Friday, March 24, 2017


ဖိနှိပ်မှု နှင့် နှိပ်စက် ညှဉ်းပမ်း ကြောက်မက်ဖွယ်သော ရဲတပ်ဖွဲ့ ( Oppression and torture terror police ( Myanmar ( Burma ) )
======

ဖိနှိပ်ခံဘက်မှ ရပ်တည် ပါ
=====

ခါးသီး ကြမ်းတမ်း နိမ့်ကျ
လွန်းလှတဲ့ တိုင်းရင်းသား ပြည်သူ
ဘဝတွေကိုတောင် ဘာကြောင့်
လှံစိုက်ချင် ကြတာလဲ

မတရားမှုတွေနဲ့ ဘေး ဒုက္ခ
အန္တရာယ်ကို တရား မျှတမှုလို့
ခံယူပြီး နှုတ်ပိတ်ခြင်းနှင့်
ရောင့်ရဲ နေရမှာ လား

လယ်သမား လယ်ပျောက်
အလုပ်သမား အလုပ်ပျောက်
အိမ်ပိုင် မြေပျောက်
အများစု နိုင်ငံခြားရောက်
ဖာလောက် သာသာ အလုပ်တွေနဲ့
ဘဝက ဖြစ်နေတယ်

လုပ်ရပ်ကို ပြန်စစ်တော့
အာဏာရှင်ကို ပေါင်း
ရေလောင်း ပေးနေတာ ဖြစ်နေပြီ
တရားဥပဒေ မစိုးမိုးဘဲ
မတရားမှုတွေ တိုးအောင်
လုပ်ကြ ဖြန့်ကြ တိုင်းပြည် ဖြစ်ကြပြီ

=====

3 / 24 / 2017 နေ့ ညနေ 5း 05 နာရီ လက်ပံတောင်းတောင် ဒေသခံများကို ဝမ်ပေါင် ကုမ္မဏီ စောင့်ရဲများက သေနတ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံများ ဒါဏ်ရာများ ရရှိ

Myint Win

ကချင်ပြည် အနောက်ဘက် ၊ အရှေ့ဘက် တစ်လွှားနှင့် ရှမ်း ( မြောက် )ဘက်တွင် တိုက်ပွဲတွေ ပိုမို ပြင်းထန် လာနိုင်ဖွယ် ရှိသည်

ကချင်ပြည် အနောက်ဘက် ၊ အရှေ့ဘက် တစ်လွှားနှင့် ရှမ်း ( မြောက် )ဘက်တွင် တိုက်ပွဲတွေ ပိုမို ပြင်းထန် လာနိုင်ဖွယ် ရှိသည် ။
ရှမ်း ( မြောက် )မှ တဆင့် ကချင်ပြည် ဗန်မော်ဘက် အတွင်းသို့ တိုက်ပွဲ တဖန် ပြန်လည် စိမ့်ဝင် လာတာကို တွေ့ရှိ ရသည် ။ သို့ဖြစ်ပါ၍ ၂၀၀၈မှ သွားနေသော အဆိုးရ ဗမာ့ သတ်မတော်မှ ပြဌာန်းသော NCA ငြိမ်းချမ်းရေးသည် ၁၉၄၇ ပင်လုံဆီသို့ မဆိုထားနှင့် စပြီး အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး ။ ၂၀၀၈ ဖွဲ့စည်းပုံကို ကိုင်ပြီး ရွာပတ်လည် နေသော အဆင့်မျှသာ ဖြစ်ပါလိမ့်မည် ။
အပစ်အခတ်တောင် ရပ်စဲဖို့ မဆိုထားနဲ့ ပြည်သူတွေကို ဖိနှိပ် ရက်စက် နေတာက ငြိမ်းချမ်းရေး ဖြစ်စဉ်သို့ သွားဖို့က ဝေလာဝေးစွ ပါ ။ မနေ့က လက်ပံတောင်းတောင် ဖြစ်စဉ်က သာဓက ပါ ။ ဒီ့ အတွက်ကြောင့် အဆိုးရ ဗမာ့ သတ်မတော်တွေ အမှန်တကယ် ငြိမ်းချမ်းရေးကို သွားလိုပါက တိုင်းရင်းသား လူမျိုးပေါင်းစုံ တောင်းဆိုနေတဲ့ ၁၉၄၇ မူရင်း ပင်လုံ ဖက်ဒရယ်ကို ပြဌာန်း ဖော်ဆောင် သွားဖို့ပဲ ဖြစ်တယ် ။
ငြိမ်းချမ်းရေး ဆိုသည်မှာ အပစ်အခတ် ၊ လယ်သမား ၊ အလုပ်သမား ၊ ကျောင်းသား / ကျောင်းသူ ၊ တိုင်းရင်းသား ပြည်သူတို့၏ ဘဝ အသက် လုံခြုံ အာမခံချက် ရှိတဲ့ လုံခြုံ တိုးတက် ငြိမ်းချမ်းနေတဲ့ တိုင်းပြည်နဲ့ လူသားတွေကို ခေါ်ဆိုတာ ဖြစ်တယ် ။
အောက်တွင် စစ်သတင်း
Gasat Poi Shiga
****************
24/ 3/ 2017 ya 9:00 Am ten kaw nna Mungbaw Howa Man pyin ntsa kaw tinang D.36, 38 pawng hpawm hpyen hpung ni hte Myen Dap Nu (11) ni laja lana gasat hkat taw nga ai lam shiga na lu ai.
Myu Tsaw Kasa
=====
Myen hpyen ni Hka Pra Yang mare hta Helicopter (2) hte sa gap
Sinpraw ginwang ginjaw, Masat (27) dap dung makawp maga ginra kata nga ai Hka Pra Yang mare hpe Man Maw mare hta Dap jung ai Myen Hpyen Dap Ts.K.Hk (21) kaw na Helicopter (2) March (22) ya shana daw ten wa htim gap ai lam shawnglam shi sawk ni shana wa ai.
Hpyen gasat nbungli (2) gaw shana daw hkying (4:00)Pm aten kaw na bawm jahkrat ai, Jak sinat Rocket ni hte sa htim gap nna hkying (4:15)Pm daram hta Manmaw de bai nhtang mat wa ai hpe chye lu ai.
Dai ginra hta March (8) ya shani mung KIA Masat (27) kata na hpyen hpung ni hte Myen Hpyen Dap Hk.L.Y (228) ni gasat gala byin ai shara re majaw dai ginra na Mung mare masha ni Mung Hkawng hpyen yen dabang de hpyen koi yen nga ai re hpe chye lu ai.
Kachin Net
March 23, 2017
======
၂၀၁၇ ခုနှစ် ၊မတ်လ (၂၄)ရက် ၊ တိုက်ပွဲ သတင်းများ
(၁) ယနေ့တွင် မြန်မာစစ်တပ်သည် မိုးလင်းသည်နှင့်တပြိုက်နက် မိမိတို့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏တပ်စခန်းရှိရာနေရာတော်တော်များများအား လက်နက်ကြီးပစ်ကူများပစ်ပြီး မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်မှုများကို တပြိုင်နက်တည်းတောက်လျှောက်ပြုလုပ်ခဲ့သည်။
(၂)အထူးသဖြင့် နံနက် (၇)နာရီတွင်နယ်စပ်မှတ်တိုင် (၁၂၅) အနီးတဝိုက်၌တိုက်ပွဲများပြင်းထန်ခဲ့သည်။
(၃)ထုံးစံအတိုင်း အခြားနေ့ရက်များကဲ့သို့ပင် မြန်မာစစ်တပ်ဖက်မှပစ်လိုက်သော လက်နက်ကြီးကျည်အချို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏နယ်နိမိတ်အတွင်းကျရောက်ပေါက်ကွဲခဲ့သည်။
(၄) မိမိတို့မှတ်တမ်းများအရ မြန်မာစစ်တပ်ဖက်မှ ပစ်လိုက်သော လက်နက်ကြီးကျည်ဆံများတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်နိမိတ်ဧရိယာအတွင်းပေါက်ကွဲမှုအကြိမ်အရေအတွက်မှာ ယခုလအတွင်းတွင်ငါးဆယ်ကြိမ်(၅၀-ကြိမ်)ကျော်ခဲ့ပြီဖြစ်သည်။
(၅)နံနက် (၈) နာရီ (၃၀) မိနစ်တွင် တိုက်ပွဲများခဏရပ်တန့်ခဲ့ပြီး (၉) နာရီခန့်တွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး တစ်ရက်လုံးနီးပါး နေရာတော်တော်များများ၌ ကြိုကြားကြိုကြားတိုက်ပွဲများဆက်တိုက်ရှိခဲ့သည်။
(၆) ယနေ့တိုက်ပွဲများတွင် မိမိတို့ဖက်မှ အလတ်စား၊ အပြင်းစားဒဏ် ရာရရှိသူများရှိခဲ့သလို ရန်သူ့ဖက်မှလည်း အထိအခိုက်အကျအဆုံးများခဲ့သည်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့
Northern Alliance – Burma
AA + KIA + TNLA+ MNDAA
We Fight We Win
=======
မြန်မာ့တပ်မတော် တပ်မ (၃၃)၏ ပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့နယ် ဒေသခံတအာင်းလူမျိုးတဦး ဒဏ်ရာ ပြင်းထန်းစွာရရှိခဲ့ပြီး အရေးပေါ်ကုသမှုခံယူနေရ
၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်
နမ့်ခမ်းမြို့နယ် ၊ ဆာလုကျေးရွာအုပ်စု၊ ကြူဆိုင်းကျေးရွာနေ (ဘ) တားလွယ်ဆူး ၊ အသက် (၅၄)နှစ် တားကူန်းဖိုး (ခ) တားစိုးမြင့်သည် ၂၀၁၇ ခုနှစ် မတ်လ ၂၃ ရက်နေ့ (၀၂း၃၀) နာရီအချိန် ရာဘာခြံတဲထဲတွင် နားနေစဉ် မြန်မာ့တပ်မတော် တပ်မ (၃၃) တပ်ဖွဲ့တို့မှ ရောက်ရှိလာပြီး ၎င်းအား ညှင်းပန်းနှိပ်စက်ပြီး နောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် တားစိုးမြင့်မှ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
မြန်မာ့တပ်မတော် တပ်ဖွဲ့သည် တားစိုးမြင့်အား ရည်ရွယ်ချက်ရှိရှိဖြင့် ညှင်းပန်းနှိပ်စက်ကာ သေနတ် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် သူ၏မိသားစုဝင်များကိုလည်း ဆေးရုံသို့ မကုသရန်လည်း မြန်မာတပ်မ တော်မှ တားမြစ်ပိတ်ပင်ခဲ့သည်။
မြန်မာတပ်မတော်မှ တားမြစ်ပိတ်ပင်သော်လည်း မိသားစုဝင်များမှ တားစိုးမြင့်အား နမ့်ခမ်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်။ မြန်မာတပ်မတော်မှ တားစိုးမြင့်၏ ဘယ်ဘက်ပေါင်ရင်းနှင့် တင်ပါးကို ပစ်ခတ်ခဲ့သောကြောင့် သွေးထွက်လွန်ကာ အရေးပေါ်သွေး လိုအပ်သည့်အခြေအနေနှင့် တွေ့ကြုံခဲ့ရသည်။ နမ့်ခမ်းဆေးရုံတွင် မကုသနိုင်တော့သည့်အတွက် တအာင်းမျိုးသားပါတီအဖွဲ့နှင့် နမ့်ခမ်းတအာင်းလူငယ်အဖွဲ့တို့ ပူးပေါင်းကာ ည (၂၁း၀၀) နာရီအချိန်တွင် လားရှိုးပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ပို့ဆောင် ကုသခဲ့ရသည်။
ထိုနောက် လားရှိုးဆေးရုံသို့ ဆေးကုသရန် ၂၄ ရက်နေ့ နံနက် (၀၄း၀၀) နာရီအချိန်တွင် ရောက်ခဲ့ သော်လည်း လားရှိုးဆေးရုံမှ မကုသနိုင်သောကြောင့် ပြင်ဦးလွင်သို့ ထပ်မံပြောင်းရွှေ့ကာ ကုသမှု ခံယူနေရ လျက်ရှိပြီး စိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန

Thursday, March 23, 2017

ပေါင်းမစားဘူး ၊ တောင်းစားမယ် ၊ သူတောင်းစား ဖြစ်တာတောင် အကျင့်ပျက် အဖြစ် မခံနိုင်ဘူး ။

ပေါင်းမစားဘူး ၊ တောင်းစားမယ် ၊ သူတောင်းစား ဖြစ်တာတောင်
အကျင့်ပျက် အဖြစ် မခံနိုင်ဘူး ။
========
တိုင်းပြည် အတွက် လုပ်နေသူတွေထဲမှာ ကိုယ်ကျိုးရှာ ၊ တိုင်းပြည် သစ္စာဖောက်တွေ ပြည်တွင်း ၊ ပြည်ပမှာ အချောင်သမားတွေ ရှိနေသ၍ နောက်ကျောကို ဓားနဲ့ ထိုးသူတွေ ရှိနေသ၍ ၊ မရိုးသားသူတွေ ရှိနေသ၍ ဒီ တိုင်းပြည်ဟာ ဘယ်တော့မှ မတိုးတက်ဘူး ။
မူလ ၁၉၄၇ ပင်လုံ ဖက်ဒရယ် ပြသနာဟာ ဘယ်တော့မှ မပြီးဘူး ။
မငြိမ်ချမ်းဘူး ။
အပစ်ခတ်တွေ မရပ်ဘူး ။
အာဏာရှင်​နဲ့ ​ပေါင်းစားမှ ဗိုက်​ဝတဲ့ အထဲမှာ ကျွနု​ပ်​ မပါ ပါရ​စေနဲ့ ။
စစ်အာဏာရှင် နဲ့ ပေါင်းစားမှ ကောင်းစားမယ် ဆိုရင် ကျနော်ကတော့ တိုင်းရင်းသား ပြည်သူဘက်က ရပ်ပြီး တိုင်းရင်းသား ပြည်သူ အတွက် ဆက်လုပ် နေမယ် ။ တိုင်းပြည် တိုးတက်ရေး အတွက် ဆက်လုပ် နေမယ် ။
ပေါင်းမစားဘူး တောင်းစားမယ်
သူတောင်းစား ဖြစ်တာတောင်
အကျင့်ပျက် အဖြစ် မခံနိုင်ဘူး
တိုင်းရင်းသား ပြည်သူတွေကို
သစ္စာ မဖောက်ဘူး
ရောင်း မစားဘူး
အောင်ကြည်ဦး

ဇိုမီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု သမိုင်း (၁၈၉၈ - ၁၉၉၈)






















ဇိုမီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု သမိုင်း (၁၈၉၈ - ၁၉၉၈)
====================

လူမျိုး တစ်မျိုး ဟူသည် ငါတို့ ပြည် ငါတို့ မြေ ဟု ကြွေးကျော်ဝင့်ကြွားဖို့ ရန် တိုင်းပြည်တစ်ခု ပိုင်ဆိုင်ဖို့  ဆိုသည်မှာ အလွယ်တကူ ဖြစ်လာတတ်သည့်အရာမဟုတ်ပေ။ တိုင်းပြည်တစ်ခု ကို ပိုင်ဆိုင်ပြီးသူများကလည်း သူတို့ တိုင်းပြည်နဲ့ ပိုင်နက်နယ်မြေ ကို ချစ်ခင်မြတ်နိုးစွာဖြင့် ရန်သူပတ်လည်ဝိုင်းရံ နေသည့်ကြားမှာပင် တစ်လက်မမှ ဆုံးရှုံးမှု မခံ အသက်ပေး ကာကွယ်စောင့်ရှောက်ကြစမြဲ ဆိုသည်မှာ ဧကန်အမှန်ပင် ဖြစ်သည်။

ထိုကဲ့သို့ပင် ကျွပ်တို့ ၏ ဘိုးဘွားမိဘ မျိုးဆက်အစဉ်အဆက်သည်လည်း မိမိတို့ တိုင်းပြည် နဲ့ ပိုင်နက်နယ်နိ မိတ်ကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ရန်အလို့ ငှာ ရန်သူအပေါင်းတို့ အပေါ်တိုက်ပွဲဝင်ကြ ရ သည့် အကြောင်းများစွာကို ဖော်ပြမှတ်တမ်းတင်ရန် များစွာရှိပါသည်။

ဇိုဂမ် (ချင်းပြည်) သို့  ကျူးကျော်သိမ်းပိုက်ဖို့ ရန် ဗြိတိသျှစစ်သားများ ချီတက်လာချိန်တွင် ကျွန်ုပ်တို့  ဘိုးဘွား မိဘများသည် ရရာလက်နက်ကိုစွဲကိုင်ပြီး နယ်ချဲ့ အင်္ဂလိပ်စစ်သားများကို ခုခံတွန်းလှန်ခဲ့ကြ သကဲ့သို့  နယ်ချဲ့ အင်္ဂလိပ်လက်အောက်သို့ ဇိုဂမ် ကျရောက်ပြီးချိန်မှ စပြီး အမိမြေပေါ်မှ နယ်ချဲ့အင်္ဂလိပ်တို့ ကို တိုက်ထုတ်နိုင်ရေး ရည်မှန်းချက်ဖြင့် နည်းလမ်းပေါင်းစုံဖြင့် တတ်နိုင်သည့် ဘက်က အစဉ်အမြဲ အားထုတ် တော်လှန်ခဲ့ကြပါသည်။

ထိုကဲ့သို့ သော တော်လှန်စစ်ပွဲများ ကြောင့်ပင် အင်္ဂလိပ် နယ်ချဲ့အစိုးရဆန့် ကျင်တော်လှန်ရေး ကြောင့် ဖိနှိပ် နှိမ်နင်းခံရာမှ ပထမဆုံးဂုဏ်သတင်း ကျော်ဇော ခဲ့ကြသူများသည် ပူထွမ်ထောင်းနဲ့ သားဖြစ်သူတာန် ပေါင်ဒါလ်၊ ပူကိုင်သွ နဲ့ ပူ ခိုင်ကမ်း တို့ ဖြစ်ကြပေရာ ၁၈၉၈ ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့ ၏ခံတပ်စခန်းဖြစ်သည့် ကနေဒီ တောင်ထိပ်/ ဖိုဒ်ဝိုက် ခေါ် ထွမ်းဗွမ်း စခန်း သိမ်း တိုက်ပွဲအတွင်း အင်္ဂလိပ် နယ်ချဲ့ တို့ ၏ ဖမ်းဆီး ဖြင်းခံကြရပြီး ပူထွမ်းထောင်း နှင့် သားဖြစ်သူ တာန် ပေါင်ဒါလ်တို့ သားအဖကို ကင်းတပ် ထောင်သို့ ထောင်သွင်း အကျဉ်းချ ကြရာမှ ထောင်ထဲမှာပင် သားအဖ နှစ်ယောက်စလုံး ကျဆုံးခဲ့ကြပါသည်။

ပူကိုင်သွ နဲ့ ပူခိုင်ကမ်းတိ့ သည် လည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်စီရင်ခြင်းခံရပြီး ပူကိုင်သွ သည် မြင်းခြံ ထောင် သို့ လည်းကောင်း ပူခိုင်ကမ်း သည် ဝေးလံလှသည့် ပင်လယ်ရပ်ခြား အက်ဒမန် ကျွန်းသို့လည်းကောင်း ပို့ဆောင် အကျဉ်းချ ခံခဲ့ ကြရပါသည်။
ပထမကမ္ဘာစစ် အပြင်းထန်ဆုံးကာလ ဖြစ်သည့် ၁၉၁၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံအတွင်း ကုန်စည်သယ်ယူ ပို့ ဆောင်ရေးအတွက် ကူလီတပ်သားများ အဖြစ် နယ်ချဲ့ အင်္ဂလိပ်အစိုးရ မှ ဇိုမီးစစ်သားသစ် စုဆောင်းလာခဲ့ကြ ရာ အိမ်ထောင်တစ်ခုလျင် အသက် နှစ်ဆယ်ကျော် လူငယ် တစ်ဦးစီကို အတင်းအဓမ္မ ကောက်ယူစုဆောင်း လာခဲ့ကြပါသည်။

ပြင်သစ် နိုင်ငံဆိုသည်မှာ အလွန်တရာမှ ဝေးကွာသည့် နည်းတူ တစ်ခါမှ မကြားဖူးသည့် အရပ်ဒေသဖြစ်သဖြင့် သေရွာသွားသည့်အလား ပြန်လမ်းမရှိသည့်အရပ်ဟု ယုံကြည် ကြသဖြင့် မည်သည့်ဇိုမီးမှ လိုက်ပါရန် အလိုဆန္ဒမရှိကြသဖြင့် အန်တုတော်လှန်ခဲ့ကြပါ သည်။ အဆိုပါ အန်တု တော်လှန်ရေးတွင် အဓိက ဦးဆောင်သည့် ပူငုလ်ဘူလ် ကို နယ်ချဲ့ အင်္ဂလိပ်တို့ က မတရားဖမ်းဆီးနှိပ်စက် ခဲ့ယုံဖြင့် ကျေနပ်နှစ် သိမ့် ခြင်းမရှိနိုင်ကြသဖြင့် ညဉ်းဆဲသတ် ဖြတ်ခဲ့ကြပြီး ကျန်ရစ်သည့် အလောင်းကိုပါ အပိုင်းပိုင်း ဖြတ်တောက် ၍ တဲဒိမ်နယ် အတွင်း အိမ်တိုင်းအနှံ့ တွင်ဖြန့် ဝေကြခြင်းဖြင့် ဇိုမီးတို့ ကို ခြိမ်းခြောက်သည့်  နည်းလမ်း အဖြစ် အသုံးချခဲ့ကြပါ သည်။

ထိုကဲ့သို့ နယ်ချဲ့ အင်္ဂလိပ် အစိုးရ မှ ရက်ရက်စက်စက် ခြိမ်းခြောက်ခဲ့ကြ သော်လည်း ဇိုမီးတို့ ၏ အန်တုမှု ရပ်တန့် သွားခြင်း မရှိသဖြင့် နောက်ဆုံးတွင် ပြင်သစ်နိုင်ငံ သွားရန် လက်ခံသူများ အတွက် ကူလီလုပ် အားပေးခြင်း နှင့် မြေခွန် ကင်းလွတ်ခွင့် ပြူကြောင်း စည်းရုံး သွေးဆောင် လာခဲ့ကြရာမှ အောင်မြင်မှု ရရှိ ခဲ့ကြပါသည်။ အထက်ပါ ပြင်သစ်နိုင်ငံ သွားသူများကို ချင်းလေဘာတပ် CHIN LABOR CORPS အဖြစ်အမည်ပေးခဲ့ကြပြီး အရေအတွက် အားဖြင့် တဲဒိမ် နယ် မှ ၁၀၀၀ ၊ ဖလမ်း နယ်မှ ၅၀၀၊ လူရှည် (မီဇို) နယ် မှ ၂၀၀၀ တို့ ပါဝင်လျက် သွားရောက်ခဲ့ကြပါသည်။ ဖော်ပြပါ ဇို စစ်သားတို့ သည် ပြင်သစ်နိုင်ငံ အတွင်းတွင် ပူ စုန်ထည်းယို ၊ ပူ ကမ်ဇမုန်၊ ပူ ခွါလ်ခင်းထန် တို့ ဦးဆောင်မှုဖြင့် တပ်တွင်း အန်တုမှုများကို အကြိမ်ကြိမ် ဆင်နွှဲခဲ့ကြသဖြင့် နယ်ချဲ့ အင်္ဂလိပ်အစိုးရ မှ ကြံရာ မရတော့အဆုံး ၁၉၁၈ ခုနှစ်တွင် ဇိုဂမ် သို့ ပြန်လည် ပို့ ဆောင်ပေးခဲ့ကြပါ သည်။

ပြင်သစ်နိုင်ငံ သွားသူများ ဇိုဂမ် သို့ ပြည်တော် ပြန်ဝင်လာသည့်အခါတွင် သားယောက်ျားပေါင်းများစွာ တို့ သည် ပထမကမ္ဘာစစ် မြေပြင်တွင် ကျဆုံးသွားခဲ့ ကြခြင်းကြောင့် မျက်နှာပြန် မမြင်ရတော့သဖြင့် ဇိုမီး လူထုအတွင်း လှည်း နေ လှေအောင်း မြင်းဇောင်း မကျန် တောတောင် ရေမြေ အနှံ့ နယ်ချဲ့ အင်္ဂလိပ် အပေါ် မုန်းတီး ဆန့် ကျင်ရေး စိတ်ဓါတ်ပြင်းထန်စွာ ဟုန်းဟုန်းထ အောင် အလျှံတစ်ငြီးငြီး တောက်လောင်နေခဲ့ကြပါသည်။ ထို့ကြောင့် နယ်ချဲ့ အင်္ဂလိပ်အစိုးရမှ လူထုအတွင်း ဖြစ်ပေါ်နေသည့် ခံပြင်းနာကျည်းဒေါသထွက်နေမှုများကို ထိန်းချုပ်ရန် အတွက် လက်အောက်ခံ တိုက်သူကြီးများ နဲ့ ကျေးရွာသူကြီး တို့ ၏ လုပ်ပိုင်ခွင့်အာဏာကို တိုးမြင့် ပေးပြီး လူထု အပေါ် ပိုမိုတင်းကျပ်စွာ ဖိနှိပ် အုပ်ချုပ်စေခဲ့ပါသည်။

ထိုကဲ့သို့ နယ်ချဲ့ အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုများကို ဇိုမီး လူထု အတွင်း မခံမရပ်နိုင် ကြတော့သဖြင့် ၁၉၃၂ ခုနှစ်တွင် ဖလမ်းမြို့တွင်ရုံးထိုင်သည့် နယ်ချဲ့အင်္ဂလိပ်အစိုးရ တာဝန်ရှိသူများထံသို့ ပူ ဆွင်းခေါ်ကမ် နဲ့ ပူ လျန်မန်တို့ ဦး ဆောင်မှုဖြင့် သွားရောက် ကန့် ကွက်အရေးဆို ခဲ့ ကြ ပါသည်။ သို့ ရာတွင် တစ်စုံတစ်ရာ တိုးတက်မှု မရရှိခဲ့သဖြင့် မကွေး ဒီစကြိတ်ရုံး အထိ သွားရောက်အရေးဆို ခဲ့ကြ သော်ငြားလည်း အောင်မြင်မှုလုံးဝ မရရှိခဲ့ကြချေ ။ တစ်ချိန်တည်းမှာပင် ဗူးလေရာ ဖယုံဆင့်ပြီး ဦးဆောင်သူ ဖြစ် သည့် ပူ ဆွင်းခေါ်ကမ် သည် ၁၉၃၈ ခုနှစ်တွင် မကွေးမြို့မှာပင် ရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။ သေမှုသေခင်း မှတ်တမ်း တွင် မြွေကိုက်ခံရလို့ ကွယ်လွန်သည်ဟု မှတ်တမ်းတင်ခံရသော်လည်း လုပ်ကြံ သတ်ဖြတ်ခံရခြင်း သာ ဖြစ်မယ်ဟု သံသယရှိရပါသည်။ ကျန်ရစ်သည့် အလောင်းကို ဇိုဂမ် သို့ ပြန်လည်သယ်ယူရေး အတွက် တောင်မှ ပြင်းထန် သည့် ပဋ္ဌိပက္ခများ ပေါ်ပေါက်ခဲ့ပါသည်။

ပူနွေးခြောက်သွေ့ သည့်ဇိုဂမ် တောင်ဘက်ပိုင်းအရပ်တွင် လည်း နယ်ချဲ့ အင်္ဂလိပ် ဆန့် ကျင်ရေးစိတ်ဓါတ် နိုးကြားမှု ပြင်းထန်စွာ ဖြစ်ပေါ်နေခဲ့ပြီး မင်းတပ် ဘက်မှ ၀မ္မတူးမောင်သည် လည်း အင်္ဂလိပ် စစ်တပ်အတွင်း ဆူဗေဒါရာထူး ရရှိခဲ့သည့် ၁၉၂၅ ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့ ကိုဆန့် ကျင်ရေးအတွက် စစ်တပ်မှ နူတ်ထွက်ခဲ့ပြီး ၂၀ ဖေဖော်ဝါရီ ၁၉၃၈ခုနှစ်တွင် ချင်းအမျိုးသားအစည်းအရုံး Chin National Union (CNU)ကိုဦးဆောင် ဖွဲ့ စည်းခဲ့ပါသည်။

ချင်းအမျိုးသား အစည်းအရုံးသည် ၁၉၃၃ခုနှစ်တွင် ရန်ကုန်မြို့ရှိ နယ်ချဲ့ အင်္ဂလိပ် အစိုးရ ထံသို့ ဇိုဂမ် တွင် ဇိုမီးအမျိုးသားတို့ ကိုယ့်ကြမ္မာကို ဖန်တီးခွင့် ပြန်လည်ရရှိ ရေး နှင့် ဗမာပြည်မတွင် လွတ်လပ်ရေး ရရှိသည့်အခါ ဇိုဂမ် သည်လည်း ထပ်တူ လွတ်လပ်ရေး ရရှိရေးအတွက် တောင်းဆိုချက် နိုင်ငံရေး သဘောထားကို အရေးဆိုခဲ့ ပါသည်။ ဖော်ပြပါ တောင်းဆိုချက်များကို နယ်ချဲ့ အင်္ဂလိပ်အစိုးရ မှ အရေးတယူ ပြုဖို့ ဝေးစွ ၁၉၃၉ ခုနှစ်တွင် ချင်းအမျိုးသား အစည်းအရုံး ခေါင်းဆောင် ၉ ဦး တို့ ကို ဆက်တိုက် ဖမ်းဆီးထောင်ခြင်း ဖြင့်သာ တုန့် ပြန်ခဲ့ပြီး ဇိုဂမ် သို့ ဂျပန်တပ် များ သိမ်းပိုက်ရောက်ရှိ လာသည့် ၁၉၄၂ခုနှစ် အထိ ထောင်သွင်းအကျဉ်းချ ခဲ့ကြပါ သည်။

၁၉၄၂ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်မီး ဇိုဂမ်အထိ ကူးစက်လာသည့်အခါတွင် နယ်ချဲ့ အင်္ဂလိပ်အစိုးရ သည် ဖက်ဆစ်ဂျပန် တို့ ကို ခုခံတိုက်ခိုက်ရန်အတွက် ဇိုမီး တို့ ကို စုစည်းပြီး ချင်းလေဗီးတပ် CHIN LAVY ကို ဖွဲ့စည်းပေးခဲ့ပါသည်။ တစ်ဖက်တွင် လည်း တိုက်သူကြီး ပူ ပုမ်ဇမန် နဲ့ ပူ ဇဗျတ် တို့ နိုင်ငံရေးအမြင်တွင် ဂျပန်တို့ နဲ့ မဟာမိတ်ဖွဲ့ ပြီး နယ်ချဲ့ အင်္ဂလိပ်တို့ ကို ပြန်ဝိုင်းတိုက်လိုက် ခြင်းဖြင့် ဇိုဂမ် လွတ်လပ်ရေးရရှိမယ် ဟူသော မျှော်လင့် ချက်ဖြင့် ဘီအိုင်အေ ခေါင်းဆောင်များ အပါအ၀င် ဂျပန်စစ် အရာရှိတို့ နဲ့ ဆယ်သွယ် ချိတ်ဆက်ပြီး ဂျပန်တို့ ၏ စစ်ရေးအကူအညီဖြင့် ချင်းကာကွယ်ရေးတပ်မတော် CHIN DEFENCE ARMY (CDA) ကို ဖွဲ့ စည်းခဲ့ကြပါသည်။ သို့ ဖြစ်သော်လည်း ဂျပန် တို့ ဇိုဂမ်ကို သိမ်းပိုက် ရရှိသည့်အခါ လွတ်လပ်ရေး မပေးသည်သာမက ဇိုမီးတို့ အပေါ် နယ်ချဲ့ အင်္ဂလိပ် အစိုးရထက် ပိုမိုဆိုးရွားစွာဖိနှိပ် အုပ်ချုပ်ခဲ့ကြခြင်းကို ခါးသီးစွာရင်စည်းခံခဲ့ကြပါသည်။

ထို့ ကြောင့် နယ်ချဲ့ အင်္ဂလိပ် ကိုဖြစ်စေ ဖက်ဆစ်ဂျပန် တို့ ကို ဖြစ်စေ တော်လှန် တိုက်ထုတ်ရန် အတွက် ပူထောင်းကျင့်ထန်၊ ပူ ဟောက်ဇလျန် နဲ့ ပူ လျန်ကျင့်ထန် တို့ ဦးဆောင်မှု ဖြင့် စုက္ကတေး လွတ်လပ်ရေး တပ်မတော် SUKTE INDEPENDENT ARMY (SIA) ကို အရေးပေါ် ဖွဲ့ စည်းခဲ့ကြ ပါသည်။ စုက္ကတေး လွတ်လပ်ရေး တပ်မတော် သည် တစ်ပြိုင်တည်းတွင် ဖွဲ့ စည်းပေါ်ပေါက်ခဲ့သော စီးယန်း လွတ်လပ်ရေး တပ်မတော် SIZAANG INDEPENDENT ARMY (SIA)နဲ့  ချိတ်ဆက်ပူးပေါင်း တိုက်ပွဲဝင်ခဲ့ပါသည်။ SIA တပ်သည် ၁၉၄၄ ခုနှစ် ဇွန်လ တွင် ချင်းကာကွယ်ရေး တပ်မတော်(CDA) အခြေစိုက်ဌါနချုပ် ရှိရာ ကပ်တဲလ် ရွာကို တိုက်ခိုက် ခဲ့ ပြီး CDA စစ်သားအားလုံးကို အရှင် လက်ရဖမ်းဆီးနိုင်ခဲ့ကြ ပါသည်။ ၁၉၄၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တွင် လည်း မဏိပူရ် မြစ်ကို ဖြတ် ကူးပြီး မွာလ်ဘဲမ် ရွာ ကို ၀င် တိုက်ခဲ့ကြရာ CDA ခေါင်းဆောင် ပူ ဇဗျပ် ကို တောင် မှ အရှင် ဖမ်းဆီး မိ ခဲ့ ကြပါသည်။

တစ်ချိန်တည်းမှာပင် ၁၉၄၄ ခုနှစ် တွင်လည်း ပူ ၀မ်ကိုဟော ၏ ဦးဆောင်မှုဖြင့် ချင်းလွတ်လပ်ရေး ခေါင်းဆောင်များအဖွဲ့ ချုပ် CHIN LEADERS FREEDOM LEAGUE (CLFL)ကို လျို့ ဝှက်ဖွဲ့ စည်းခဲ့ကြပါသည်။ ထိုကဲ့သို့  ဖက်ဆစ်ဂျပန်ကို မဟာမိတ် ဖွဲ့ ပြီး နယ်ချဲ့ အင်္ဂလိပ်တို့ ကို တိုက်ထုတ်ရန်ကြိုးပမ်း အားထုတ်နေကြ ချိန်တွင် ဖက်ဆစ်တို့ ၏ ဆိုးရွားလှသော အပြုအမူများကို ဇိုမီး ခေါင်းဆောင်တို့ နားနဲ့ မဆံ့အောင်ကြား သိနေ ကြရသဖြင့် ဖက်ဆစ်ဂျပန် ဆန့် ကျင် တိုက်ထုတ်ရေး အတွက် ချင်းလွတ်လပ်ရေးလှုပ်ရှားမှု အဖွဲ့  FREE CHIN MOVEMENT (FCM)ကို ၁၉၄၄ ခုနှစ်တွင်ပင် အရေးပေါ်လျို့ ဝှက် ဖွဲ့ စည်းခဲ့ကြ ပြီး FCM အဖွဲ့ ကိုပဲ မကြာခင် တွင် ချင်းလွတ်လပ်ရေးတပ်မတော် CHIN INDEPENDENCE ARMY (CIA)အဖြစ် ပြောင်းလဲဖွဲ့ စည်းခဲ့ ကြပါသည်။

ထို့ ကြောင့်ပင် တော်လှန်ရေးအဖွဲ့ များကို အဆင့်ဆင့် ဖွဲ့ စည်းပြီး နယ်ချဲ့ အင်္ဂလိပ် နဲ့ ဖက်ဆစ် ဂျပန် တို့ ကို စစ်မျက်နှာ နှစ်ဖက် ဖွင့် တိုက်ခဲ့ရသဖြင့် အလွှာ ပေါင်းစုံ ပါဝင် သည့် တော်လှန်ရေးကို ဇိုမီးတစ်မျိုးသားလုံး ဇိုဂမ် တောတောင် ရေမြေ အနှံ့ တွင် မမောနိုင်မပန်းနိုင် လောက်အောင် အချိန်ပြည့် ပါဝင် ဆင်နွှဲခဲ့ကြပါသည်။

ဇိုဂမ် အတွင်း ဖက်ဆစ်ဂျပန် တိုက်ထုတ်ရေး စစ်ပွဲ ဖြစ်ပွားနေချိန်တွင် လည်း အင်ဖာ စစ်မျက်နှာတွင် ဖက်ဆစ် ဂျပန် တို့ သည် မဟာမိတ် တပ်များကို ပြန်လည် ရှုံးနိမ့်ခဲ့သဖြင့် ၁၉၄၅ ခုနှစ် တွင် မဟာမိတ်တပ်များ၏ လက်အောက်သို့ ဇိုဂမ် ပြန် လည် ကျရောက်ခဲ့ရပါသည်။ ထို့ ပြင် မဟာမိတ်တပ် များ ပြန်လည် ရောက်ရှိလာ ခဲ့သဖြင့် ယခင်က နယ်ချဲ့ အင်္ဂလိပ်ကိုဆန့် ကျင် ခဲ့ကြသည့် ဇိုမီး အမျိုးသားပေါင်း များစွာတို့ သည် ဖမ်းဆီးထောင်ချခြင်းခံခဲ့ကြရပါသည်။ SIA ခေါင်းဆောင် ပူ လျန် ကျင့်ထန် ကိုယ်တိုင် လည်း ဗမာပြည် လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်တွင် အကျဉ်း ထောင် မှ ပြန်လည် လွတ်မြောက် လာနိုင်ခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် နယ်ချဲ့ အင်္ဂလိပ် တို့ ကို တိုက်ထုတ်ရေး နဲ့ ဇိုဂမ် လွတ်လပ်ရေးအတွက် လူထု အားဖြင့် အကောင်အထည်ဖော်ရန် လိုအပ် ကြောင်း သိမြင်လာကြသဖြင့် ပြည်သူလူထုကို အခြေခံရန်အတွက် နိုင်ငံရေး ပါတီ လိုအပ်ကြောင်း သဘောပေါက်လာခဲ့ကြပါသည်။ ထို့ ကြောင့် ၁၉၄၆ ခုနှစ်လယ်ခန့် တွင် တဲဒိမ်မြို့နေ ပူ လန်ခေါထန် နေအိမ် တွင် ပူ ထန်ခေါကိုင် ၊ ပူ ဆုန် ထည်းယို၊ ပူ ထန် ဇ ကိုင် နဲ့ ပူ လန်ခေါထန် တို့ ဦးဆောင်မှု ဖြင့် ခမ်တုန်း လွတ်လပ်ရေး လှုပ်ရှားမှု ပါတီ KHAMTUNG SUAHTAK VAIHAWM PAWLPI (KSVP) ကို တည်ထောင်ခဲ့ကြပါသည်။ တစ်ချိန်တည်း မှာလည်း တဲဒိမ် မြို့မှာ ပင် ပူ ၀ုန်းဇခမ်၊ ပူ ဟောက်ဇလျန် နှင့် ပူသွလန် တို့ ဦးဆောင်မှုဖြင့် အများကောင်းကျိုးပြူ လှုပ်ရှားမှု ပါတီTHUHOIH VAIHAWM PAWLPI (THVP) ပေါ်ပေါက်ခဲ့ပါသည်။

ရာဇ၀င် ဘီး သည် ဆက်လက် လည်ပတ် လျက်ရှိနေသဖြင့် ၁၉၄၈ ခုနှစ်တွင် ဇိုဂမ် လွတ်လပ်ရေးအတွက် ကပ္ပတိန် မန်တုန်းနုန်း ဦးဆောင် ဖွဲ့ စည်းခဲ့ သော ချင်းပြည်သူ့ လွတ်လပ်ရေးအဖွဲ့ ချုပ်CHIN PEOPLE'S FREEDOM LEAGUE (CPFL) ဆိုသည့် CPFL သည် ၁၉၅၇ ခုနှစ် တွင် ချင်းအမျိုးသား အစည်းအရုံး CNU နဲ့ ပေါင်းစည်း ပြီး ချင်းအမျိုးသား အဖွဲ့ ချုပ် CHIN NATIONAL ORGANISATION (CNO)အဖြစ် ခေါ်တွင် ခဲ့ရာတွင် ကပ္ပတိန် မန်တုန်းနုန်း ကိုယ်တိုင် ဥက္ကဌအဖြစ် ဆက်လက် ဦးဆောင်ခဲ့ပါသည်။

လူရှည် နယ်မြေဒေသဘက် တွင်လည်း ၁၉၄၇ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လူရှည်တောင်တန်းဒေသလုံး ဆိုင်ရာ ပထမဆုံး နိုင်ငံရေးပါတီ ဖြစ်သည့် မီဇို အစည်းအရုံး MIZO UNION သည်လည်း ဇိုဂမ် လွတ်လပ်ရေး နှင့် ဇို မျိုးနွယ် တို့  ကို ပေါင်းစည်းရေးအတွက် အိန္ဒိယအစိုးရ ဘုရင်ခံ ထံ သို့ နိုင်ငံရေး တောင်းဆိုချက် စာချွန်လွှာ ပေးပို့  အရေးဆိုခဲ့ ပါသည်။

၁၉၆၀ ခုနှစ်အတွင်း ချူလာချန်ပူးမြို့တွင် ပူ တီ ဂို ခင်းပေါင် နဲ့ ပူ အက်စ် ၀ုန်းခုမ်း တို့ ဦးဆောင်မှုဖြင့် ပိုက်သဲ အမျိုးသားကောင်စီ PAITE NATIONAL COUNCIL (PNC) ဖွဲ့ စည်းထူထောင်ခဲ့ပြီး ၃၀ မေ ၁၉၆၀ နေ့ တွင် အိန္ဒိယ၀န်ကြီးချုပ် ပန်ဒစ်ဂျဝါဟာလာနေရူး ထံသို ‘့ဗမာပြည် နဲ့ အိန္ဒိယပြည်အတွင်း နေထိုင်ကြသည့် ချင်းပြည်သူတို့ ကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအတွင်း ပြန်လည် ပေါင်းစည်းရေး 'Re-unification of Chin People of India and Burma under One Country' ဟူသည့် ခေါင်းစဉ် ဖြင့် ဇို မျိုးနွယ် အားလုံးကို ခရိုင် သို့ မဟုတ် တိုင်း သို့ တည်းမဟုတ် ဒေသကြီး တစ်ခု ထူထောင်ပေး လျက် ထို အရပ်တွင် ပေါင်းစည်း နိုင်ကြရန် အရေးပါသည့် နိုင်ငံရေး တောင်းဆိုချက် စာချွန် လွှာ ကို ပေးပို့ တောင်းဆိုခဲ့ကြပါသည်။

၁၉၆၄ ခုနှစ် ဗမာပြည်တွင် ဗိုလ်နေ၀င်း ဦးဆောင် သည့် စစ်အာဏာသိမ်းမှုကြောင့် ပါလီမန်ဖျက်သိမ်းခံရမှု ကို မကျေနပ်ခြင်း နဲ့ ပြည်သူလူထု လက်အတွင်း အာဏာပြန်လည် အပ်နင်းရေးအတွက် ကြိုးစားတော်လှန်ကြ သည့် အနေဖြင့် ပါလီမန် အမတ် တစ်ချို့ နဲ့ ခေတ်ပညာတတ် ဇိုမီး တစ်ချို့ တို့ သည် ကွန်မြူနစ် ဆန့် ကျင်ရေး လွတ်လပ်ရေးအဖွဲ့ ချုပ် ANTI-COMMUNIST FREEDOM ORGANISATION (ACFO) ကို ဖွဲ့ စည်း ထူထောင်ခဲ့ ကြရာတွင် ကာနယ် ဆွန်ခိုပေါင်၊ ပူဒမ်ခိုဟောက်၊ ပူမန်ခန့် ပေါင်၊ ပူဟရန်နော ၊ ပူ ဆွန်ကျင့်လျန် နဲ့ ပူ ထွာလ်ဇင့် တို့ ဦးဆောင်ခဲ့ ပါသည်။

ACFO အဖွဲ့ သည် မဏိပူရ် ရှိ ဇိုမီး ခေါင်းဆောင် ပူတွန်ခေါပွမ့် နဲ့ ချိတ်ဆက် ပြီး ငှင်းတို့ ၏ ဦးဆောင်မှု ဖြင့်ပင် ဇိုမီး အမျိုးသား ရဲဘော်သုံးကျိပ် ခန့် တို့ သည် ခေတ်မှီစစ်ပညာ သင်ကြားရန် အတွက် အရှေ့ ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) သို့ ချီတက်ခဲ့ကြရာ တွင် ဇိုဂမ် အစိုးရ ဟု ဆိုရမယ့် ညီညွတ်သော ချင်းအမျိုးသား အစိုးရ UNITED CHIN GOVERNMENT ကို ဖွဲ့ စည်းခဲ့ကြရာတွင် ၀န်ကြီးချုပ် အဖြစ် ပူ တွန်ခေါပွမ့် ၊ ကာကွယ်ရေး ၀န်ကြီးအဖြစ် ကာနယ် ဆွန်ခေါပေါင်၊ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ပူဟရန်နော ၊ စစ်ဦးစီးချုပ် အဖြစ် ပူထွာလ်​ဇင့်​ တို့ တာဝန်ယူခဲ့ကြပါသည်။

ခေတ်မှီစစ်ပညာ သင်ယူခဲ့ကြ ပြီးနေက်တွင် ဇိုဂမ် သိမ်းပိုက်ရေးအတွက် စစ် လက်နက် အပြည့်အစုံဖြင့် ချီတက်လာကြရာတွင် စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး ပူဟရန်နော ဦးဆောင်သည့် စစ်သည် အင်အား ၈၆ယောက် တို့ သည် ဟားခါး နဲ့ ဖလမ်း ဘက်ကို ချီတက်ပြီး စစ်ဦးစီးချုပ် ပူ ထွာလ်​ဇင့်​ ဦးဆောင်သည့် စစ်သည် အင်အား ၇၀၀ ပါ စစ်ကြောင်း သည် တဲဒိမ် ဘက်သို့ ဦးတည် ချီတက်ခဲ့ကြပါ သည်။ ပူဟရန်နော ဦးဆောင်သည့် စစ်ကြောင်းသည် ဗမာစစ်သား တပ်ခွဲ တစ်ခု အခြေစိုက်သည့် ရိခေါဒါလ် ရွာကို အလွယ်တကူ သိမ်းပိုက်ရရှိခဲ့ပြီး ဟားခါးတိုက်ပွဲတွင် ဟားခါးကို မထိန်းချုပ်နိုင်သဖြင့် ပြန်လည် တပ်ဆုတ်ခဲ့ကြပါသည်။ ပူထွာလ်​ဇင့်​ ဦးဆောင်သည့် စစ်ကြောင်းသည် တဲဒိမ် နဲ့ မွာလ်ဘဲမ် ကြားတွင် ဗမစစ်တပ် နဲ့ ပြင်းထန်စွာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တဲဒိမ် ကို သိမ်းပိုက်ရရှိခဲ့ သော်လည်း တပ်ပြန် ဆုတ်ခဲ့ကြပါသည်။ အထက်ပါ တဲဒိမ် မှ တပ်ပြန် ဆုတ်ခဲ့ခြင်း မှာဖလမ်း ခရိုင် မင်းကြီး ပူ ထောင်းကျင့်ထန် ၏ ကြိုးပမ်း ပါဝင်မှုကြောင့်လည်းဖြစ်ပါသည်။

ထိုသို့  UCG ၏ တော်လှန်ရေးလှုပ်ရှားမှု အရှိန်အဟုန်သည် တရှိန်ထိုး တိုး တက် အောင်မြင်ခဲ့ကြသော်လည်း ၁၉၆၉ ခုနှစ်တွင် အိန္ဒိယ ၀န်ကြီးချုပ် လာလ် ဘဟာဒူလ်ဆာထရီ နဲ့ ဗိုလ် နေ၀င်းတို့ အတူတကွ ရန်ကုန်တွင် တွေ့ ဆုံခဲ့ကြရာ မှ အိန္ဒိယ - ဗမာပြည် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် လက်နက်ကိုင် ပဋ္ဌိပက္ခကျူးလွန် သူ များနဲ့ ကြံစည်အားထုတ်သူ မည်သူမဆိုကို ဖမ်းဆီးပြီး နှစ်နိုင်ငံအစိုးရ အချင်းချင်း ကြားတွင် အပြန်အလှန် လွှဲပြောင်း အပ်နှင်းကြရန် ဆိုသည့် နှစ် နိုင်ငံ နှစ်ဖက် အပြန်အလှန် သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ကြပါသည်။

အဆိုပါ စာချုပ်၏ နောက် ဆက်တွဲ ဂယက်ရိုက်ခတ်မှု အဖြစ် ဇိုမီးတို့ ၏ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှု တော်လှန်ရေးအပေါ် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေခဲ့ သဖြင့် မရှေးမနှောင်းမှာပင် အိန္ဒိယအစိုးရ မှ ဇိုမီး ကာကွယ်ရေး ၀န်ကြီးဖြစ်သော ကာနယ် ဆွန်ခေါပေါင် အပါအ၀င် နိုင်ငံခြားရေးဝန်ကြီး ပူဟရန်နော၊ ပူဒမ်ခေါဟောက်၊ ပူရိုထန်သည်း တို့ နဲ့ အတူ အခြား ရဲဘော် တစ်ချို့ ကို ပြောင်ပြောင်တင်းတင်း ဖမ်းဆီးခဲ့ပြီး ဗမာပြည် စစ် အစိုးရ လက် ထဲသို့ လွှဲပြောင်းပေးခဲ့ကြပါသည်။ ဗမာပြည် စစ်အစိုးရ သည်လည်း ဖော်ပြပါ ဇိုမီး ခေါင်း ဆောင်တို့ ကို ၅ နှစ်စီ ထောင်သွင်းအကျဉ်းချ လိုက်သဖြင့် UCG အစိုးရ ၏ လုပ်ငန်း လည်ပတ်မှု ရပ်တန့် ငြိမ်သက်ခဲ့ရပါသည်။

ပါလီမန် အမတ် ဟောင်းဖြစ်သည့် ပူ ဂျွန်မန်းတိန်း နှင့် ဇိုမီး လူငယ် တစ်ချို့ တို့ သည် ၀န်ကြီးချုပ် ဦးနု ဦးဆောင်သည့် ပါလီမန် ဒီမိုကရေစီ ပါတီ PARLIAMENT DEMOCRACY PARTY (PDP) နဲ့ ချိတ်ဆက် ရန်အတွက် ၃၀ ဒီဇင်ဘာ ၁၉၆၉ ခုနှစ်တွင် ဘန်ကောက် သို့ သွားရောက်ခဲ့ကြ ပါသည်။ သို့ ရာတွင်လည်း ဘန်ကောက် ရောက်သည့်အခါ ပူဝီလီယံ ဆလျန်ဇမ်၊ ပူမိုက်ကယ် မန်ခမ် နှင့် ပူ ဂျွန်မန်းတိန်းတို့ ဦးဆောင် သည့် ဇိုမီးတို့ သည် ချင်းဒီမိုကရေစီပါတီ CHIN DEMOCRACY PARTY (CDP)ထူထောင်ရေး ကိုသာ သဘောတူနှစ်ခြိက်ခဲ့ကြပါ သည်။

၂၀ ဖေဖော်ဝါရီ ၁၉၇၀ ရက်နေ့ တွင် ဘန်ကောက်မြို့တွင်ပင် CDP နှင့် ပူဂျင်မီ ဦးဆောင်သည့် ဇိုမီးချင်း လွတ်မြောက်ရေး တပ်ဦး ZOMI CHIN LIBERATION FRONT (ZCLF)တို့ အကြား တွေ့ ဆုံ ဆွေးနွေးကြရာမှ တစ်သံတည်းထွက်ရန် လိုလားဆန္ဒရှိကြသဖြင့် ညီညွတ်သော ဇိုမီး ဒီမိုကရေစီ ပါတီ UNITED ZOMI DEMOCRACY PARTY (UZDP) ကို တည်ထောင်၍ အလံတော် တစ်ခု တည်း အောက်တွင် အတူတကွ ရပ်တည်ခဲ့ ကြပါသည်။ သို့ သော်လည်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ တွင် UZDP ဥက္ကဌ ပူ ဂျင်မီ သည် ယင်း၏ ရာထူး တာဝန် မှ ပြန်လည် နူတ်ထွက်ပြန်သဖြင့် ယခင် CDC အင်အားစုများ မှ ချင်းဒီမိုကရေစီ ပါတီ CHIN DEMOCRACY PARTY (CDP)အမည် သို့ ပြန်ပြောင်းခဲ့ကြပါသည်။ ၂၄ သြဂုတ် ၁၉၇၂ ခုနှစ်တွင် CDC ၏ လက်နက်ကိုင် တပ်မတော် အဖြစ် ချင်းပြည် လွတ်လပ်ရေး တပ်မတော် CHIN INDEPENDENT ARMY (CIA) ကို ဖွဲ့ စည်းတည်ထောင် ခဲ့ကြပါသည်။

သို့ ရာတွင်လည်း ၂၉ ဇန်န၀ါ၇ီ ၁၉၇၃ ရက်နေ့ တွင် ပါလီမန်ဒီမိုကရေစီ ပါတီ PDP ဥက္ကဌ ဦးနု ရာထူးမှ ရုတ်တရက် နုတ်ထွက်ခဲ့သဖြင့် အဆိုပါဖြစ်ရပ် ကြောင့် CDC အင်အားစုများ အတွင်း စိတ်ဓါတ်ကျဆင်းမှု များစွာဖြစ်ပေါ်စေခဲ့ ပါသည်။ CIA တပ်သားအတွင်းမှာ တောင် မှ အင်အား ၁၅၀ မှ အင်အား ၁၀၀ အထိ ကျဆင်းခဲ့ရသဖြင့် ချိနဲ့ ခဲ့ကြရပါသည်။ ၁၈ ဖေဖော်ဝါရီ ၁၉၇၆ ရက်နေ့ တွင် PDP ပါတီ အဖွဲ့ အစည်းကိုပါ ဖျက်သိမ်းခဲ့ကြရသည်အထိ ဖြစ်ပွားခဲ့ပါသည်။ ၁၄ ဇန်န၀ါရီ ၁၉၇၆ ရက်နေ့ တွင် CDP နဲ့ CIA တို့ သည် CIA တပ်မတော် ကို ဇိုဂမ် သို့ ပြည်တော်သိမ်းရေး စီစဉ်ခဲ့ကြရာတွင် စီမံချက် အတွက် အောက်ပါအတိုင်း ဆုံးဖြတ် ချက် ချခဲ့ကြပါသည်။

၁) ချင်းပြည် လွတ်လပ်ရေး တပ်မတော် CHIN INDEPENDENT ARMY (CIA) ကို ချင်းအမျိုးသားတပ်မတော် CHIN NATIONAL ARMY (CNA) အဖြစ် ပြောင်းလဲ ခေါ်ဆိုရန်

၂) ဇိုဂမ် ၀င်ရောက်ရေး အတွက် ကချင်လွတ်လပ်ရေး အဖွဲ့  KACHIN INDEPENDENT ORGANISATION (KIO)ထံ သို့ စရိတ်ထောက်ပံ့မှု အကူအညီ တောင်းခံရန်

၃) ဇိုဂမ် သို့ င်္ချီတက်ရာတွင် တာဝန်ထမ်းဆောင်သူများကို ရာထူး အဆင့် သုံးဆင့် ခုန်တက် တိုးပေးရန်

၎) ဇိုဂမ် သို့ ရောက်ရှိသည့် အခါ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ARAKAN LIBERATION PARTY ခေါင်းဆောင် ဖြစ်သူ ဥက္ကဌကြီး ခိုင်မိုးလင်း ထံမှ ရိက္ခာဆေးဝါး ထောက်ပံ့မှု ခံယူရန်

အထက်ပါ ဆုံးဖြတ်ချက်တို့ ကို အခြေခံပြီး ၁၉၇၉ ဒီဇင်ဘာလ အတွင်း ပူဝီလီယံ ဆလျန်ဇမ်း ဦးဆောင်သည့် CNA စစ်သား အင်အား ၁၂၀ သည် အခြေစိုက်ရာ မာနယ်ပုလော မှ ထွက်ခွာလာခဲ့ပြီး ရှမ်းပြည် နဲ့ ကချင်ပြည် ကို ဖြတ်သန်း၍ ၁၉၇၇ ခုနှစ် မိုးဦးကာလ မိုးထဲလေထဲတွင် ဇိုဂမ် အရောက် ပြည်တော် ၀င်ခဲ့ကြပါသည်။ ထိုအချိန်တွင် ဇိုဂမ် အတွင်း ရာသီဥတု ဆိုးရွားလှ သဖြင့် ရာသီဥတုဒဏ်ကို ပြင်းထန်စွာ ခံခဲ့ကြခြင်းကြောင့် မခံနိုင်လောက် အောင် ဖျားနာကုန်ကြသဖြင့် အတိဒုက္ခရောက်ကုန်ကြပါသည်။ တဲဒိမ် မြို့နယ် ဖိုနွမ် ရွာ သို့ အရောက်တွင် ထုတ်လိုင်ရွာသို့ စားနပ်ရိက္ခာသွားရောက် စုဆောင်း ကြသူများမှ တစ်ဆင့် ဗမာအစိုးရ တာဝန်ရှိသူများထံ သို့ CNA သတင်းပေါက် ကြား သွားခဲ့ပါသည်။

ထို့ ကြောင့်ဗမာ စစ်သားများ မရှေးမနှောင်း တွင် ရောက်ရှိ လာခဲ့ကြသဖြင့် ဖိုနွမ်ရွာ နဲ့ ဆိုင်းဇန်ရွာ အကြားတွင် တိုက်ပွဲများ အဆက်မပြတ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ ဆိုးရွားလှသည့် ရာသီဥတုဒဏ်၊ တပ်ရိက္ခာချို့ တဲ့မှုဒဏ် နှင့် ဆေးဝါးရှားပါးပြတ်တောက်မှု ဒဏ် တို့ ကြောင့် ဇိုမီးစစ်သား များသည် ရည်ရှည်တွင် တိုက်ပွဲ မဆင်နွှဲနိုင်ကြတော့ သဖြင့် ဗန်းတဲ ကျေးရွာတွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် (မဆလ) ပါတီ (Burma Socialist Programme Party) တာဝန်ရှိသူများထံ သို့  အင်အား၂၀ လက်နက်ချခဲ့ကြသော်လည်း ဗမာ စစ်အရာရှိ ဗိုလ်လှသွင် အမိန့် ဖြင့် လမ်းမ အလယ်ခေါင်တွင် တန်းစီစေလျက် ဗိုလ်မောင်အေး မှ သွေးအေးစွာဖြင့် ရက်ရက်စက်စက် တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်ခဲ့ ပါသည်။ နောက်ထပ် လက်နက်ချ ခဲ့ကြသူ အင်အား ၄၀ ကိုလည်း ဗမာစစ်တပ် မှ ထိုနည်းအတိုင်းပင် တစ်ယောက်မှ အရှင်မထားပဲ သွေးအေးအေးဖြင့် အကုန် ပစ်သတ်ခဲ့ကြ ပါသည်။ တခြား အင်အား ၄၆ ဦးကို ကလေးမြို့ ထောင် သို့ အကျဉ်းချ ခဲ့ကြရာတွင် ၄ ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများပါရှိခဲ့ ကြပါသည်။ ဤသို့ ဖြင့် CNA တပ်မတော် ရှေ့ ဆက်မတက်နိုင်ပဲ တော်လှန်ရေးနိတိသံ ခဲ့ရပါသည်။

မီဇိုအမျိုးသားတပ်ဦး

MIZO NATIONAL FRONT (MNF) ထပ်မံ ပေါ်ပေါက်ဖွဲ့ စည်း တည်ထောင် ခဲ့ကြရာတွင် ဥက္ကဌ ပူ လာလ်ဒင်အာ ခေါင်းဆောင်မှု ဖြင့် ဗမာပြည်၊ အိန္ဒိယနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် ဆိုသည့် ၃ နိုင်ငံအတွင်း ဇို အမျိုးသားတို့ ၏ မွေးရာပါ ပိုင်နက်နယ်မြေတို့ ကို ပေါင်းစည်းရန် နှင့် လွတ်လပ်ရေး ကို အန္တိမဦးတည်ပြီး တဖန် ပေါ်ပေါက် တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ၁၉၆၃ ခုနှစ် ဒီဇင်ဘာလအတွင်း လာလ်ဒင်အာ၊ လာလ်နွန်းမွေးအာ နှင့် ဆိုင်ငတ်အာ တို့  အရှေ့ ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) သို့ သွားရောက်ပြီး မြေအောက် မီဇို အစိုးရ အဖွဲ့ UNDERGROUND MIZO GOVERNMENT (UMG)ကို လျို့ ဝှက်စွာ ဖွဲ့ စည်း တည်ထောင်ခဲ့ကြပါသည်။

၁ မတ် ၁၉၆၆ ရက်နေ့ တွင် MNF သည် လွတ်လပ်ရေး ကြေငြာခဲ့ပြီး အိန္ဒိယ အစိုးရ နှင့် စတင် စစ်ပွဲဖြစ် တိုက်ပွဲဆင်နွှဲခဲ့ကြရာ မှ အိန္ဒိယနိုင်ငံအတွင်း ရပ်တည်ရန် ခက်ခဲလာသဖြင့် အရှေ့ ပါကစ္စတန် သို့ တိမ်းရှောင်ခဲ့ကြရပါသည်။ ၁၉၇၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သဖြင့် အရှေ့ ပါကစ္စတန် အတွင်း နေထိုင်ခွင့် မရရှိတော့သည့်အခါတွင် အိန္ဒိယနိုင်ငံ နဲ့ ရခိုင်ပြည် နယ်စပ် သို့ ဦးတည် ဆုတ်ခွာခဲ့ကြရ ပြန်ပါသည်။ MNF သြဇာ အတွင်း သွားရောက် ခိုလှုံသည့် ဇိုမီး လွတ်မြောက်ရေး တပ်ဦး ZOMI LIBERATION FRONT (ZLF) ကိုလည်း ဥက္ကဌ ပူတျာလ်ခါလ်၊ ဒုဥက္ကဌ ပူ ထောမ်းလွိုင်၊ နိုင်ငံခြားရေးဝန်ကြီး ပူထောင်းဆိုင် တို့  ဦးဆောင်ခဲ့ ကြပါသည်။

၁၉၇၂ ခုနှစ် တွင် MNF နှင့် ZLF နှစ်ဖက် သဘောတူညီမှု ဖြင့် ပူ လာလ်နွန်မွေးအာ ကို အိန္ဒိယအစိုးရ နှင့် နိုင်ငံရေးဆွေးနွေးရန် တာဝန်ပေးအပ်ခဲ့ကြပြီး ပူတျာလ်ခါလ် နှင့် ပူ စွေးလိန် တို့ သည် ပူ ဘရန်ဆိုင်း (ဘဏ္ဍာရေးမှုး၊ ကချင်လွတ်လပ်ရေးအဖွဲ့ Finance Secretary, KACHIN INDEPENDENT ORGANISATION (KIO)) ကို မဟာမိတ်ဆက်ဆံရေး အရ ချဉ်းကပ်ရန် ထွက်ခွာခဲ့ ကြပါသည်။ အချိန်အတော် ကြာပြီးနောက်တွင် KIO တို့ ၏ မေတ္တာစေတနာ ဖြင့် ၀ိုင်းရံပံ့ပိုးမှု ကို အပြည့်အ၀ လက်ခံရရှိခဲ့ ကြရာမှ ပြန်လာခဲ့ကြရ သော်လည်း ZLF ၏ အတွင်း ရေး အချို့ ကြောင့် ရှေ့  ဆက်မတက်နိုင်အောင် ဖြစ်နေကြခဲ့ကြပါသည်။ MNF သည် နှစ်ပေါင်း ၂၀ ကြာ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်စစ်ပွဲ ဆင်နွှဲ လာခဲ့ ရာမှ ၁၉၈၆ ခုနှစ်တွင် အိန္ဒိယ ဗဟို အစိုးရ နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ ပြီး မီဇိုရမ် ကို ပြည်နယ်အဖြစ် တရားဝင် သတ်မှတ်နိုင်ခဲ့ကြပြီး လက်နက်ဖြူတ် သိမ်းခဲ့ကြပါသည်။

ချင်း အမျိုးသားတပ်ဦး

CHIN NATIONAL FRONT (CNF) ဆက်လက် ပေါ်ထွက် လာခဲ့ပြီး ပူ ထျာလ်ခါလ် ခေါင်းဆောင်မှုဖြင့် ZOMI LIBERATION FRONT (ZLF) ခေါင်းဆောင် ဟောင်း များသည် ၁၅ မတ် ၁၉၈၈ ရက်နေ့ တွင် ချာတလန် အရပ်၊ အိုင်ဇော မြို့တော် တွင် တွေ့ ဆုံစည်းဝေးမှု တစ်ရပ် ကျင်းပခဲ့ကြပြန် ပြီး အဖွဲ့ အစည်း အမည် ကို ချင်း အမျိုးသားတပ်ဦး CHIN NATIONAL FRONT (CNF) အဖြစ် ပြောင်းလဲခေါ်ဆိုရန် စီစဉ်ခဲ့ကြ ပြန် ပါသည်။ ပူထျာလ်ခါလ် သည်ပင် ဥက္ကဌ အဖြစ် ဆက်လက် တာဝန်ယူခဲ့ပြန် ပြီး အထွေထွေအတွင်းရေးမှုးအဖြစ် ပူ မာန်ခူမ် ၊ ဘဏ္ဍာရေးမှုးအဖြစ် ပူ လျန်နိုးထန် ၊ ရုံးအဖွဲ့ မှုး အဖြစ် ပူရိုငါ နှင့် စည်းရုံးရေးမှုး အဖြစ် ပူ မန်အုပ် တို့ ကို ခန့် အပ် တာဝန်ပေးခဲ့ ကြပါသည်။

၁၉၈၈ ခုနှစ် မတ်လ နှင့်သြဂုတ်လ အတွင်း ဗမာပြည် ဒီမိုကရေစီ အရေးတော်ပုံ ကြောင့် ပြည်တွင်းတွင် နေထိုင်ရန် အခက်အခဲ ကြုံတွေ့ နေကြသည့် ဇိုမီး လူငယ် များစွာတို့ သည် တိုင်းပြည်အတွင်း မှ အိန္ဒိယနိုင်ငံ သို့ ထွက်ခွာလာခဲ့ကြ ရာတွင် အိန္ဒိယအစိုးရ မှ ဆိုင်ဟ နှင့် ချန်ဖိုင်းတို့ တွင် ဒုက္ခသည်စခန်း ၂ခု ဖွင့်လှစ် ပေးခဲ့ပါသည်။ ဖော်ပြပါ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြသည့် လူငယ် များသည် ဘားမား ဒီမိုကရေစီ တပ်ဦး (အနောက်ဘက်ဒေသ) BURMA DEMOCRACY FRONT (WESTERN) ကို ဖွဲ့ စည်း တည် ထောင်ခဲ့ကြပါ သော်လည်း မကြာခင်မှာပင် CNF ခေါင်းဆောင်များ နဲ့ ညိုနှိုင်း ဆွေးနွေးခဲ့ကြရာမှ BDF ကို ချက်ချင်း ဖျက်သိမ်းပြီး ၁၉၈၉ခုနှစ် ဇန်န၀ါရီလ တွင် CNF အလံတော်အောက်သို့ အလုံးစုံခြေစုံပစ် ၀င်ရောက်ခဲ့ ကြပါသည်။

၁၉၈၈ ခုနှစ် နိုဝင်ဘာလအတွင်းတွင် ကျင်းပသည့် CNF အစည်းအဝေး မှ ပူနိုထန်ကပ် ခေါ် ဂျွန်ခေါ်ကိမ်းထန် ကို ထိုင်းနယ်စပ် တွင် အခြေစိုက် သည့် ကရင် အမျိုးသားအစည်းအရုံး ဌါနချုပ် မာနယ်ပုလော တွင် ဖွဲ့ စည်း ထား ရှိ သော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NATIONAL DEMOCRATIC FRONT (NDF) နှင့် ချိတ်ဆက် ရန်အတွက် စေလွတ် တာဝန် ပေးခဲ့ ပါသည်။ KNU ဌါနချုပ် မှ ပြန်လည် ရောက်ရှိလာသည့်အခါ ပူနိုထန်ကပ် သည် ပူ ထျာလ်ခါလ် ထံမှ CNF ဥက္ကဌ တာဝန် ကို လွဲအပ်ပေးရန် တောင်းဆိုလာခဲ့ သဖြင့် ပူထျာလ်ခါလ် ကလည်း လွှဲပြောင်းပေးခဲ့ရာ ပူနိုထန်ကပ် သည် CNF ဥက္ကဌ တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့ရပါသည်။

CNF ရဲဘော်များ အခြေခံ စစ်သင်တန်း တက်ရောက် သင်ကြားရန်အတွက် ၁၉၈၉ ခုနှစ် မတ်လ တွင် တစ်ချို့ သည် KIO အခြေစိုက်ရာ ကချင်ပြည်သို့ ထွက်ခွာခဲ့ကြပြီး တစ်ချို့ သည် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ တွင် ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ခွာခဲ့ကြပါသည်။ ထို မှတစ်ဆင့် တိုင်းပြည် နှင့် လူမျိုး လွတ်မြောက်ရေးအတွက် လက်ရုံးတစ်လက် ဖြစ်လာသည့် ချင်းအမျိုးသား တပ်မတော် CHIN NATIONAL ARMY (CNA) ထွက် ပေါ်လာခဲ့င်္ပြီး ယင်းတို့ ကို ယနေ့ တိုင်အောင် ကျောင်းသားတပ်မတော် အဖြစ် ခေါ်ဆိုသူများလည်း ရှိနေပါသည်။

၁၉၈၉ ခုနှစ် အောက်တိုဘာလ တွင် CNF အတွင်း ပူနိုထန်ကပ် အုပ်စု နှင့် ပူထျာလ်ခါလ် အုပ်စု ဆိုပြီး အားပြိုင်မှုများ ဖြစ်ပေါ်နေခဲ့ရာတွင် ပူ ထျာလ် ခါလ် တို့ အုပ်စု ခွဲထွက်ခဲ့ရာ မှ အဖွဲ့ အစည်း အမည် မျိုးမျိုးဖြင့် လှုပ်ရှားခဲ့ကြ သည့် အထဲတွင် အသိအမှတ်ပြူလောက်သည်မှာ ချင်းလွတ်မြောက်ရေး ကောင်စီ CHIN LIBERATION COUNCIL (CLC)ဖြစ်ပြီး ကာလ အတန်ကြာအောင် ရပ်တည် လှုပ်ရှားနိုင်ခဲ့ကြပါသည်။ နောက် ပိုင်း တွင် CLC ဥက္ကဌ နေရာ မှ ပူ ထျာလ်ခါလ် နူတ်ထွက်ခဲ့ ပြန်သဖြင့် ပူ ရိုဇ ထန် မှ ဥက္ကဌ တာဝန် ကို ဆက်လက် ထမ်းဆောင်ခဲ့ပါသည်။

၉ ဒီဇင်ဘာ ၁၉၉၁ ရက်နေ့ တွင် CNF ဥက္ကဌ ပူ နိုထန်ကပ် ကို မလိုလားကြ သဖြင့် CNF အတွင်း မှ ဖယ်ရှားခဲ့ကြပြီး ပူ ရိုဂျာ အက်ဖ် ဗျတ်လျန်ထန် ကို ခန့် အပ် တာဝန်ပေးခဲ့ကြသဖြင့် CNF ဥက္ကဌ တာဝန် ကို ဆက်လက် ထမ်းဆောင် ခဲ့ပါသည်။ ၂၂ ဖေဖော်ဝါရီ ၁၉၉၅ ခုနှစ် တွင် ဥက္ကဌ ပူ ရိုဂျာ အက်ဖ် ဗျတ်လျန် ထန် သည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် CNF ဥက္ကဌ ရာထူးမှ နူတ်ထွက် ခဲ့ပြန်သဖြင့် ထို နေ့ မှစတင်၍ ယနေ့ အထိ CNF ဥက္ကဌ ရာထူးနေရာ ကို ပူ သောမတ် ထန်နိုး မှ တာဝန်ယူ ထမ်းဆောင်ခဲ့ပါသည်။ ၉ - ၁၆ ဇွန် ၁၉၉၇ နေ့ ရက် အတွင်း ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားတပ်ဦး ညီလာခံ ကို ကျင်းပခဲ့ရာ မှ CNF ခေါင်းဆောင်များ အဖြစ် အောက်ပါ ပုဂ္ဂိုလ်တို့ ကို ရွေးချယ် တာဝန်ပေးခန့် အပ်ခဲ့ကြပါသည်။

ဥက္ကဌ ။ ။ သောမတ် ထန်နိုး
ဒုဥက္ကဌ ။ ။ ဇင်ကျုံး
အထွေထွေ အတွင်းရေးမှုး ။ ။ ဘင်ဂျမင်သူရိန်
တွဲဖက်အထွေထွေ အတွင်းရေးမှုး ။ ။ ခွါအုပ်လျန်
အဖွဲ့ ဝင် ။ ။
ဒေါက်တာ ရွှေခါရ်း
ကပ္ပတိန် ထန်ဇင့်
ကပ္ပတိန် သက်ကြီး
ဗိုလ် ရာလ်နင်း
ဗိုလ် ပေါလ်စမစ်
ဗိုလ် မာလ်ဆောမ်လျန်.
ဗိုလ် ဆောလမွန်
ဗိုလ် ဆန်နီ ငွန်အော
ဗိုလ် ကမ်ဒိုဒါလ်
ဗိုလ် အုပ်လျန် ထန် နှင့်
ဆလိုင်း ချန်မှုန်း တို့ ဖြစ်ကြပါသည်။

ဇိုမီး ပြန်လည် သွေးစည်းညီညွတ်ရေးအဖွဲ့ 
ZOMI RE-UNIFICATION ORGANISATION (ZRO)

ဇို မီးနွယ်စုများ အားလုံး ပြန်လည် ပေါင်းစည်း ရေး နှင့် လွတ်မြောက်မှု ရယူနိုင်ရေးအတွက် ၉ ဧပြီ ၁၉၉၃ ရက်နေ့ တွင် ကချင်ပြည် ဖုပျန် ရွာ တွင် အဖွဲ့ အစည်း တစ်ရပ် ပေါ်ထွက်လာခဲ့ပြီး ယင်း သည် ဇိုမီး ပြန်လည် သွေးစည်းညီ ညွတ်ရေး အဖွဲ့  ဖြစ်၍ အာသံပြည်နယ် ကာဘိ အန်လုံ ဒေသ မှ ပြည်နယ် လွတ် တော် ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ခဲ့ဖူး သည့် ပူ ခိုင်ဇဆုန် ဂွီးသဲ ခေါ် ကေ ဂွီးသဲ မှ ဥက္ကဌ တာဝန်ယူ ခေါင်းဆောင်ခဲ့ပါသည်။

၁၉၉၇ ခုနှစ် ဇူလိုင်လ တွင် ရန်ကုန် မြို့ရှိ တက္ကသိုလ်အသီးသီး မှ ဇိုမီးလူငယ်တို့ သည် တိုင်းပြည် နှင့် လူမျိုး လွတ်မြောက်ရေး အတွက် အသက် နှင့်ခန္ဒ်ာကိုယ်ကို ပေးအပ်ရန် အထိ ခိုင်မာသည့် ခံယူချက်ဖြင့် ရန်ကုန် ဇိုမီး ကျောင်းသား အယောက် ၂၀ ကျော် သည် ဇိုဟေဆါး ယူနစ် "ZOHEISA UNIT" ဆိုသည့် သွေးသောက် အဖွဲ့ ကို ဖွဲ့ စည်း ကတိ သစ္စာပြုကြပြီး ZRO နှင့် ချိတ်ဆက် လက်တွဲ တိုက်ပွဲဝင်ကြရန် သဘောတူညီချက် ရရှိပြီး နောက်တွင် ရန်ကုန် မြို့တော် မှ ကျောင်းသား ၁၂ ဦး၊ တဲဒိမ် မြို့မှ ၁၀ ယောက် ကျော်တို့ သည် ချုလာချန်ပူ ဘက်ကို ဦးတည် ထွက်ခွာ လာခဲ့ကြ ရာ မှ ZRO အတွင်းသို့ ခြေစုံပစ် ၀င်ရောက်ခဲ့ ကြပြီး ပေးအပ်သည့် တာဝန်ဝတ္တရား အသီးသီး ကို ယနေ့ တိုင် ထမ်းဆောင်လျက် ရှိကြ ပါ သည်။

ဥက္ကဌ ပူ ခိုင်ဇဆုန် ဂွီးသဲ နောက်ပိုင်းတွင် ဗမာပြည် မှ ရောက်လာသည့် စစ် အရာရှိ ဒုတိယ ဗိုလ်မှုးကြီး ဟန်ခေါလျန် (ကပ္ပတိန် မန်တုန်းနုန်း၏သား) သည် ZRO ဥက္ကဌ နေရာ ခေတ္တတာဝန်ယူ ထမ်းဆောင် ခဲ့ရတာ မှ လွဲ ၍ ၁၉၉၇ ခုနှစ် တွင် မဏိပူရ်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ဇိုမီး နဲ့ ကူကီး အဓိကရုဏ်း ကာလ မှ စပြီး ZRO အထွေထွေ အတွင်းရေးမှုး ဖြစ်သူ ပူ ထန်လျန်းပေါင် (၁၉၉၀ခုနှစ် တွန်းဇံမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်) ကို အရေးပေါ်အခြေအနေ တွင် ZRO ဥက္ကဌ တာဝန်ကို ထမ်းဆောင်စေခဲ့ကြရာမှ ယနေ့  အထိ တိုင်အောင် တစ်စိုက်မတ်မတ် တာဝန်ယူ ခေါင်းဆောင် နေပါသည်။ လက်ရှိကာလ ZRO ကက်ဘီနက် ခေါင်းဆောင်တို့ မှာ

ဥက္ကဌ ။ ။ ။ ပူ ထန်လျန်ပေါင် (MP, ZNC)
ဒုဥက္ကဌ ။ ။ ဟန် ရှင်းထန်
အထွေထွေ အတွင်းရေးမှုးချုပ် ။ ။ ဒီ ကမ်ဆွင်းထန်
ဘဏ္ဍာရေး အတွင်းဝန် ။ ။ ကဲနက်မွန်းအာ
ကာကွယ်ရေးအတွင်းဝန် ။ ။ ဒီ ကမ် ဆွင်းထန်
ပြည်ထဲရေးအတွင်းဝန် ။ ။ ။ အယ်လ် ကမ် ဇ ထန်
ပြင်ပဆက်ဆံရေး အတွင်းဝန် ။ ။ ထန် ဆွင်းမာန်
ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး အတွင်းဝန်။ ။ ဂင့်ပျန်ခုပ်
စာရင်းကိုင်ချုပ် ။ ။ ။ အက်စ်ဘီ ၀ုမ်လျန်ထန်
အကြံပေး ။ ။ ။ ပူ ခိုင်ဇဆုန် ဂွီးသဲ စသည်တို့ ဖြစ်ပါသည်။

ဇို ပြန်လည် ပေါင်းစည်းရေး အဖွဲ့ ချုပ်
ZO RE-UNIFICATION ORGANISATION (ZORO)

ဇို မျိုးနွယ်စုများ အားလုံး ပြန်လည်ပေါင်းစည်းရေး၊ လွတ်လပ်ရေး လိုလားချက် ဖြင့် ၁၉ - ၂၁ မေ ၁၉၈၈ ရက်နေ့ များတွင် ချန်ဖိုင်မြို့တွင် ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ဇိုမီး ပြန်လည်ပေါင်းစည်းရေးကွန်ဗင်းရှင်း FIRST WORLD ZOMI CONVENTION ON RE-UNIFICATION ကို ကျင်းပနိုင်ခဲ့ကြ ပြီး ဗမာပြည် ၊ မဏိပူရ်၊ မီဇိုရမ် နှင့် နေရာဒေသ အသီးသီး မှ လူထုပရိသတ် ထောင် ပေါင်းများစွာ တက်ရောက်ပါဝင် ဆင်နွှဲခဲ့ကြပါသည်။ ဒီ ကွန်ဗင်းရှင်း မှ တစ်ဆင့် ဇို မျိုးနွယ်စု အားလုံး ပူးပေါင်း ပါဝင်နိုင်မည့် ဇိုမျိုး ပြန်လည်ပေါင်း စည်း ရေး အဖွဲ့ ချုပ် ZO RE-UNIFICATION ORGANISATION (ZORO) ပေါ်ထွက်လာခဲ့ ပါသည်။

အထက်ပါ ကွန်ဗင်းရှင်း နှင့် အဖွဲ့ ချုပ် ကို ဖွဲ့ စည်းသူ များနှင့် တာဝန်ရှိသူများသည် ၂၁ ဇန်န၀ါရီလ ၁၉၇၂ ခုနှစ် တွင် ဒိုင်ဇန် ရွာ မဏိပူရ် ပြည်နယ် တွင် ဖွဲ့ စည်းတည်ထောင်ခဲ့သည့် ပူဂိုဂင့် နှင့် ပူ အက်စ် ထန်ခန့် ဂင့် ငိုက်သဲ တို့ ဦးဆောင်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ပါတီ ZOMI NATIONAL CONGRESS (ZNC) နှင့် မီဇိုရမ် မှာရှိသည့် အထူးသဖြင့် ပူ ဘရိုင်ဂီးဒီးယား ထင်ဖုန်းအာဆိုင်လို ခေါင်း ဆောင်သည့် ပြည်သူ့ ကွန်ဖရင့် PEOPLE'S CONFERENCE (PC) ပါတီ တို့ ဖြစ်ကြပါသည်။

၁၉၉၁ ခုနှစ် မှ စပြီး ZORO ကို နိုင်ငံရေးပါတီများ နဲ့ ဆက်စပ်မှု မရှိရန် ခံယူ ခဲ့ကြသဖြင့် ထိုအချိန် မှ စပြီး လူမှုအခြေပြူအဖွဲ့ အစည်းအဖြစ် ကမ္ဘာ့ နိုင်ငံ အရပ်ရပ် အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ထံ သို့ အထိ ဇို မျိုး နွယ်စု များအားလုံး ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် တောင်းဆိုချက် စာချွန်လွှာ များကို ပေးပို့ အရေးဆိုနေခဲ့ကြပါသည်။ ၁၉၉၉ ခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် ဂျီနီဗာ သို့  ကုလသမဂ္ဂအစီအစဉ် ဖြစ်သည့် ဌါနေတိုင်းရင်းသား အစည်း အဝေးသို့ ပါဝင် တက်ရောက်နိုင်ခဲ့ကြပြီး ZORO အမည် ဖြင့် ပင် ‘ဗြိတိသျှတို့  သွေးခွဲ ၍ တစ်ပိုင်းစီ ခွဲထုတ်အုပ်ချုပ်ခြင်းခံရသည့် ဇိုမျိုးနွယ်စု တို့ ကို အချုပ် အခြာ အာဏာပိုင် အစိုးရ တစ်ရပ် လက်အောက် သို့ ပြန်လည်ပေါင်းစည်းကြ ‘ ဆိုသည့်ခေါင်းစဉ် ဖြင့် မိန့် ခွန်းပြောဆိုခွင့် အချိန်ရရှိခဲ့ကြပါသည်။

ထို မှ တစ်ဆင့် ဖော်ပြပါ ဌါနေ တိုင်းရင်းသားအရေး ဆိုင်ရာ အစည်းအဝေး အသီးသီး သို့  မိန့် ခွန်းပြောဆိုရန် အတွက် ကုလသမဂ္ဂရှိ ဌါနေတိုင်းရင်းသားဆိုင်ရာ အလုပ်အဖွဲ့  ၏ မကြာခဏ ဖိတ်ခေါ်ခြင်း ခံရသဖြင့် ဒီနှစ် ဇူလိုင် - သြဂုတ် လ များ အတွင်း တွင်လည်း ဂျီနီဗာရှိ ယူအင် မှ ဦးဆောင် ကျင်းပသည့် အစည်း အဝေး များသို့ တက်ရောက်ခဲ့ကြပါသည်။ ထို့ အပြင် အာရှအဆင့် ကော်မတီ အသီးသီး တွင်လည်း ပါဝင်နေခဲ့ခြင်း ဖြစ်ရာ ခတ္တမန္ဒူ (နိပေါ)၊ ဆိုလ်း (တောင်ကိုးရီးယား) နှင့် ကမ္ဘာ့ အဆင့် အဖြစ် ဒါဗင် (တောင်အာဖရိက) စသည်တို့ တွင် လည်း မကြာမဏ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ လက်ရှိတွင် ZORO ၏ ဥက္ကဌ အဖြစ် ပူအာလ် ထန်မွေးအာ နှင့် အထွေထွေ အတွင်းရေးမှုး အဖြစ် ပူ ရို ဇ ထန်သဲ တို့ ဦးဆောင်မှုဖြင့် လှုပ်ရှားနေလျက်ရှိရာ အိုက်ဇော မြို့တော် တွင် ဌါန ချုပ် ဖွင့်လှစ်ထားရှိပါသည်။

ပြီးခဲ့သည့် အတိတ်ကာလ နှင့် မျက်မှောက်ပစ္စုပ္ပန်ကာလအတွင်း ဇိုမီးအမျိုးသားထု ရှင်သန် တည်တံ့ ခိုင်မြဲရေး အတွက် ဘိုးဘွား မိဘ အဆက်ဆက်တို့ ၏ အနစ်နာခံ ပေးဆပ် ထမ်းရွက်ခဲ့သည့် တာဝန်ဝတ္တရားများအပေါ် မျိုးဆက်သစ် လူငယ် ဇိုမီး တို့ အနေဖြင့် သင်ခန်းစာယူ အောက်မေ့သတိရစေနိုင်ရေး အတွက် စေတနာ မေတ္တာပြင်းပြစွာဖြင့် လိုလား သည့် နည်းတူ ဖော်ပြပါ အကြောင်းအရာ များကို မိမိတို့ စာပေ ဘာသာစကားဖြင့် မှတ်တမ်းတင်နိုင်ရေး ဆန္ဒကြီးမားစွာဖြင့် ' ဇိုမီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု တော်လှန်ရေး သမိုင်း ' အတိုချုပ် ကို ကြိုးစား ပမ်းစားရှာဖွေ စုဆောင်းခဲ့ရခြင်း ဖြစ်ပါသည်။ မိမိတို့ စာပေ ဘာသာစကား ကို ချစ်ခင်မြတ်နိုးစွာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မြင့်တင်ခြင်း မလုပ်ခဲ့ ပါ က နောင် တစ်ချိန် တွင် မိမိမွေးရာပါ ပိုင်နက်နယ်မြေကို ဆက်လက် ပိုင်ဆိုင် နိုင် ခဲ့ရင်တောင်မှ စာပေ နှင့် ဘာသာစကား ပျောက်ကွယ်သွားနိုင်ပါသည်။

ခေတ်ကို အမှီလိုက်နိုင်သည့် လူမျိုးဖြစ်ရခြင်း နှင့် လွတ်လပ်သည့် အချုပ်အခြာပိုင် တိုင်း ပြည်ကို ထူထောင် ရခြင်းလောက် ပင်ပန်းခက်ခဲသည့် အလုပ် နဲ့ တန်ဖိုးကြီးသည့် အရာ မရှိပါချေ။ အထက်ဖော်ပြပါ အကြောင်းအရာ များကို သင်ခန်းစာယူပြီး မျိုးဆက်သစ် ဇိုမီးတို့ သည် အမျိုးသားအင်အား ရှင်သန်တိုးတက်မြင့်မားရေးအတွက် ပိုမို ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှု များ ၏ လိုအပ်ချက် အရေးပါအရာရောက်မှုကို အစဉ်အမြဲ အောက်မေ့သတိရနိုင်ကြစေရန် အလို့ ငှာ အကျိုးရှိစွာ အသုံးချ နိုင်ကြပါစေ။

( ဖော်ပြပါ ဇိုမီးအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု တော်လှန်ရေးသမိုင်း ဆောင်းပါး ကို မီဇိုရမ် ပြည်နယ် ချန်ဖန် မြို့တွင် ကျင်းပသည့် အကြိမ် ၅၀ ပြည့် ရွှေရတု ဇိုမီး အမျိုးသားနေ့ အခမ်းအနား တွင် မိမိကိုယ်တိုင် ဖတ်ကြားခဲ့သည့် စာတမ်း ကို ပြန်လည် ဖြည့်စွက် ပြင်ဆင်ပြီး ပေးပို့ လိုက်ခြင်း ဖြစ်ပါသည်။

- J. Thang Lian Pau , editor Zolawkta).

မှတ်ချက် ။ ။
မီဇိုရမ် ပြည်နယ် အိုင်ဇော မြိ့ူ တော်တွင် နေထိုင်သည့် ZOLAWKTA အယ်ဒီတာချုပ် J.Thang Lian Pau မှ ၁၉၉၈ ခုနှစ် တွင် ရေးသားထုတ်ဝေ ခဲ့သည့် ' Zomite Minam Nasepna Taangthu ' ကို ‘ဇိုမီးအမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု တော်လှန်ရေး သမိုင်း’ အဖြစ် မြန်မာ လို ဆီလျော်အောင် တိုက်ရိုက်ဘာသာပြန်ဆို ခဲ့ခြင်းဖြစ်ပါသည်။

By
Kim Tuang @ Pu Moses
၂၁ မတ်လ ၂၀၁၇
နံနက် ၄း၀၀ နာရီ

Website Link : http://www.laibusaal.com/2017/03/blog-post_23.html
Zolai tawh nasim nop leh alink : http://www.laibusaal.com/2013/12/zomite-minam-nasepna-taangthu-1898-1998.html

Addicted To Pain - Alter Bridge ( Myles Kennedy )

Zawzaw Zaw