Tuesday, January 23, 2018

ခလရ ၂၉၇တို့ကို ထပ်ပြီး ဂျင်းထည့် လိုက်ခြင်း
====

24.1.2018

ဒီမနက် အစောကြီး 3:30AMမှာ ရှဒူဇွပ်နားက ခလရ (၂၉၇)တို့ 
တပ်စွဲရာ နေရာကို KIA ရင်း(၁၁,၁၄)တို့
ဝင်ဗြုန်း ဂျင်းထည့် ထောင်းပြီး အိုးစဉ် တီးပေးကြပါတယ် ။
ခလရ ၂၉၇ဟာ ဒီ အတောအတွင်း အကြီးအကျယ် ဂျင်းထည့်
ဗြင်းခံ နေရလို့ မပခတို့ သာလွန်လူ အင်အား လက်နက် မျိုးစုံ ပါ
ထပ်ဖြည့် ပေးတဲ့ အပြင် ပြည်သူ့စစ်တွေကို ပါ
ထည့်ပေးနေရတဲ့ တပ်ရင်း ပါ ။
လွန်ခဲ့တဲ့ ၂ ရက် ကတော့ ၁၀၅ မမကို ခလရ ၂၉၇ဆီ လာပို့ ကြပါတယ် ။
KIA တို့ကို ခံစစ်နဲ့ သာ နေနေမယ်လို့ ထင်ထားတဲ့
ခလရ(၂၉၇) ငပိန်းတို့မှာ ဒီမနက် အစောကြီး KIA တို့
တိုက်စစ် ဖွင့်လိုက်တော့ အကြီးအကျယ် အထိနာ ဂျင်းထောင်း ခံရ ပြန်ပြီ ။
Bravo ရင်း(၁၁,၁၄)
San Aung Myo
vai Ah Ba Awng
Kachih Media War

Monday, May 22, 2017

မမျှတခြင်း


မမျှတခြင်း
===

ခွေးမျိုးတွေကြောင့် ဖက်ဒရယ် ပြည်ထောင်စု သမိုင်းကို မသိရတာ သူတို့ ဗမာ့ သတ်မတော် သမိုင်း ကြောင့် ပဲ ။

၂၄နာရီ ၊ လနဲ့ ချီပြီး လော်နဲ့ နှိပ်စက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ

၂၄နာရီ ၊ လနဲ့ ချီပြီး လော်နဲ့ နှိပ်စက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ
=====

ဗုဒ္ဓဘာသာဝင်တွေ တစ်ရပ်ကွက်လုံးကို လော်ကြီးနဲ့ ၂၄နာရီ ၊ လနဲ့ ချီးပြီး နှိပ်စက်တာကို ကျန်တဲ့ ဘာသာဝင်တွေ ဘာမှ မပြောခဲ့ကြဘူး ။ အခုဟာက သုံးနာရီကျော်လောက် အချိန် ၊ အနည်းဆုံး ကိုယ့် ပတ်ဝန်းကျင်လောက် ကြားနိုင်လောက်တဲ့ အရာကို မကြိုက်ရင် ၂၄နာရီ ၊ လနဲ့ ချီပြီး လော်နဲ့ နှိပ်စက်တဲ့ ဤအရာကို ပိုပြီး ဆင်ခြင် ပြောင်းလဲ သင့်ပါတယ် ။

ငါတို့ ကြီးပဲ ဆိုတဲ့ စိတ်ဓာတ်ကိုတော့ မြောင်းပုတ်ထဲ ကန်ချ ပစ်ရမယ် ။ လောကကြီးနဲ့လည်း အလွန်တရာမှ ခါးသီးပြီး ယုတ်ဆိုး လွန်းတယ် ။

ကျူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာကော်မရှင်

ကျူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာကော်မရှင်
======

(၁)
လွန်ခဲ့သော ၂၀၁၆ခု နိုဝင်ဘာက ကျူနီးရှားနိုင်ငံတွင်အစိုးရမဟုတ်သောပြည်သူအများ စုပေါင်း၍ အမှန်တရားနှင့် ဂုဏ်သိက္ခာ (Truth and Dignity Commission) ဆိုသည့်ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ အာဏာရှင်ဘင်အလီ (Zine el-Abidine Ben Ali) လက်ထက်က ဖြစ်ပွားခဲ့သောအစိုးရ၏ ရက်စက်ကြမ်း ကြုတ်စွာဖိနှိပ် ချုပ်ချယ်မှု လုပ်ရပ်များကိုကြားနာစစ်ဆေးပေးမည့် ကော်မရှင်တစ်ခုဖြစ်ပါသည်။ မတရားညှဉ်းပမ်း နှိပ်စက်ခံရသူ ထောင်သွင်းအကျဉ်းကျခံရသူ၊ သေဆုံး ခဲ့ရသူတို့၏ ဆွေမျိုးသက်သေများဖိတ်ခေါ်၍သူတို့ အတွေ့အကြုံများကို ကြားနာကြခြင်းဖြစ်ပါသည်။ အာဏာပိုင်များဘက် မှလည်း မည်သူမဆိုလာရောက် ထွက်ဆိုနိုင်ကြောင်းကိုလည်း ဖိတ်ခေါ်ထားပါသည်။

(၂)
၂၀၁၁ခု လွန်ခဲ့သော ၆နှစ်က ကျူနီးရှားနိုင်ငံတွင် သစ်သီးရောင်းသူတဦး စီးပွားရေးဒဏ် ဖိစီးပြီး ဆန္ဒပြသည့် အနေဖြင့် မိမိဘာသာ သတ်သေခဲ့ရာမှ အာရပ်နွေဦး (Arab Spring) ဟုခေါ်သော လူထုလှုပ်ရှားမှုတရပ် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုသည် အီဂျစ်၊ ယီမင်၊ လစ်ဗျားနှင့်ဆီးရီးယားနိုင်ငံများသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပါသည်။

ယခု၂၀၁၇ ခုနှစ်ရောက်သောအခါ အီဂျစ်နိုင်ငံတွင် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရမှာ ဖြုတ်ချခံခဲ့ရပြီးစစ်အာဏာရှင်အစိုးရ ရှိနေပါသည်။ ယီမင်၊ ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့တွင် ဆိုးရွားသော ပြည်တွင်းစစ်များဖြစ်နေကြ ရပါသည်။ ကျူနီးရှားနိုင်ငံတနိုင်ငံတွင်သာ ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရက အုပ်ချုပ်လျက် ရှိပါသည်။

အာရပ်နွေဦးလှုပ်ရှားမှုကြောင့် တိုင်းပြည်နိုင်ငံအများပြားတွင် အာဏာရှင်ကြီးများ  ပြုတ်ကျသွားကြသော်လည်း လူအများမျှော်လင့်သလို ဒီမိုကရေစီလူ့ဘောင်သစ်ကိုမထူထောင်နိုင်ခဲ့ကြပါ၊ အာဏာရှင်များ လက်ထက်က အတိုက်အခံအဖွဲ့ အစည်းများအပေါ် ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့ခြင်းများကြောင့် ၀န်ထမ်းအဖွဲ့အစည်း (သို့မဟုတ်) လူမှုအဖွဲ့အစည်းဟူ၍ အခိုင်အမာ မကျန်ရစ်တော့ပါ၊ အာဏာရှင်များမရှိတော့ချိန်တွင် နိုင်ငံတွင် လိုအပ်သည့် ဗျူရိုကရေစီ ယန္တယားကို ဆက်လက် မလည်ပတ်စေနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ကြပါသည်။

ကျူနီးရှားနိုင်ငံတွင်မူ ပြည်သူများဘက်က အစဉ်ရပ်တည်ခဲ့သော အဖွဲ့အစည်းတခုရှိခဲ့ပါသည်။ နိုင်ငံတွင် အကြီးဆုံး အလုပ်သမား သမဂ္ဂ (Trade Union) က ဦးဆောင်၍ ၂၀၁၃ ခုနှစ်တွင် ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ စုပေါင်း၍ (National Dialogue Quartet) ခေါ် အဖွဲ့အစည်းကို ထူထောင်ခဲ့ကြပါသည်။ သူတို့သည် မတူညီသော အဖွဲ့အစည်းများအကြား၊ ကြားဝင်စေ့စပ်ပေးနိုင်မှုကြောင့် ပဋိပက္ခများကို သက်သာစေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ကြပြီး လွတ်လပ်သော ရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ကြသည်။ ဒီမိုကရေစီ အစိုးရတက်လာသောအခါ ထိုအဖွဲ့ကြီးကို နိုဘယ်လ်ကော်မတီက ၂၀၁၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ချီးမြှင့်ခဲ့ပါသည်။

(၂)
ကျွန်တော်တို့သည် တောင်အာဖရိကနိုင်ငံ၏ လူဖြူအစိုးရ ချုပ်ငြိမ်းသွားအပြီးတွင် အာဏာရပါတီနှင့် အစိုးရ ကဦးဆောင် ဖွဲ့စည်းခဲ့သော (Truth and Reconciliation Commission) အကြောင်းကို ကြားဖူးကြပါသည်။ အသားအရောင်ခွဲခြားမှုစနစ်အောက်မှ လွတ်မြောက်လာသော အာဖရိကအစိုးရသစ်က ပြည်သူတို့၏ နစ်နာချက်များကို စုံစမ်း၊ စစ်ဆေး၊ ပြုပြင် ထိမ်းသိမ်းသင့်သည်တို့ကို လုပ်ဆောင်ကြရန် ဖြစ်ပါသည်။

ကျူးနီးရှားနိုင်ငံကလည်းဖြစ်ပြီးသမျှအကြောင်းတို့ကို မေ့ပျောက်ပြစ်ခြင်းထက် ၄င်းတို့ကိုစနစ်တကျ မှတ်တမ်း တင်ထားလို ဟန်ရှိပါသည်။ ထောင်ပေါင်များစွာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက ဘာရလိမ့်မည်ဟူ သောမျှော်လင့်ချက် ဘာမှမရှိဘဲ ကော်မရှင်သို့ လာရောက်ထွက်ချက်ပေးကြပါသည်။ ထိုထွက်ဆိုသူများအား စာဖြင့်လည်းကောင်း၊ မက်ဆေ့ခ်ျ များဖြင့်လည်းကောင်း၊ တယ်လီဖုံးတို့မှလည်းကောင်း၊ အားပေးစာ၊ အကြံပြုစာ၊ ထောက်ခံချက်ပေးစာ စသည်တို့ဖြင့် အမျိုးမျိုး ထောက်ခံမှုများ ရရှိနေကြပါသည်။

ငါးလအတွင်း ကြားနာမှု ရှစ်ကြိမ်လုပ်နိုင်ခဲ့ကြပါသည်။ မည်သို့ပင် စိတ်ထိခိုက်ကြေကွဲရပါသည် ဆိုစေ၊ မိမိတို့၏ အတိတ်ဖြစ်ရပ်များနှင့်ခံစားချက်အသီးသီးကို ရင်ဖွင့်နေကြပါသည်။ အာဏာရှင်ဟောင်း ဘင်အလီ ကိုယ်တိုင်မှာ ဆော်ဒီအာရေးဗီးရားနိုင်ငံတွင် နေထိုင်နေရာမှ ထိုတီဗွီအစီအစဉ်များကို အမြဲကြည့်ရှု့ နားထောင် နေသည်ဟု သူ့ရှေ့နေလုပ်သူက ပြောပြပါသည်။

ထိုကော်မရှင် အလုပ်လုပ်ပုံများမှာ ပြည်တွင်းစစ်နှင့်အခြားပဋိပက္ခများဖြင့် ပြည့်နေသော အရှေ့အလယ်ပိုင်း ဒေသအတွင်း၌ တောက်ပသောအလင်းရောင်တခု သဘွယ် ဖြစ်နေသည်ဟု သတင်းစာများက ရေးကြပါသည်။

ကျူနီးရှားနိုင်ငံတွင်း၌ ပြဿနာများပြီးဆုံးသွားပြီဟုဆိုလိုခြင်းမဟုတ်ပါ၊ လူငယ်လူရွယ်ထောင်ပေါင်းများစွာတို့ မှာ အကြမ်းဖက်သမား (ISIS) အဖွဲ့နှင့်သွားရောက်ပူးပေါင်းနေကြပြီး အချို့မှာလည်း နိုင်ငံသို့ ပြန်လာနေကြပြီ ဖြစ်သည်။ အလုပ်လက်မဲ့ပြဿနာ၊ အကျင့်ပျက်ခြစားနေခြင်းများ၊ အကြမ်းဖက် သောင်းကြမ်းသူတို့၏ တိုက်ခိုက်မှုများကြောင့်နိုင်ငံရေးအခြေအနေမှာ ရှုတ်ထွေးနေဆဲဖြစ်သည်ဟုလည်းဆိုနိုင်ပါသည်။

ကော်မရှင်၏ ဦးတည်ချက်ဖြစ်သည့် ပြီးခဲ့သော အဖြစ်အပျက်များမှ သင်ခန်းစာရယူရန်၊ အပြစ်ရှိသူများကို ထိုက်သင့်သော ပြစ်ဒဏ်ကိုပေးနိုင်ရန်၊ တဖက်ကလည်း ရန်သူတော်များအကြား ကြေအေးပြေလည်ပြီး အတူ တကွနေထိုင် အလုပ်လုပ်နိုင်ရန်ကိစ္စများမှာ အနှောင့်အယှက်နှင့် အခက်အခဲများစွာ တွေ့ကြုံကြရပါသည်။ ကော်မရှင်၏ လုပ်ရပ်များကို ရှုတ်ချသူများလည်းရှိနေကြပါသည်။

မည်သို့ဆိုစေ ပြည်သူသန်းပေါင်းများစွာတို့က သက်သေထွက်ချက်များကိုရင်သတ်ရှု့မောကြည့်ရှုအားပေး နေကြပါသည်။ အမှန်တရားကိုပြောကြားခြင်းဖြင့် ပြန်လည်ပေါင်းစည်းသင့်မြတ်ရေး၏ လမ်းစတခုဖြစ်သည် ဟုလည်း သဘောပေါက်လာကြပါသည်။ ဘာမှမဖြစ်စေဦး တပြည်လုံးက ပါဝင်ဆွေနွေး (National Debate) နေကြသည်ကိုမြင်ရသည်မှာ အားတက်ဖွယ်ပင်ဖြစ်ပါသည်။

ပဌမဆုံးအကြိမ် အခမ်းအနားကို ပြည်သူများ၏ ၃ပုံ၁ပုံ (၁.၈ သန်း) ကတီဗွီများမှကြည့်ခဲ့ကြပြီးလူဦးရေနှစ်သန်း ခန့်က အင်တာနက်မှကြည့်ရှုခဲ့ကြပါသည်။ တီဗွီကုမ္ဗဏီကြီး ၄ခုက တပြိုင်နက်တည်းထုတ်လွှင့်ပေးခဲ့ကြပါသည်။ အနှစ် ၆၀ကြာအောင် အုပ်ချုပ်သွားသောအာဏာရှင်အစိုးရလက်ထက် လူသတ်မှုများ၊ ပျောက်ဆုံးသွားသူများ၊ အကြမ်းဖက်နှိပ်စက်မှုများ အကြောင်းကို ညဉ့်နက်သန်းခေါင်တိုင်သည်အထိ သက်သေများက ဆက်တိုက် ထွက်ဆိုခဲ့ကြပါသည်။ ၂၀၁၀-၁၁ ခုနှစ်အထိ အစိုးရက ဖုံးကွယ်ရန်ကြိုးစားမှုများ၊ လိမ်လည်ပြောဆိုချက်များမှာ တစတစနှင့် ရုပ်လုံးပေါ်လာကြပါသည်။

သူအဖမ်းခံရစဉ်က အသက် ၂၀ သာရှိသေးသော Mr Bramin ဆိုသူမှာ သူ့အဖြစ်အပျက်များကို ဖွဲ့နွဲ့ပြောပြရင်း၊ နေချင်းညဉ့်ချင်း နိုင်ငံကျော်သူဖြစ်သွားပါသည်။ အစ္စလာမ် စစ်သွေးကြွသူများနှင့် ပူးပေါင်းသည်ဟူသော စွက်စွဲချက်ဖြင့် သူ အဖမ်းခံခဲ့ရခြင်းဖြစ်ရာ သူ၏ မျှော်လင့်ချက်များပျောက်ဆုံးသွားရပုံ၊ သူ၏မိသားစုဝင်များကို အစိုးရအရာရှိများကနှိပ်ကွတ်ကြပုံများကို စီကာပတ်ကုံးပြောပြခဲ့ပါသည်။

သူက သူတို့၏အခြေအနေမှာ အီရတ်နိုင်ငံ (Abu Ghrab Prison) ထောင်ထက် အခြေအနေပိုဆိုးကြောင်း၊ သူက ထိုစဉ်က ထောင်ပိုင်ဖြစ်သူ၏နာမည်ကို ထုတ်ဖေါ်ပြောခဲ့ရာ ထိုတောင်ပိုင်က ညှင်းပန်းနှိပ်စက်မှုများနှင့် ပါတ်သက်၍ ငြင်းဆိုခြင်းမပြုခဲ့ပါဟုဆိုသည်။ ထိုစဉ်က ထောင်ဝန်ထမ်းနှစ်ဦး ကလည်း ကော်မရှင်သို့လာပြီး အစစ်ခံခဲ့ရာ သူ့ထွက်ဆိုချက်များမှာ မှန်ကန်သည်ဟုထောက်ခံခဲ့ကြပါသည်။ “ကျွန်တော်က သူတို့ကိုအပြစ် မတင်ပါဘူး စနစ်ကြီးမှာဘဲအပြစ်ရှိပါတယ်” ဟု သူကပြောသည်။ ညှင်းပမ်းနှိပ်စက်ခံရသူတစ်ဦး၏ ခွင့်လွှတ် သောအပြောအဆိုကို တိုင်းပြည်က ရင်သတ်ရှုမောကြည့်ရှုအားပေးခဲ့ကြပါသည်။

ယခုအချိန်အထိ ကြားနာပြီးသမျှ အမှုပေါင်း ၆၅၀၀၀ ကျော်မျှရှိပြီးဖြစ်ရာ အမှု ၁၀၀ ခန့်ကို ဆက်လက်အရေး ယူနိုင်ရန် တင်ပြမည်ဟု ကော်မရှင်ထုတ်ပြန်ချက်များက ဆိုသည်။

ယခုကဲ့သို့ပြီးခဲ့သော ပြစ်မှုများအား ပြန်လည်သုံးသပ်ရသော အတွေ့အကြုံများကို တောင်အာဖရိက၊ လက်တင် အမေရိက ပိုလန်နှင့်အခြားနိုင်ငံအချို့တွင် ကြုံခဲ့ကြဖူးသည်။ ထိုနိုင်ငံများ၏ အတွေ့အကြုံများမှ သင်ခန်းစာယူ၍ နှိပ်စက်သူနှင့် ခံရသူကို မျက်နှာခြင်းဆိုင်ရအောင် မပြုလုပ်ပါဟု ကော်မရှင်ကဆိုသည်။ ထိုသို့ မျက်နှာခြင်းဆိုင် ပေးလျင် မလိုလားအပ်သောခံစားချက်ပေါက်ကွဲမှုများကြုံကြရသည်။ ကော်မရှင်က လာမည့်အစီအစဉ်များတွင် အာဏာပိုင်များဘက်မှ သက်သေ ထွက်သူများကို အဓိကထားဖိတ်ခေါ်ထားပြီး သူ့တို့က ထုတ်ဖေါ်ပြောဆိုကြမှ သာအာဏာရှင်တို့၏သဘော သဘာဝကို ပိုမိုနားလည်နိုင်မည်ဟုယူဆကြသည်။

(၃)
ကျူနီးရှားနိုင်ငံ လက်ရှိသမ္မတကြီးဖြစ်သူ မစ္စတာအက်စ်ဘာစီ (Beji Caid Essebsi) သော်လည်းကောင်း သူ၏အစိုးရ အရာရှိကြီးများသော်လည်းကောင်း ကော်မရှင်၏ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ကြပါ၊ သမ္မတကြီး မှာယခင်အာ ဏာရှင် လက်ထက်က အစိုးရအဖွဲ့ဝင်တဦးလည်းဖြစ်ပါသည်။ တချို့ကလည်း ကော်မရှင်မှာ တဖက်သက်ကျလွန်းသည်။ နစ်နာသူများဘက်က ပါလွန်းသည်ဟု ဝေဖန်ကြပါသည်။

ကျူနီးရှားနိုင်ငံကဲ့သို့ တစ်နိုင်ငံလုံးအုံကြွတော်လှန်ပြီး လူအများသေဆုံးကြရသော အဖြစ်အပျက်များက အစိုးရ ကို မိမိတို့၏ပေါ်လစီနှင့် တိုင်းပြည်အခြေအနေတို့ကို ပြန်လည်သုံးသပ်ရန်အခွင့်အရေးများပေးခဲ့ပါသည်။ ယခု ဒီမိုကရေစီခေတ် တွင်လည်း အတိတ်ကာလကဘာတွေမှားပြီး ဘယ်သို့လမ်းမှားရောက်ကြရခြင်းအကြောင်းကို ပေါ်လစီရေး ဆွဲသူ အာဏာ ပိုင်များက သိရှိနားလည်သဘောပေါက်ကြရန်လိုသည်။

ပြစ်မှုကျူးလွန်သူများကို ဖေါ်ထုတ်အပြစ်ပေးရန်ထက် ဘာ့ကြောင့်မှားခဲ့ရသည်ဆိုခြင်းကို သိနားလည်ကြရပါ မည်၊ သို့မှသာ အနာဂါတ်နိုင်ငံတော်တွင် မလိုလားအပ်သော ပေါ်လစီအမှားများချမှတ်ခြင်းကို ရှောင်ရှားနိုင်ကြ မည်ဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Tunisia’s Truth- Telling Renews a Revolution’s Promise, Painfully, Carlotta Gall, New York Time, April 22 2017.

( မိုးမခ )

သမိုင်းလိမ်​နဲ့ မြန်​မာ စစ်​အစိုးရ

သမိုင်းလိမ်​နဲ့ မြန်​မာ စစ်​အစိုးရ
=====

သမိုင်းမသိရင်နိုင်ငံရေးမသိဘူး၊
သမိုင်းမရှိရင်နိုင်ငံရေးမရှိဘူး၊
သမိုင်းမမှန်ရင်နိုင်ငံရေးမမှန်ဘူး၊
သမိုင်းဖျက်ရင်နိုင်ငံရေးပျက်တယ်၊

ဒီနေ့မြန်မာနိုင်ငံမှာလူငယ်တွေကအစ
လွတ်တော်အမတ်အဆုံးသမိုင်းကို
ကျေကျေညှက်ညှက်မလေ့လာမသိရှိပဲ
နိုင်ငံရေးတွေမှာပြောကြငြင်းခုံကြ
အမတ်တွေလုပ်နေကြတာအများကြီးတွေ့ရတယ်၊

ဒီလိုသမိုင်းရဲ့တန်ဘိုးကိုမသိတဲ့နိုင်ငံရေး
လုပ်သူတွေ လှုပ်ဆော်သူတွေကြောင့်
ငြိမ်းချမ်းရေးဟာ နီးသလိုလိုနဲ့ တစ်ခါတစ်လေ
ဝေးဝေးသွားတတ်တယ်၊

ပြီးတော့သမိုင်းအမှားကိုတောက်လျှောက်အမှန်ထင်လာခဲ့ပြီး
သမိုင်းမှန်ကိုလူတွေသိအောင်ကြိုးစားတင်ပြသူတွေကိုတောင်
ပြသနာရှာမုန်းတီးတာတွေကိုတွေ့ခဲ့ရဘူးတယ်၊

ယုတ်အစွဆုံး ဒီနေ့ခေါင်းဆောင်ပိုင်းတွေမှာတောင်
သမိုင်းအမှားကိုသိသိကြီးနဲ့ လက်ခံရွှေ့လျှားနေကြတဲ့
သူတွေအများကြီးပဲ၊ ဒါဟာ သစ္စာဖေါက်ခြင်းတစ်မျိုးပဲ၊

ဒီနေ့စာသင်ကျောင်းတွေမှာ ကလေးတွေကိုသင်ပေးနေတဲ့
သမိုင်းစာအုပ်ထဲမှာ အဆိပ်အတောက်တွေအများကြီး
ပါနေတယ်ဆိုတာ သိသူတွေရှိနေပေမဲ့ပြင်ဖို့ဘယ်သူကမှ
မတတ်နိုင်ကြဘူး၊

အစိုးရအဆက်ဆက်ကဖန်တီးလာတာတွေကို
လူထုကမသိပဲလက်ခံနေတာကြောင့်
လွယ်လွယ်ကူကူနဲ့ပြင်ဖို့မလွယ်တာပဲ၊
အသိရှိတဲ့အစိုးရဆိုရင် ဒီသမိုင်းရဲ့တန်ဘိုးကို
ပြန်လည်အဖတ်ဆယ်ရလိမ့်မယ်၊

ပြောရမယ်ဆိုရင် အစိုးရအဆက်ဆက်ဟာ
တာဝန်မဲ့ပြီးရင်းမဲ့နေခဲ့တယ်၊

သမိုင်းအမှန်ကိုပြောရဲဆိုရဲသူတွေဒီထက်မက
ပေါ်ထွက်လာဖို့ အနာဂတ်မှာအရေးကြီးတယ်၊

သမိုင်းဟာကျယ်ပြန့်လွန်းတယ်၊
သေတဲ့အထိလေ့လာလို့မကုန်နိုင်ဘူး၊
ဒါပေမဲ့မိမိနဲ့သက်ဆိုင်တဲ့သမိုင်းကိုတော့ကျေညှာက်ဖို့လိုတယ်၊

သမိုင်းကိုသစ္စာဖေါက်သူနေကြသူတွေအများကြီးပဲ၊
သိလို့ဖေါက်တာထက်မသိလို့ဖေါက်တာပိုများတယ်၊
ကိုယ့်အနီးအနားမှာပင်ရှိတတ်တယ်၊
မြင်အောင်ကြည့်တတ်ဖို့ပဲလိုတယ်၊

ကိုကိုဦး

Amen

Amen

ရာစုသစ်​၌ ​မွေးဖွားခြင်း

ရာစုသစ်​၌ ​မွေးဖွားခြင်း
=====

လောကကြီးထဲမှာ
မွေးဖွားခြင်းနဲ့
ကြွေလွင့်​ခြင်း
ရောက်​ရစမြဲ

အ​ကောင်းနဲ့ အဆိုး
အလင်းနှင့်​ အ​မှောင်
ဒွန်​တွဲ ​နေတဲ့ ​လောကကြီးမှာ
ကျွန်ုပ်​တို့ လူသား​တွေ
ဖြတ်​သန်း စီးဆင်း ​နေကြ

ဒွန်​တွဲ ​နေတဲ့ ​လောကကြီးမှာ
ကောင်းမွန်​ အသိတရား
လုပ်​​ဆောင်​ နိုင်​စွမ်း
အားအင်​ ခွန်​အားများကို
အသစ်​တဖန်​ ​မွေးဖွားကြ

လမ်းသုံးကြောင်း

လမ်းသုံးကြောင်း
======

ဒုတိယကမ္ဘာစစ်ပြီးတော့ ဂျပန်ဖက်ဆစ်နယ်ချဲ့ စစ်ရှုံးသွားပြီး အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လဲ တော်တော်ကြီး ချိနဲ့အားနည်း သွားတဲ့အချိန်မှာ ဗမာပြည်သူလူထုတွေနဲ့ ဗမာပြည်နိုင်ငံရေးသမားတွေအဖို့ လွတ်လပ်ရေး စိတ်ကူးတွေ အကောင်အထည် ပေါ်ဖို့ နီးစပ်လာခဲ့တယ်။ လွတ်လပ်တဲ့ဗမာပြည် ထူထောင်ရေးနဲ့ပတ်သက် ပြီး လမ်းကြောင်းသုံးကြောင်းလဲ အပြိုင်ပေါ် လာခဲ့တယ်။ (လက်ဝဲ) ဖက်ဒရယ်လမ်းကြောင်း၊ သီးခြားလွတ် လပ်ရေးလမ်းကြောင်းနဲ့ အင်ပါယာလမ်းကြောင်းတို့ဖြစ်တယ်။

အင်္ဂလိပ်တွေ ၁၈၂၆ မှာ ပထမဆုံးသိမ်းခဲ့တဲ့ ရခိုင် နဲ့ တနင်္သာရီ၊ ၁၈၅၂ မှာ ဒုတိယမြောက်သိမ်းခဲ့တဲ့ အောက်ဗမာပြည်၊ ၁၈၈၅ မှာ တတိယသိမ်းခဲ့တဲ့ အထက်ဗမာပြည်တို့ဟာ ဗမာပြည်မ Burma Proper အဖြစ် ပူးပေါင်းအုပ်ချုပ်ရေးချခံရပြီး  ၁၈၈၅ နောက်ပိုင်းမှ သိမ်းပိုက်ခံရတဲ့ ရှမ်း ကချင် ချင်း ကရင်နီ နယ်မြေ တွေကိုတော့ သီးခြားအုပ်ချုပ်ရေးတွေချခဲ့တယ်။ ဒီနယ်မြေတွေကို ၁၉၃၅ ခုမှာ ခြွင်းချန်နယ်မြေများ Scheduled Areas လို့သတ်မှတ်ပြီး ဇယား (၁) နယ်မြေနဲ့ ဇယား (၂) နယ်မြေတွေအဖြစ် ခွဲခြားခဲ့တယ်။ ဇယား (၁) ဝင်နယ်မြေတွေက ဗမာပြည်မအစိုးရအောက်မှာမရှိဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေး ကြီးကြီးမားမားရ ပြီး ဇယား (၂) ဝင်နယ်မြေတွေကတော့ ဗမာပြည်မအစိုးရအောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစုံတရာရခဲ့ တယ်။ အင်္ဂလိပ်တွေရဲ့ နှိပ်ကွပ်သွေးစုတ်မှုကို အများဆုံးခံရတဲ့ ဗမာပြည်မဟာ သဘာဝကျစွာဘဲ နိုင်ငံရေးအရ အလှုပ်ရှား အထကြွဆုံးဖြစ်ခဲ့တယ်။

ရခိုင် မွန် ဗမာ နိုင်ငံရေးသမားတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ် ရေးကို အပြင်းထန်ဆုံးတိုက်ပွဲဝင်ခဲ့ကြတယ်။ အဲသလိုတိုက်ပွဲဝင်ရာမှာ အဓိကအားဖြင့် ဗမာပြည်မ အဝန်း အဝိုင်းရဲ့ လွတ်လပ်ရေးကိုဘဲ စိတ်ဝင်စားခဲ့တာဖြစ်ပြီး ရှမ်း ကချင် ချင်း ကရင်နီ နယ်မြေတွေကို ဗမာပြည် နဲ့ မသက်ဆိုင်ဘူးလို့ဘဲ သဘောပေါက်ကြတယ်။ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ သွေးခွဲအုပ်ချုပ်ရေး Divide-and-Rule ကြောင့် သွေးကွဲရတာလို့ အကြောင်းပြကြပေမဲ့ တကယ်တော့ သမိုင်းကြောင်းအရ၊ ပထဝီအနေ အထားအရ၊ ယဉ်ကျေးမှုနဲ့သဘာဝအရ သီးခြားစီဖြစ်နေခဲ့တာ ဖြစ်တယ်။

ဒီနိုင်ငံရေးသမားတွေထဲမှာ လက်ဝဲသမားတွေကတော့ မာ့က်စ်-လီနင်တို့ရဲ့ နိုင်ငံတကာဝါဒ (ဝါ) လူမျိုးစုံ သွေးစည်းချစ်ကြည်ရေးဝါဒ Internationalism ခံယူကြတာဖြစ်လို့ ဗမာပြည်မအပါအဝင် တိုင်းရင်းသားနယ် မြေတွေ တပူးတပေါင်းတည်း လွတ်လပ်ရေးယူဖို့၊ အဲ့ဒီကာလက ဆိုဗီယက်ပြည်ထောင်စုလို ဖက်ဒရယ်ပြည် ထောင်စုဖွဲ့ဖို့ လိုလားကြတယ်။ ဒီထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ကွန်မြူနစ်ခေါင်းဆောင်များနဲ့ ရှမ်းပြည်က ဦးတင်ဧတို့လို တိုင်းရင်းသားလက်ဝဲလူငယ်တွေ ပါဝင်ကြတယ်။

အဲဒီကာလက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဗမာပြည်လက်ဝဲသမားတွေဟာ ဆိုဗီယက်ရုရှား၊ ယူဂို ဆလားဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ခွဲထွက်ခွင့်ထည့်ထားတာ၊ သမတနိုင်ငံတွေ စုပေါင်းပြီး ပြည် ထောင်စုဖွဲ့ထားတာကို အထင်ကြီးအားကျနေတာဖြစ်တယ်။ ဗမာနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်တဲ့ ရှမ်းပြည် ကလက်ဝဲလူငယ်တွေကလဲ အကြွင်းမဲ့ပူးပေါင်းရေးကို လိုလားတာမဟုတ်ဘဲ ဆိုဗီယက်မှာလို လုံးဝကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ ခွဲထွက်ခွင့်ရှိတဲ့ပြည်နယ်မျိုးကို လိုချင်တာဖြစ်တယ်။

ရှမ်းပြည်ကလက်ဝဲလူငယ်တွေ လွှမ်းမိုးထားတဲ့ အာရှလူငယ်အသင်းရဲ့ ၁၉၄၄ ခု ဧပြီလ တောင်ကြီး ညီလာခံမှာ အဆို ၂၁ ချက်ချတဲ့ထဲက အမှတ်(၁၅) မှာ “နာမည်ပြောင်းရေးကိစ္စ။ မိစ္ဆာအင်္ဂလိပ်လက် အောက်မှ လွတ်မြောက်သောအထိမ်းအမှတ်၊ ကျွန်ဘဝကို မေ့ပျောက်နိုင်ရန်လည်းကောင်း၊ နိုင်ငံတော် အတွင်းရှိ တိုင်းရင်းသားများသွေးစည်းညီညွတ်မှုကိုလည်းကောင်း ရည်ရွယ်၍ လက်ရှိ ဗမာနိုင်ငံတော်၊ ဗမာ လူမျိုးဟူသောအမည်မှ တိုင်းရင်းသားအားလုံးတို့နှင့်သက်ဆိုင်၍ အားလုံးတို့ သဘောတူကျေနပ်မည့် သင့် လျော်သောနာမည်တခုကို အမြန်ဆုံးပြောင်းလဲ၍ မှည့်ခေါ်ပေးရန် နိုင်ငံတော်အစိုးရအား လေးနက်စွာ တိုက်တွန်းကြောင်း” လို့ ဆုံးဖြတ်ခဲ့တယ်။

(‘ဇာနည်နိုင်ငံ’ ဆိုတဲ့နာမယ်ကိုတောင် အဆိုပြုခဲ့သေးတယ်။) ဂျပန်လက်နက်မချခင်၊ ဒုတိယကမ္ဘာစစ်မပြီးခင် ကျင်းပတဲ့ ၁၉၄၅ ခု ဇူလိုင်လ ဗကပ ဒုတိယကွန်ဂရက်က ဖက်ဒရယ်နိုင်ငံထူထောင်ဖို့ နိုင်ငံရေးပါတီတွေထဲမှာ ပထမဆုံးအဖြစ် အဆိုပြုခဲ့တယ်။ ၁၉၄၆ ခု ဇန်နဝါရီလ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလပထမညီလာခံမှာလဲ ဗကပ ကွန်ဂရက်လောက် မတိကျ အသေးမစိတ်ပေမဲ့ ခွဲထွက်ခွင့်နဲ့ လွတ်လပ်စွာသဘောတူညီမှုအခြေခံပေါ်မှာ စုပေါင်းနိုင်ငံထူထောင်ဖို့ မူချခဲ့တယ်။

ဗမာနိုင်ငံရေးသမားတွေထဲမှာ လက်ဝဲသမားအုပ်စုအပြင် နောက်အုပ်စုနှစ်စုကတော့ ပြည်နယ်တွေမပါဘဲ ဗမာပြည်မတခုတည်းနဲ့နိုင်ငံထူထောင်ချင်သူတွေရယ်၊ ပြည်နယ်တွေကို ကိုလိုနီအဖြစ်သဘောထားပြီး ပြည် ထောင်စုနာမယ်ခံ တကျော့ပြန်ဗမာအင်ပါယာထူထောင်ချင်သူတွေရယ်ဖြစ်တယ်။ ယေဘုယျအားဖြင့် ပြော ရရင် ဗမာနိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးသမားတွေအများစုကတော့ သီးခြားစီလွတ်လပ် ရေး၊ သီးခြားစီတိုင်းပြည်ထူထောင်ရေးကိုဘဲ စိတ်ဝင်စားကြတယ်။ ဒီထဲမှာ ထူးခြားတာက ပအိုဝ်းတိုင်း ရင်းသား ဆီဆိုင်စော်ဘွား စဝ်ခွန်ကြည်ဟာ ၁၉၃၅ ခုကတည်းက ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ကို တင်ပြခဲ့တာဖြစ်တယ်။

၁၉၄၅ စက်တင်ဘာလ ကန္ဒီစာချုပ်ချုပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာကိုယ်စားလှယ်အဖွဲ့ သီရိလင်္ကာနိုင်ငံ အသွားလမ်းမှာ ကပ္ပလီကျွန်းမှာ လေယာဉ်ခဏနားတော့ ဗိုလ်ကျော်ဇောက လွတ်လပ်ရေးရရင် ဒီကပ္ပလီ ကျွန်းတွေလဲ ဗမာပြည်ထဲပြန်ထည့်ဖို့ အင်္ဂလိပ်ဆီကတောင်းရမယ်လို့ပြောတော့ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရရင် အန်ဒမန်ကျွန်း နီကိုဘာကျွန်းတွေရဖို့ထက် ရှမ်းပြည် ကချင်ပြည်တွေ ဗမာပြည်ထဲပါဖို့ ပိုအရေးကြီးတယ်လို့ ပြောခဲ့တယ်။ နောင်မှာ ဗမာ့တပ်မတော်ဗိုလ်မှူးချုပ်ဖြစ်လာပြီး ဗကပ ဗဟိုကော်မတီ ဖြစ်သွားခဲ့တဲ့ ဗိုလ်ကျော်ဇောဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ‘အမြော်အမြင်ကြီးမှု အသိဉာဏ်ကြီးမှု’ကို အသက် ထက်ဆုံး တလေးတစားနဲ့ တဖွဖွပြောခဲ့တယ်။

၁၉၄၆ ဖေဖော်ဝါရီလ ၈ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပါဝင်တဲ့ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့နဲ့ ရှမ်းပြည်လူငယ် ကိုယ်စား လှယ်တွေ တွေ့တဲ့အခါ “ခြွင်းချန်နယ်များမပါဘဲ ဗမာပြည်အား လုံးဝလွတ်လပ်ရေး ပေးခဲ့ရင် လက်ခံမလား” မေးတော့ ဦးဘဖေက “ယူတန်ယူမယ်၊ အခြေအနေအရသာ ဆောင်ရွက်ရမယ်” လို့ ဖဆပလကိုယ်စားဖြေခဲ့တယ်။ ဖဆပလ အလုပ်အမှုဆောင်တချို့ကလဲ “ရှမ်းပြည်ဟာ ပထဝီအနေအထားအရ ကုန်းတွင်းပိတ် ဖြစ်နေလို့ စီးပွားရေးနဲ့ အကြပ်ကိုင်လိုက်ရင် ဗမာများနဲ့ မပေါင်းမဖြစ် ပေါင်းကိုပေါင်းရမယ်” လို့ပြောခဲ့သေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ အဲသလိုပြောင်မပြောဘဲ “စီးပွားရေးစီမံကိန်းလုပ်လိုက်ရင် တခါတည်းပေါင်း လာရမယ်”လို့ စကားပရိယာယ်နဲ့ ပြောခဲ့တယ်။ နောင်မှာ ဖဆပလက ထုတ်ပစ်လိုက်ရတဲ့ ဝါရင့်နိုင်ငံရေး သမား ဗမာမွတ်စလင် ဦးဘဖေ (ဘကြီးဘဖေ--တောင်ကျရေနွားနှစ်ကောင်မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်လို့ သခင်ကိုယ်တော်မှိုင်းက စာချိုးခဲ့ရတဲ့ ‘ပူးသတ်ရေး’အချောင်ဝါဒသမား) က ၁၉၃၁-၃၂ လန်ဒန်စားပွဲဝိုင်းအစည်းအဝေးမှာ ‘ဗမာပြည်မနဲ့မပေါင်းရင် ရှမ်းပြည်ထဲက ရထားလမ်းတွေ ပြန် ဖြုတ်ပစ်မယ်၊ စာတိုက်တွေ ကြေးနန်းဓာတ်တိုင်တွေ ဖြုတ်ပစ်လိုက်မယ်၊ အာလူးမဝယ်ဘဲ နေလိုက်မယ်’ လို့ ခြိမ်းခြောက်ခဲ့ဖူးကြောင်း ရူးသလိုပေါသလိုနဲ့ ဂုဏ်ယူပြီး ပြောနေတယ်။

(တကယ်တော့ အဲဒီရထားလမ်း တွေ ဓာတ်တိုင်တွေကလဲ အင်္ဂလိပ်ကလုပ်ပေးခဲ့တာဖြစ်လို့ ဗမာအစိုးရ၊ ပြည်မအစိုးရနဲ့ ဘာမှမဆိုင်ပါဘူး။) ဖဆပလ ထဲက တောင်ကြီးသား ဗမာမွတ်စလင် ဦးဖေခင်ကတော့ ရှမ်းပြည်လက်ဝဲလူငယ်တွေဘက်က ပါပြီး ဂရုတစိုက်နဲ့ ဗိုလ်ချုပ်နားပေါက်အောင် ဖြောင်းဖြပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်ချုပ်ပြီးပြန်လာတော့ ဦးနု၊ ဦးကျော်ငြိမ်းတို့က ခွဲထွက်ခွင့်ပေးတာ ကို အပြင်းအထန်ကန့်ကွက်ကြတယ်။

ဒါကြောင့် ဗိုလ်ချုပ်ကလဲ မလွန်ဆန်နိုင်ဘဲ တရားသူကြီးချုပ် ဦးမြင့် သိန်းကို “ဖြစ်နိုင်ရင် ရှမ်းနဲ့ကချင်ကို အခြေခံဥပဒေထဲမှာ ခွဲထွက်ခွင့်အပိုဒ်မထည့်ဖို့ ပြောပေးပါ” လို့ ခိုင်းခဲ့ တယ်။ ဒါပေမဲ့ ပြောလို့မရရင်လဲ “မရလဲပြီးရောပေါ့။ အရေးကြီးတာမှမဟုတ်ဘဲ။ တခြားနိုင်ငံ အခြေခံဥပဒေ တွေမှာ အဲလိုခွဲထွက်ခွင့်ပါတဲ့အပိုဒ်ကို ဘယ်တိုင်းပြည်မှာမှ အသုံးပြုခဲ့တာ မရှိခဲ့ပါဘူး။

လိုလိုလားလား ထည့်ထားတဲ့အပိုဒ်ဖြစ်တယ်။ ဒါ့အပြင် ကျနော် ပင်လုံမှာသဘောတူခဲ့တာကို ဖဆပလ အဖွဲ့ချုပ်က လက်ခံ အောင် ဆောင်ရွက်ပါမယ်” လို့ ဗိုလ်ချုပ်ကပြောခဲ့တယ်။ ပြောတဲ့အတိုင်းဘဲ ဗိုလ်ချုပ်မကျဆုံးခင် မေလကုန် အပြီး ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမညီလာခံမှာ တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် အခြေခံဥပဒေမူကြမ်း ဆွဲတော့ နံပတ်တစ်အဆင့်ရှိတဲ့ ပြည်ထောင်စုပြည်နယ်တွေနဲ့ နံပတ်နှစ်အဆင့်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရပြည် နယ်တွေအတွက် ခွဲထွက်ခွင့်ထည့်ပေးခဲ့တယ်။

ဗိုလ်ချုပ်ကျဆုံးပြီးနောက် ဖဆပလခေါင်းဆောင်တွေက ၁၉၄၇ အခြေခံဥပဒေထဲမှာ ခွဲထွက်ခွင့်မပါစေဖို့ အပြင်းအထန်ကြိုးစားခဲ့ကြတော့ အမျိုးသားရေးအားနည်းသေးတဲ့ ချင်းခေါင်းဆောင်တွေက အလွယ်တကူ လက်ခံလိုက်ပြီး KNU ခွဲထွက် KYO ကရင်ခေါင်းဆောင်တွေကိုလဲ စည်းရုံးလို့ရခဲ့တယ်။ ကချင်ပြည်ကိုတော့ ဇယား ၂ ဝင် ဗန်းမော်ခရိုင် ထည့်ပေးရလို့ ခွဲထွက်ခွင့်စွန့်ရမယ် ဆိုပြီး တပတ်ရိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရှမ်းပြည်မှာတော့ စော်ဘွားတွေတင်မကဘဲ လက်ဝဲသမားရှမ်းလူငယ်တွေကပါ ခွဲထွက်ခွင့်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားလို့ ၄၇ အခြေခံဥပဒေထဲ ထည့်ပေးရတယ်။ ဒါတောင် ၁၀ နှစ်ပြည့်မှ ခွဲထွက်နိုင်တယ်လို့ ညစ် လိုက်သေးတယ်။ ကရင်နီမှာလဲ ကင်းဝန်မင်းကြီးစာချုပ်ရှိနေတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံ ပြီး ပူးပေါင်းချင်တဲ့ ကရင်နီခေါင်းဆောင်တွေက တခြားကရင်နီခေါင်းဆောင်တွေ ကရင်နီပြည်သူတွေကို စည်းရုံးနိုင်အောင် ခွဲထွက်ခွင့် ထည့်ပေးလိုက်ရတယ်။ ဒီလိုနဲ့ ၄၇ အခြေခံဥပဒေမှာ ရှမ်းနဲ့ကရင်နီ နှစ်ပြည် နယ်ဘဲ ခွဲထွက်ခွင့်ရခဲ့တယ်။

ပဏာမပြင်ဆင်မှုညီလာခံမှာ ချမှတ်ခဲ့တဲ့ ပြည်နယ်လေးမျိုးနဲ့ ပြည်နယ်အစိုးရ-ပြည်နယ်လွှတ်တော် အာဏာ တွေကိုလဲ ကုန်ကျစရိတ်များတယ်၊ အကောင်အထည်ဖော်ဖို့ အရည်အချင်းရှိတဲ့လူ မလုံလောက်ဘူး၊ လွတ် လပ်ရေးအမြန်ရဖို့ အရင်လုပ်ရမယ်၊ နောက်မှ အခြေခံဥပဒေပြင်လဲရတယ်လို့ လှည့်ပတ်ပြောပြီး တိုင်းပြု ပြည်ပြုလွှတ်တော်မှာ အပေါ်ယံပြည်ထောင်စု၊ အနှစ်သာရတပြည်ထောင်နိုင်ငံလုပ်လိုက်တော့တယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလဲ ရှမ်းပြည်မှာ ပဒေသရာဇ်စော်ဘွားတွေအတွက် ပြည် နယ်(အထက်)လွှတ်တော်တခု၊ သာမန်ပြည်သူတွေအတွက် ပြည်နယ်(အောက်)လွှတ်တော်တခု သီးသန့်စီ ထားပေးဖို့ ပဒေသရာဇ်ဆန့်ကျင်ရေးသမား ရှမ်းပြည်လက်ဝဲလူငယ်တွေ တင်ပြတာကို ငွေမရှိ၊ လူမရှိဘူးလို့ အဖြေပေးခဲ့ဖူးတယ်။

မွန်တွေနဲ့ဗမာတွေ အတူတူလိုဖြစ်နေလို့ မွန်တွေအတွက် သီးခြားပြည်နယ်၊ သီးခြားအခွင့်အရေးတွေ မလို ဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ပြောခဲ့သေးတယ်။ ဒါ့အပြင် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် အခြေခံဥပဒေမူကြမ်းဆွဲတဲ့ ဖဆပလ ပဏာမညီလာခံမှာလဲ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်မ အနေ အထားကို မရှင်းမရှင်းလုပ်ခဲ့ပြီး လူမျိုးစုလွှတ်တော်အတွက် ပြည်နယ်တိုင်း အမတ်ဦးရေတန်းတူရွေးခွင့် မပေးခဲ့ဘဲ ဗမာပြည်မက အမတ်ဦးရေအများဆုံး (၇၀)၊ ရှမ်းနဲ့ကရင်က ဒုတိယအများဆုံး (၃၂ ယောက်စီ)၊ ကျန်ပြည်နယ်တွေက ကချင် ၁၃ ယောက်၊ ချင်း ၉ ယောက်၊ ကရင်နီ ၄ ယောက်ဆိုပြီး လျာထားခဲ့တယ်။ ဒါပေမဲ့ တဖက်မှာလဲ ပြည်နယ် ၄ မျိုးနဲ့ ပြည်နယ်သစ်တွေ ထူထောင်ခွင့်၊ ခွဲထွက်ခွင့်တွေ လမ်းဖွင့်ပေးခဲ့ တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံညီလာခံလုပ်နေတုန်းကလဲ အတူပါလာတဲ့ ဗမာပြည်မအစိုးရအဖွဲ့ဝင် ဝန်ကြီး ရခိုင်တိုင်းရင်းသား ဦးအောင်ဇံဝေကို အခြေခံဥပဒေဆွဲရင် ရခိုင်ပြည်နယ်အတွက် စဉ်းစားပေးမယ် လို့ ကတိပေးခဲ့ဖူးတယ်။ ပင်လုံစာချုပ် ချုပ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက သိန်းဖေမြင့်ကို မဏိပူရနဲ့အာသံကိုလွှတ်ပြီး လွတ်လပ် ရေးရရင် ဗမာပြည်ထဲပါဖို့ သွားစည်းရုံးစေခဲ့တယ်။ ဒါပေမဲ့ ဗမာစစ်သူကြီး ဗန္ဓုလကို စိတ်အနာကြီးနာနေဆဲ ဖြစ်တဲ့ မဏိပူရနဲ့ အာသံပြည်နယ်တွေက လက်မခံဘဲ အိန္ဒိယနဲ့ဘဲ ပေါင်းခဲ့ကြတယ်။ ဒါကြောင့် အဲဒီပြည် နယ်တွေအောက်မှာရှိနေတဲ့ ချင်းနဲ့ နာဂတွေလဲ ၂ နိုင်ငံထဲ ကွဲပါသွားခဲ့တယ်။ နောက်ဆုံးမှာတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ချင်တဲ့ လက်ဝဲသမားတွေလဲ အရေးနိမ့်သွားခဲ့တယ်။ ဗကပ ကိုယ်တိုင်လဲ ၁၉၇၅ နောက်ပိုင်းမှာ ဖက်ဒရယ်ကိုစွန့်လွှတ်ပြီး တရုတ်ပုံစံကိုယ်ပိုင်အုပ်ချုပ်ရေးလိုင်း ဝင်သွားခဲ့တယ်။

ဒီလိုနဲ့ တိုင်းရင်းသားတွေကို သဏ္ဌာန်အမျိုးမျိုးနဲ့ ဖိနှိပ်ကျွန်ပြုပြီး (စတုတ္ထမြန်မာနိုင်ငံတော် ပဉ္စမမြန်မာနိုင်ငံတော် စတဲ့) တကျော့ပြန် ဗမာအင်ပါယာ ထူထောင်ချင်သူတွေကဘဲ လွှမ်းမိုးသွားတာ အားလုံးမျက်မြင်ဖြစ်တယ်။ ပြည်နယ်တွေမပါဘဲ ပြည်မတခုတည်းနဲ့ နိုင်ငံထူထောင်ချင်သူတွေလဲ အခု တော့ ဗမာအင်ပါယာအရသာတွေ့သွားပြီး ဒီမိုကရေစီဆန့်ကျင်ရေး စစ်အုပ်စုဗဟိုပြု အင်ပါယာထူထောင် ချင်သူတွေအောက် ခေါင်းသျှိုးဝင်သွားပြီဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ပစေ ဒီကနေ့မှာတော့ လက်ဝဲမဟုတ်တဲ့ ဖက်ဒရယ်သမားတွေ ဗမာထဲမှာလဲ များလာပြီး တိုင်းရင်းသား တွေထဲမှာဆိုရင် အထူးအားကောင်းနေပြီဖြစ်တယ်။

ဂါမဏိ
( မိုးမခ )

မှန်​ကန်​တဲ့ ​ဖြောင့်​မတ်​ခြင်း လမ်း၌ ​လျှောက်​လမ်း ကြပါ ဗျာ


မှန်​ကန်​တဲ့ ​ဖြောင့်​မတ်​ခြင်း လမ်း၌ ​လျှောက်​လမ်း ကြပါ ဗျာ
====

ရွှေမင်းရဲ့ ဒူး​လေး ပါတီကို ကြံ့ဖွတ်​​တွေ သိန်း ၁၅၀၀​ပေးပြီး ဖြစ်​လာတာ တဲ့ ။ လီဆူး ကိုယ်​စားပြု ပါတီ ဆိုပြီး လုပ်​စား သွားတယ် တဲ့ ​။ အခု​တော့ လီဆူး လူမျိုးစု​တောင်​ သူတို့ လီဆူး ကိုယ်​စားပြု ပါတီ မဟုတ်​​ကြောင်း ငြင်းဆို လိုက်​တယ်​ ။ ရှမ်းနီထဲမှာလည်း ထိုကဲ့သို့ လည်း​ကောင်း ​တွေ့ရှိ ရတယ်​လို့ ​ပြောသွားတယ်​ ။

ဖက်​ဒရယ်​ ဒီမိုက​ရေစီ ပြည်​​ထောင်​စု တိုင်းပြည်​ အ​ရေး ( လူသားဝါဒ အ​ရေး )ကို တိုက်​​နေတဲ့ လူ​တွေက ကိုယ့်​ထက်​ ငယ်​တဲ့ သူကို ထပ်​ပြီး Nationalism ၊ Racist / Facist ​တွေကို ထပ်​ပြီး လုပ်​ ၊ ထပ်​ပြီး ကျင့်​သုံးရင်​ သူတို့ အတွက်​ ​ကောင်းသလား ၊ မ​ကောင်းသလား ဆိုတာ ခင်​ဗျားတို့ စဉ်​စား ကြည့်​ပါ ။ Nationalism ၊ Racist / Facist ဝါဒ​တွေကို မကြိုက်​လို့ ကမ္ဘာသိ အ​နေဖြင့်​ ​တော်​လှန်​ ​နေကြတာ မမြင်​ဘူးလား ။ ​နောက်​ပြီး ဒီ​ခေတ်​က လိမ်​ညာလို့ ရတဲ့ ​ခေတ်​ မဟုတ်​​တော့ဘူး ဆိုတာ​တော့ သိဖို့ လိုတယ်​ ။

အမှန်းတရားဟာ ဘယ်​​တော့မှ မ​သေပါဘူး ။ တန်းတူ ညီမျှ​ရေးမှ ခင်​ဗျာတို့ရဲ့ လူသားဝါဒ ဒီမိုက​ရေစီ အ​ရေး ရှင်​သန်​ဖို့ အတွက်​ လူမျိုးစု အခြား တိုင်းရင်းသား အ​ရေး ကိစ္စ အားလုံးကို သူတို့​တွေ လုပ်​​ဆောင်​ ​တော်​လှန်​ ​နေကြတာကို မင်းတို့​တွေ မမြင်​ ကြပြန်​ဘူးလား ။ ​နောက်​တစ်​ခုက မူမှန်​ ၊ လမ်း​ကြောင်းမှန်​ ၊ ရပ်​တည်​ချက်​မှန်​တဲ့ စိတ်​ဓာတ်​ မရှိရင်​ ဘယ်​​တော့မှ ​တော်​လှန်​​ရေး မ​အောင်​မြင်​ဘူး ဆိုတာ ယ​နေ့ ​တော်​လှန်​သူ အ​ပေါင်းတို့ သိကြတယ်​ ။

တော်​လှန်​သူ အ​ပေါင်းတို့က တိုင်းရင်းသား ပြည်​သူ​တွေကို ဘယ်​​တော့မှ မ​ဖောက်​ပြန်​ ရဘူး ဆိုတာ သူတို့​တွေ စွဲမြဲစွာ ဤ ကတိ သစ္စာ သံဓိဌာန်​ကို နှလုံးသားထဲမှာ ကိုင်​စွဲ ထားတယ်​ ။ ခင်​ဗျားတို့ လွဲ​နေတဲ့ အသိတရား​တွေကို ​ပြောင်းလဲပြီး မှန်​ကန်​တဲ့ ​ဖြောင့်​မတ်​ခြင်း လမ်း၌ ​လျှောက်​လမ်း ကြပါ ဗျာ ။

Zawzaw Zaw