါတို့ဖမ်းမိထားသည် ဆိုပြီး ကရင် ဘာသညဖြင့်ဝါဒဖြန့်လိုက်ရာ မိတ္ထီလာဌါနချုပ်မှ ကောင်းမွန်စွာမစုံစမ်းပဲ (Chin Hill Bn) တပ်ထံ လက်နက်ချရန် ဦးစောလုံ စီစဉ်လာသည်။
ကျွန်တော်တို့တပ် မိတ္ထီလာဌါနချုပ်တွင်ရှိသော ဗိုလ်များ၊ ခေါင်းဆောင်များ အစည်းအဝေးထိုင်နေစဉ် တပ်မဟာမှူး ဗိုလ်မှူးချုပ် မင်းမောင် သာစည်မှပြန်လာရာ ရှေ့တန်းဖရိုဖရဲဖြစ်တယ်တိုတာ ဟုတ်လား ဟုမေးသော အခါ ဘာမျှမဖြစ်ောကာင်းပြန်ပြောလိုက်သောကြောင့် ဦးစောလုံသည် ဗိုလ်မှူးကြီး ဒီထူးကြောင့်ဟု အပြစ်တင်သည်။ ထို့နောက်အရှက်ပြေစေရန် ဗိုလ်မှူးကြီး ဒီထူးကို မိတ္ထီလာထောင်ထဲ တစ်ညသွားထည့်ထားလိုက်သည်။ ဤကယ့်သို့ ဗိုလ်မှူးကြီးဒီထူးကို တည ထောင်ထဲသွားထည့်ခြင်းသည် သူ့အတွက်အကောင်းဖြစ်သွားသည်။

သူသည် (KNU) ၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သော်လည်း မေမြို့ကို ရန်သူုများပြန်သိမ်းသောအေခါ ဗိုလ်မှူးကြီး ဒီထူးထုချေချက်ပေးသည်မှာ သူသည် (KNU) ခေါင်းဆောင်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆို သော် သူ့ကို မိတ္ထီလာထောင်တွင် (KNDO) များ ထောင်ချခြင်းကို အကြောင်းပြနိုင်သည့်အတွက် သူသည်ရာ ထူးမကျပဲ ဆက်လက်၍သူ့လက်ရှိ ရာထူးမှာပင် တည်မြဲနေသည်။ထို့နောက်သာစည်ကို ဤအတိုင်းထိနိးထားပြီး မြစ်ငယ်မှ မန္တလေးသို့ချီတက်သည်။ ေ
မေမြို့မှလည်း ဆင်းလာပြီး နှစ်ဘက်ညှပ်တိုက်သဖြင့် မန္တလေးမြို့ကို (၁၁-၀၃-၁၉၄၉) ရက်တွင် အောင်မြင်စွာ သိမ်းပိုက် လိုက်နိုင်သည်။

ထိုတိုက်ပွဲတွင် ကချင်ရဲဘော်တစ်ဦးကျဆုံးသည်။ ဤကယ့်သို့ မန္တလေးမြို့ကိုသိမ်းပိုက်ပြီးနောက် သာစည်ကို ပြန် လည်ထိုးစစ်ဆင်သည်။ သာစည်တိုက်ပွဲ၌ ကချင် ၈ဦးကျဆုံးသည်။ ဤနေရာ၌ အနည်းငယ်ဖြည့်စွက်လိုသည် မှာ တောင်ငူဘက်မှစ၍ ချီတက်သောအခါ ကရင်၊ ကချင်တပ်သားများ စည်းကမ်းသေ၀ပ်မှုနှင့်ပြည့်စုံကြသည်။ မြို့သိမ်းပြီးနောက် မြို့တွင်း၌ စစ်သားတစ်ယာက်မျှ မတွေ့ရ။ M.P.( Military Police) သာရှိသည်။

တပ်သားများ ဈေးဝယ်လိုပါက ဈေးဝယ်ပြီးသည်နှင့် မိမိတပ်စခန်းသို့ ပြန်သွားကြသည်။
အရက်မူးသော စစ်သားမတွေ့ရချေ။ သို့သော်မေမြိ့မှဆင်းလာသော တပ်သားအချို့ရမ်းကားလာရာ ရေကြည်
ထဲရေနောက်ဝင်လာသလို နောက်ပိုင်း၌ စည်းကမ်းရိုသေမှုလျောညနည်းလာလေတော့သည်။
သာစည်ကိုထိုးစစ်ဆင်ရာတွင် သာစည်မြို့ကို မိမိတို့ဝိုင်း ထားသည်၊ ရန်သူအတွက် စစ်ကူမရှိ၊ ရေမရနိုင်ဖြစ်၍ လက်နက်ချရန်အနည်းငယ်သာ လိုတော့သည့်အချိန်၌ ရန်ကုန်မြိ့မှ အသံလွှင့်လိုက်သည်မှာ ၃ရက် အပစ်အခတ်ရပ်စဲရေးဖြစ်သည်။

ထိုအပစ်အခတ်ရပ်စဲရေး ကြေငြာ လိုက်သည်နှင့် ၃ရက်အတွင်း သာစည်နှင့်မိတ္ထီလာတွင် အနှောင့်အယှက်မရှိ ၀င်ထွက် သွားလာ နိုင်ပြီဖြစ်သော ကြောင့် လက်နက်ချမည့် ရန်သူကိုထားခဲ့ပြီး ထွက်သွားလိုက်ကြသည်။ ဦးစောလုံ စီမံခန့်ခွဲသည့်အတိုင်း လိုက်နာ၍ အခုလိုဖြစ်ခဲ့သည်။
မိတ္ထီလာတိုက်ပွဲတွင် ဖမ်းဆီးရမိသော ဒုဗိုလ်မှူးကြီး မောင်မောင်ထံမှ ကရင်၊ ကချင်၊ ရှမ်း များကိုလုံးဝပျက်ဆီး ပျက်ပြုဉ်းအောင်၊ နာလံမထူနိုင်အောင်၊ ပြုလုပ်ရန် စီစဉ်ရေးသားထားသည့် အောင်ဆန်း အော်ပရေးရှင်း (Operation Aung san)စာရွက်ကိုလည်း သိမ်းဆည်းရမိသည်။

၎င်းစာထဲ၌ပါသော အချက်တချို့မှာ ပထမ ကရင်ကို သတ်ရမည်။ ဒုတိယ ကချင်။ နောက် ရှမ်းများကို အမျိုးဖြုတ်ရမည်ဖြစ်သည်။ ဤလူမျိုးများကို အမျိုး ပြုတ်မလှုပ်ရှားနိုင်ရန် ကြံစည်ခြင်းဖြစ်သည်။
ဤကိစ္စ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး နောင်လာနောက် သားများမမေ့ရန် အရေးကြီးသည်။ သို့သော်ကျွနိတော်တို့သည်လည်း ဗမာ ဗိုလ်မောင်မောင်ကြံစည်သကယ့်သို့ မကြံစည်သင့်ပါ။
မိတ္ထီလာမှ တောင်ငူဘက်သို့ဆင်းလာသည့်အခါ လမ်းတံတားများဖျက်ဆီးထားသဖြင့် ခရီးသွားလာရသည်မှာ ခက်ခဲလှပေသည်။

သို့သော်မည်သူမျှ ညည်းညူခြင်းမရှိကြ။ ကောင်းမွန်စွာ တောင်ငူသို့ရောက်ခဲ့သည်။ ေ
တောင် ငူ၌ ၃-၄ ရက်ခန့်အနားယူပြီးနောက် ညောင်လေးပင်-ဒိုက်ဦးဘက်သို့ပြန်၍ချီတက်ရာ ဖါးဒိုပလောသို့ အရောက်တွင် အစည်းအဝေးထိုင်ကြသည်။
မူလအစီအစဉ်မှာ ညောင်လေးပင်ရှိ (2nd-Burma Rifle) တပ်တွင်ရှိနေသည့် ကချင်တပ်ကို အရင်ဆက်သွယ်မည်။ဆက်သွယ်ပြီး ဆွေးနွေး၍မရလျှင်တိုက်မည်ဖြစ်သည်။
သို့သော် ထိုအချိန်က အမှတ်(၆)တပ်မဟာမှူး အောင်စိန်(အောင်စိန် ထော်မဲ့ပါ မဟုတ်)သည် ညောင်လေးပင်၌ ကချင် မရှိ ကရင်နှင့်ကချင်ကိုဖမ်းပြီး ပဲခူးသို့ပို့လိုက်ပြီ ညောင်လေးပင်၌ ချင်းနှင့် ဗမာသာရှိသည်ဟုပြောသည်။

နောက်တနေ့မနက် ညောင်လေးပင်မြို့ကို ၀င်တိုက်သည့်အခါ ကချင်အချင်းချင်းရင်ဆိုင်ရသည် ၊ ညောင်လေး ပင်မြို့မှနေ၍ ကချင်များ တန်ပြန်ထိုးစစ်ဆင်သောအခါမှ ကချင်ရှိမှန်းသိရသည်။
ထိုးစစ်ဆင်လာသည့်ရန်သူ့စစ် သားများကို ဓါးလွယ်ပါသည့်အတွက် ကချင်မှန်း သိခြင်းဖြစ်သည်။
ထိုအခါ ဗိုလ်မှူးကြီးနော်ဆိုင်းက( မင်းတို့ က ချင်မဟုတ်လား)ဟု လှမ်းအော်မေးလိုက်သည်။
ထိုအခါ ရန်သူဘက်မှ ကချင်တပ်သားများ အံ့အားသင့်သွားပြီး ရှေ့သို့ဆက်မတက်ပဲရပ်တန့်နေခိုက် တယောက်ကို လာရန် လှမ်းခေါ်လိုက် သည်နှင့် ရန်သူဘက်မှ ကချင် တယောက် ဗိုလ်မှူးကြီးနော်ဆိုင်းနှင့် တွေ့ဆုံစကား ပောကြရာ ကချင်အချင်းချင်း မသိ၍မှားနေပြီ၊ ဒါကြောင့် နောက်ဆုတ်ပြီး အပစ်အခတ်ရပ်ရန် ပြောလိုက်ရာ သူတို့နောက်ဆုတ်ပေးကြပါသည်။

တကျော့ပြန် ဗိုလ်နော်ဆိုင်းနှင့် ကချင်စစ်သည်များ

လဖိုင်နော်ဆိုင်းသည် ဒုတိယကမ္ဘာစစ်အ တွင်း ဂျပန်အားခုခံတိုက်ခဲ့သော ကချင်ရိန်ဂျား
စစ်သည်တစ်ဦးဖြစ်သည်။ ဂျပန်ဆန့်ကျင်စစ်ကာ
လအတွင်း သူရဲကောင်းမှတ်တမ်းဝင်အဖြစ် ၂ ကြိမ် ချီးမြှင့်ခံခဲ့ရသည်ဟုဆိုပါသည်။လွတ်လပ်ရေး
ရပြီးဖွဲ့စည်းသော ကချင်သနက ၁ တွင် တပ်ခွဲမှူး ဗိုလ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

သို့သော် ပြည်တွင်းစစ်စပြီး မကြာခင်တွင် အစိုးရအား ပြန်လည်ပုန်ကန်ခဲ့သူဖြစ်သည်။တ
ဖက်ကတော့သူအား သူပုန်ဆိုပေလိမ့်မည်။ တဖက်ကတော့သူအား တော်လှန်သူဟုဆိုပေလိမ့်
မည်။မည်သို့ဆိုစေ ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်
စစ်သည်များသည် ကချင်လူမျိုးထဲမှ ပထမဆုံး
အစိုးရအားပုန်ကန်သူများအဖြစ် မှတ်တမ်းတင်ရ ပေမည်။
အစိုးရ၏ညွှန်ကြားချက်အရ KNU နှင့် ဗကပကို
တိုက်ခိုက်ရမည့် ဗိုလ်နော်ဆိုင်းသည် အမိန့်ကိုဖီ
ဆန်ခဲ့ပြီး အစိုးရကိုပုန်ကန်ခဲ့သည်။ ၁၉၄၉ ဖေဖ ဝါရီလအတွင်း ပျဉ်းမနားသို့ရောက်ရှိနေသော ဗိုလ်နော်ဆိုင်းဦးစီးအင်အား ၇၀၀ ခန့်သည် KNU နှင့်ပေါင်း၍ မြို့လှ ရေတာရှည် တပ်ကုန်း ရမည်း သင်း သာစည် မိတ္ထီလာတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး မိတ္ထီလာမှ လေယာဉ် ၂ စီးဖြင့် မေမြို့ ( ပြင်ဦး
လွင် ) သို့သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။မြန်မာပြည်တွင်းစစ်တွင်း အစောဆုံး လေကြောင်းစစ်ချီစစ်ဆင်ခြင်းဟုဆိုရမည်။

မေမြို့သို့ သွားရောက်ခြင်း ထိုစဉ် KNU တို့ပုန်ကန်မှုကြောင့်
အစိုးရတပ်တွင်း နှင့် အစိုးရဌာနတွင်းရှိ ကရင်လူ
မျိုး မိသားစုများ ကလေးလူကြီး စုစုပေါင်း ထောင်ဂ ဏန်းမျှ မေမြို့တွင် အကျယ်ချုပ်
ထားရှိသည်ကို ကယ်တင်နိုင်ရန်ဟုဆိုသည်။ အလားတူပင် မိတ္ထီလာတွင်လည်း အစိုးရကထိမ်း သိမ်း ထားသည့် ကရင်စစ်သား ၁၅၀ခန့်ကိုလွှတ် ပေးခဲ့သည်ဟုဆိုပါသည်။ ထိုကရင်စစ်သားထဲမှ
အချို့သည် KNU ပူးပေါင်းသူရှိသကဲ့သို့ ဇာတိပြန်
သူများလည်းရှိကာ တချို့ကတော့ ဗိုလ်နော်ဆိုင်း
တပ်နှင့် လိုက်ပါခဲ့ကြသည်။

မေမြို့ ( ပြင်ဦးလွင် ) သိမ်းပြီးနောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် KNU/ CPB တို့နှင့်ပူးပေါင်း ၍ မန္တလေးနှင့်တောင်ငူ ပဲခူးမြို့များအား မတ်လ အတွင်းတိုက်ခိုက်ခဲ့ကြသေးသည်ဟုဆိုပါသည်။
ထို့နောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် ၁၉၄၉
သြဂုတ်အတွင်း၌ လားရှိုး ကွတ်ခိုင်တို့ကို တိုက်
ခိုက်ခဲ့ကြသည်ဟုဆိုသည်။ ရှမ်းပြည်မြောက်ပိုင်း
သို့တက်လာသော ဗိုလ်နော်ဆိုင်းသည် နိုင်ငံရေး
ရည်မှန်းချက်တခုပါ ပါလာသည်။ ၎င်းမှာ လွတ်
လပ်သော ကချင်အစိုးရနှင့် ကချင်တပ်မတော်
Pawng Yawng Asuya နှင့် Pawng Yawng
Defence Force ဖွဲ့စည်းရန်ဖြစ်သည်။( ယခုအခါ
ကချင်မျိုးနွယ်စုအားလုံးအား ဝင်ပေါင် ဟုသုံးနှုံး
သော်လည်း ထိုစဉ်က ပေါင်ယောင်ဟု သုံးစွဲသည်)
ထို့အတွက် နမ့်ခမ်းမြို့အားလည်း တိုက်ခိုက်
သိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ဗန်းမော်မှ
တဆင့် ကချင်ပြည်နယ်မှ နိုင်ငံရေးခေါင်းဆောင်
များအား ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဗိုလ်နော်
ဆိုင်းတပ်ဖွဲ့အား နယ်မြေခံအချို့မှ ပုးပေါင်းထောက်
ခံခဲ့မှုရှိသော်လည်း ကချင်ပြည်နယ်ခေါင်းဆောင် များက ထောက်ခံမှုမပေးခဲ့ပေ။ ထို့ပြင် ဗိုလ်နော်
ဆိုင်းတပ်အားရင်ဆိုင်နိုင်ရန် ကချင်နိုင်ငံရေးခေါင်း
ဆောင်ပိုင်းက ကချင်စစ်သားဟောင်းများအား စု
စည်း၍ အရေးပေါ်ကချင် ၁/၂ ( Eergency Kachin 1/2 )အားဖွဲ့စည်းခြင်း ကချင်သနက တပ်
ရင်း ၃ ရင်းအား ပြန်ခေါ်ယူခြင်းများပြုလုပ်ပြင်ဆင်
ခဲ့ကြသည်။ သို့ဖြစ်ရာ ကချင်နိုင်ငံရေးခေါင်းဆောင်
များ၏ ထောက်ခံမှုမရသည့်အပြင်
်အချင်းချင်းစစ်ခင်းရမည့်အခြေအနေသို့ဆိုက်ခဲ့
သည်။ ဤသို့အကြပ်အတည်းထဲသို့ဆိုက်ရောက်
သွားသည့် ဗိုလ်နော်ဆိုင်းသည် ၁၉၅၀ ဧပြီလ
အတွင်း အင်အား ၅၀၀ အားခေါင်းဆောင်၍ တရုတ်ပြည်ထဲသို့ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်
တောင်းခံခဲ့သည်။

မိုးမိတ်အထက်ဖက် လွယ်ရဒူဝါ လထော်ခွန်
ထွန်းသည် အင်အား ၁၀၀ ခန့်စုစည်းပြီး ၁၉၄၉
နိုဝင်ဘာတွင် မန်တုန် ကိုးတောင် ရဲစခန်းနှင့် အမတ်ရုံးအားသိမ်းပိုက်ပြီး ဗိုလ်နော်ဆိုင်းအဖွဲ့နှင့်
ပူးပေါင်းရန် ကြိုးစားခဲ့သော်လည်း အဆက်အ သွယ်မရဘဲ နောက်ဆုံးအစိုးရတပ်များ၏အဖမ်း
ဆီးခံလိုက်ရသည်ဟုဆိုပါသည်။
လထော်ဇော်ဆိုင်းသည် လားရှိုးနယ်သား
ဖြစ်ပြီး ဗိုလ်နော်ဆိုင်းတပ်များ လားရှိုးနယ်ဘက်
တက်လာသောအခါ ပါဝင်ပူးပေါင်းခဲ့သည်။လားရှိုး
တိုက်ပွဲအပြီး ဒဏ်ရာရသူများ လုံခြုံသည့်နေရာ တွင် စောင့်ရှောက်ရန်ကျန်နေခဲ့သော ဗိုလ်ဇော်ဆိုင်းနှင့် အင်အား ၆၀ ခန့်သည် ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့ တရုတ်ပြည်တွင်း ဝင်ရောက်သွားသောအခါ လိုက်ပါမသွားဘဲ ကရင်ပြည်နယ်သို့ ထွက်ခွါပြီး သံတောင် ဘောဂလိနယ်ဘက်တွင် KNDO နှင့် ပူးပေါင်းနေထိုင်လှုပ်ရှားခဲ့သည်။






တရုတ်ပြည်တွင်း နိုင်ငံရေးခိုလှုံခွင့်ယူသွား
သည့် ဗိုလ်နော်ဆိုင်း အဖွဲ့အား တရုတ်အစိုးရက
မြန်မာနယ်စပ်နှင့်ဝေးကွာသည့် အတွင်းပိုင်းပြည်
နယ်တခုဖြစ်သည့် ကွေ့ကျိုးပြည်နယ်တွင်နေရာချ
ထားပေးခဲ့သည်။ ထိုစဉ်က တရုတ်ပြည်လွတ်
မြောက်စကာလဖြစ်သည့်အတွက် တရုတ်ပြည်၏
စီးပွါးရေးမှာလည်း ခက်ခဲကြပ်တည်းနေဆဲဖြစ်ရာ
ဗိုလ်နော်ဆိုင်းနှင့်သူ၏လူများသည် ခက်ခဲပင်ပမ်း
စွာ ဘဝကိုရုန်းကန်ရပ်တည်ခဲ့ရသည်ဟု ဆိုပါ သည်။
တရုတ်ပြည်၏ ပြဒါးမိုင်းတွင်းများ၌ မိုင်းတွင်းလုပ်သားများ
အဖြစ်ပါ ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှင်သန်ခဲ့ရသော ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်စစ်သည်များသည် ဆယ်နှစ်ကျော် တရုတ်ပြည်တွင်းနေထိုင်ခဲ့ရာမှ မြန်မာပြည်
စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိရန်အကြောင်းဖန်ခဲ့ပြန်ပါသည်။
၁၉၆၆ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးနှင့်အ
တူ တရုတ်တို့သည် ပစ္စည်းမဲ့နိုင်ငံတကာဝါဒကို
ကြွေးကြော်၍ နိုင်ငံတကာတော်လှန်ရေးများကို
ကူညီထောက်ပံ့အားပေးခဲ့သည်။ ထိုစဉ်ပဲခူးရိုးမ
ကိုအခြေစိုက်သော ဗမာပြည်ကွန်မြူနစ်ပါတီဗဟို
သည် တရုတ်ပြည်ကွန်မြူနစ်ပါတီနှင့် အဆက်အ
သွယ်ပြုလုပ်ခဲ့ပြီး ဗကပဗဟိုမှ ဒုဥက္ကဌ သခင်ဗ သိန်းတင် ဦးစီး ဗဟိုကိုယ်စားလည်အဖွဲ့နှင့်တရုတ် ပြည်တွင် သင်တန်းတက်မည့် ဗကပ အဆင့်မြင့်ကေဒါများ သူတို့အား လုံခြုံရေးလိုက်ပို့သော ကင်းတပ်ဖွဲ့ဝင်များသည် ၁၉၅၀ မှ ၁၉၅၃ ကြားတွင် တသုတ်ပြီးတသုတ် တရုတ်ပြည်သို့ရောက်ရှိလာ
ခဲ့ကြသည်။

တရုတ်ပြည်သို့ရောက်ရှိလာသူများအနက်
ဗဟိုကိုယ်စားလည်အဖွဲ့ခေါင်းဆောင် သခင်ဗသိန်းတင်အား ဘေကျင်း၌ ထားရှိပြီးကျန်သင်တန်း တက်မည့်သူများ တရုတ်ပြည် စစ်ချွမ်းပြည်နယ် ၌ ထားရှိ လေ့ကျင့်သင်တန်းပေးထားခဲ့သည်။၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွင် ဗိုလ်ဇေယျ ရဲဘော်အောင်ကြီး အပါ ဗကပ ပါတီကေဒါအချို့ ပဲခူးရိုးမသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဒုဥက္ကဌ သခင်ဗသိန်းတင်နှင့်အင်အားအချို့မှာ တရုတါပြည်တွင်ကျန်နေဆဲဖြစ်သည်။
သို့ဖြစ်ရာ ၆၆ တရုတ်ယဉ်ကျေးမှုတော်လှန်
ရေးအပြီး အရှေ့မြောက်ပိုင်း၌ ဗကပတို့၏ အခြေခံ
စခန်းတခုအား တရုတ်၏အားပေးကူညီမှုဖြင့် ဖေါ်
ဆောင်ရန်အကြောင်းဖန်လာတော့သည်။ ထို့အ
တွက် ဗကပတို့သည် တရုတ်ပြည်ကွန်မြူ
နစ်ပါတီ၏ ဆက်သွယ်အောင်သွယ်ပေးမှုနှင့် ကွေ့
ကျိုးပြည်နယ်တွင် ရှိနေသော ဗိုလ်နော်ဆိုင်းတို့
အဖွဲ့နှင် ဆွေးနွေး စည်းရုံးပူးပေါင်းလိုက်ကြသည်။
ဤသို့ဖြင့် ၁၉၆၈ မှ စတင်လိုက်သော ဗကပ အ ရှေ့မြောက် ၁၀၁ စစ်ဒေသ ပန်ဝါ ၂၀၂ စစ်ဒေသ
ရွှေလီချိုင့်ဝှမ်းဂွင် ၃၀၃ စစ်ဒေသ မုန်းကိုး ဖေါင်း
ဆိုင် မုန်းပေါ် ကြူကုတ်ဒေသ ၄၀၄ စစ်ဒေသ
ကိုးကန့်ဒေသတို့တွင် ဗကပ နှင့်ပူးပေါင်း၍ ဗိုလ်နော်ဆိုင်းနှင့်သူ၏ကချင်စစ်သည်များ ပါဝင်၍ တကြော့ပြန်တိုက်ခိုက်ခဲ့ကြပြန်တော့သည်။ ဤတခေါက်ပြန်ထွက်လာသောအခါ
ဗိုလ်နော်ဆိုင်းနှင့် ကချင်စစ်သည် ၃၀၀ ကျော်
သာပြန်လာခဲ့သည်ဟုဆိုသည်။အချို့ကား အ ကြောင်းအမျိုးမျိုးကြောင့်ပါမလာနိုင်တော့ပေ။
ဗိုလ်နော်ဆိုင်းသည် ၃၀၃ စစ်ဒေသတပ်မှူးအ
ဖြစ်ဦးစွာဆောင်ရွက်ခဲ့သည်။ ၁၉၇၀ နောက်ပိုင်း
ဝ နယ်သို့ တိုးချဲ့ဝင်ရောက်ပြီးနောက် ၃၀၃စစ်ဒေ
သ ၄၀၄ စစ်ဒေသနှင့် ဝ နယ်တို့အားပေါင်းပြီး
အရှေ့မြောက်စစ်ဒေသဟု ဖွဲ့စည်းလိုက်သောအခါ
အရှေ့မြောက်စစ်ဒေသတပ်မှူးအဖြစ်ဆောင်ရွက်
ခဲ့သည်။ ငယ်စဉ်ကထဲ အမဲလိုက်ဝါသနာထုံပြီး
သေနတ်လက်ဖြောင့်သော ဗိုလ်နော်ဆိုင်းသည်
၁၉၇၂ ဖေဖဝါရီလအတွင်း ဝ နယ်တောင်တန်း တနေရာ၌ အမဲလိုက်ရင်း လျှိုထဲပြုတ်ကျပြီးကွယ်
လွန်ခဲ့သည်ဟု ဆိုပါသည်။

ဗိုလ်နော်ဆိုင်းကွယ်လွန်သွားသော်လည်း သူ
၏ ကချင်စစ်သည်များကတော့ ဗကပ အရှေ့
မြောက်စစ်ဒေသတွင် တာဝန်ကြီးများဆက်လက်
ထမ်းဆောင်ခဲ့ကြပါသည်။ ၁၉၇၅ ခုနှစ်တွင် အသစ်ပြန်ဖွဲ့စည်းသော ဗကပ ဗဟိုကော်မတီတွင်
ဗိုလ်ဇော်မိုင်နှင့် ဗိုလ်ဖရန်ဂန်ဒီး တို့ပါဝင်ခဲ့ကြသည်
အရှေ့မြောက်စစ်ဒေသရှိ တပ်မဟာမှူး ခရိုင်မှူး
တာဝန်များကို အင်ဖန်းဂမ် ဇော်လီ စောထွန်းတင်
ရှဒန် ခမ်းမန် ခွန်နော် စသည့် ဗိုလ်နော်ဆိုင်း၏
ကချင်စစ်သည်များကတာဝန်ယူခဲ့ကြသည်။
အရှေ့မြောက်စစ်ဒေသတွင် မူလသန္ဓေအဖြစ်
စတင်ခဲ့သည့် ရဲဘော်ဟောင်းများအဖြစ် မူလကွန်
မြူနစ်ပါတီမှ ရဲဘော်များနှင့် ဗိုလ်နော်ဆိုင်အဖွဲ့မှ
ကချင်စစ်သည်များကိုသတ်မှတ်ကြသည်။ ၎င်းတို့
တရုတ်ပြည်တွင်းနေထိုင်ခဲ့ရာ ပြည်နယ်များအား
အစွဲပြု၍ ကွန်မြူနစ်ပါတီမှ ရဲဘော်များအား စစ်ချွမ်း
ရဲဘော်ဟောင်း ဟူ၍၎င်း ဗိုလ်နော်ဆိုင်းအဖွဲ့မှရဲ
ဘော်များအား ကွေ့ကျိုးရဲဘော်ဟောင်းများဟူ၍၎င်း
ခေါ်ဆိုကြပါသည်။

၁၉၈၉ တိုင်းရင်းသားလက်နက်ကိုင်များ
ခွဲထွက်ကြပြီး ဗကပပြိုကွဲသည်။ မူလ ကွေ့ကျိုး
စစ်ချွမ်းပြည်နယ်များတွင် နေထိုင်ခဲ့ကြသော ရဲဘော်ဟောင်းများအား တရုတ်တို့မှ ပြန်လည်နေ
ထိုင်ခွင့်နှင့် ထောက်ပံ့မှုပေးသည်။ အလားတူပင်
ခွဲထွက်သော ကိုးကန့် ဝ မိုင်းလားဒေသမှခေါင်း
ဆောင်များက ဗိုလ်နော်ဆိုင်းတပ်ဖွဲ့မှ ကချင်စစ်
သည်များကို သူတို့၏ဒေသများတွင်နေထိုင်ခွင့် ပေးသကဲ့သို့ ထောက်ပံ့မှုလဲပေးခဲ့ကြသည်။တိုင်း
ရင်းသားအချင်းချင်း စာနာမှုကိုပြခဲ့ကြသည်။
အသက်ရွယ်ပြီးရင့်ပြီဖြစ်ကြသောဗိုလ်နော်ဆိုင်း
၏ ကချင်စစ်သည်များ အနားယူချိန်တန်ပြီဖြစ်ပေ
သည်။ သူတို့ ဘဝတလျောက် အောင်မြင်များစွာ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ခဲ့ကြသည်။ ဂျပန်ခေတ်
မှစ၍ ၁၉၈၉ ထိ တိုက်ရင်းခိုက်ရင်း ရပ်တည်ခဲ့ရ
သည့် ကချင်စစ်သည်များဟုဆိုရမည်။ ပထမဆုံး
အစိုးရအားပုန်ကန်သည့် ကချင်စစ်သည်များဟု
ဆိုရပေမည်။ ယခုအခါတရုတ်ပြည် ကွေ့ကျိုးပြည်
နယ်၌ ဗိုလ်နော်ဆိုင်း၏ကချင်စစ်သည် ကွေ့ကျိုး
ရဲဘော်ဟောင်း ၂၂ ယောက်အသက်ရှင်ကျန်သေး သည်ဟုဆိုပါသည်။ အသက်အရွယ်ကြီးမြင့်၍ သူတို၏ဘဝနေဝင်ချိန်ကို စောင့်ဆိုင်းနေကြပေပြီ။
KIA သို့မဟုတ် ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၁၉၆၁ ခုနှစ် ဖေဖဝါရီ ၅ ရက်နေ့တွင့် KIA ကို
စတင်ဖွဲ့စည်းသည်။မြန်မာအစိုးရကို ပုန်ကန်ရန် ဖွဲ့
စည်းလိုက်သော ကချင်တိုင်းရင်းသားလက်နက်
ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၎င်း KIA တပ်ဖွဲ့ကို စည်းရုံး
ဖွဲ့စည်းဦးဆောင်သူမှာ ဗိုလ်နော်ဆိုင်းအဖွဲ့မှ ကျန်
နေသူ လထော်ဇော်ဆိုင်းဖြစ်သည်။ လထော်ဇော်
ဆိုင်းသည် ဗိုလ်နော်ဆိုင်းနှင့်အတူ တရုတ်ပြည်ပါ
မသွားဘဲ သံတောင် ဘောဂလိနယ်တွင် KNDO အတူလှုပ်ရှား
နေခဲ့သည်။

၁၉၇၁ ခု နိုဝင်ဘာ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်ခံ 'ပြည်သူ့တပ်မတော်' နဲ့ ဗိုလ်ချုပ်နေဝင်း စစ်အစိုးရလက်အောက်ခံ 'ပြည်သူ့တပ်မတော်' တို့ဟာ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံဒေသမှာ ရက် ၄၀ ကြာတယ် ဆိုတဲ့ တိုက်ပွဲစဉ်ကြီးတခု ရင်ဆိုင်တိုက်ခဲ့ကြတာ အခုဆိုရင် ၄၃ နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။တိုက်ပွဲကာလ ရက် ၄၀ သို့မဟုတ် ရက် ၃၀ မှာ ဟိုက်ကမ်းပါးတိုက်ပွဲကလွဲရင် ကျန်တဲ့ သံလွင်အရှေ့ဖက် စခန်းသိမ်း တိုက်ပွဲတွေ၊ သံလွင်အနောက်ဖက် လှုပ်ရှားစစ်တိုက်ပွဲတွေ အားလုံးလိုလိုမှာ အစိုးရတပ်ဘက်က အထိနာတာချည်း ဖြစ်တယ်။ ဒါကို တိုက်ပွဲသိမ်းရ လက်နက်တွေနဲ့ သုံ့ပန်းတွေက သက်သေခံနေပါတယ်။

ဒီတိုက်ပွဲစဉ်တခုလုံးမှာ ဗကပတပ်တွေ သိမ်းပိုက်ရလိုက်တာတွေက-

၇၅မမ နောက်ပွင့် ၃ လက်
၉၀မမ ဘဇူကာ ၄ လက်
၂ လက္မ မော်တာ ၁၀ လက်
အမ်-၇၉ လောင်ချာ ၁၃ လက်
G-3 ၆၉ လက်
G-4 ၂၁ လက်
M-16 ၆၇ လက် (လော်စစ်ဟန် တပ်က ဖြစ်တယ်)
ကာဘိုင် ၇၀ လက်
၃၀၃ ရိုင်ဖယ် ၁၇ လက်
MG-42 စက်လတ် ၅ လက်
ပစ္စတို ၁၃ လက်
အချက်ပြသေနတ် ၁၀ လက်
ဆက်သွယ်ရေးစက်မျိုးစုံ ၁၀ လုံး
အားသွင်းစက် ၆ လုံး
လမ်းလျှောက်စကားပြောစက် ၉ လုံး
လက်ပစ်ဗုံး ၁၀၉ လုံး
မှန်ပြောင်း ၇ စုံ
ကျောပိုးအိတ် ၁၄၆ လုံး
အမြောက်ဆံမျိုးစုံ ၂၂၈ လုံး
ကျည်မျိုးစုံ ၆၂၁၃၅ တောင့်
ဖြစ်ပါတယ်။ စစ်ကားကြီး ၁၆ စီး နဲ့ စစ်ဂျစ်ကား ၂ စီးကို ဖျက်ဆီးပစ်ခဲ့တယ်။ တံတား ၇ စင်းချိုးပစ်ခဲ့တယ်။ ဗမာ စစ်တပ်ကတော့ ဟိုက်ကမ်းပါး လုံးဝကျသွားရင် ကွမ်းလုံတံတားကြီးကို ချိုးပစ်ဖို့ မိုင်းတွေအသင့်ကပ်ထားခဲ့တယ်။

တိုက်ပွဲကို ဦးစီးကွပ်ကဲတဲ့ ဗကပခေါင်းဆောင်တွေကတော့ ဗိုလ်တင်ရီ၊ ဗိုလ်နော်ဆိုင်း၊ ဗိုလ်ဖုံကျားရှင်း၊ ဗိုလ်ဇော်မိုင် တို့ဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကွပ်ကဲရေး/အကြံပေး ၁၀-၁၅ ယောက် နဲ့ PLA နယ်စပ်ဒေသလူမျိုးစုတပ်ရင်းတွေက 'လက်ဝဲကူညီရေး' တရုတ်နိုင်ငံသား ဂျိန်းဖော၊ လားဟူ၊ ရှမ်း၊ လီဆူး၊ ပလောင်၊ တရုတ်လူမျိုး ဒုခွဲမှူး၊ ဒုစုမှူး၊ တပ်စိတ်မှူးတွေချည်းစုထားတဲ့ အင်အား ၁၀၀ ကျော်တိုက်ခိုက်ရေးတပ်ဖွဲ့လဲ တပ်ရင်းတွေ ထဲမှာ ဖြန့်ခွဲပြီးပါဝင်တယ် (၁၉၇၂ မှာတချို့ ၁၉၇၅ မှာ အားလုံးပြန်သွားကြတယ်)။ ကွန်းလုံပွဲကို အနီးကပ်ကွပ်ကဲတာ က ဗိုလ်နော်ဆိုင်း နဲ့ ဖုံကျားရှင်းဖြစ်ပြီး သံလွင်အနောက်ဘက်ကမ်းမှာတော့ ဗိုလ်ဇော်မိုင် ဦးစီးတယ်။ ပန်လုံဘက်မှာ တော့ ဖုံကျားဖူး နဲ့ ဗိုလ်ကျော်ဒင် ဦးစီးတယ်။

ကချင် တော်လှန်ရေးကို စခဲ့တာ ဗိုလ်ကြီး နော်ဆိုင်း ဟုတ်ပါတယ် ။ ဗိုလ်ကြီး နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကို တက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆို ထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ကရင်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ် ခေါင်းစည်းပါ စာအုပ်ငယ်
လေးထဲကနေပြီး ကူးယူရေးသားဖေါ်ပြခဲ့တာ အပိုင်း ၂ပိုင်းရှိသွားခဲ့ပြီဖြစ်ပါတယ်။
အခုတော့ အပိုင်း ၃ကို ဆက်လက်ကူးယူရေးသားတင်ပြထားပါတယ်။
စာအုပ်ထဲမှာက အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃)ဆိုပြီး အပိုင်းတွေခွဲထားတာမဟုတ်ပါဘူး။ ကျုပ်ရဲ့လက်ရှိအခြေအနအရ တတ်နိုင်သလောက်ကလေး လုပ်နိုင်ကိုင်နိုင်လောက်ကလေး ကြိုးစားလုပ်နေ
တာဖြစ်ပါတယ်။(ဘယ်သူမှ မခိုင်းပါဘူး။ အရှုတ်လုပ်နေတာပါ)

သမိုင်းရေးသားသူရဲ့ အစပိုင်းရေးသားဖေါ်ပြထားချက်တွေဟာ စိတ်ဝင်စားစရာ အနည်းငယ်နည်းနိုင်ပေမယ့်
နောက်ပိုင်းရေးသားဖေါ်ပြချက်တွေမှာတော့ စိတ်လှုပ်ရှားစရာ သင်္ခန်းစာယူစရာတွေ တပုံတပင်ကြီးရှိနိုင်လိမ့်
မယ်လို့ ကျုပ်အနေနဲ့ထင်မြင်ယူဆမိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျုပ်က သမိုင်းနဲ့ပတ်သက်ပြီး လေ့လာသိ
ရှိမှု အလွန်အကျွံအားနည်းတဲ့ လူတဦးဖြစ်နေလို့ပါ။

ပထမပိုင်းမှာက စာအုပ်မိတ်ဆက်နဲ့ စာရေးသူရဲ့ ကိုယ်ရေးအကျဉ်းကို ဖေါ်ပြရေးသားထားပြီး ဒုတိယပိုင်းမှာ
ကျ တော့ ဗြိတိသျှတွေ ဖွဲ့စည်းပေးထားခဲ့တဲ့ သေနတ်ကိုင်တပ်ရင်းတွေအကြောင်း နဲ့ နိုင်ငံရေးအဖွဲ့အစည်း
တွေအကြောင်းနဲ့အတူ ကရင်ကိုစစ်ခင်းရမယ့်အခြေအနေအထိကို ရေးသားဖေါ်ပြခဲ့ပါတယ်။
အခုတတိယပိုင်းမှာတော့ စစ်ဆင်ရေးကာလ အတွေ့အကြုံတွေကို ရေးသားထားတာမို့ (ဆက်လက်အားပေး ဖတ်ရှုလေ့လာလိုပါက) ဖတ်ရှုနိုင်ကြပါတယ်။
ကျေးဇူးတင်ပါတယ်။ မင်းစိုးစံ (အဝေးရောက် ကရင် ဒုက္ခသည် တစ်ဦး)

မင်းစိုးစံ (အဝေးရောက် ကရင် ဒုက္ခသည် တစ်ဦး) ၊ မောင်မောင်စိုး ၊ အောင်တင်ထွန်း ၊ Lachid Kachin

ဗိုလ် လဖိုင် နော်ဆိုင်းနှင့် စစ်သည်များ  ·

ဒုတိယ ကမ္ဘာစစ် အတွင်း ကချင် ပြောက်ကျား စစ်သည် များ၏ ဖက်ဆစ် ဂျပန် တော်လှန်ရေး ၊ ကရင့် တော်လှန်ရေး အစပိုင်းတွင် ကချင် တပ်များ ပူးပေါင်း ပါဝင်မှု ( မှတ်တမ်း အကျဉ်းချုပ် ) နှင့် တကျော့ပြန် ဗိုလ် လဖိုင် နော်ဆိုင်းနှင့် ကချင် စစ်သည်များ

ကချင်လူမျိုးများသည် ပထမတန်းစား စစ်သည်များ (Kachins were the first class warrior) ဖြစ်သည်ဟု ကမ္ဘာကျော် သမိုင်းဆရာ ဂျေဂျီစကော့တ်က Burma and beyond အမည်ရှိ စာအုပ်တွင် ရေးသားလေသည်။ ထို့အတူ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်အတွင်း အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့သော ဖလက်ချာ ကလည်း ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက် ရေးသမားများ (Unmatch jungle fighters) ဟူ၍ လည်းကောင်း၊ ဗြိတိသျှ ကချင်လေဗီးစ်တပ်မှူး ဗိုလ်မှူးကြီး အီယန်ဖဲလိုး ဂေါ်ဒွန်ကလည်း (Amicable assassins) အမည်ရှိ သူ၏ စာအုပ်တွင် (The best guerrillas in the world) ကမ္ဘာ့အတော်ဆုံးသော ပြောက်ကျား စစ်သည်များဟု ရေးသားလေသည်။

ထို့ပြင် ကိုလိုနီခေတ် ရန်ကုန် တက္ကသိုလ် နောက်ဆုံး ပါမောက္ခချုပ် Hugh Tinker ကလည်း ဗိုလ်ချုပ်အောင်ဆန်း ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရာတွင် တရုတ်နယ်စပ်အရေး အတွက် လိုအပ်သော စစ်သည်များအဖြစ် အကူအညီ ရယူနိုင်ရန် ကချင်များအား ဖက်ဒရယ် ပြည်ထောင်စုတွင် ပါဝင်ရန် အတွက် စည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု …… အမည်ရှိသူ၏ စာအုပ်တွင် ရေးသားလေသည်။

ဒုတိယကမ္ဘာစစ်မီး အာရှတိုက်သို့ ကူးစက်လာချိန်တွင် မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသားများ၏ နိုင်ငံရေး လှုပ်ရှားမှု ပိုမိုပြင်းလာခဲ့ရာ သခင်အောင်ဆန်း ဦးဆောင်သော လူငယ်များသည်လည်း တိုင်းပြည်လွတ်လပ်ရေး ရရှိရန်အတွက် ပိုမိုလှုပ်ရှား ဆောင်ရွက်လာကြလေရာ ရှေးဦးစွာ ဖက်ဆစ်ဂျပန်များနှင့် အဆက်အသွယ် ရရှိကြ လေသည်။ ထို့နောက် မြန်မာ လူငယ် ၃ဝ အားခေါ်ဆောင်ကာ တရုတ်ပြည် ဟိုင်နန်ကျွန်းတွင် ဗြိတိ သျှတို့အား တိုက်ခိုက်ရန်အတွက် စစ်ပညာ သင်ကြားကြလေသည်။ စစ်ပညာ သင်ကြားပြီးနောက် မြန်မာနိုင်ငံသို့ ဂျပန် တပ်မတော်နှင့် အတူ ပြန်လည် ဝင်ရောက်လာကာ မြန်မာနိုင်ငံအား ဗြိတိသျှထံမှ ပြန်လည် သိမ်းယူ ကြလေ သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော် နှင့်အတူ ဖက်ဆစ်ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာချိန်တွင် ဗြိတိသျှ တပ်များ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများမှ တစ်ဆင့် အိန္ဒိယပြည်သို့ ဆုတ်ခွာကြလေသည်။ ကုန်းကြောင်း ဆုတ်ခွာရာတွင် ရခိုင်ကမ်းမြောင်၊ ချင်းတောင်တန်းနှင့် အများဆုံးမှာ ကချင်ဒေသ ဟူးကောင်းတောင် ကြားမှတစ်ဆင့် ဆုတ်ခွာကြလေသည်။ ဖက်ဆစ် ဂျပန်များ သိမ်းပိုက်ပြီး များမကြာမီ ကချင်ဒေသ သို့ ရောက်ရှိလာကြရာ ဗြိတိသျှတို့အား အစဉ်အဆက် သစ္စာခံပြီး စစ်တပ်ဝန်ထမ်း များအဖြစ် အမှုထမ်းနေကြသော ကချင်လူမျိုးတို့အပေါ် မုန်းတီးစိတ် အပြည့်ဖြင့် ညှဉ်းပန်း ရက်စက်မှုများ ပြုလာကြလေသည်။

ဖက်ဆစ်များ၏ ရက်စက်မှုများကြောင့် ဟူးကောင်းတောင်ကြားမှ အိန္ဒိယပြည်သို့ ဗြိတိသျှများ ဆုတ်ခွာရာတွင် ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်စစ်သည်အချို့မှာ လိုက်ပါသွား ခြင်းမပြုဘဲ၊ ဆွမ်ပရာဘွမ် ဒေသ တွင် နေရာယူကာ ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီး ရရာလက်နက်ဖြင့် ဖက်ဆစ် ဂျပန်များအား ခုခံတော်လှန်ရန် အတွက် ပြင်ဆင် ကြလေသည်။ အိမ်တွင်းလုပ် တူမီးသေနတ်များဖြင့် ခုခံကြရာတွင် အမေရိကန် ပြည်တွင်းစစ် အတွင်း အသုံးပြုခဲ့သော တစ်လုံးထိုး တူမီး သေနတ်မှာ ကချင်ပြောက်ကျားများ၏ အကောင်းဆုံး လက်နက် ဖြစ်ခဲ့ လေသည်။

မြန်မာတစ်ပြည်လုံးတွင် မည်သူ၏ အကူအညီမျှ မပါဘဲ ဖက်ဆစ် ဂျပန်အား ပထမဆုံး ဆန့်ကျင်တော်လှန် တိုက်ခိုက်နေသူ များမှာ ကချင်တိုင်းရင်းသား များသာလျှင် ဖြစ်ခဲ့လေသည်။ ဗြိတိသျှများ ဆုတ်ခွာပြီးချိန်တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွား ခဲ့ရာ ၆ လမျှ ကြာမြင့်ခဲ့လေသည်။ သို့သော်လည်း ကချင်ပြောက်များ ထံတွင် ဝိုင်ယာလက် ဆက်သွယ်ရေး စက်ရှိကြောင်း၊ ဗြိတိသျှတို့ ကြားသိရ သဖြင့် အဆက်အသွယ် ပြုလုပ် နိုင်ရန် ကြိုးပမ်းကြတော့သည်။ ဆက်သွယ်ရေးတပ် ရဲဘော်များ တစ်ရက်တွင် ၂၄ နာရီ ဆက်သွယ်ရေး စက် ဖွင့်ပြီး ကချင်ပြောက်ကျားများ၏ အဆက်အသွယ်ကို စောင့်ဆိုင်းနေကြပေရာ ၄ လခန့်အကြာ ၁ ရက်တွင် တီတီ.. တီတီတီ.. တီတီတီတီတီတီ… ဆို သော ဆက်သွယ်မှု အချက်ပြသံ မြည်လာရာ ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်ပြောက်ကျားများထံမှ ရေဒီယို ဆက်သွယ်မှုဖြစ်နေတော့သည်။ ယင်း သို့ အဆက်အသွယ် ရပြီး ပြီးချင်း ဗြိ တိသျှတို့မှ ကချင်ပြောက်ကျားများ အား အကူအညီပေးရန် ကြိုးစားလေ တော့သည်။

ဖက်ဆစ်ဂျပန်တို့သည် အိန္ဒိယပြည်အား အောင်မြင်အောင် တိုက်ခိုက်ရန်အတွက် ပူတာအိုဒေသအား မဖြစ် မနေ ရရှိရန်မှာ အလွန်တရာမှ အရေးကြီးကြောင်း သိကြရသဖြင့် ပူတာအို ဒေသသိမ်းပိုက်ရေးအတွက် ကြိုးပမ်း ကြလေရာ ပူတာအိုဒေသသို့ ရောက်ရှိရန် အတွက်မူ ဆွမ်ပရာဘွမ် ဒေသအား ကျော်ဖြတ်သွားရမည်ဖြစ်လေ သည်။ သို့သော်လည်း ဆွမ်ပရာဘွမ် ဒေသတွင် ကချင်ပြောက်ကျားများ နေရာယူထားပြီးဖြစ်လေရာ ဖက်ဆစ် များအတွက် အလွန်တရာမှ အခက်အခဲ ဖြစ်နေတော့သည်။

အစတွင် ဂျပန်တို့သည် ကချင် ပြောက်ကျားများအား အထင်အမြင် သေးစွာဖြင့် ချီတက်လာရာ လမ်းတစ်လျှောက် လုံးတွင် ကချင်ပြောက်ကျား များ၏ ဆီးကြို တိုက်ခိုက်မှုအား ကြုံတွေ့ရလေတော့သည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိသျှနှင့် ကချင်ပြောက်ကျား များ အဆက်အသွယ် ကောင်းမွန်စွာ ပြန်လည် ရရှိပြီးသည့် နောက်တွင် ဆွမ်ပရာဘွမ်ဒေသ ဂေါ့နန်ကျေးရွာ (Fort Hertz) တွင် ဗြိတိသျှများ လေထီး ဖြင့် ပြန်လည် ရောက်ရှိလာပြီးကာ နယ်ဖိုဒ်ဦးစီးကာ ဗြိတိသျှ ကချင် လေဗီးစ် (…) တပ်ဖွဲ့စတင်ဖွဲ့စည်း ကြရာ နောက်ပိုင်း တွင် တပ်ဖွဲ့ဝင် အင် အား ၄ ထောင်မျှရှိခဲ့လေသည်။ ထို တစ်ချိန်တည်းမှာပင် အိန္ဒိယသို့ ဆုတ် ခွာခဲ့ကြသော ဗြိတိသျှတို့မှလည်း မေဂျာဂျင်နရယ် ဝင်းဂိတ်ဦးဆောင် ကာ ချင်းဒစ်(ခြင်္သေ့)အမည်ရှိ ပြောက် ကျားတပ်ဖွဲ့ ဖွဲ့စည်းရာ ကချင်စစ်သည် ထောင်ဂဏန်းမျှ ပါဝင်ခဲ့ကြလေသည်။

ထိုသို့ ပြောက်ကျားတပ်ဖွဲ့ဖွဲ့စည်း ပြီးနောက် လေဗီးစ်တပ်ဖွဲ့ဝင်များက ဆွမ်ပရာဘွမ်ဒေသသို့ ကျူးကျော်လာ သော ဖက်ဆစ်များကို တိုက်ခိုက် ခြင်းနှင့် ချင်းဒစ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနား မန္တလေး မီးရထားလမ်း အနောက်ဘက်ပိုင်းများထိ ထိုးဖောက် ဝင်ရောက်ကာ ဖက်ဆစ်များအား စတင် တိုက်ခိုက်ကြလေသည်။ ၁၉၄၃ ခုနှစ်တွင် မဟာမိတ် အမေရိကန် တပ်ဖွဲ့များ မြန်မာအိန္ဒိယ နယ်စပ်သို့ရောက်ရှိလာပြီး ပန်ဆောင်၊ နန်းယွန်း၊ ရှင် ဗွေယန်ဒေသမှ မြန်မာပြည်တွင်းသို့ ထိုးစစ်ဆင်နွဲရန် ရောက်ရှိလာပြီး ဒေသခံ ကချင်များ၏ အကူအညီဖြင့် မြစ်ကြီးနား မြို့သိမ်း တိုက်ပွဲအား အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြလေသည်။ ထို့နောက် အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ကို ဆက်လက်ဖွဲ့စည်းရာ ကချင်စစ်သည် တစ်သောင်းကျော် ပါဝင် တိုက်ခိုက်ခဲ့ကြ လေသည်။

ထိုသို့ဖြင့် လေးဗီးစ်၊ ချင်းဒစ်၊ ရိန်းဂျား တပ်ဖွဲ့ဝင်များသည် မဟာ မိတ်တို့နှင့်အတူ ဖက်ဆစ်များအား ပူးပေါင်း တိုက်ခိုက်ခဲ့ရာ မန္တလေး၊ သာ စည်၊ တောင်ကြီး၊ လွယ်လင်၊ ရပ် စောက် စသည့် ဒေသများထိ ဖက်ဆစ် များအား လိုက်လံ တိုက်ခိုက်ခဲ့ကြလေသည်။ ၁၉၄၅ ခုနှစ် မတ် ၂ဝ ရက်တွင် ဒေသအနှံ့သို့ ရောက်ရှိနေသော အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ဝင်များအား ဗန်းမော်သို့ လေ ယာဉ်အစီး ၃ဝ ဖြင့် ပြန်လည်ခေါ်ယူ ကာ မတ် ၂၄၊ ၂၅၊ ၂၆ ရက်တွင် စိန်လုံကဘားတွင် ဖက်ဆစ်ဂျပန်အား စစ်နိုင်သော အထိမ်းအမှတ် မနောပွဲ တော်ကြီးကို ၃ ရက်တိုင် ခြိမ့်ခြိမ့် သဲ ကျင်းပခဲ့ကြလေသည်။ အမေရိ ကန် ကချင်ရိန်းဂျားတပ်ဖွဲ့ဝင် ကချင် စစ်သည်များ ပြန်သွားကြသော်လည်း ဗြိတိသျှတပ်ဖွဲ့ဝင်၊ ကချင်လေဗီးစ် (British Kachin Levis) တပ်ဖွဲ့ဝင်များနှင့် ခြင်းဒစ် (Chindit) ကချင်စစ်သည် များက ရန်ကုန်၊ မော်လမြိုင်၊ တာချီလိတ် စသည့် ဒေသများထိ သွားရောက် တိုက်ခိုက် ခဲ့ကြလေသည်။ သို့ ဖြင့် ဒုတိယကမ္ဘာစစ် ပြီးတွင် ကချင် စစ်သည်များတွင် ဘီဂျီအမ် (Burma Gallantry Medal)၊ အယ်မ်စီ (Militry Cross) သူရဲကောင်းဘွဲ့ရ ၂ဝဝ ခန့်နှင့် အခြား သူရဲကောင်း ဘွဲ့တံဆိပ်ရ ၄ဝဝ ခန့်ရှိခဲ့ကြောင်း သိရလေသည်။ ကချင် ပြောက်ကျားများ၏ ခုခံတိုက်ခိုက်မှုကြောင့် ဖက်ဆစ်များသည် ပူတာအို ဒေသအား မသိမ်းပိုက်နိုင်ခဲ့သဖြင့် အိန္ဒိယနိုင်ငံအား မသိမ်းနိုင်ခဲ့ခြင်းနှင့်အတူ မြန်မာပြည်တွင် ဖက်ဆစ် များ စစ်ရှုံးမှု စတင်ခဲ့ရခြင်း ဖြစ်ခဲ့လေသည်။

ထို့အတူ ဖက်ဆစ်များသည် တရုတ်ပြည်နောက်ကျောဖြစ်သော ယူနန်နယ်မှ တရုတ်ပြည်တွင်းသို့ ဝင်ရောက် ရန် ကြိုးပမ်းမှုတွင်လည်း ပန် ဆိုင်းကြူကုတ်၊ စိန်လုံကဘား၊ လိုင် ဇာဒေသများတွင် ကချင်ပြောက်ကျား များ၏ တိုက်ခိုက်မှုအား မထိုးဖောက် နိုင်သဖြင့် တရုတ်ပြည်သို့ ဝင်ရောက် နိုင်ခြင်း မရှိခဲ့ကြချေ။ တရုတ်ပြည် သို့ နောက်ကျောမှ မဝင်ရောက်နိုင်သဖြင့် မြန်မာပြည်တွင်းမှပင် တရုတ် အမေရိကန် အင်္ဂလိပ်တပ်ဖွဲ့များ၏ ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။

မြစ်ကြီးနားမြို့သိမ်း တိုက်ပွဲဖြစ်ပြီး ဖက်ဆစ်တို့သည် ဧရာဝတီ မြစ် ကြောင်းမှ ဝါးလုံး တစ်ချောင်းတည်းဖြင့် လည်းကောင်း၊ အုန်းသီးတစ်လုံးအား ဖက်တွယ်၍ လည်းကောင်း၊ ခြုံဖုတ်ကလေးများ၊ ဒိုက်ကလေးများ အား ဖက်တွယ်၍ လည်းကောင်း ညအချိန်တွင် ရေစုန်မျောကာ ထွက်ပြေးရာ ကချင်ပြောက်ကျား လက်ဖြောင့် တပ်သားများ၏ လက်ချက်ဖြင့် တစ်ဦးတစ်ယောက်မျှ လွတ်ထွက်သွား ခြင်းမရှိကြောင်း …. အမည်ရှိ စာ အုပ်တွင် General Donovan Webstar က ရေးသားလေသည်။ သို့ဖြင့် ကိုလိုနီ မြန်မာပြည်၏ နောက်ဆုံး ဒုတိယ ဘုရင်ခံ ဖြစ်သော ဆာဒေါ်မန်စမစ်သည် Col.Ian Fellowes Gordon ၏ Battle for Naw Seng’s Kingdom အမည်ရှိ စာအုပ်တွင် အောက်ပါအတိုင်း အမှာစာ ရေးသားခဲ့လေသည်။

“The battle for Naw Seng’s Kingdom”, foreword by The Rt Hon Sir Reginald Dorman Smith, G.B.E, Governor of Burma, 1941-1946”. I can only envy who had the privilege of fighting alongside the Hill peoples of Burma, without courage and determination the whole history of our generation might have been changed with the Japanese.

နော်ဆိုင်းနှင့် သူ၏ ရဲဘော် ကချင်ပြောက်ကျားများ၏ အကူအညီ မရှိခဲ့လျှင် ကျွန်ုပ်တို့ သားစဉ် မြေးဆက်များ၏ သမိုင်းသည် ဂျပန်သမိုင်း ဖြစ်သွားမည်ဖြစ်ကြောင်းကို ဆိုလိုခြင်းပင် ဖြစ်လေသည်။

၁၉၄၈ခုနှစ်မြန်မာပြည်လွတ်လပ်ရေးရအပြီး အုပ်စုဖွဲ့သောနိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ အမှန်မှာ နိုင်ငံရေးအဖွဲ့အစည်းများသည်လွတ်လပ်ရေးမရခင်ကတည်းက ရှိနေပြီးသားဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသော အုပ်စုများမှာ

(၁)ဗမာပြည်ကွန်မြူနစ်ပါတီ။
(၂) ရဲဘော်ဖြူ။
(၃) အလံနီ။
(၄) ကေအန်န်ဒီအို။
(၅) အမ်မ်အန်န်ဒီအို များ ထင်ပေါ်ကျော်ကြားလာသည်။

၎င်းတို့အထဲမှ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ရဲဘော်ဖြူတို့သည် ဖဆပလကိုမကျေနပ်(ထိုင်ခုံလုကြသည်)၊
ထို့ကြောင့် ဦးစွာတောခိုကြသည်။
ဖဆပလ အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင် တော်လှန်ပုန်ကန်ကြသည်။
ဂျပန်ခေတ် သို့မဟုတ် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် မြန်မာပြည်လွတ်လပ်ရေးမရခင် အင်္ဂလိပ်အစိုးရက
မြန်မာနိုင်ငံအတွက် စစ်တပ်များဖွဲ့စည်းပေးခဲ့သည်။
မြန်မာပြည်ကိုကာကွယ်ရန် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
ဗမာအမျိုးသား သတ်သတ်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်း(Burma Rifle) ဗမာ့သေနတ်ကိုင်(၁) တပ်ရင်း(၃) (၄) (၅) (၆)တို့ဖြစ်သည်။

ဗမာ့သေနတ်ကိုင်တပ်ရင်း(၂) (2nd-Burma Rifle)သည် ဗမာ့သေနတ်ကိုင်တပ်ရင်းဟုခေါ်သော်လည်း ၎င်းတပ် ထဲတွင် ကချင်၊ ချင်း၊ ကရင်များသာရှိ၍ ဗမာအမျိုးသားများ လုံးဝမပါဝင်ချေ။ ၎င်းတပ်ရင်းသည် ကုလားပြည် (India)သို့ ဒုတိယကမ္ဘာစစ်အတွင်း ရောက်သွားသောတပ်ဖြစ်သည်။

General Wingate

(Chin dit force)ခြင်္သေ့တပ်ဟုခေါ်သော (General Wingate)၏ တပ်ဖြစ်သည်။
ထိုတပ်ထဲတွင် အင်္ဂလိပ်စစ်သား၊ ဂေါ်ရခါးစစ်သား၊အာဖရိကန်စစ်သားများလည်း ရောနှောပါဝင်သေးသည်။ (2nd-Burma Rifle)တပ်၏တာဝန်မှာ (General Wingate)၏ တပ်များကိုလမ်းပြရန်၊ ထောက်လှမ်းရေး လုပ် ငန်းများလုပ်ရန်ဖြစ်သည်။
လူမျိုးစုများကိုလည်း ကရင်သေနတ်ကိုင်တပ်ရင်း(Karen Rifle) (၁) (၂) (၃)၊ ကချင်သေနတ်ကိုင်တပ်ရင်း (Kachin Rifel) (၁) (၂) (၃)၊ ချင်းသေနတ်ကိုင်တပ်ရင်း (Chin Rifel) (၁) (၂) (Chin Hill Battalion) ဆိုကာ ဖွဲ့စည်းထားသည်။

ထို့နောက်ဗမာ့သေနတ်ကိုင်တပ်များ တောခိုသည်။
ထိုတပ် ရင်းများမှာ (1st-Burma Rifle) (2nd-Burma Rifle) (3rd-Burma Rifle) အချို့(UMPGT) တပ်၊ အခြား
တပ်များ အနည်းငယ်ပါဝင်သည်။
(4th-Burma Rifle)နေ၀င်းကိုင်သောတပ်သည် တောခိုခြင်းမရှိ။
၎င်းတို့တောခိုရန် ပထမ စည်းဝေးသောအခါ ဗိုလ်နေ၀င်းကိုယ်တိုင်ပါဝင်ရန်ဖြစ်သော်လည်း နောက်ပိုင်းမည်ကယ့်
သို့ စိတ်ပြောင်းလဲသွားသည်ကို မသိရပါ။ ပါဝင်ခြင်းမရှိပါ။ တောခိုရန်ပြဿနာကို ဗိုလ်နေ၀င်းအားလုံးသိသည်။
သို့သော် အစိုးရအဖွဲ့အစည်းကို အသိမပေးပါ။
တောခိုသွားသည့်တပ်များကို တိုက်ရန်အတွက် နယ်မြေခွဲပြီးစစ်ဆင်ရေးလုပ်တော့သည်။

(2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များ ပြည်မြို့နယ်ကိုတာဝန်ပေးသည်။
(2nd-Kachin Rifle)မင်္ဂလာဒုံမှ သာယာဝတီသို့၊(2nd-Karen Rifle)မိတ္ထီလာမှရေနံချောင်း၊ အောင်လံ ပြည်မြို့
သို့ ဦးတည်တိုက်ခိုင်းသည်။
ထိုးစစ်ကို (2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များညှပ်ပြီးပြည်မြို့ကို ကွန်မြူနစ်လက်မှ သိမ်းယူရန်
ဖြစ်သည်။

(1st-Kachin Rifle)သည် ပျဉ်းမနား၊တပ်ကုန်း၊ ရမည်းသင်း၊ ကန်သာနယ်မြေများကို ထိုးစစ်ဆင်သည်။ (3rd-Karen Rifle)စစ်ကိုင်းနယ်၊(1st-Karen Rifle)သည် တောင်ငူနယ်၊(2nd-Burma Rifle)သည် ညောင်လေး
ပင် နယ်မြေ၊ (2nd-Chin Rifle)သည် ပဲခူးနယ်မြေ၊ (1st-Chin Rifle) သည် ရန်ကုန်မြို့လုံခြုံရေး ယူထားသည်။

မှတ်ချက် ထိုအချိန်တွင် ဗမာတပ်များ မြို့လုံခြုံရေးဖြစ်သည်။

တောခို၍ ကျန်ရစ်ခဲ့သောတပ်ရင်း (၆)မှ တပ်သားများ ပဲခူးခရိုင်တွင် လှုပ်ရှားမှုအနည်းငယ်ပေးသည်။

(1st-Kachin Rifle)သည် ပျဉ်းမနားနယ်မြေကို တိုက်ခိုက်ရှင်းလင်းရန်အတွက် မေမြို့ ပျဉ်းမနား သာဝတ္ထိ သို့
ရွှေ့ပြောင်းလာပြီး သာဝတ္ထိတွင်ရှေ့တန်းရုံးစိုက်လျက် ၁၉၄၈ခုနှစ် ဧပြီလမှစ၍ ထိုးစစ်ဆင်လေတော့သည်။
၎င်းထိုးစစ်တွင်(C-coy, D-coy)များကိုအသုံးချသည်။
ထိုတပ်ခွဲနှစ်ခွဲကို တပ်ခွဲမှူး ဗိုလ်ကြီးနော်ဆိုင်း အမြဲတမ်းတာဝန်ယူသည်၊ နောက်ပိုင်းလုံခြုံရေးကို(A-coy)က တာဝန်ယူသည်။
ထိုအချိန်တွင် ကွန်မြူနစ်လှုပ်ရှားမှု သိသိသာသာနည်းသွားသည်၊နယ်မြေအများစုကို ထိန်းထားနိုင်ပြီဖြစ်သော် လည်း တောင်တွင်းကြီးနယ်မြေ၌ လှုပ်ရှားမှုများရှိနေသေး၍ ထိုနေရာသို့(D-coy)ကိုတာဝန်ပေးသည်။

တောင်ညို၊ ဟင်းကုန်း ကို (c-coy)မှ တာဝန်ယူတိုက်ခိုက်နေချိန် ၁၉၄၉ခုနှစ်ဇန္န၀ါရီလကုန်ခါနီး(ရက်အတိအကျ မမှတ်မိတော့)တပ်ရင်းမှစာတစောင်(C, D-coy)တပ်ခွဲမှူးထံရောက်လာသည်။
၎င်းစာထဲတွင် ကရင်သူပုန်ထပြီ ဤစာရရှိပါက ချက်ခြင်းတပ်ရင်းသို့ပြန်လာရန် ဟု ပါရှိပါသည်၊
ထိုစာကြောင့်တပ်ခေါက်လာပြီး သာဝတ္ထိသို့ပြန်စုရုံးကြသည်။
တပ်ရင်းဌာနချုပ်သို့ပြန်ရောက်ပြီး ၂ရက်နားပြီးသောအခါ တပ်ဗိုလ်များစည်းဝေးကြသည်။

တပ်ရင်းမှူး ဒုတိယဗိုလ်ကြီး ဇော်ဂေါင်က ပြောကြားသည်မှာ အခု ကျွန်တော်တို့ အစိုးရလခစားသည့်အတွက် ကရင်ကိုတိုက်ရမည်၊ သို့သော်ကြည့်တိုက်ရမည် ဟုပြောသည်၊ အခြားဗိုလ်တွေဘာမျှမပြောကြ။
ဗိုလ်ဇော်တူး (D-coy)က မြွေကယ့်သို့ဥာဏ်ရှိပြီး ချိုး(ဂျိုး)ကယ့်သို့လိမ္မာရမည် ဟုပြောသောအခါလူတိုင်းဝိုင်း
ရယ်(ရီ)ကြသည်

ညနေပိုင်း(Mess)တွင်တပ်ဗိုလ်များအနားယူသောအခန်း၌ ဘီယာ၊ရမ် သောက်ရင်း အချို့က ဗမာအစိုးရ မ
ကောင်းကြောင်းပြောကြသောအခါ ဗိုလ်ကြီးနော်ဆိုင်းနှင့် တပ်ရင်းမှူးတို့အငြင်းအခုံဖြစ်လေသည်၊
ဗိုလ်ကြီးနော်ဆိုင်း၏အကြောင်းပြချက်မှာ ယခုလက်ရှိကွန်မြူနစ်ကို တိုက်၍မပြီးခင် ကရင်ကိုပြန်တိုက်ရမည်ဖြစ်
၍ မိမိတို့အနေဖြင့် တပ်အကူအညီဘယ်က ရမည်နည်း။
အဓိပ္ပါယ်သည် အစိုးရမကောင်းသဖြင့် လူတိုင်းမကြေမနပ်ဖြစ်နေသောကြောင့် တော်လှန်ကြသည်ကို ဆိုလိုခြင်း
ဖြစ်သည်။

ထိုအခါ တပ်ရင်းမှူးက ဟေ့ နော်ဆိုင်း ခင်ဗျားမလုပ်ချင်လျင် ထွက်ပါ ဟုဆိုသောအခါ ဗိုလ်ကြီးနော်ဆိုင်းက ထွက်ဘို့ပြောနေတာမဟုတ်ဘူး ဟုပြန်ပြောလေသည်၊ ညစာစားပြီးနောက် အုပ်စုဖွဲ့ပြီးစကားပြောကြသည်၊
ဗိုလ်ကြီးနော်ဆိုင်းကို ထောက်ခံသောသူများသည်။

ရေတာရှည်၊ တောင်ငူဘက်သို့ချီတက်ရန် အစီအစဉ်လုပ်ကြလေသည်။

ဗိုလ်မှူးကြီး ဘန်လင်ဇော်တူး

တနေ့တွင် ဗိုလ်ကြီးနော်ဆိုင်းသည် ပျဉ်းမနားမြို့ထဲတွင် ဗမာအစိုးရတပ်များဖမ်းထားသော ကရင်အရပ်သားများ ထံသွား၍ ကရင်အလံတခုနှင့်ကရင်ယောက်ျားလေး အသက် ၁၂နှစ်ခန့်ရှိသူတယောက်ကိုပါခေါ်ယူလာပြီး(C-coy) ထမင်းချက်ရုံ၌ ၀ှက်ထားလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် တပ်ရင်းဌာနချုပ်တွင် သယ်ယူပို့ဆောင်ရေးတပ်၌ ဗမာတပ်သားများပါရှိနေသည့်အပြင် အခြားလူများမသိစေရန်ဖြစ်သည်။

တောင်ငူသို့ဆင်းမည့်ရက၌် ထိုကရင်ကလေးကို တပ်အပြင်ဘက် နှစ်ဖါလုံခန့်အကွာရှိ ရွာတရွာ၏ဆိုင်တဆိုင်
တွင် သွားထားလေသည်၊ဗိုလ်ကြီးနော်ဆိုင်း၏ (C-coy)အရင်ချီတက်ရန်ဖြစ်သည်၊ စစ်ချီကားများအစီအရီ စီ
တန်းထားသည်ကို တပ်ရင်းမှူးက စစ်ဆေးကြည့်ရှုပြီးသည်နှင့် ဗိုလ်ကြီးနော်ဆိုင်းက တပ်ရင်းမှူးကိုအလေးပြုပြီး ကားပေါ်တက်၍ထွက်ခွါလာခဲ့သည်၊ ကရင်ကလေးကိုခရီးစဉ်အတွင်းခေါ်ယူသွားသည်။

ကိုယ်ရံတော်၊ စက်ကိုင်ရဲဘော်သုံးဦးနှင့်အတူ သူ၏ဂျစ်ကားသည် ရှေ့ဆုံးမှထွက်သွားလေသည်။ ထိုအချိန် ရေတာရှည်မြို့ကို ကရင်တပ်ရင်း(၁)မှ တပ်ခွဲတခွဲနေရာယူထားချိန်ဖြစ်သည်၊ ရေတာရှည်မြို့သို့ရောက်
ခါနီးတွင် ဂျစ်ကားပေါ်၌ ကရင်အလံနှင့်ကချင်အလံတို့ကို တဘက်တချက်တပ်လျှက် ကရင်တပ်ခွဲရှိရာသို့ ကား
မောင်းသွားသည်၊ သို့သော် သူ၏တပ်ခွဲမှ တပ်သားများကိုမြိ့နှင့် ၂မိုင်ခန့်အကွာတွင်ထားရစ်ခဲ့သည်။
ကရင်စစ်သားများသည် ကရင်အလံနှင့် ကချင်အလံတပ်ဆင်ထားသည့် ဂျစ်ကားကိုတွေ့သောအခါ ပစ်ခတ်ခြင်း
မပြုပဲ ၀င်ခွင့်ပြုလေသည်။

ဂိတ်ရောက်သောအခါ ဗိုလ်ကြီးနော်ဆိုင်းက ခင်ဗျားတို့ဗိုလ်နဲ့တွေ့ချင်တယ် ဟုဝှက်ပြီးခေါ်လာသည့် ကရင်က
လေးကို ကရင်ဘာသာဖြင့်ပြောစေလေသည်။
ထိုအခါကရင်တပ်ခွဲမှူးနှင့်စကားပြောဆိုပြီး ကြေးတောကရင်တပ်ရင်းသို့ဆက်သွားကာ ကရင်တပ်ရင်းမှူး
စောမင်းမောင်နှင့်တွေ့ရန် စကားပြောစက်ဖြင့်အကြောင်းကြားပေးသည်။
ထို့နောက် ဗိုလ်ကြီးနောင်ဆိုင်းကို ကရင်တပ်ရင်းမှူးရှိရာ ကြေးတောတပ်ရင်းဌာနချုပ်သို့ လိုက်ပို့သည်၊ တပ်ရင်း ဌာနချုပ်သို့ရောက်သည့်အခါ တပ်ရင်းမှူးနှင့်အခြားကရင်လူကြီးများနှင့်တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုယူ လိုက်ကြသည်။

ရေတာရှည်တွင်ချထားသော ကရင်တပ်ကိုရုပ်သိမ်းပြီး ကချင်တပ်ကိုရေတာရှည်မြို့တွင်နေစေလျှက် ဆက်လုပ်
ရမည့်လုပ်ငန်းများကို လက်တွဲလုပ်ဆောင်သွားရန်သဘောတူသဖြင့် ကရင်တပ်ကိုနောက်ဆုတ်စေပြီးနောက် ထိုနေ့ညနေ ၆နာရီခန့်၌ ကချင်တပ်ရင်းကို စက်ဖြင့်အကြောင်းကြားခေါ်ယူလိုက်သည်။
တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ရုံးထိုင်မှူးနှင့်အတူ အခြားဗိုလ်သုံးယောက်တို့ ကြေးတောကရင်တပ်ရင်းဌာနချုပ်သို့ သွားရောက် ဆွေးနွေးကြပြီး ည ၁၂နာရီခန့်တွင် မိမိတပ်ရင်းသို့ပြန်လည်ရောက်ရှိသည်။
ထို့နောက် ဗိုလ်နော်ဆိုင်းနှင့် ဗိုလ်ဇော်တူးနှင့်အတူ တပ်ဗိုလ်တပ်သားအားလုံးဆွေးနွေးကြသည်။
ကရင်ကိုတိုက်မလား မတိုက်ဘူးလား ဟုမေးကြည့်သောအခါ မတိုက်ချင်ကြောင်းနှင့် အချို့ကဗမာကိုတိုက်ရန်
ပြောလာပါသည်။

ဤကယ့်သို့ ကရင်ကိုမတိုက်လိုသည့်အကြောင်းမှာ ကရင်နှင့်ကချင်တို့သည်တောင်ပေါ်သား ညီအစ်ကိုရင်းခြာ များသဖွယ် လူမှုရေး၊ ဘာသာရေးကြောင့်ဖြစ်သည်။
ဘာသာရေးနှင့်စပ်လျှဉ်း၍ပြောရမည်ဆိုပါက ကရင်နတ်စားနှင့် ကချင်နတ်စားတို့သည် ခြားနားခြင်းမရှိကြချေ၊ ကရင်နတ်စားတို့၏နတ်စင်သည် ၀ါးခြမ်းပြား တစ်ခြမ်း နှစ်ခြမ်းဖြင့်လုံလောက်သည့်နည်းတူ ကချင်နတ်စားတို့
သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။
တောင်ပေါ်သားများသည် ခေါင်ရည်ကိုနှစ်သက်ကြသည်၊ တောင်ပေါ်သားကရင်များသည် ဧည့်သည်လာလျင် ချက်ခြင်း ခေါင်ရည်ဖေါက်သကယ့်သို့ ကချင်တို့သည်လည်းထိုအတိုင်းပင်ဖြစ်သည်။

ဆိုလိုသည်မှာ ကရင်နှင့်ကချင်တို့ တွင်တူညီသည့်အခြခံအချက်အလက်များ များစွာရှိသဖြင့် ကိုယ်ချင်းစာနာ
စိတ်၊ သနားကြင်နာစိတ်ရှိသည်နှင့် အတူ ကူညီလိုသောစိတ်စေတနာကြောင့် ၁၉၄၉ခုနှစ်ကရင့်တော်လှန်ရေး
ကို ကချင်တပ်ရင်း (၁)နှင့် (၃)မှ တပ်ဗိုလ်တပ်သားများ ကရင်နှင့်ပူးပေါင်းလျှက် ဖဆပလ အစိုးရကို အတူတ
ကွ တော်လှန်တိုက်ခိုက်ကြရန်သဘောတူညီခဲ့ကြလေသည်။

ထိုအချိန် မေမြို့တွင် ရန်သူအစိုးရတပ်မှဖမ်းထားသော ကရင်တပ်ဗိုလ်တပ်သား၊ အစိုးရအမှုထမ်း ယောက်ျား
မိန်းမ ကလေးသူငယ် စုစုပေါင်းငါးထောင်ခန့်ကို ဦးစွာသွားရောက်ကယ်ထုတ်ပြီးမှ အင်းစိန်၊ ရန်ကုန်ဆင်းရန် ဗိုလ်ကြီးနော်ဆိုင်းတို့ဘက်မှ တင်ပြချက်ကို ကရင်တပ်များကအစတွင် လုံးဝလက်မခံကြချေ။ ဗိုလ်ကြီးနော်ဆိုင်း နှင့်ဗိုလ်ဇော်တူးတို့ ကြေးတောကရင်တပ်ရင်းသို့ညစဉ် ရှစ်နာရီမှ ဆယ့်တစ်နာရီအထိ သွား
ရောက်ဆွေးနွေး သည့်တိုင် ကရင်တပ်မှ တပ်မှူးများလက်မခံခဲ့။
နောက်ဆုံး အစ္စတု၊တောင်ငူအရှေ့ဘက်ကမ်း ဦးစောလုံအိမ်၌ နှစ်ကြိမ်တိုတိုင်ကရင် ခေါင်းဆောင်များနှင့်ဆွေး
နွေးပြီးနောက် မယုံတ၀က်ယုံတ၀က်ဖြင့်လက်ခံခဲ့ကြသည်။
ရာနှုံးပြည့်လက်မခံသောကြောင့် ဗိုလ်ကြီးနော်ဆိုင်းက ဗိုလ်ဇော်တူးကိုပြောသည်မှာကရင်တွေကိုပြောရတာ တော်
တော်ခက်သည် ဟု ဆိုပါသည်။
နောက်ဆုံးတွင် ၁၃-၀၂-၁၉၄၉နေ့၌ အစီအစဉ်လုပ်ရန် သဘောတူလက်ခံလာသည်။

၁၄-၀၂-၁၉၄၉ နေ့တွင်ဦးစောလုံ၏အိမ်၌ နောက်တဖန်ထပ်မံဆွေးနွေးသည်၊၁၅-၀၂-၁၉၄၉ရက် ည၌ ကချင်တပ်
မှ တပ်ခွဲမှူး၊ တပ်ဗိုလ်နှင့် ကရင်ခေါင်းဆောင်များ ဆုံးဖြတ်ချက် သဘောတူညီချက်များကို အတည်ပြု လိုက်ကြ
သည်။

ထိုသဘောတူညီချက်အရ ကရင်နှင့်ပူးပေါင်းသော ကချင်တပ်၏အင်အားများမှာ (1st-Kachin) မှ (A), (C), (D) Coyများနှင့် (3rd-Kachin)မှ (A) Coy သယ်ယူပို့ဆောင်ရေး၊မော်တော်ကားတပ်၊ဘရင်းကယ် ရီယာ(Bren Carrier)လေးစင်း၊ ဆက်သွယ်ရေးအဖွဲ့၊ ရုံးအဖွဲ့စုစုပေါင်း ကချင်တပ်အင်အား ၇၀၀ကျော်သည်။ အဘယ်ကြောင့်ဆိုသော် တပ်ခွဲတခွဲတွင်လူအင်အား ၁၅၀ရှိခြင်းကြောင့်ဖြစ်သည်။

ထိုညတွင် ကရင်ခေါင်းဆောင်များနှင့် ကချင်ခေါင်းဆောင်များ ဆုံးဖြတ်သဘောတူညီကြသောအချက်များမှာ

(၁) တိုက်ပွဲတွင်ကျဆုံးသော ကချင်ရဲဘော်များ၏ မိဘများကို တိုက်ပွဲမပြီးခင် တစ်ယောက်လျင် ငွေ၁၀၀၀ ပေး ထားရန်၊ ၎င်းငွေ ၁၀၀၀သည် စပ်ကူးမတ်ကူးကာလတွင် ပေးထားခြင်းဖြစ်သည်။
(၂) လောလောဆယ်တွင် ကျောင်းဆရာ အယောက် ၅၀ကို ကချင်ပြည်သို့အကူအညီပေးရန်။
(၃) ကချင်စစ်သားများကို တတ်နိုင်သရွေ့ စစ်သုံးပစ္စည်း၊ လက်နက်ခဲယမ်း ကူညီဆောင်ရွက်ပေးရန်။
(၄) အခြားသောကိစ္စအ၀၀ကို တိုက်ပွဲပြီးမှ ဆုံးဖြတ်ရန်။
စသည်တို့ဖြစ်သည်။

၁၅-၀၂-၁၉၄၉ ည အစည်းအဝေးတက်ရောက်သည့် ကချင်တပ်ဗိုလ်များမှာ

(1st-Kachin) (A-coy)မှ ဗိုလ်ကြီးဒေါင်ဒေါင်း။
ဗိုလ်လဗျတန်။
(C-coy)မှ တပ်ခွဲမှူး ဗိုလ်ကြီးနော်ဆိုင်း(ကချင် တပ်အားလုံး၏ ခေါင်းဆောင်)။
(D-coy)တပ်ခွဲမှ တပ်ခွဲမှူး ဗိုလ်ကြီးတန်ဒေါင်းခင်။
ဗိုလ်ကြီးဖရမ်ဂမ်ဒီး။
ဒု တပ် ခွဲမှူး သို့မဟုတ် (12 Platoon Comdr) ဗိုလ်အင်ကျောတန်။
(11 Platoon Comdr) ဗိုလ်ဇော်တူး။
(10 Platoon Comdr)(2rd-Kachin) (A-coy)မှ တပ်ခွဲမှူး ဗိုလ်ကြီးဇောရှန်။
ဒုတပ်ခွဲမှူး သို့မဟုတ် (Sun Lut La Myi Chyang)ဗိုလ်ကြီး ဆွမ်လွတ်လ (Platoon Comdr) တို့ဖြစ်ကြသည်။
ဤဖေါ်ပြပါ ဗိုလ်ကြီးများအပြင် အခြား ဗိုလ်များလည်း ပါရှိသေးသည်။

ကရင်ဘက်မှ အစည်းအဝေးတက်ရောက်သော ခေါင်းဆောင်များမှာ

(၁) ဦးစောလုံ(အဖွဲ့ခေါင်းဆောင်)။
(၂) ဒုတိယ ဗိုလ်မှူးကြီး မင်းမောင်။
(၃)ရွှေလေး။
(၄) ပေါ်ပေါ်။
(၅) ဆရာ ဘထွန်း။
(၆) ဖိုးညှော်။
(၇)မိဒီအ။
(၈) တူရောဦး။
(၉) ဒေါ်ဒီ။
တို့ဖြစ်ပြီး အခြားကရင်ခေါင်းဆောင်များ၏ အမည်များကို မမှတ်မိတော့ပါ။

ဗိုလ်မှူးကြီး ဘန်လင်ဇော်တူး

သမိုင်းမှတ်တမ်း၏ ရည်ရွယ်ချက်
ဤသမိုင်းမှတ်တမ်း ကရင်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်းအကျဉ်းချုပ် စာ အုပ်ငယ်ကို ရေးသားပြုစုပေးသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူးအား ရပ်ဝေးကချင်လူငယ်အသင်း(Kachin Youth Association Abroad) မှ အထူးကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာမှတ်ကျောက်တင်အပ်ပါသည်။
ကရင်အမျိုးသားများနှင့် ကချင်အမျိုးသားများသည် ဘာသာရေး၊ သာသနာရေးသမိုင်းကြောင်းသာမကပဲ အမျိုး သားရေးသမိုင်းကြောင်း၊ နိုင်ငံရေး စစ်ရေးသမိုင်းကြောင်း၊ တော်လှန်ရေးသမိုင်းကြောင်းတွေမှာ မည်သို့နီးစပ်မှု ရှိခဲ့သည်ကို ဖြစ်ပြီးခဲ့သောတကယ့်ဖြစ်ရပ်မှန်တွေအရ သိရှိနိုင်သည်။
နောင်လာနောက်သား မျိုးဆက်လူငယ်များသိရှိထားပါက အကျိုးရှိမည်၊ အဖိုးတန်မည်ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် ဤသမိုင်းမှတ်တမ်းကို ရပ်ဝေးကချင်လူငယ်အသင်း(KYAA)မှ တာဝန်ယူပြီး ပုံနှိပ်ထုတ်ဝေပါ
သည်။

အမှုဆောင်များ ရပ်ဝေးကချင်လူငယ်အသင်း
(1993 October)
မှတ်တမ်းရေးသားပြုစုသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ ကိုယ်ရေးအကျဉ်း
ကျွန်တော်ဗိုလ်မှူးကြီး ဇော်တူးသည် ဗန်းမော်ခရိုင် ဘန်လင်ကျေးရွာတွင်မွေးဖွါးခဲ့သည်။
အသက် ၈နှစ်အရွယ် တွင် ကျွန်တော့်ဦးလေးနှင့်အဒေါ်အိမ်၌ နေထိုင်ခဲ့သည်။
အသက် ၉နှစ်အရွယ် ဗန်းမော်ခရိုင် စိန်လုံကဘားမြို့ရှိ အစိုးရကျောင်းတွင် စတင်ပညာသင်ကြားရာ ကျောင်းတက်
နေစဉ်အတွင်းဖျားသဖြင့် မိဘနေရပ်ဘန်လင်ကျေး ရွသို့ပြန်ပြီး၊ အသက် ၁၁နှစ်မှ ကျောင်းပြန်ဆက်တက်သည်။

စိန်လုံကဘားကျောင်းမှ နမ့်ခမ်းမြို့ ခရစ်ယာန်သာ သနာပြုကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားသည်။
ထိုသို့ပညာသင်ကြားနေစဉ်အတွင်း ၁၉၄၂ခုနှစ်တွင် ဒုတိ ယ ကမ္ဘာစစ်ဖြစ်ကာ ကျောင်းများအားလုံးပိတ်၍ ပညာ
ဆက်လက်မသင်ကြားနိုင်တော့ပါ။
၁၉၄၂ခုနှစ် မတ်လ(၁)ရက်နေ့တွင် ဗြိတိသျှလက်အောင်ရှိ ပုလိပ်တပ်သို့ဝင်၍ ပုလိပ်ဝင်လုပ်သည်။ ထိုအချိန်က တလလျှင် ၂၄ရူပီး လစာရသည်။
၁၉၄၂ခုနှစ် မေလ ၅ရက်နေ့တွင် ဂျပန်တပ်များ ဗန်းမော်မြို့ကိုဝင်ရောက်သိမ်း ပိုက်သည်။
ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးယန္တရားပျက်ပြားသွားပြီဖြစ်၍ ကျွန်တော်လည်းပုလိပ်မလုပ်တော့ပဲ ကျွန်တော့်ဦးလေး
နှင့် အဒေါ်အိမ်ပြန်နေသည်။

ထိုအချိန်တွင် ဖက်ဆစ် ဂျပန်အုပ်ချုပ်ရေးစနစ် စတင်နေချိန်ဖြစ်ပြီး ဖက်ဆစ်ဂျပန်များကိုတော်လှန်ရန်အတွက် ဗြိတိသျှတပ်တွင် ထောက်လှမ်းရေးတာဝန်ထမ်းဆောင်ခဲ့သည်။
ဗိုလ်မှူးကြီးခွန်နောင် ကထောက်လှမ်းရေးအ ရာရှိအဖြစ်တာဝန်ယူပြီး ဗိုလ်မှူးကြီးဇောဂျွန်း က အိန္ဒြိယပြည်မှလေ
ယာဉ်ဖြင့်အလောဘွမ်တောထဲ လေထီးဖြင့်ခုန်ချကာ ၀ိုင်ယာလက်စက်ဖြင့် ဖက်ဆစ်ဂျပန်များ၏လှုပ်ရှားမှုများကို သတင်းယူ သတင်းပို့ တာဝန်ယူသည်။
ဗိုလ်မှူးကြီးခွန်နောင်နှင့် ဗိုလ်မှူးဇော်ဂျွန်းတို့သည် ဗြိတိသျှအစိုးရတပ်မှ ကချင်အမျိုးသားတပ်မှူးများဖြစ်သည်။
ကျွန်တော့်အား ဗိုလ်မှူးကြီးခွန်နောင် က ဗန်းမော်လေယာဉ်ကွင်းတွင်ကူလီခေါင်းလုပ်ခိုင်း၍ ဂျပန်များ၏လှုပ်ရှား
မှုကို ထောက်လှမ်းခိုင်းသည်။
ကျွန်တော်လည်း လေယာဉ်ကွင်းဆောက်လုပ်ရာတွင် လိုအပ်သောအလုပ်သ နားများ စုစည်းခေါ်ယူရင်း ဗိုလ်
မှူးကြီးခွန်နောင်ထံ ပုံမှန်သတင်းပို့ခဲ့သည်။

နောက်များမကြာမှီ ဂျပန်များရု့းစိုက်ရာ ဗန်းမော်မြို့နှင့် လေယာဉ်ကွင်းအား ဗြိတိသျှလေတပ်မှ ဗုံးကြဲတိုက်ခိုက် သည်။ ဗိုလ်မှူးကြီးခွန်နောင်နှင့်အတူ စိန်လုံကဘားသို့ထွက်ပြေးသည်။ ထိုအချိန် ဗိုလ်မှူးဇောဂျွန်းလွှတ်လိုက်
သော တရုတ်တပ်မှတရုတ်များနှင့်လိုက်ပါသွားသည်။
၎င်းတရုတ်တပ်များဖြတ်သန်းခဲ့သောရွာများတွင် တရုတ် တပ်များ ဓါးပြတိုက်သဖြင့် ရွာသားများက ကျွန်တော်
တို့နှစ်ဦးအားဖမ်းဆီးရန် ဂျပန်ကိုတိုင်သည်။

ဗိုလ်မှူးကြီးခွန်နောင်၏ သားသမီးများကို ဒုက္ခမပေးပါ။
နောက်ပိုင်းဗြိတသျှတပ်နှင့်တွေ့ဆုံပြီး ဗြိတိသျှတပ်သို့ဝင်၍ ဖက်ဆစ်ဂျ ပန်များကိုတော်လှန်ရန် စစ်မှုထမ်းခဲ့သည်။
ထိုသို့ဗြိတိသျှတပ်တွင် စစ်မှုထမ်းနေစဉ်အတွင်း မြစ်ကြီးနားခရိုင် ၀ါးရှောင်၊ ဂွေထူဒေသများတွင်တာဝန်ထမ်း
ဆောင်နေစဉ် ဖျားသဖြင့်ဗြိတိသျှစစ်တပ်မှ အိန္ဒြိယပြည်နယ် အာသံ(Assam) သို့ဆေးကုရန် လေယာဉ်ဖြင့်ပို့ လိုက်သည်။
အာသံစစ်ဆေးရုံ၌ တလကြာ ဆေးကုသမှုခံယူပြီး ဗြိတိသျှစစ်တပ်မှ ၁လ နားခွင့်ပေးသည်။

ထို့နောက် အိန္ဒြိယပြည် ဥတရာပရာဒက်ပြည်နယ်ရှိ (Deharadun) မြို့သို့ ကျွန်တော့်အား စစ်သင်တန်းယူရန်ပို့ လိုက်သည်။
စစ်သင်တန်းပြီးသည့်နောက် ပန်ဂျပ်ပြည်နယ် ဟူရှာမြို့တွင်တာဝန်ထမ်းဆောင်နေစဉ် ဒုတိယကမ္ဘာစစ်ကြီး ပြီး
ဆုံးသွားသဖြင့် မြန်မာပြည်သို့ သင်္ဘောဖြင့်ပြန်လာခဲ့သည်။

ကျွန်တော်၏ မိခင်တပ်ရင်းမှာ (2nd-Burma Rifle)ဖြစ်သည်။ စစ်ပြီးနောက်ပိုင်း (1st-Kachin Rifle)သို့ပြောင်းပြီး ဗမာပြည် ကွန်မြူနစ်များကိုတိုက်ရင်း ဖဆပလ ခေတ် ကရင့်တော်လှန်ရေးပေါ်ပေါက်လာသဖြင့် ဗိုလ်ချုပ် နော်ဆိုင်း ဦးဆောင်သော ကချင်တပ်နှင့် ကရင်တပ်များပူးပေါင်းသော တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ဖဆပလ အစိုးရကိုတော်လှန်ရင်း ယခုတိုင် ကရင်နယ်မြေတွင်ကျန်ရစ်ခဲ့သည်။

ဗိုလ်မှူးကြီးဘန်လင်ဇော်တူး
(ဤတွင် ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ ကိုယ်ရေးအကျဉ်းပြီး၏)

(၁၅-၀၂-၁၉၄၉)ည သဘောတူချက်များရရှိပြီးနောက် (၁၆-၀၂-၁၉၄၉)ရက် နံနက်၁၀နာရီအချိန်တွင် မည်သို့ချီ တက်ကြမည်ကို စီမံခန့်ခွဲကြသည်။ ကချင်(၁)မှ ဗိုလ်ဇော်တူး ဦးဆောင်သော သူ၏တပ်စုသည်ရှေ့ဆုံးမှဖြစ်ပြီး ၎င်းတို့နောက်မှ (1st-Karen) ဗိုလ်ကြီးမောင်ချစ်၏တပ်ဖွဲ့များ လိုက်ရန်ဖြစ်သည်။

(1st-Kachin) မှ (D-coy) (C-coy)နှင့် (1st-Karen) တပ်များချီတက်ပြီး(1st-Kachin A-coy)၊ (3rd-Kachin) နှင့် (3rd-Kachin A-coy)တို့ မီးရ ထားဖြင့်ချီတက်သည်။
KNDO လက်နက်မဲ့ရဲဘော်များလည်း မီးရထားတစ်စီးစာပါလာသည်။
လူအင်အားမည်မျှ ပါသည်ကို အတိအကျမသိပါ။

ဤကယ့်သို့ချီတက်သွားရာ ဗိုလ်ဇော်တူးတပ်နှင့် ကရင်တပ်ရင်း(၁)မှ ဗိုလ်ကြီးမောင်ချစ်တို့ ဦးဆောင်သောတပ်
များ မြို့လှမြို့ကို ရှေးဦးစွာ ကချင် ကရင်တပ်များပူးပေါင်းကာ ည ၈နာရီအချိန်တွင်တိုက်ခိုက်ရာ ၂နာရီကြာမှ မြို့ ကိုသိမ်းပိုက်နိုင်ခဲ့သည်။
၎င်းတိုက်ပွဲတွင် ကရင်စစ်သား ၂ဦးကျဆုံးပြီး၊ ရန်သူဘက်မှ ၅၀ဦးကျဆုံးသည်။
လက်နက် ၁၀၀ ကျော်သိမ်းဆည်းရမိသည်။
ရှေ့သို့ဆက်လက်ချီတက်ရာ ရေနီမြို့၌ အနည်းငယ်ခုခံတိုက်ခိုက်မှု ခံရသည်။
ဆက်လက်ချီတက်သွားရာ မိခင်တပ်ရင်းရှိသည့်သာဝတ္ထိနှင့် ငါးဖာလုံအကွာတံတားတခုသို့ရောက်သည်။ တံတားကို မိခင်တပ်ရင်းမှတပ်ဖွဲ့က စောင့်ကြပ်နေသည်။

ဆက်သွားရာ တံတားစောင့်မှ ဘယ်သူလဲ ဟု ကချင်လိုမေးသည်။
ထိုအခါဗိုလ်ဇော်တူးက ကချင်လို ပြန်ပြောသောအခါ သွားခွင့်ပေးလိုက်သည်။
ထိုသို့သွား ခွင့်ပြုသူမှာ ဗိုလ်ကရိန်လ ဖြစ်သည်။ တပ်ရင်းဂိတ်တွင်ရပ်နေသော တပ်ရင်းမှူးကို ဗိုလ်ကြီးနော်ဆိုင်းက ဖမ်းဆီးလိုက်သည်။ တံတားစောင့်ကြပ်သောဗိုလ်ကရိန်လကို နောက်ပိုင်းတွင်ရန်သူအစိုးရမှ ထောင်ချလိုက်ကြောင်းသိရသည်။ (၁၇-၀၂-၁၉၄၉)နေ့ နံနက် ၈နာရီတွင်လယ်ဝေးမြို့ကိုသိမ်း၍ ၁၀နာရီတွင်ပျဉ်းမနားမြို့ကိုသိမ်းလိုက်သည်။ ပျဉ်းမနားမြို့တွင် ဗိုလ်ကြီးသိန်းထွတ်ကို ဖမ်းဆီးရမိသည်၊ သူ၏နောက်လိုက် ၂၀ဦးကို လက်နက်သိမ်းယူပြီး ပြန် လွှတ်လိုက်သည်။ ထိုည ပျဉ်းမနားတွင်အိပ်သည်။

နောက်တနေ့ (၁၈-၀၂-၁၉၄၉) တွင် တပ်ကုန်း ရမည်းသင်း မြို့ ကိုသိမ်းရာတိုက်ပွဲ နာရီဝက်ခန့်ကြာသည်။ (၁၉-၀၂-၁၉၄၉) နေ့ ပျော်ဘွယ်ကိုသိမ်းသည်။ တိုက်ပွဲမဖြစ်။ ပုလိပ် ၂၀ဦးလက်နက်ချသည်။
ရန်သူများဖမ်းဆီးထားသော ကရင်(ယူအမ်မ်ပ်ပီ)တပ်သား ၁၅၀ဦးကိုကယ်တင် လိုက်သည်။

(၂၀-၀၂-၁၉၉၄) မိတ္ထီလာမြို့အ၀င် ကုန်းသာတံတားတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးသည်။
ပျော်ဘွယ် ရောက်သောအခါ (1st-Kachin)မှ ((D-coy) နှင့် (C-coy)တို့ မီးရထားနှင့် ပြန်သွား၍ (1st-Kachin)
မှ (A-coy)၊ (3rd-Kachin) မှ (A-coy) ထိပ်တိုက်တက်ပြီး၊ (1st-Karen)က ရန်သူ၏နောက်ကျောကို ဖြတ်တိုက် သည်၊ ထိုတိုက်ပွဲတွင် ကချင်တပ်သားတစ်ဦးကျဆုံးပြီး ဗိုလ်ဇော်တူးအပါအ၀င် ကိုးဦးဒါဏ်ရာရသည်။
ကရင်တပ်၏ ထိခိုက်ကျဆုံးမှု မည်မျှရှိသည်ကို မသိခဲ့ရ။

ထိုတိုက်ပွ္ပဲ၌ ဗမာတပ်မှ ဗိုလ်မှူးကြီး မောင်မောင်၊ ဗိုလ်မှူး ဒေါ်စိန်နှင့် အခြားဗိုလ် ၅ဦး ဖမ်းဆီးရမိပြီး မိတ္ထီလာမြို့ ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။ မြို့ကိုသိမ်းပိုက်လိုက်ပြီးနောက် လေယာဉ် ၂စင်း ဆင်းသက်လာသည်။ ထိုလေယာဉ်ကို ဖမ်းဆီးပြီးနောက် တစီးကို ဗိုလ်ကြီးစောဦးကို ဦးဆောင်၍ ကရင်တပ်ကိုစီးစေသည်။ ကျန်လေ .ယာဉ်အား ကချင်တပ်ကိုစီးစေသည်။ လေယာဉ်နှစ်စင်းပေါ်ပါ တပ်သားများအားလုံးကို ဗိုလ်ကြီး နော်ဆိုင်းမှ ကြီးကြပ်ကွ့ပ်ကဲကာ မေမြို့သို့ ပျံသန်းသွားသည်။

ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ရန်သူဗိုလ်ကြီး တင်မောင်ရေးသားသောစာထဲမှ ကောက်နုတ်ချက်အရ ထို လေယာဉ်ပျံကိုသိမ်းပိုက်ပြီး အသုံးချသွားသည့် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ကချင်စစ်ဗိုလ်နော်ဆိုင်း၏ ဦးဆောင် မှုအခန်းကဏ္ဍကို ချီးကျူးရေးသားထားသည်ကို တွေ့ရလေသည်။
ဤကွန်မန်ဒိုစစ်ဆင်ရေးသည် ခက်မယောင်နှင့် လွယ်ကူလွန်းလှသည်၊ ဤသို့လွယ်ကူလိမ့်မည်ဟု မည်သူမျှ
မျှော်လင့်မထားကြပါ။
ထိုသို့မမျှော်လင့်ခဲ့ကြသဖြင့် မေမြို့သည် သူပုန်လက်တွင်းသို့ သေနတ်တချက်မျှ မပစ်ဖေါက် ရပဲ ရောက်ရှိလာ
လေသည်။

မည်သို့ပင်ဖြစ်စေ၊ ထိုစစ်ဆင်ရေးကို နှလုံးရည်အပြည့်အ၀ဖြင့် စီစဉ်သူကို အထူးချီးကျူးပါသည်။ လေယာဉ်ပျံနှစ်စင်း မမျှော်လင့်ပဲရောက်လာသည်။ ထိုလေယာဉ်နှစ်စင်းကို ရလိုက်သည် နှင့်တခဏခြင်းအတွင်း၌ အခွင့်အရေးကောင်းတခုဟုမြင်သော မြင်နိုင်စွမ်းရှိသော ထို့အပြင် ချက်ခြင်းအသုံးချ နိုင်သောကြောင့် ရန်သူပင်ဖြစ်နေစေကာမူ မလေးစားပဲမနေနိုင်ချေ။

ထိုသို့သော အကြံအစည်ကို ဗိုလ်နော်ဆိုင်း အကောင်အထည်ဖေါ်လိုက်ခြင်းသည် များစွာအံ့အားသင့်ဘွယ်
ကောင်းသည်ဟု ဆိုရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဗိုလ်နော်ဆိုင်းကို စာရေးသူအတော်ပင်ရင်းနှီးသည်။
(၁၉၄၆ ခုနှစ်) မေမြို့တွင်ဖွင့်လှစ် ခဲ့သော တပ်ခွဲမှူးသင်တန်းသို့ သူသည် ၃လကြာမျှ စာရေးသူနှင့်အတူတကွ သင်တန်းတက်ခဲ့ဘူးသည်။
စာပေအားဖြင့်အခြေခံ မရှိခဲ့သော်လည်း သူသည် နှလုံးရည်လက်ရုံးရည်နှင့် ပြည့်ဝသူဖြစ်သည်။
စစ်ကြီးကာလ တွင် အင်္ဂလိပ်စစ်တပ်ထဲ သတ္တိပြောင်မြောက်စွာဖြင့် စစိမှုထမ်းခဲ့သည်။
(BGM) သူရဲကောင်းဆုတံဆိပ် နှစ်ထပ် ကွမ်းချီးမြှင့်ခံရသူဖြစ်သည်။

မေမြို့ကို လေယာဉ်ပျံဖြင့် သွားရောက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို မည်သူကစ တင် အကြံဥာဏ်ပေးသည်ဖြစ်စေ ထိုစစ်ဆင်ရေးကို ဗိုလ်နော်ဆိုင်းက ခေါင်းဆောင်ခဲ့သည်။ အမှန်ဆိုလျင် ထို စစ်ဆင်ရေးသည် သူနှင့်အကိုက်ညီဆုံး စစ်ဆင်ရေးပင်ဖြစ်သည်။ ထိုသို့အထက်မြန်မာပြည်သို့ ထိုးစစ်ဆင်ချိန် ရဲဘော်ဖြူ၊ ကွန်မြူနစ်များနှင့် တိုက်ခိုက်မှုမ
ရှိချေ။
ပျဉ်းမနားမြို့ကို ကွန်မြူနစ်များအုပ်ချုပ်သည်။ ရမည်းသင်း ပျော်ဘွယ်ကို ရဲဘော်ဖြူများ အုပ်ချုပ်သည်။

ကေအင်န်ဒီအိုနှင့် ကချင်တို့ မိတ္ထီလာမြို့ကိုသိမ်းပိုက်ထားသည်။
မေမြို့ကို ရန်သူဘက်မှ ဗိုလ်ကျင် ပြန်သိမ်းရန်ကြိုးစားနေသည်။
ထို့ကြောင့် ဗိုလ်ကျင်ထံသို့ စာတစ်စောင်ရေးပို့လိုက်သည်။ ၎င်းစာထဲတွင် ခင်ဗျားတို့လက်နက်ချပါ။
လက်နက်မချလျင် အားလုံးပြုတ်အောင် ချေမှုန်းခြင်းခံရမည် ဟုရေးလိုက်သည်။
၎င်းစာကို ကရင်လူကြီးများ ပြန်စာပေးရန် မပြုလုပ်ပါ။ ထိုအချိန်က ကရင်စစ်ဗိုလ်ကြီးများ အများအပြားရှိသည်။ တွင် လက်မှတ်ရေးထိုးပြီး စာပြန်လိုက်သည်။ ၎င်းစာထဲတွင် လက်နက်မချဘူး။ ခင်ဗျားတို့ကို ဆက်တိုက်မည်။

ခင်ဗျားတို့ ဖမ်းထားတဲ့ ကရင်လူကြီးတွေကို အရမ်းမလုပ်ပါနဲ့။ ကျွန်တော်တို့ဆီမှာလည်း ခင်ဗျားတို့လူကြီးတွေ ဖမ်းထားတယ်။ ဟုပြန်စာရေးလိုက်ခြင်းဖြစ်သည်။ ထိုအချိန်၌ မန္တလေးထောင်တွင် စောဖိုးချစ်၊ နိုင်ရွှေကျင်၊စော သာဒင်နှင့် အခြားကရင်ခေါင်းဆောင်များရှိသည်။

မှတ်ချက်

ဤဖေါ်ပြချက်ကို ကရင်နီဥက္ကဌ မန်းအောင်သန်းလေး အနေနှင့် အဖြစ်မှန်ကို ပြန်ပြောပြနိုင်ပါသည်။

ထိုအခါ မိတ္ထီလာမှ ကရင်ဌာနချုပ်ကို မန္တလေးသို့ ချီတက်သွားရန်စီစဉ်သည်။
ထိုအချိန်တွင် သာစည်မြို့ကို ရန် သူတပ်များက ကလောမှဆင်းလာပြီး တပ်စွဲထားသည်။
၎င်းရန်သူများကို တိုက်ထုတ်ပြီး မီးရထားဖြင့်မန္တလေး ကိုချီတက်ရန် သာစည်သို့ချီတက်သွားသည်။
သို့သော် စိတ်ကူးသည့်အတိုင်းဖြစ်မလာပဲ ၀မ်းနည်းကြေကွဲစရာ ဖြစ်ရန်အနည်းငယ်သာ လိုပါတော့သည်။
ခေါင်းဆောင်များ အသေအခြာမစဉ်းစားခဲ့ကြ၍ မှားခြင်းဖြစ်သည်။

ဖြစ်ပုံမှာ ရန်သူဘက်မှ ၆ပေါင်တာအမြှောက်နှင့် သာစည်ဘက်မှပစ်လိုက်သည်။ မီးရထားဆေးရုံတွင် ၃လုံးကျ ကွဲသည်၊ သို့သော်ထိခိုက်မှုမရှိ။ ဆရာမများ ဟိုပြေးဒီပြေး ဖြစ်ခဲ့ရသည်။
ထိုဖြစ်ရပ်ကို ဆက်သွယ်ရေးစက်သ မားက အသေအခြာမသိ၊ သွားမကြည့်ပဲ စက်ဖြင့် ဆရမများထိခိုက်ကြောင်း
ပြောလိုက်သည်။
ရန်သူဘက်မှလည်း အခွင့်ကောင်းယူပြီး သာစည်ရှေ့တန်းပြိုပြီ ဆရာမအချို့ ငါတို့ဖမ်းမိထားသည် ဆိုပြီး ကရင် ဘာသညဖြင့်ဝါဒဖြန့်လိုက်ရာ မိတ္ထီလာဌါနချုပ်မှ ကောင်းမွန်စွာမစုံစမ်းပဲ (Chin Hill Bn) တပ်ထံ လက်နက်ချရန် ဦးစောလုံ စီစဉ်လာသည်။

ကျွန်တော်တို့တပ် မိတ္ထီလာဌါနချုပ်တွင်ရှိသော ဗိုလ်များ၊ ခေါင်းဆောင်များ အစည်းအဝေးထိုင်နေစဉ် တပ်မဟာ
မှူး ဗိုလ်မှူးချုပ် မင်းမောင် သာစည်မှပြန်လာရာ ရှေ့တန်းဖရိုဖရဲဖြစ်တယ်တိုတာ ဟုတ်လား ဟုမေးသော အခါ ဘာမျှမဖြစ်ောကာင်းပြန်ပြောလိုက်သောကြောင့် ဦးစောလုံသည် ဗိုလ်မှူးကြီး ဒီထူးကြောင့်ဟု အပြစ်တင်သည်။ ထို့နောက်အရှက်ပြေစေရန် ဗိုလ်မှူးကြီး ဒီထူးကို မိတ္ထီလာထောင်ထဲ တစ်ညသွားထည့်ထားလိုက်သည်။ ဤကယ့်သို့ ဗိုလ်မှူးကြီးဒီထူးကို တည ထောင်ထဲသွားထည့်ခြင်းသည် သူ့အတွက်အကောင်းဖြစ်သွားသည်။

သူသည် (KNU) ၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သော်လည်း မေမြို့ကို ရန်သူုများပြန်သိမ်းသောအေခါ ဗိုလ်မှူးကြီး ဒီထူးထုချေချက်ပေးသည်မှာ သူသည် (KNU) ခေါင်းဆောင်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆို သော် သူ့ကို မိတ္ထီလာထောင်တွင် (KNDO) များ ထောင်ချခြင်းကို အကြောင်းပြနိုင်သည့်အတွက် သူသည်ရာ ထူးမကျပဲ ဆက်လက်၍သူ့လက်ရှိ ရာထူးမှာပင် တည်မြဲနေသည်။
ထို့နောက်သာစည်ကို ဤအတိုင်းထိနိးထားပြီး မြစ်ငယ်မှ မန္တလေးသို့ချီတက်သည်။ ေ
မေမြို့မှလည်း ဆင်းလာပြီး နှစ်ဘက်ညှပ်တိုက်သဖြင့် မန္တလေးမြို့ကို (၁၁-၀၃-၁၉၄၉) ရက်တွင် အောင်မြင်စွာသိမ်း
ပိုက်လိုက်နိုင်သည်။

ထိုတိုက်ပွဲတွင် ကချင်ရဲဘော်တစ်ဦးကျဆုံးသည်။ ဤကယ့်သို့ မန္တလေးမြို့ကိုသိမ်းပိုက်ပြီးနောက် သာစည်ကို ပြန် လည်ထိုးစစ်ဆင်သည်။ သာစည်တိုက်ပွဲ၌ ကချင် ၈ဦးကျဆုံးသည်။ ဤနေရာ၌ အနည်းငယ်ဖြည့်စွက်လိုသည် မှာ တောင်ငူဘက်မှစ၍ ချီတက်သောအခါ ကရင်၊ ကချင်တပ်သားများ စည်းကမ်းသေ၀ပ်မှုနှင့်ပြည့်စုံကြသည်။ မြို့သိမ်းပြီးနောက် မြို့တွင်း၌ စစ်သားတစ်ယာက်မျှ မတွေ့ရ။ M.P.( Military Police) သာရှိသည်။

တပ်သားများ ဈေးဝယ်လိုပါက ဈေးဝယ်ပြီးသည်နှင့် မိမိတပ်စခန်းသို့ ပြန်သွားကြသည်။
အရက်မူးသော စစ်သားမတွေ့ရချေ။ သို့သော်မေမြိ့မှဆင်းလာသော တပ်သားအချို့ရမ်းကားလာရာ ရေကြည်
ထဲရေနောက်ဝင်လာသလို နောက်ပိုင်း၌ စည်းကမ်းရိုသေမှုလျောညနည်းလာလေတော့သည်။
သာစည်ကိုထိုးစစ်ဆင်ရာတွင် သာစည်မြို့ကို မိမိတို့ဝိုင်း ထားသည်၊ ရန်သူအတွက် စစ်ကူမရှိ၊ ရေမရနိုင်ဖြစ်၍ လက်နက်ချရန်အနည်းငယ်သာ လိုတော့သည့်အချိန်၌ ရန်ကုန်မြိ့မှ အသံလွှင့်လိုက်သည်မှာ ၃ရက် အပစ်အ
ခတ်ရပ်စဲရေးဖြစ်သည်။

ထိုအပစ်အခတ်ရပ်စဲရေး ကြေငြာ လိုက်သည်နှင့် ၃ရက်အတွင်း သာစည်နှင့်မိတ္ထီလာတွင် အနှောင့်အယှက်မရှိ ၀င်ထွက် သွားလာ နိုင်ပြီဖြစ်သော ကြောင့် လက်နက်ချမည့် ရန်သူကိုထားခဲ့ပြီး ထွက်သွားလိုက်ကြသည်။ ဦးစောလုံ စီမံခန့်ခွဲသည့်အတိုင်း လိုက်နာ၍ အခုလိုဖြစ်ခဲ့သည်။

မိတ္ထီလာတိုက်ပွဲတွင် ဖမ်းဆီးရမိသော ဒုဗိုလ်မှူးကြီး မောင်မောင်ထံမှ ကရင်၊ ကချင်၊ ရှမ်း များကိုလုံးဝပျက်ဆီး ပျက်ပြုဉ်းအောင်၊ နာလံမထူနိုင်အောင်၊ ပြုလုပ်ရန် စီစဉ်ရေးသားထားသည့် အောင်ဆန်း အော်ပရေးရှင်း (Operation Aung san)စာရွက်ကိုလည်း သိမ်းဆည်းရမိသည်။
၎င်းစာထဲ၌ပါသော အချက်တချို့မှာ ပထမ ကရင်ကို သတ်ရမည်။ ဒုတိယ ကချင်။ နောက် ရှမ်းများကို အမျိုးဖြုတ်
ရမည်ဖြစ်သည်။ ဤလူမျိုးများကို အမျိုး ပြုတ်မလှုပ်ရှားနိုင်ရန် ကြံစည်ခြင်းဖြစ်သည်။

ဤကိစ္စ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး နောင်လာနောက် သားများမမေ့ရန် အရေးကြီးသည်။ သို့သော်ကျွနိတော်တို့သည်လည်း ဗမာ ဗိုလ်မောင်မောင်ကြံစည်သကယ့်သို့ မကြံစည်သင့်ပါ။

မိတ္ထီလာမှ တောင်ငူဘက်သို့ဆင်းလာသည့်အခါ လမ်းတံတားများဖျက်ဆီးထားသဖြင့် ခရီးသွားလာရသည်မှာ ခက်ခဲလှပေသည်။
သို့သော်မည်သူမျှ ညည်းညူခြင်းမရှိကြ။ ကောင်းမွန်စွာ တောင်ငူသို့ရောက်ခဲ့သည်။ ေ

တောင် ငူ၌ ၃-၄ ရက်ခန့်အနားယူပြီးနောက် ညောင်လေးပင်-ဒိုက်ဦးဘက်သို့ပြန်၍ချီတက်ရာ ဖါးဒိုပလောသို့ အရောက်တွင် အစည်းအဝေးထိုင်ကြသည်။
မူလအစီအစဉ်မှာ ညောင်လေးပင်ရှိ (2nd-Burma Rifle) တပ်တွင်ရှိနေသည့် ကချင်တပ်ကို အရင်ဆက်သွယ်
မည်။
ဆက်သွယ်ပြီး ဆွေးနွေး၍မရလျှင်တိုက်မည်ဖြစ်သည်။
သို့သော် ထိုအချိန်က အမှတ်(၆)တပ်မဟာမှူး အောင်စိန်(အောင်စိန် ထော်မဲ့ပါ မဟုတ်)သည် ညောင်လေးပင်၌ ကချင် မရှိ ကရင်နှင့်ကချင်ကိုဖမ်းပြီး ပဲခူးသို့ပို့လိုက်ပြီ ညောင်လေးပင်၌ ချင်းနှင့် ဗမာသာရှိသည်ဟုပြောသည်။

နောက်တနေ့မနက် ညောင်လေးပင်မြို့ကို ၀င်တိုက်သည့်အခါ ကချင်အချင်းချင်းရင်ဆိုင်ရသည် ၊ ညောင်လေး ပင်မြို့မှနေ၍ ကချင်များ တန်ပြန်ထိုးစစ်ဆင်သောအခါမှ ကချင်ရှိမှန်းသိရသည်။
ထိုးစစ်ဆင်လာသည့်ရန်သူ့စစ် သားများကို ဓါးလွယ်ပါသည့်အတွက် ကချင်မှန်း သိခြင်းဖြစ်သည်။

ထိုအခါ ဗိုလ်မှူးကြီးနော်ဆိုင်းက( မင်းတို့ က ချင်မဟုတ်လား)ဟု လှမ်းအော်မေးလိုက်သည်။
ထိုအခါ ရန်သူဘက်မှ ကချင်တပ်သားများ အံ့အားသင့်သွားပြီး ရှေ့သို့ဆက်မတက်ပဲရပ်တန့်နေခိုက် တယောက်
ကိုလာရန် လှမ်းခေါ်လိုက် သည်နှင့် ရန်သူဘက်မှ ကချင်တ ယောက် ဗိုလ်မှူးကြီးနော်ဆိုင်းနှင့် တွေ့ဆုံစကား
ပြောကြရာ ကချင်အချင်းချင်း မသိ၍မှားနေပြီ၊ ဒါကြောင့် နောက်ဆုတ်ပြီး အပစ်အခတ်ရပ်ရန် ပြောလိုက်ရာ သူ
တို့နောက်ဆုတ်ပေးကြပါသည်။

တကျော့ပြန် ဗိုလ်နော်ဆိုင်းနှင့် ကချင်စစ်သည်များ

လဖိုင်နော်ဆိုင်းသည် ဒုတိယကမ္ဘာစစ်အ တွင်း ဂျပန်အားခုခံတိုက်ခဲ့သော ကချင်ရိန်ဂျား
စစ်သည်တစ်ဦးဖြစ်သည်။ ဂျပန်ဆန့်ကျင်စစ်ကာ
လအတွင်း သူရဲကောင်းမှတ်တမ်းဝင်အဖြစ် ၂ ကြိမ် ချီးမြှင့်ခံခဲ့ရသည်ဟုဆိုပါသည်။လွတ်လပ်ရေး
ရပြီးဖွဲ့စည်းသော ကချင်သနက ၁ တွင် တပ်ခွဲမှူး
ဗိုလ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

သို့သော် ပြည်တွင်းစစ်စပြီး မကြာခင်တွင် အစိုးရအား ပြန်လည်ပုန်ကန်ခဲ့သူဖြစ်သည်။တ
ဖက်ကတော့သူအား သူပုန်ဆိုပေလိမ့်မည်။ တဖက်ကတော့သူအား တော်လှန်သူဟုဆိုပေလိမ့်
မည်။မည်သို့ဆိုစေ ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်
စစ်သည်များသည် ကချင်လူမျိုးထဲမှ ပထမဆုံး
အစိုးရအားပုန်ကန်သူများအဖြစ် မှတ်တမ်းတင်ရ ပေမည်။

အစိုးရ၏ညွှန်ကြားချက်အရ KNU နှင့် ဗကပကို
တိုက်ခိုက်ရမည့် ဗိုလ်နော်ဆိုင်းသည် အမိန့်ကိုဖီ
ဆန်ခဲ့ပြီး အစိုးရကိုပုန်ကန်ခဲ့သည်။ ၁၉၄၉ ဖေဖ ဝါရီလအတွင်း ပျဉ်းမနားသို့ရောက်ရှိနေသော ဗိုလ်နော်ဆိုင်းဦးစီးအင်အား ၇၀၀ ခန့်သည် KNU နှင့်ပေါင်း၍ မြို့လှ ရေတာရှည် တပ်ကုန်း ရမည်း သင်း သာစည် မိတ္ထီလာတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး မိတ္ထီလာမှ လေယာဉ် ၂ စီးဖြင့် မေမြို့ ( ပြင်ဦး
လွင် ) သို့သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြ သည်။မြန်မာပြည်တွင်းစစ်တွင်း အစောဆုံး လေ
ကြောင်းစစ်ချီစစ်ဆင်ခြင်းဟုဆိုရမည်။ မေမြို့သို့
သွားရောက်ခြင်း ထိုစဉ် KNU တို့ပုန်ကန်မှုကြောင့်
အစိုးရတပ်တွင်း နှင့် အစိုးရဌာနတွင်းရှိ ကရင်လူ
မျိုး မိသားစုများ ကလေးလူကြီး စုစုပေါင်း ထောင်ဂ ဏန်းမျှ မေမြို့တွင် အကျယ်ချုပ်
ထားရှိသည်ကို ကယ်တင်နိုင်ရန်ဟုဆိုသည်။ အ
လားတူပင် မိတ္ထီလာတွင်လည်း အစိုးရကထိမ်း သိမ်း ထားသည့် ကရင်စစ်သား ၁၅၀ခန့်ကိုလွှတ် ပေးခဲ့သည်ဟုဆိုပါသည်။ ထိုကရင်စစ်သားထဲမှ
အချို့သည် KNU ပူးပေါင်းသူရှိသကဲ့သို့ ဇာတိပြန်
သူများလည်းရှိကာ တချို့ကတော့ ဗိုလ်နော်ဆိုင်း
တပ်နှင့် လိုက်ပါခဲ့ကြသည်။

မေမြို့ ( ပြင်ဦးလွင် ) သိမ်းပြီးနောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် KNU/ CPB တို့နှင့်ပူးပေါင်း ၍ မန္တလေးနှင့်တောင်ငူ ပဲခူးမြို့များအား မတ်လ အတွင်းတိုက်ခိုက်ခဲ့ကြသေးသည်ဟုဆိုပါသည်။
ထို့နောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် ၁၉၄၉
သြဂုတ်အတွင်း၌ လားရှိုး ကွတ်ခိုင်တို့ကို တိုက်
ခိုက်ခဲ့ကြသည်ဟုဆိုသည်။ ရှမ်းပြည်မြောက်ပိုင်း
သို့တက်လာသော ဗိုလ်နော်ဆိုင်းသည် နိုင်ငံရေး
ရည်မှန်းချက်တခုပါ ပါလာသည်။ ၎င်းမှာ လွတ်
လပ်သော ကချင်အစိုးရနှင့် ကချင်တပ်မတော်
Pawng Yawng Asuya နှင့် Pawng Yawng
Defence Force ဖွဲ့စည်းရန်ဖြစ်သည်။( ယခုအခါ
ကချင်မျိုးနွယ်စုအားလုံးအား ဝင်ပေါင် ဟုသုံးနှုံး
သော်လည်း ထိုစဉ်က ပေါင်ယောင်ဟု သုံးစွဲသည်)

ထို့အတွက် နမ့်ခမ်းမြို့အားလည်း တိုက်ခိုက်
သိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ဗန်းမော်မှ
တဆင့် ကချင်ပြည်နယ်မှ နိုင်ငံရေးခေါင်းဆောင်
များအား ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဗိုလ်နော်
ဆိုင်းတပ်ဖွဲ့အား နယ်မြေခံအချို့မှ ပုးပေါင်းထောက်
ခံခဲ့မှုရှိသော်လည်း ကချင်ပြည်နယ်ခေါင်းဆောင် များက ထောက်ခံမှုမပေးခဲ့ပေ။ ထို့ပြင် ဗိုလ်နော်
ဆိုင်းတပ်အားရင်ဆိုင်နိုင်ရန် ကချင်နိုင်ငံရေးခေါင်း
ဆောင်ပိုင်းက ကချင်စစ်သားဟောင်းများအား စု
စည်း၍ အရေးပေါ်ကချင် ၁/၂ ( Eergency Kachin 1/2 )အားဖွဲ့စည်းခြင်း ကချင်သနက တပ်
ရင်း ၃ ရင်းအား ပြန်ခေါ်ယူခြင်းများပြုလုပ်ပြင်ဆင်
ခဲ့ကြသည်။ သို့ဖြစ်ရာ ကချင်နိုင်ငံရေးခေါင်းဆောင်
များ၏ ထောက်ခံမှုမရသည့်အပြင်
်အချင်းချင်းစစ်ခင်းရမည့်အခြေအနေသို့ဆိုက်ခဲ့
သည်။ ဤသို့အကြပ်အတည်းထဲသို့ဆိုက်ရောက်
သွားသည့် ဗိုလ်နော်ဆိုင်းသည် ၁၉၅၀ ဧပြီလ
အတွင်း အင်အား ၅၀၀ အားခေါင်းဆောင်၍ တရုတ်ပြည်ထဲသို့ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်
တောင်းခံခဲ့သည်။

မိုးမိတ်အထက်ဖက် လွယ်ရဒူဝါ လထော်ခွန်
ထွန်းသည် အင်အား ၁၀၀ ခန့်စုစည်းပြီး ၁၉၄၉
နိုဝင်ဘာတွင် မန်တုန် ကိုးတောင် ရဲစခန်းနှင့် အမတ်ရုံးအားသိမ်းပိုက်ပြီး ဗိုလ်နော်ဆိုင်းအဖွဲ့နှင့်
ပူးပေါင်းရန် ကြိုးစားခဲ့သော်လည်း အဆက်အ သွယ်မရဘဲ နောက်ဆုံးအစိုးရတပ်များ၏အဖမ်း
ဆီးခံလိုက်ရသည်ဟုဆိုပါသည်။

လထော်ဇော်ဆိုင်းသည် လားရှိုးနယ်သား
ဖြစ်ပြီး ဗိုလ်နော်ဆိုင်းတပ်များ လားရှိုးနယ်ဘက်
တက်လာသောအခါ ပါဝင်ပူးပေါင်းခဲ့သည်။လားရှိုး
တိုက်ပွဲအပြီး ဒဏ်ရာရသူများ လုံခြုံသည့်နေရာ တွင် စောင့်ရှောက်ရန်ကျန်နေခဲ့သော ဗိုလ်ဇော်ဆိုင်းနှင့် အင်အား ၆၀ ခန့်သည် ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့ တရုတ်ပြည်တွင်း ဝင်ရောက်သွားသောအခါ လိုက်ပါမသွားဘဲ ကရင်ပြည်နယ်သို့ ထွက်ခွါပြီး သံတောင် ဘောဂလိနယ်ဘက်တွင် KNDO နှင့် ပူးပေါင်းနေထိုင်လှုပ်ရှားခဲ့သည်။

တရုတ်ပြည်တွင်း နိုင်ငံရေးခိုလှုံခွင့်ယူသွား
သည့် ဗိုလ်နော်ဆိုင်း အဖွဲ့အား တရုတ်အစိုးရက
မြန်မာနယ်စပ်နှင့်ဝေးကွာသည့် အတွင်းပိုင်းပြည်
နယ်တခုဖြစ်သည့် ကွေ့ကျိုးပြည်နယ်တွင်နေရာချ
ထားပေးခဲ့သည်။ ထိုစဉ်က တရုတ်ပြည်လွတ်
မြောက်စကာလဖြစ်သည့်အတွက် တရုတ်ပြည်၏
စီးပွါးရေးမှာလည်း ခက်ခဲကြပ်တည်းနေဆဲဖြစ်ရာ
ဗိုလ်နော်ဆိုင်းနှင့်သူ၏လူများသည် ခက်ခဲပင်ပမ်း
စွာ ဘဝကိုရုန်းကန်ရပ်တည်ခဲ့ရသည်ဟု ဆိုပါ သည်။

တရုတ်ပြည်၏ ပြဒါးမိုင်းတွင်းများ၌ မိုင်းတွင်းလုပ်သားများ
အဖြစ်ပါ ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှင်သန်ခဲ့ရသော ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်စစ်သည်များသည် ဆယ်နှစ်
ကျော် တရုတ်ပြည်တွင်းနေထိုင်ခဲ့ရာမှ မြန်မာပြည်
စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိရန်အကြောင်းဖန်ခဲ့ပြန်ပါသည်။

၁၉၆၆ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးနှင့်အ
တူ တရုတ်တို့သည် ပစ္စည်းမဲ့နိုင်ငံတကာဝါဒကို
ကြွေးကြော်၍ နိုင်ငံတကာတော်လှန်ရေးများကို
ကူညီထောက်ပံ့အားပေးခဲ့သည်။ ထိုစဉ်ပဲခူးရိုးမ
ကိုအခြေစိုက်သော ဗမာပြည်ကွန်မြူနစ်ပါတီဗဟို
သည် တရုတ်ပြည်ကွန်မြူနစ်ပါတီနှင့် အဆက်အ
သွယ်ပြုလုပ်ခဲ့ပြီး ဗကပဗဟိုမှ ဒုဥက္ကဌ သခင်ဗ သိန်းတင် ဦးစီး ဗဟိုကိုယ်စားလည်အဖွဲ့နှင့်တရုတ် ပြည်တွင် သင်တန်းတက်မည့် ဗကပ အဆင့်မြင့်ကေဒါများ သူတို့အား လုံခြုံရေးလိုက်ပို့သော ကင်းတပ်ဖွဲ့ဝင်များသည် ၁၉၅၀ မှ ၁၉၅၃ ကြားတွင် တသုတ်ပြီးတသုတ် တရုတ်ပြည်သို့ရောက်ရှိလာ
ခဲ့ကြသည်။

တရုတ်ပြည်သို့ရောက်ရှိလာသူများအနက်
ဗဟိုကိုယ်စားလည်အဖွဲ့ခေါင်းဆောင် သခင်ဗသိန်းတင်အား ဘေကျင်း၌ ထားရှိပြီးကျန်သင်တန်း တက်မည့်သူများ တရုတ်ပြည် စစ်ချွမ်းပြည်နယ် ၌ ထားရှိ လေ့ကျင့်သင်တန်းပေးထားခဲ့သည်။၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွင် ဗိုလ်ဇေယျ ရဲဘော်အောင်ကြီး အပါ ဗကပ ပါတီကေဒါအချို့ ပဲခူးရိုးမသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဒုဥက္ကဌ သခင်ဗသိန်းတင်နှင့်အင်အားအချို့မှာ တရုတါပြည်တွင်ကျန်နေဆဲဖြစ်သည်။

သို့ဖြစ်ရာ ၆၆ တရုတ်ယဉ်ကျေးမှုတော်လှန်
ရေးအပြီး အရှေ့မြောက်ပိုင်း၌ ဗကပတို့၏ အခြေခံ
စခန်းတခုအား တရုတ်၏အားပေးကူညီမှုဖြင့် ဖေါ်
ဆောင်ရန်အကြောင်းဖန်လာတော့သည်။ ထို့အ
တွက် ဗကပတို့သည် တရုတ်ပြည်ကွန်မြူ
နစ်ပါတီ၏ ဆက်သွယ်အောင်သွယ်ပေးမှုနှင့် ကွေ့
ကျိုးပြည်နယ်တွင် ရှိနေသော ဗိုလ်နော်ဆိုင်းတို့
အဖွဲ့နှင် ဆွေးနွေး စည်းရုံးပူးပေါင်းလိုက်ကြသည်။
ဤသို့ဖြင့် ၁၉၆၈ မှ စတင်လိုက်သော ဗကပ အ ရှေ့မြောက် ၁၀၁ စစ်ဒေသ ပန်ဝါ ၂၀၂ စစ်ဒေသ
ရွှေလီချိုင့်ဝှမ်းဂွင် ၃၀၃ စစ်ဒေသ မုန်းကိုး ဖေါင်း
ဆိုင် မုန်းပေါ် ကြူကုတ်ဒေသ ၄၀၄ စစ်ဒေသ
ကိုးကန့်ဒေသတို့တွင် ဗကပ နှင့်ပူးပေါင်း၍ ဗိုလ်နော်ဆိုင်းနှင့်သူ၏ကချင်စစ်သည်များ ပါဝင်၍ တကြော့ပြန်တိုက်ခိုက်ခဲ့ကြပြန်တော့သည်။ ဤတခေါက်ပြန်ထွက်လာသောအခါ
ဗိုလ်နော်ဆိုင်းနှင့် ကချင်စစ်သည် ၃၀၀ ကျော်
သာပြန်လာခဲ့သည်ဟုဆိုသည်။အချို့ကား အ ကြောင်းအမျိုးမျိုးကြောင့်ပါမလာနိုင်တော့ပေ။

ဗိုလ်နော်ဆိုင်းသည် ၃၀၃ စစ်ဒေသတပ်မှူးအ
ဖြစ်ဦးစွာဆောင်ရွက်ခဲ့သည်။ ၁၉၇၀ နောက်ပိုင်း
ဝ နယ်သို့ တိုးချဲ့ဝင်ရောက်ပြီးနောက် ၃၀၃စစ်ဒေ
သ ၄၀၄ စစ်ဒေသနှင့် ဝ နယ်တို့အားပေါင်းပြီး
အရှေ့မြောက်စစ်ဒေသဟု ဖွဲ့စည်းလိုက်သောအခါ
အရှေ့မြောက်စစ်ဒေသတပ်မှူးအဖြစ်ဆောင်ရွက်
ခဲ့သည်။ ငယ်စဉ်ကထဲ အမဲလိုက်ဝါသနာထုံပြီး
သေနတ်လက်ဖြောင့်သော ဗိုလ်နော်ဆိုင်းသည်
၁၉၇၂ ဖေဖဝါရီလအတွင်း ဝ နယ်တောင်တန်း တနေရာ၌ အမဲလိုက်ရင်း လျှိုထဲပြုတ်ကျပြီးကွယ်
လွန်ခဲ့သည်ဟု ဆိုပါသည်။

ဗိုလ်နော်ဆိုင်းကွယ်လွန်သွားသော်လည်း သူ
၏ ကချင်စစ်သည်များကတော့ ဗကပ အရှေ့
မြောက်စစ်ဒေသတွင် တာဝန်ကြီးများဆက်လက်
ထမ်းဆောင်ခဲ့ကြပါသည်။ ၁၉၇၅ ခုနှစ်တွင် အသစ်ပြန်ဖွဲ့စည်းသော ဗကပ ဗဟိုကော်မတီတွင်
ဗိုလ်ဇော်မိုင်နှင့် ဗိုလ်ဖရန်ဂန်ဒီး တို့ပါဝင်ခဲ့ကြသည်
အရှေ့မြောက်စစ်ဒေသရှိ တပ်မဟာမှူး ခရိုင်မှူး
တာဝန်များကို အင်ဖန်းဂမ် ဇော်လီ စောထွန်းတင်
ရှဒန် ခမ်းမန် ခွန်နော် စသည့် ဗိုလ်နော်ဆိုင်း၏
ကချင်စစ်သည်များကတာဝန်ယူခဲ့ကြသည်။

အရှေ့မြောက်စစ်ဒေသတွင် မူလသန္ဓေအဖြစ်
စတင်ခဲ့သည့် ရဲဘော်ဟောင်းများအဖြစ် မူလကွန်
မြူနစ်ပါတီမှ ရဲဘော်များနှင့် ဗိုလ်နော်ဆိုင်အဖွဲ့မှ
ကချင်စစ်သည်များကိုသတ်မှတ်ကြသည်။ ၎င်းတို့
တရုတ်ပြည်တွင်းနေထိုင်ခဲ့ရာ ပြည်နယ်များအား
အစွဲပြု၍ ကွန်မြူနစ်ပါတီမှ ရဲဘော်များအား စစ်ချွမ်း
ရဲဘော်ဟောင်း ဟူ၍၎င်း ဗိုလ်နော်ဆိုင်းအဖွဲ့မှရဲ
ဘော်များအား ကွေ့ကျိုးရဲဘော်ဟောင်းများဟူ၍၎င်း
ခေါ်ဆိုကြပါသည်။

၁၉၈၉ တိုင်းရင်းသားလက်နက်ကိုင်များ
ခွဲထွက်ကြပြီး ဗကပပြိုကွဲသည်။ မူလ ကွေ့ကျိုး
စစ်ချွမ်းပြည်နယ်များတွင် နေထိုင်ခဲ့ကြသော ရဲဘော်ဟောင်းများအား တရုတ်တို့မှ ပြန်လည်နေ
ထိုင်ခွင့်နှင့် ထောက်ပံ့မှုပေးသည်။ အလားတူပင်
ခွဲထွက်သော ကိုးကန့် ဝ မိုင်းလားဒေသမှခေါင်း
ဆောင်များက ဗိုလ်နော်ဆိုင်းတပ်ဖွဲ့မှ ကချင်စစ်
သည်များကို သူတို့၏ဒေသများတွင်နေထိုင်ခွင့် ပေးသကဲ့သို့ ထောက်ပံ့မှုလဲပေးခဲ့ကြသည်။တိုင်း
ရင်းသားအချင်းချင်း စာနာမှုကိုပြခဲ့ကြသည်။

အသက်ရွယ်ပြီးရင့်ပြီဖြစ်ကြသောဗိုလ်နော်ဆိုင်း
၏ ကချင်စစ်သည်များ အနားယူချိန်တန်ပြီဖြစ်ပေ
သည်။ သူတို့ ဘဝတလျောက် အောင်မြင်များစွာ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ခဲ့ကြသည်။ ဂျပန်ခေတ်
မှစ၍ ၁၉၈၉ ထိ တိုက်ရင်းခိုက်ရင်း ရပ်တည်ခဲ့ရ
သည့် ကချင်စစ်သည်များဟုဆိုရမည်။ ပထမဆုံး
အစိုးရအားပုန်ကန်သည့် ကချင်စစ်သည်များဟု
ဆိုရပေမည်။ ယခုအခါတရုတ်ပြည် ကွေ့ကျိုးပြည်
နယ်၌ ဗိုလ်နော်ဆိုင်း၏ကချင်စစ်သည် ကွေ့ကျိုး
ရဲဘော်ဟောင်း ၂၂ ယောက်အသက်ရှင်ကျန်သေး သည်ဟုဆိုပါသည်။ အသက်အရွယ်ကြီးမြင့်၍ သူတို၏ဘဝနေဝင်ချိန်ကို စောင့်ဆိုင်းနေကြပေပြီ။

KIA သို့မဟုတ် ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့

၁၉၆၁ ခုနှစ် ဖေဖဝါရီ ၅ ရက်နေ့တွင့် KIA ကို
စတင်ဖွဲ့စည်းသည်။မြန်မာအစိုးရကို ပုန်ကန်ရန် ဖွဲ့
စည်းလိုက်သော ကချင်တိုင်းရင်းသားလက်နက်
ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၎င်း KIA တပ်ဖွဲ့ကို စည်းရုံး
ဖွဲ့စည်းဦးဆောင်သူမှာ ဗိုလ်နော်ဆိုင်းအဖွဲ့မှ ကျန်
နေသူ လထော်ဇော်ဆိုင်းဖြစ်သည်။ လထော်ဇော်
ဆိုင်းသည် ဗိုလ်နော်ဆိုင်းနှင့်အတူ တရုတ်ပြည်ပါ
မသွားဘဲ သံတောင် ဘောဂလိနယ်တွင် KNDO အတူလှုပ်ရှား
နေခဲ့သည်။

၁၉၇၁ ခု နိုဝင်ဘာ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်ခံ 'ပြည်သူ့တပ်မတော်' နဲ့ ဗိုလ်ချုပ်နေဝင်း စစ်အစိုးရလက်အောက်ခံ 'ပြည်သူ့တပ်မတော်' တို့ဟာ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံဒေသမှာ ရက် ၄၀ ကြာတယ် ဆိုတဲ့ တိုက်ပွဲစဉ်ကြီးတခု ရင်ဆိုင်တိုက်ခဲ့ကြတာ အခုဆိုရင် ၄၃ နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။

တိုက်ပွဲကာလ ရက် ၄၀ သို့မဟုတ် ရက် ၃၀ မှာ ဟိုက်ကမ်းပါးတိုက်ပွဲကလွဲရင် ကျန်တဲ့ သံလွင်အရှေ့ဖက် စခန်းသိမ်း တိုက်ပွဲတွေ၊ သံလွင်အနောက်ဖက် လှုပ်ရှားစစ်တိုက်ပွဲတွေ အားလုံးလိုလိုမှာ အစိုးရတပ်ဘက်က အထိနာတာချည်း ဖြစ်တယ်။ ဒါကို တိုက်ပွဲသိမ်းရ လက်နက်တွေနဲ့ သုံ့ပန်းတွေက သက်သေခံနေပါတယ်။

ဒီတိုက်ပွဲစဉ်တခုလုံးမှာ ဗကပတပ်တွေ သိမ်းပိုက်ရလိုက်တာတွေက-

၇၅မမ နောက်ပွင့် ၃ လက်
၉၀မမ ဘဇူကာ ၄ လက်
၂ လက္မ မော်တာ ၁၀ လက်
အမ်-၇၉ လောင်ချာ ၁၃ လက်
G-3 ၆၉ လက်
G-4 ၂၁ လက်
M-16 ၆၇ လက် (လော်စစ်ဟန် တပ်က ဖြစ်တယ်)
ကာဘိုင် ၇၀ လက်
၃၀၃ ရိုင်ဖယ် ၁၇ လက်
MG-42 စက်လတ် ၅ လက်
ပစ္စတို ၁၃ လက်
အချက်ပြသေနတ် ၁၀ လက်
ဆက်သွယ်ရေးစက်မျိုးစုံ ၁၀ လုံး
အားသွင်းစက် ၆ လုံး
လမ်းလျှောက်စကားပြောစက် ၉ လုံး
လက်ပစ်ဗုံး ၁၀၉ လုံး
မှန်ပြောင်း ၇ စုံ
ကျောပိုးအိတ် ၁၄၆ လုံး
အမြောက်ဆံမျိုးစုံ ၂၂၈ လုံး
ကျည်မျိုးစုံ ၆၂၁၃၅ တောင့်
ဖြစ်ပါတယ်။ စစ်ကားကြီး ၁၆ စီး နဲ့ စစ်ဂျစ်ကား ၂ စီးကို ဖျက်ဆီးပစ်ခဲ့တယ်။ တံတား ၇ စင်းချိုးပစ်ခဲ့တယ်။ ဗမာ စစ်တပ်ကတော့ ဟိုက်ကမ်းပါး လုံးဝကျသွားရင် ကွမ်းလုံတံတားကြီးကို ချိုးပစ်ဖို့ မိုင်းတွေအသင့်ကပ်ထားခဲ့တယ်။

တိုက်ပွဲကို ဦးစီးကွပ်ကဲတဲ့ ဗကပခေါင်းဆောင်တွေကတော့ ဗိုလ်တင်ရီ၊ ဗိုလ်နော်ဆိုင်း၊ ဗိုလ်ဖုံကျားရှင်း၊ ဗိုလ်ဇော်မိုင် တို့ဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကွပ်ကဲရေး/အကြံပေး ၁၀-၁၅ ယောက် နဲ့ PLA နယ်စပ်ဒေသလူမျိုးစုတပ်ရင်းတွေက 'လက်ဝဲကူညီရေး' တရုတ်နိုင်ငံသား ဂျိန်းဖော၊ လားဟူ၊ ရှမ်း၊ လီဆူး၊ ပလောင်၊ တရုတ်လူမျိုး ဒုခွဲမှူး၊ ဒုစုမှူး၊ တပ်စိတ်မှူးတွေချည်းစုထားတဲ့ အင်အား ၁၀၀ ကျော်တိုက်ခိုက်ရေးတပ်ဖွဲ့လဲ တပ်ရင်းတွေ ထဲမှာ ဖြန့်ခွဲပြီးပါဝင်တယ် (၁၉၇၂ မှာတချို့ ၁၉၇၅ မှာ အားလုံးပြန်သွားကြတယ်)။ ကွန်းလုံပွဲကို အနီးကပ်ကွပ်ကဲတာ က ဗိုလ်နော်ဆိုင်း နဲ့ ဖုံကျားရှင်းဖြစ်ပြီး သံလွင်အနောက်ဘက်ကမ်းမှာတော့ ဗိုလ်ဇော်မိုင် ဦးစီးတယ်။ ပန်လုံဘက်မှာ တော့ ဖုံကျားဖူး နဲ့ ဗိုလ်ကျော်ဒင် ဦးစီးတယ်။

ကချင် တော်လှန်ရေးကို စခဲ့တာ ဗိုလ်ကြီး နော်ဆိုင်း ဟုတ်ပါတယ် ။ ဗိုလ်ကြီး နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကို တက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆို ထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ကရင်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ် ခေါင်းစည်းပါ စာအုပ်ငယ်
လေးထဲကနေပြီး ကူးယူရေးသားဖေါ်ပြခဲ့တာ အပိုင်း ၂ပိုင်းရှိသွားခဲ့ပြီဖြစ်ပါတယ်။
အခုတော့ အပိုင်း ၃ကို ဆက်လက်ကူးယူရေးသားတင်ပြထားပါတယ်။

စာအုပ်ထဲမှာက အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃)ဆိုပြီး အပိုင်းတွေခွဲထားတာမဟုတ်ပါဘူး။ ကျုပ်ရဲ့လက်ရှိအခြေအနအရ တတ်နိုင်သလောက်ကလေး လုပ်နိုင်ကိုင်နိုင်လောက်ကလေး ကြိုးစားလုပ်နေ
တာဖြစ်ပါတယ်။(ဘယ်သူမှ မခိုင်းပါဘူး။ အရှုတ်လုပ်နေတာပါ)

သမိုင်းရေးသားသူရဲ့ အစပိုင်းရေးသားဖေါ်ပြထားချက်တွေဟာ စိတ်ဝင်စားစရာ အနည်းငယ်နည်းနိုင်ပေမယ့်
နောက်ပိုင်းရေးသားဖေါ်ပြချက်တွေမှာတော့ စိတ်လှုပ်ရှားစရာ သင်္ခန်းစာယူစရာတွေ တပုံတပင်ကြီးရှိနိုင်လိမ့်
မယ်လို့ ကျုပ်အနေနဲ့ထင်မြင်ယူဆမိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျုပ်က သမိုင်းနဲ့ပတ်သက်ပြီး လေ့လာသိ
ရှိမှု အလွန်အကျွံအားနည်းတဲ့ လူတဦးဖြစ်နေလို့ပါ။

ပထမပိုင်းမှာက စာအုပ်မိတ်ဆက်နဲ့ စာရေးသူရဲ့ ကိုယ်ရေးအကျဉ်းကို ဖေါ်ပြရေးသားထားပြီး ဒုတိယပိုင်းမှာ
ကျ တော့ ဗြိတိသျှတွေ ဖွဲ့စည်းပေးထားခဲ့တဲ့ သေနတ်ကိုင်တပ်ရင်းတွေအကြောင်း နဲ့ နိုင်ငံရေးအဖွဲ့အစည်း
တွေအကြောင်းနဲ့အတူ ကရင်ကိုစစ်ခင်းရမယ့်အခြေအနေအထိကို ရေးသားဖေါ်ပြခဲ့ပါတယ်။

အခုတတိယပိုင်းမှာတော့ စစ်ဆင်ရေးကာလ အတွေ့အကြုံတွေကို ရေးသားထားတာမို့ (ဆက်လက်အားပေး ဖတ်ရှုလေ့လာလိုပါက) ဖတ်ရှုနိုင်ကြပါတယ်။
ကျေးဇူးတင်ပါတယ်။ မင်းစိုးစံ (အဝေးရောက် ကရင် ဒုက္ခသည် တစ်ဦး)

မင်းစိုးစံ (အဝေးရောက် ကရင် ဒုက္ခသည် တစ်ဦး) ၊ မောင်မောင်စိုး ၊ အောင်တင်ထွန်း ၊ Lachid Kachin

https://www.facebook.com/profile.php?id=100012565424939&sk=photos&collection_token=100012565424939%3A2305272732%3A69&set=a.144628799299300&type=3&pnref=story

Zawzaw Zaw