Tuesday, March 28, 2017

Howa တိုက်ပွဲတွင် မြန်မာ စစ်တပ်မှ ဗိုလ် ၂ ဦးကျ၊ စစ်ကြောင်းမှုး ထိခိုက်


Howa တိုက်ပွဲတွင် မြန်မာ စစ်တပ်မှ ဗိုလ် ၂ ဦးကျ၊ စစ်ကြောင်းမှုး ထိခိုက်

သောကြာနေ့ ရှမ်းမြောက် Mungbaw (မုံဘော်)၊ Howa Bum ရွာဟောင်းမှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃၆ နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်း မြန်မာစစ်တပ်မှ ဗိုလ် ၂ ဦးကျဆုံးပြီး စစ်ကြောင်းမှုး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီး ၃ ရက် အကြာ ယနေ့ တနင်္ဂနွေနေ့မှ ဒဏ်ရာ ရရှိသူ ၂ ဦးကို ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

၎င်း ထိခိုက်သေဆုံးသည့် စစ်သားများသည် Mungbaw (မုံဘော်)၊ Mai Hpang (မိုင်ဖန်) အခြေစိုက် တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၂ မှ ဖြစ်ကြောင်း KIA တပ်မဟာ ၆ မှ အတည်ပြု ပြောပါသည်။
အဆိုပါ စစ်ကြောင်း သည် မတ်လ ၂၄ ရက် သောကြာနေ့ Manping (မန်ပင်း)မှ Howa Bum ရွာဟောင်း ဘက်ကို တက်လာစဉ် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်တပ်ဘက် အထိအခိုက် များပြားခဲ့သဖြင့် ၎င်းတို့ စခန်း ဘက်ကို ပြန်လည် နောက်ဆုတ်သွားသည်။ စနေနေ့ ထပ်မံပြီး သေဆုံး ထိခိုက်သူများကို သယ်ယူရန် တက်လာစဉ် KIA တပ်ရင်း ၃၆ တပ်များနှင့် ၁ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ရည်ရွယ်ချက် မအောင်မြင်ဘဲ ထပ်မံ နောက်ဆုတ်ခဲ့ရသည်။
MNDAA ကိုးကန့် ဒေသမှာ KIA ပါဝင်သော မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance – Burma) နှင့် မြန်မာ စစ်တပ် ကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ မှ စတင်ပြီး နေ့စဉ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပါသည်။

ရှမ်းပြည် အရှေ့ပိုင်း ကိုးကန့် ဒေသ နှင့် သံလွင်မြစ်သာ ခြားသည့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ Munggu (မုံကိုး) ဒေသ ဘက်ကိုလည်း မြန်မာစစ်တပ် ၏ စစ်ရေး လှုပ်ရှားမှု အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲ ပြန်များလာ နိုင်ကြောင်းကို KIA တပ်မဟာ ၆ နှင့် ဒေသခံများ ပြောပါသည်။

NCA လက်မှတ် ထိုးရန် ကချင်လူထု ခေါင်းဆောင်များ ကို ဒေါ် အောင်ဆန်းစုကြည် တိုက်တွန်း


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် က တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် NCA အမြန်ထိုးရန် ကချင်လူထု ခေါင်းဆောင်များကို ယနေ့ တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရသည်။

မနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်လူထု ခေါင်းဆောင်များ မြစ်ကြီးနား Palm Spring Hotel တွေ့ဆုံမှုတွင် ပါဝင်ခဲ့သော Htoi Gender အဖွဲ့မှ ဒေါ် နန်ပူ က ယခုလို ပြန် ပြောပြသည်။

“NCA လက်မှတ် အကုန် အမြန်ထိုးဖို့ လိုလားတယ်။ NLD အစိုးရအနေနဲ့ ကတော့ အရင်အစိုးရ လုပ်ခဲ့တဲ့ NCA နည်းလမ်း မှန်တဲ့အတွက် အဲဒီလမ်းကြောင်းအတိုင်း လိုက်နေတာဖြစ်တယ်ဆိုပြီးပြောတယ်။ ပြီးတော့ လျော့သင့်တဲ့ မာနလျော့ဖို့၊ လွတ်သင့်တဲ့ အပြစ်လွတ်ဖို့ ဒါတွေ ပြောသွားတာပါ”

ကချင်လူထု ခေါင်းဆောင်များမှ လည်း တိုက်ပွဲ ရပ်တန့်ဖို့၊ စစ်ပြေးဒုက္ခသည် အရေး၊ မူးယစ်ဆေးဝါး အရေး စသည်တို့ကို တင်ပြခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုမှာ အစိုးရဘက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့်အတူ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန တာဝန်ရှိများ၊ ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိသူများ ပါဝင်ပြီး ကချင်လူထုဘက်မှ ဘာသာရေးခေါင်းဆောင်များ၊ ကချင် အမျိုးသား အတိုင်ပင်ခံအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ စစ်ပြေးဒုက္ခသည် ကူညီရေးအဖွဲ့၊ လူထု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ စုစုပေါင်း အယောက် ၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဝိုင်းမော် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC စစ်ရှောင်စခန်း နှင့် ခတ်ချို စစ်ရှောင် စခန်း ၂ ကို သွားရောက်ခဲ့ကြောင်း သိရသည်။

ကေအဲန်ဂျီ

တပ်ချုပ်ကြီး ကိုယ်တိုင်က မြန်မာပြည်ရဲ့ နောက်ခံ သမိုင်းကို နားမလည်မှန်း အလွန် သိသာတယ်


တပ်ချုပ်ကြီး ကိုယ်တိုင်က မြန်မာပြည်ရဲ့ နောက်ခံ သမိုင်းကို
နားမလည်မှန်း အလွန် သိသာတယ်
==========

ဟေ .. မင်းအောင်လှိုင်က အချုပ်အခြာ အာဏာကို
ထိပါး လာရင် ပြတ်ပြတ်သားသား ချေမှုန်း ပစ်မယ်
ဆိုတဲ့ စကားဟာ စိန်ခေါ်တဲ့ စကား ဖြစ်သလို
မင်းကိုယ်တိုင်က မြန်မာပြည်ရဲ့ နောက်ခံ သမိုင်းကို
နားမလည်မှန်း အလွန် သိသာတယ် ။

နိုင်ငံရေး စနစ် မညီမှုကနေ ပြည်တွင်းစစ် ဖြစ်ရတာကို မမြင်ပဲ
တိုင်းရင်းသားတွေကို ကျူးကျော်သူတွေလို့ ယူဆတဲ့
မင်းတို့ရဲ့ အယူအဆဟာ မှန်ကန်ပါရဲ့ လား ။ ပြန်စမ်း စစ်ကြည့်ပါ ။

မြန်မာပြည်ကို ကမ္ဘာ မကြေ သီချင်းထဲကလို
တို့ ဘိုးဘွား အမွေအနှစ်မို့ တို့ ကာကွယ် မလေ ။
ဒါ တို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့ မြေလို့ . .ဆိုပြီး
မင်းစိတ်ထဲမှာ ရှိနေတဲ့ အတိုင်းသာ မြင်နေ ရတယ် ။

မင်း သိထားဖို့ ဆိုတာ အင်္ဂလိပ်ကို စစ်ရှူံးပြီး ကတည်းက
မင်းတို့ ဘိုးဘွား ဧကရာဇ် စနစ်က ချုပ်ငြိမ်း သွားပြီ ဆိုတာ
မင်း သိသင့်တယ် ။ အဘိုးမြေလည်း မရှိ ၊
အဘွားမြေလည်း ဆုံးခဲ့ ရပြီ ဆိုပါတော့ ။

ဒီ ဆုံးရှူံး သွားတဲ့ ဘိုးဘွားမြေတွေ အားလုံးကို
ငါတို့ တိုင်းရင်းသားတွေ အားလုံး
လွတ်လပ်ရေးနဲ့ အတူ အတူတကွ ပြန်ရယူ ခဲ့ကြလို့
လွတ်လပ်ရေး ပြန်ရ ခဲ့တာ ဆိုတာကို မင်း နားလည် သင့်တယ် ။

အင်္ဂလိပ်က လွတ်လပ်ရေးကို တောင်ပေါ် မြေပြန့် ခွဲပေးမယ်
ဆိုတာ မင်းတို့ ပြောသလို တိုင်းရင်းသားတွေကို သွေးခွဲ ချင်တယ်
ဆိုရင် ရှင်းရှင်းလေး ပဲ ။
တောင်ပေါ် မြေပြန့် ခွဲပြီး လွတ်လပ်ရေး ပေးလိုက်ရုံပဲ ရှိတယ် ။

ပြီးတော့ .. မင်းတို့ကို မေးရဦးမယ် ။
အင်္ဂလိပ်က သွေးခွဲတယ်ပဲ ထားလိုက်ဦး ။
မင်းတို့က တိုင်းရင်းသားတွေကို
သိပ်ပြီး ချစ်နေလို့လား ပြောစမ်းပါ ။
ဒါဆို မင်းတို့ နေ့တိုင်း အမြောက်တွေ ထု ၊ ဗုံးတွေ ကြဲနေတာဟာ
မင်းတို့ ချစ်ခြင်းကို သက်သေပြနေတာ ပေါ့ .. ဟုတ်လား ။

ဗြိတိသျှ အစိုးရက .. မင်းတို့နဲ့ အတူ တိုင်းရင်းသားတွေ နေရင်
ပိုပြီး ပြသနာကြီးမယ် ဆိုတာ သူတို့ အုပ်ချုပ်ခဲ့ဘူးတဲ့ အတွေ့အကြုံ
အရ သိနေလို့ ပဲ ။

ပြီးတော့ တို့နိုင်ငံရဲ့ သမိုင်းကြောင်းကိုလည်း သူတို့ သိနေတယ် ။
တိုင်းရင်းသားတွေရဲ့ ထီးနန်းတွေ ၊ ဟော်နန်းတွေကိုရော
ဗမာဘုရင် အဆက်ဆက်က အနိုင်ယူ အုပ်ချုပ်ခဲ့တာကိုလည်း
သူတို့ သိနေ ကြတယ် ။

ရှင်းရှင်း ပြောရရင် ဗြိတိသျှက ကမ္ဘာပေါ်မှာ သူတို့ရဲ့
အင်ပါယာ စနစ်ကို စွန့်လွှတ်ချိန် တန်ပြီ ဆိုပြီးတော့
စွန့်လွှတ်ချိန်မှာ ဗမာတွေ လက်ထဲကို တိုင်းရင်းသားတွေကို
သူတို့ ပြန်ထည့် လိုက်တော့မှ ဗမာ အင်ပါယာ ပြန်ဖြစ်လာမှာကို
စိုးရိမ်မိတာလည်း ဖြစ်နိုင်ပါတယ် ။

အခု လက်တွေ့ပဲ ကြည့်လေ ၊ ဘယ်မှာလဲ တိုင်းရင်းသားတွေရဲ့
နယ်မြေ ၊ အုပ်ချုပ်ရေး ၊ ဘာသာ စကား ယဉ်ကျေးမှု
ဘာတွေ ကျန်ခဲ့သလဲ ။ မင်း ပြောစမ်း ပါ ။

ဒီနေ့ ... ဖက်ဒရယ် စနစ်နဲ့ တိုင်းပြည်ကို အတူတကွ ထူထောင်ချင် ကြပြီ ။
ငြိမ်းချမ်းချင် ကြပြီ ။ အာဃာတတွေလည်း လျှော့ကုန် ကြပြီ ။
အတူ နေလာခဲ့ကြတာလည်း ကြာပြီ ။ သံယောဇဉ်လည်း ရှိခဲ့ ကြပြီ
ဆိုတော့ အတူတကွ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ကြရင်
နိုင်ငံတော် အတွက် အကောင်းဆုံး ဖြစ်မယ် ဆိုတဲ့ ဆန္ဒကြောင့် ပဲ ။
ဒီ ဖက်ဒရယ် လမ်းကို ရွေးခဲ့ကြတာ ဖြစ်တယ် ။

တိုင်းရင်းသားတွေဟာ မင်းတို့ဆီက နေပြီး
ဘာ အကြောင်းကြောင့်မှ တောင်းယူ နေစရာလည်း မလိုဘူး ။
ဘာဖြစ်လဲ ဆိုတော့ နဂို မူလ ကတည်းက
တိုင်းရင်းသားတွေ အားလုံးဟာ
သူတို့ နယ်မြေ ၊ သူ့တို့ ဒေသ ၊ သူတို့ ယဉ်ကျေးမှု ၊ သူတို့ သမိုင်း ၊
သူတို့ အုပ်ချုပ်မှုတွေ ကိုယ်စီ ရှိခဲ့ ကြပြီးသား ပဲ ။

မင်းက အခုမှ ထပြီး အချုပ်အခြာ အာဏာတွေ ဘာတွေ
ထိပါး လာရင် ဘာဖြစ်မယ် ညာဖြစ်မယ် ပြောလာတော့
မင်းတို့ဟာ ရူးများ ရူးသွား ပြီလားလို့ ထင်မိတယ် ။

ကိုကိုဦး

Monday, March 27, 2017

ဗိုလ်ချုပ် ပျောက်ရင် ဖက်ဒရယ် ပျောက်မယ်လို့ ပြောသူတွေ ဖတ်ဖို့


ဗိုလ်ချုပ် ပျောက်ရင် ဖက်ဒရယ် ပျောက်မယ်လို့ ပြောသူတွေ ဖတ်ဖို့
============

မင်းအောင်လှိုင်က သူ့ မိန့်ခွန်းထဲမှာ ပင်လုံ အကြောင်း
နည်းနည်းလေးတောင် ထည့် မပြောသွားဘူး ။
ဗိုလ်ချုပ် နေ၀င်း အကြောင်းတော့ အများကြီး ပြောသွားတယ် ။
ဗိုလ်ချုပ် အောင်ဆန်း အကြောင်းလည်း မပြောသွားဘူး ။

မွန်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်ခါစ ၀န်ကြီးချုပ်ကလည်း
ဗိုလ်ချုပ် ပျောက်ရင် ဖက်ဒရယ် ပျောက်မယ် ဆိုပြီး
ပြည်သူကို သတိ ပေးသလိုလို ခြိမ်းခြောက် သလိုလို ပြောနေ ကြပြန်ရော ။

7 day daily မှ

ဗိုလ်ချုပ် အောင်ဆန်း မရှိရင် ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ပျောက်မယ် ။
၂၁ ပင်လုံ စာချုပ် ချုပ်ဆိုနိုင်ရင် ဖက်ဒရယ်လည်း ရမယ် ။
ဒီမိုကရေစီလည်း ရမယ် ။ နိုင်ငံရေး အရ ဗိုလ်ချုပ် အောင်ဆန်း
နာမည် မပျောက် စေဖို့ နာမည် ပေးတာ’’ဟု
မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည် ။

သေချာတာ တစ်ခုကတော့ ဒီလို လူတွေ သမိုင်းကို သေချာ မဖတ်ကြဘူး ။
သေချာ နားမလည် ကြဘူး ။ ဖွဲ့စည်းပုံကို သေချာ မဖတ်ကြဖူး ဆိုတာ ပါပဲ ။

သမိုင်းထဲမှာ ဒီလို ရှိခဲ့တယ်

၁၉၄၇ ဖွဲ့စည်းပုံကို ဗိုလ်ချုပ်နဲ့
တိုင်းရင်းသား ခေါင်းဆောင် အချို့
ရေးဆွဲပြီး အတည်ပြု ခဲ့ကြသော်လည်း
ပင်လုံ သဘော တူညီချက်ထဲ အတိုင်း
ဖက်ဒရယ် စနစ် မဟုတ်ပဲ ထွက်လာလို့
ကွန်မြူနစ်တွေကတောင် အံ့သြ ယူရတယ် ။

ဒါဆိုရင် ပင်လုံ ညီလာခံရဲ့ အနှစ်သာရ ဆိုတာ
ဖက်ဒရယ် စနစ် ဟုတ် မဟုတ်
သေချာ ပြန်ဆန်းစစ် ကြပါစို့ လား ။၊
သေချာတာ တစ်ခုကတော့ ဗိုလ်ချုပ်ဟာ ပင်လုံ ညီလာခံမှာ
၁၀နှစ် ပေါင်းကြည့် ပါ ။ မကြိုက်ရင် ခွဲထွက် ကြပါလို့သာ ပြောသွားတယ် ။ ဖက်ဒရယ် စနစ်နဲ့ တည်ဆောက် ကြပါစို့လို့
တစ်လုံး တစ်ပါဒမှ မဟ သွားခဲ့ဘူး ဆိုတာ သတိပြု ကြပါ ။
ဗိုလ်ချုပ်ဟာ ကွန်မြူနစ်တွေနဲ့ ခွါပြဲ ခဲ့ပြီး ကတည်းက
ဆိုရှယ်လစ် နိုင်ငံ ထူထောင်ဖို့ ရည်ရွယ်ထား သူပါ ။
ရုရှား ပုံစံကို ယူပြီး ဆိုရှယ်လစ် စနစ်အောက်မှာ
တိုင်းရင်းသား ပြည်နယ်တွေကို ထားရှိပြီး အခွင့်အရေး
ပေးတန် သလောက် ပေးထားမယ့် သဘော မျှသာ ဖြစ်တယ် ။

တိုင်းရင်းသားတွေကို တန်းတူ အခွင့်အရေး ပေးမယ် ။
ရှမ်းနဲ့ ကချင်လို သီးသန့် ပြည်နယ် တစ်ချို့ ထားရှိ ပေးမယ် ။
ဒီလောက် ပါပဲ ။

ပြည်နယ်တွေက သူတို့ အုပ်ချုပ်ရေးကို
သူတို့ ဥပဒေပြု ရေးဆွဲ ကြဖို့ အုပ်ချုပ် ကြဖို့
သဘော မဆောင် ခဲ့ဘူး ။

ဖွဲ့စည်းပုံ ထွက်လာတော့ ပြည်နယ် အားလုံး မပါခဲ့ဘူး ။
မွန်ပြည်နယ် ဆိုတာ တနင်္သာရီတိုင်း အထဲမှာ
ရှိနေ ခဲ့တယ် ဆိုတာ လက်ရှိ မွန်ပြည်နယ် ၀န်ကြီးချုပ်
ဒေါက်တာအေးဇံ ဆိုသူ အလွန်ကို သိသင့်တဲ့ ကိစ္စ ပဲ ။
ခက်တာက လူတွေက နိုင်ငံရေးထက် ၀န်ကြီး အမတ်
ဖြစ်ချင်သူတွေ များနေကြတာ လက်တွေ့ ပါပဲ ။

၄၇ အခြေခံ ဥပဒေဟာ union ဖွဲ့စည်းပုံ ဖြစ်နေတာ ရယ် ။
ဗိုလချုပ်ရဲ့ ဖွဲ့စည်းပုံ လမ်းညွှန့်ထဲမှာ ပြည်သူပိုင် သိမ်းဖို့
ကိစ္စတွေ ပါနေတာကို တွေ့ရခြင်း အားဖြင့်
ပင်လုံမှာ ပြောခဲ့တာတွေဟာ တိုင်းရင်းသားတွေ ပါလာအောင် ဆွဲဆောင်
ခဲ့ဖို့ သက်သက် ပြောခဲ့ သလားလို့
သံသယ ဖြစ်မိတာ အမှန်ပဲ ။

ကရင် တစ်ကျပ် ၊ ဗမာ တစ်ကျပ် ဆိုတာ ဗိုလ်ချုပ် စိတ်ထဲက
ရှိတာ ပြောလိုက်တာပဲ ဖြစ်ရမယ် ။ ဒါကို တိုင်းရင်းသားတွေက
ဖက်ဒရယ် ဖြစ်တော့မှာပဲလို့ တွေးပြီး ကျေနပ် လက်ခံ
ခဲ့ကြတာ ဖြစ်မယ် ထင်ပါတယ် ။

ပြီးတော့ ပင်လုံမှာ ဗိုလ်ချုပ် တစ်ယောက်ထဲက
ကြားဖြတ် အစိုးရ ကိုယ်စား လက်မှတ် ရေးထိုးခဲ့ရာမှာ
ကြားဖြတ် အစိုးရရဲ့ mandate ပါ မပါ သိပ် ရှင်းရှင်း လင်းလင်း မတွေ့ ရဘူး ။

ဘာဖြစ်လဲ ဆိုတော့ ကြားဖြတ် အစိုးရ အဖွဲ့မှာ
ကွန်မြူနစ်တွေကိုပါ ပါဝင် နေခဲ့လို့ ဖြစ်တယ် ။
ကွန်မြူနစ်တွေက အောင်ဆန်း - အက်တလီ စာချုပ်ကို
အလျှော့ ပေးရေး လမ်းစဉ် လိုက်တယ် ဆိုပြီး
အမြဲတမ်း ဝေဖန် နေလို့ ဖြစ်တယ် ။
ဦးနုလည်း ပင်လုံ ညီလာခံကို အဖိတ် မခံရပဲ ရောက်ခဲ့တယ် ။
လက်မှတ် ထိုးထားတာ မတွေ့ခဲ့ရလို့ ပါ ။

၄၇ ဥပဒေဟာ ဖက်ဒရယ် ပုံစံနဲ့ မထွက်လာပဲ
union ပုံစံနဲ့ ထွက်လာတော့ တအံ့တသြ ဖြစ်ခဲ့ရတဲ့
ကွန်မြူနစ်တွေဟာ ဖက်ဒရယ်နဲ့ လိုက်အောင် ဆွဲမယ့်
သူတို့ရဲ့ strategy ကိုလည်း အထူးတလည် မဆွဲရတော့ပဲ
လူတန်းစား အခြေခံ တိုက်ပွဲဘက် ပြန်လှည့် သွားခဲ့ရတာပဲ မဟုတ်ပါလား ။

ဘာပဲ ဖြစ်ဖြစ် ဗိုလ်ချုပ် ဦးဆောင် လမ်းညွှန်ပြီး ရေးဆွဲ ခဲ့တဲ့
၁၉၄၇ အခြေခံ ဥပဒေဟာ အဓိက သက်သေ ဖြစ်နေတာမို့
ဗိုလ်ချုပ် ပျောက်ရင် ဖက်ဒရယ် ပျောက်မယ်လို့
နေရာတကာ ဗိုလ်ချုပ် အောင်ဆန်း အမည်ကို အသုံးချနေ သူတွေ
နိုင်ငံရေး စာအုပ် များများ ဖတ်ကြပါလို့သာ
အကြံ ပေးလိုက် ချင်ပါတော့ တယ် ။

ကိုကိုဦး

Sunday, March 26, 2017

သခင်ယေရှုရဲ့ အသွေးတော်နဲ့ ပဋိညာဉ် သေတ္တာ အကြောင်း

Oblivion - The Winery Dogs ( Drummer - Mike Portnoy ( Drum Cam ) )

KIA တပ်မဟာ ၆ ဒေသ မှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွား


KIA တပ်မဟာ ၆ ဒေသ မှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွား

26 March 2017
ကေအန်ဂျီ

မုံကိုးဒေသ ရှေ့တန်းမှ မြန်မာစစ်သားများ
ရှမ်းမြောက် KIA တပ်မဟာ ၆ ဒေသ အစိုးရ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃၆ တို့ ကြား ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာအနီး ယနေ့ ထပ်မံ ဖြစ်ပွားခဲ့သည်။

KIA တပ်ရင်း ၃၆ တည်ရှိရာ Mungbaw (မုန်ဘော်) Howa Bum mare ရွာဟောင်းကို တပ်ရင်း အမည် မသိရသေးသော အစိုးရစစ်ကြောင်းများ ထပ်မံ တိုးဝင်လာသောကြောင့် ယနေ့ မနက် ၈ နာရီ မှ ၁၀ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ ၆ သတင်းရပ်ကွက် က ပြောသည်။

အစိုးရ တပ်များ ပြန်လည် နောက်ဆုတ်သွားသဖြင့် တိုက်ပွဲ ရပ်စဲ ခဲ့ရကြောင်း ပြောသည်။

အစိုးရတပ်ဘက် ထိခိုက် ကျဆုံးမှု မသိရသော်လည်း KIA ဘက် စစ်သည်တစ်ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း အမည်မဖော်လိုသူ တပ်မဟာ ၆ အရာရှိ တစ်ဦး ကချင်သတင်းဌာန ကို ပြောသည်။

KIA တပ်မဟာ ၆ Munggu (မုံကိုး) ဒေသအတွင်း စစ်ရေး လေ့လာခြင်း အနေဖြင့် မြန်မာ့တပ်မတော်က KIA တပ် ရှိရာ နေရာများကို တိုးဝင်လာခြင်းကြောင့် ယခုလို တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာရခြင်းဖြစ်သည်ဟု အဆိုပါ အရာရှိက ထည့်သွင်း ပြောခဲ့သည်။

=====

Myen ni Sinat Shajan 6 hpai pru wa ai mu
======

24-25 / 3 / 2017 ya shani Dung 36/38 ni nga ai Mungbaw Man Kawng Post kaw htu shang wa ai Myen dapnu 11 npu na ni hpe hkap shingla gasat ai a majaw, hpyen wa a hkala nba hkrum ai marai 4 hpe dai hpawt laban manap hta Mungbaw Hpalap kaw hpai pru wa ai hta, စစ်ကြောင်းမှူး mung hkala lawm ai lam chye lu ai. Dai hta n-ga Sinat shajan 6 mung hpai pru wa ma ai nga shiga na lu ai.

Hpyen man 3 hte n-gun shaja la nna 25/3/2017 ya jahpawt htim shang wa ma ai majaw Mankawng Post hpe gan yen kau da ra mat ai re nga na lu ai. Hpang lam kaw na gap karum ai myawk kaba gaw shawng lam kaw htim gasat nga ai ni hpe shada da ram ram gap hkra hkat ai lam mung nga ai lam na chye lu ai.

Mungmyit Kasa

Saturday, March 25, 2017

ဖိနှိပ်မှု နှင့် နှိပ်စက် ညှဉ်းပမ်း ကြောက်မက်ဖွယ်ကောင်းသာ ရဲတပ်ဖွဲ့တို့၏ လုပ်ရပ် ( Oppression and torture terror police ( Letpadaung copper mine in Myanmar ( Burma ) )

ဖိနှိပ်မှု နှင့် နှိပ်စက် ညှဉ်းပမ်း ကြောက်မက်ဖွယ်ကောင်းသာ ရဲတပ်ဖွဲ့တို့၏ လုပ်ရပ် ( Oppression and torture terror police ( Letpadaung copper mine in Myanmar ( Burma ) )
Myanmar State Counsellor Office က လက်ပံတောင်းတောင် ( Letpadaung copper mine )မှာ ရဲ ( Oppression and torture terror police ( Myanmar ( Burma ) ) )တွေ အကြမ်းဖက်တာ ဘာမှ မထုတ်ပြန်ပါလား ။
3 / 24 / 2017
======
ဖိနှိပ်ခံဘက်မှ ရပ်တည် ပါ
=====
ခါးသီး ကြမ်းတမ်း နိမ့်ကျ
လွန်းလှတဲ့ တိုင်းရင်းသား ပြည်သူ
ဘဝတွေကိုတောင် ဘာကြောင့်
လှံစိုက်ချင် ကြတာလဲ
မတရားမှုတွေနဲ့ ဘေး ဒုက္ခ
အန္တရာယ်ကို တရား မျှတမှုလို့
ခံယူပြီး နှုတ်ပိတ်ခြင်းနှင့်
ရောင့်ရဲ နေရမှာ လား
လယ်သမား လယ်ပျောက်
အလုပ်သမား အလုပ်ပျောက်
အိမ်ပိုင် မြေပျောက်
အများစု နိုင်ငံခြားရောက်
ဖာလောက် သာသာ အလုပ်တွေနဲ့
ဘဝက ဖြစ်နေတယ်
လုပ်ရပ်ကို ပြန်စစ်တော့
အာဏာရှင်ကို ပေါင်း
ရေလောင်း ပေးနေတာ ဖြစ်နေပြီ
တရားဥပဒေ မစိုးမိုးဘဲ
မတရားမှုတွေ တိုးအောင်
လုပ်ကြ ဖြန့်ကြ တိုင်းပြည် ဖြစ်ကြပြီ
Myanmar State Counsellor Office က လက်ပံတောင်းတောင် ( Letpadaung copper mine )မှာ ရဲ ( Oppression and torture terror police ( Myanmar ( Burma ) ) )တွေ အကြမ်းဖက်တာ ဘာမှ မထုတ်ပြန်ပါလား ။

3 / 24 / 2017

မတ်လ ၂၇ မြန်မာ့သမိုင်းမှ လိမ်တာ ညာတာ ဖြီးလုံး လှိမ့်လုံးတွေ အများကြီး ပဲ


မတ်လ ၂၇ မြန်မာ့သမိုင်းမှ လိမ်တာ ညာတာ ဖြီးလုံး လှိမ့်လုံးတွေ အများကြီး ပဲ
========

သမိုင်း ရေးခဲ့တိုင်း မှန်တဲ့ ခေတ် မဟုတ်တော့ ဘူး ။
အမှန်ကို အလွယ်တကူ ရှာလို့ ရတဲ့ ခေတ်ကို ရောက်နေပြီ ။

တိုင်းရင်းသားတွေရဲ့ အားနည်ချက်လို့ ဆိုရမလား ။ သူ့တို့ အဖြစ်
အပျက်တွေကို မှတ်တမ်း တင်ခဲ့ဖို့ အားနည်း ခဲ့တယ် ။ နောက်တစ်ချက်က မြန်မာ့သတင်း လောကကလည်း စစ်အစိုးရ လက်ထက်မှာ တိုင်းရင်းသားတွေရဲ့ စာပေတွေဟာ ပိတ်ဆို့ ခံခဲ့ရတာမို့ တစ်ဘက်သတ် ၀ါဒဖြန့်တာကို တောက်လျှောက် ခံခဲ့ရတယ် ။

ဥပမာ .. ဧရာဝတီတိုင်းမှာ ဖြစ်ခဲ့တဲ့ ကရင် - မြန်မာ အဓိကရုန်းဟာ
သေချာ ဆန်းစစ် ကြည့်ရင် ဘီအိုင်အေ တပ်သားတွေရဲ့ အနိုင်ကြည့်မှုတွေက အဓိက ကျပါတယ် ။ ဒါပေမယ့် မြန်မာတွေက သမိုင်းရေးတော့
ကရင်တွေက စပြီး တိုက်ခိုက်လို့ သူတို့က ပြန်တိုက် ရတယ် ဆိုတာမျိုး
ဒီနေ့ အထိ ရေးပြီးသား မြန်မာ့သမိုင်းတွေမှာ အထင်အရှား တွေ့ရ ပါလိမ့်မယ် ။

ဂျပန်က အင်္ဂလိပ်ကို တိုက်ထုတ် လိုက်နိုင်တော့ ဗိုလ်ချုပ် ဦးဆောင်တဲ့
ဘီအိုင်အေ တပ်သားတွေဟာ စုဆောင်းစရာ မလိုပဲ ပွါးများ လာသလို
အုပ်ချုပ်ရေး ကင်းမဲ့ နေတဲ့ မြို့  ၊ ရွာတွေကို ဗိုလ်လုပ် ချင်ကြတာ မဆန်းဘူး ။
ဒီတော့ကာ အင်္ဂလိပ်နဲ့ လက်တွဲ တိုက်ခဲ့တဲ့ ကရင်တွေကို အညှိုးထားမှာ
ကျိန်းသေတယ် ။ အင်္ဂလိပ်တွေ ပြန်မ၀င် လာနိုင်တာ့ဘူးလို့ ယူဆကြပြီး
နိုင်ထက် စီးနင်း လုပ်ကြမှာ ကျိန်းသေတယ် ၊၊

ဗြိတိသျှတွေ ထွက်သွားတော့ ကရင် တပ်သားတွေဟာ လက်နက်တွေနဲ့ အတူ
ကိုယ့်မြို့ ၊ ကိုယ့်ရွာ နားမှာပဲ တပ်ဖျောက် နေခဲ့ကြတယ် ။ တစ်ချို့ဆိုရင် တောင်ငူ ၊ သံတောင်တွေ ဘက်ကို ထွက်သွား ကြပြီး
ဗြိတိသျှတွေ ကတိ ပေးထားတဲ့ အတိုင်း ပြန်ဝင် လာမယ့် ရက်ကိုစောင့်ရင်း
ပျောက်ကျား စစ်ကို ဆင်နွှဲ ခဲ့ကြတယ် ။

တကယ်ဆိုရင် မိမိ တိုင်းရင်းသား အချင်းချင်း ဆိုတဲ့ စိတ်ဓါတ်နဲ့
နားလည်မှု ယူထား ကြပြီး မသိ လိုက်ဖါသာနေလို့ ရတယ် ။
မြန်မာနဲ့ ကရင်ကို ဂျပန်တွေ မခွဲခြားနိုင်ဘူး ။ မြန်မာတွေပဲ ခွဲနိုင်တယ် ။

၁၉၄၅ ဂျပန်တွေ စစ်ရှူံးခါ နီးတော့ ဗြိတိသျှနဲ့ မဖြစ်မနေ ပြန်ပေါင်းထုတ်
ရမယ် ဆိုတော့ ကရင်တွေ အပေါ် ဖိနှိပ်ထားတဲ့ လုပ်ရပ်ဟာ ညီညွတ်ရေးကို အဓိက ထိခိုက် စေခဲ့တယ် ။ ကွန်မြူနစ်တွေကလည်း သူတို့ ဆရာကြီး
ရုရှားကတောင် အမေရိကန်နဲ့ တွဲတိုက် နေရပြီ ဆိုတော့ ဖက်ဆစ်ဟာ
အရင်းရှင်ထက် ပိုဆိုးတဲ့ အတွက် ဖက်ဆစ်ကို အရင် တိုက်ရမယ်လို့
လေသံ ပြောင်းလာတယ် ။

ရုရှား ဆိုတာကလည်း ပထမ ကမ္ဘာစစ်မှာ နိုဝင်ဘာ တော်လှန်ရေး
ဖြစ်ပြီး တိုင်းပြည်က မငြိမ်သက်ပဲ ဂျာမန် လက်အောက် ရောက်ခဲ့ ရတယ် ။
မဟာမိတ်တွေက ဂျာမန်တွေကို ပြန် တိုက်ထုတ် နိုင်ခဲ့လို့ ဘာပဲ ပြောပြော
ရုရှားဟာ ဒုတိယ ကမ္ဘာစစ်မှာ မဟာမိတ်တွေကို လွန်ဆန်လို့ မရဘူး ။

ဂျပန်နဲ့ ဆက်ပြီး တိုက်နေလို့ စစ်ရှူံးရင် စစ်သုံ့ပန်း ဖြစ်မဲ့ အပြင် ခေါင်းဆောင်ပိုင်းတွေက စစ်ရာဇ၀တ်ကောင် ဘ၀ကို သက်ဆင်း ရလိမ်မယ် ။
ဘယ်လမ်းကို ရွေးရမလဲ ဆိုတာ မိမိတို့ ကိုယ်တိုင် ကြားဝင် ခံစားလို့ ရတယ် ။
ဂျပန်ကို တော်လှန်ရေး ဆိုတာ အမှန် ပြောရရင် ကိုယ့် ထွက်ပေါက်
ကိုယ် ရှာတာ ပါပဲ ။ ၁၉၄၅ခုမှာ ဂျပန် တော်လှန်ရေး စတဲ့ အချိန်မှာ ဗြိတိသျှက
မြန်မာပြည်က နေရာ တော်တော်များများမှာ စိုးမိုးထားပြီးပြီ ဖြစ်တယ် ။

ဗိုလ်ချုပ်တို့ကနေ သခင်စိုး ဆီကို အရင် အကူအညီ တောင်းပေမယ့်
သခင်စိုး ငြင်းလိုက်ပြီး ဆက်တိုက် ပါလို့ ပြောလိုက်တော့ တယ် ။ နောက်ဆုံး ကရင် ရဲဘော်တွေနဲ့ လက်တွဲပြီး ပျောက်ကျား စစ်ဆင်နွှဲနေတဲ့ ဗြိတိသျှရဲ့
special force ဖြစ်တဲ့ Force 136 ကို ဆက်သွယ်ပြီး ပူးပေါင်းဖို့ ကမ်းလှမ်းတယ် ။

ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်ကနေ လက်ခံ လိုက်လို့ အဆင်ပြေ သွားတယ် ဆိုပါတော့ ။ ဖြစ်စဉ်က အရှင်းကြီးပဲ ။ Operation Dracula နဲ့ ဗြိတိသျှတွေ ဂျပန်ကို ပြန် တိုက်ထုတ်တော့ ဗြိတိသျှဆီကို လက်နက် ချပြီးသား ဘီအိုင်အေ တပ်တွေရော ကွန်မြူနစ်တွေက ပါ ပါဝင်တိုက် ခဲ့ကြတယ် ။ သိပ်ကြာကြာ မတိုက် လိုက်ရ ပါဘူး ။ ဂျပန်က ကစင့်ကလျှား ထွက်ပြေး ကြရတယ် ။

Aung San had sought an alliance with Thakin Soe, who was leading a Communist insurgency in southern Arakan, as early as 1943. They formed the Anti-Fascist Organisation and intended turning against the Japanese at some stage but Thakin Soe dissuaded Aung San from openly rebelling until Allied forces had established permanent footholds in Burma. In early 1945, Aung San sought the aid of the Allied liaison organisation Force 136, which was already aiding resistance movements among the minority Karen population. Although there was some debate among the Allies, Mountbatten eventually decided that Aung San should be supported. Force 136 was now to abet the defection of the entire Burma National Army to the Allies.[6]

မြန်မာတွေက သမိုင်း ရေးတယ် ။ တိုင်းရင်းသားတွေက သမိုင်း ရေးခွင့် မရခဲ့ဘူး ။ သမိုင်း အမှန် မပေါ်ဘူး ။ ဒါကြောင့် မြန်မာ့သမိုင်းမှာ လိမ်တာ ညာတာ ဖြီးလုံး လှိမ့်လုံးတွေ အများကြီး ပဲ ။ ကျနော်တို့ တိုင်းရင်းသားတွေ ဘက်က တစ်ခါတစ်လေ ပြန်ပြီး စဉ်းစား ပေးဖို့ လိုတယ် ။ သို့မဟုတ်ရင်
မြန်မာတွေပဲ အမြဲတမ်း မှန်ပြီး ပြည်ထောင်စု တည်ဆောက်ဖို့ ဝေးသွားမယ် ။

ကိုကိုဦး

လူ​တွေက အဆိုးနဲ့ အ​ကောင်း​တောင်​မှ မခွဲခြား တတ်​​တော့ ဘူး ။ သတင်း​တွေမှာ ရိုဟင်​ဂျာ သတင်းနဲ့ ဆိုင်​တဲ့ post​တွေ ဆိုရင် ဝိုင်းဆဲ ​နေတဲ့ လူ​တွေကို ​တွေ့ရတယ်​ ။

အဲ့ ဆဲ​နေတဲ့ လူ​တွေကို ပြန်​ကြည့်​​တော့ ​ခွေး​လောက်​​တောင်​ ​စောက်​သုံးမကျတဲ့ လူ အဖြစ်​ ​တွေ့ရတယ်​ ။ လူ၏ တန်​ဖိုး မြှင့်​​အောင်​ အသိတရား​လေး​တော့ ရှိဖို့ လိုတယ်​လို့ မြင်​ပါတယ်​ ။

========

ကမ္ဘာ့ကြီး မှားနေသတဲ့ လား
========

ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်တယ်၊ မဖြစ်ဘူး က သတ်သတ်၊
ခင်ဗျားတို့ပြောတဲ့ ခိုးဝင်ဘင်္ဂလီဖြစ်နေပါစေ၊ ကိုယ့်တိုင်းပြည်မှာ နေဖို့ ဝင်လာတဲ့ လူတယောက်ကို လူ လို့ မမြင်နိုင်ဘဲ၊ နှိပ်စက်ဆက်ဆံနေတာကို ကမ္ဘာ့က လက်ညှိုးထိုးနေတာဗျ။ အဲဒီလို ခိုးဝင်လာသူတွေကတခါ ကိုယ့်မြေပေါ်မွေးဖွားလာတဲ့ ကလေးကိုလဲ လူကလေးတွေ လို့ မမြင်နိုင်၊ မချစ်နိုင်လောက်အောင " ကုလား"တွေ၊ " မွတ်စလင်တွေ " လို့ ဆတ်ဆတ်ခါ သည်းသည်းထန်ထန် ဖြစ်နေကြတာ ကို ကမ္ဘာ့က တအံ့တသြနဲ့ ဆန့်ကျင်ကုန်ကြတာ။

လေယာဉ်ပေါ်ကလေးမွေးတောင် အဲဒီလေကြောင်းလိုင်းက အဲဒီကလေးကို တသက်လုံးအခမဲ့ စီးခွင့်ပေးတာတို့ လုပ်ကြတယ်။ အဲဒါ လူသားတွေရဲ့ မေတ္တာစိတ် ကို ဖေါ်ကျူးပြသကြတာ။ ဒုက္ခရောက်လာလို့ပဲ လာလာ၊ နေချင်လို့ပဲ လာလာ၊ ခိုးဝင်လာလာ ရောက်လာမှတော့ အတိုင်းအတာတခု စောင့်ရှောက်ရမယ့်တာဝန်ရှိတယ်။
ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကိုယ်တော့ ဗုဒ္ဓဘာသာ တပြားမှ မလျှော့ဘူး။ ဗြဟ္မစိုရ်တရား တပြားမှ မလျှော့ဘူး။ ဒါပေမဲ့ လူစိတ်ကို ပျောက်နေကြတယ်။ ဟိုးကျောက်ခေတ်အရိုင်းအစိုင်းတွေလိုပဲ ငတို့ပြည်ထဲ ကျူးကျော်ဝင်လာတဲ့ " ကုလား"တွေ၊ "မွတ်စလင်" တွေ လို့၊ သည်းကြီးမည်းကြီးကို မုန်းတီးနေကြတယ်။

တိုင်းပြည်ဟာ ပျက်ဦးမှာ။ ခင်ဗျားတို့စိတ်ဓါတ်တွေ မပြင်ရင်ရင် ပျက်စီးခြင်းငါးပါးနဲ့ကို ပျက်ဦးမှာ။ ခင်ဗျားတို့ အင်မတန်မုန်းတီးကျဉ်းမြောင်းလို့ကို ပျက်မှာ။ ခုလုပ်နေတာတွေပဲကြည့် သင်္ကန်းဝတ်ဘုန်းကြီး ကာချုပ်ကိုယ်တိုင် လူသိရှင်ကြား ဆွမ်းကပ်ပြထားတဲ့ ဘုန်းကြီးက လူသတ်မှုကျူးလွန်သူတွေကို ချီးကျူးတယ်။ အမေရိကန်က တအံ့တသြနဲ့ မဘသကို လာအင်တာဗျူးတာ။
မဘသ က ဓမ္မပီယ ဆိုတဲ့ ကြံ့ဖွံ့ လူ က တောပြောတောင်ပြောနဲ့။ အင်တာဗျူးမှာလဲ အမေရိကန်က အနီ အပြာ၊ မြန်မာမှာ အနီ အစိမ်း ဆိုပြီး ကြံ့ဖွံ့ ကို အမျိုးသားရေးပါတီ လိုလို လော်ဘီ လုပ်သွားတယ်။
အဲဒီ"လူ" ဟာ စာသင်သားဘဝကထဲက စစ်အုပ်စု ထောက်ပံ့မှုနဲ့ သင်္ကန်းဝတ်ထားတာ။ ကြံ့ဖွံ့အမာခံလူစစ်စစ်ပါ။

ကျနော့်ကို တရေးနိုးထမေးလဲ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လို့ ပြောမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မူဂျာဟစ်ဒင်ခွဲထွက်ရေးသမိုင်းက အစ သိထားလို့ပဲ။ သူတို့တိုင်းရင်းသားဖြစ်တာ မဖြစ်တာ သက်ဆိုင်ရာ ပညာရှင်များ ရှာဖွေကြရမယ့် အလုပ်လို့သာ မြင်တယ်။
ရိုဟင်ဂျာပြဿနာသည် လူ့အခွင့်အရေးရှုထောင့်တခုထဲက ကြည့်လို့မရ၊ အချုပ်အခြာအာဏာတိုင်းနယ်နမိတ်ချီတဲ့ပြဿနာ လို့ မြင်တယ်။ ဒါပေမဲ့ တချိန်ထဲမှာ အဲဒီလို လူတန်ဖိုးမဲ့စွာ နေခိုင်းခံရတဲ့ လူတွေအတွက် စိတ်နှလုံးထိခိုက်ရတယ်။ လူတွေဗျာ။ ကလေးလေးတွေ၊ သားသည်အမေတွေ၊ အဖိုးအိုအဖွားအိုတွေ။ ဆေးကုခွင့်မရ၊ စာသင်ခွင့်မရ နဲ့။ အဲသလို မြင်နေပါလျှက် ခင်ဗျားတို့မှာ သနားစာနာစိတ်မဝင်ရင် ခင်ဗျားတို့ စိတ်ရောဂါဖြစ်နေပြီ။

လူတွေ၊ ဒုက္ခရောက် ညှင်းပန်းခံထားရတဲ့ လူတွေ လို့ မမြင်ဘဲ " ကုလားတွေ" "မွတ်စ်တွေ" လုပ်နေသေးရင် အဲသလို ခံနေကြရတာကို ဝမ်းသာအားရ နေရင်၊ ခင်ဗျားအဆင့်ဟာ လူသတ်ကောင်ကို ကျေးဇူးတင်တဲ့ ဝီရသူအဆင့်ပဲ။
ဘင်္ဂလားဒေ့ရှ်မှာ မွေးရင် ဘင်္ဂလီပေါ့။ မြန်မာပြည်မှာမွေးမှတော့ မြန်မာပေါ့။ ခု ခင်ဗျားတို့ပိတ်လှောင်ထားတဲ့ နေရာဒေသမှာ မြန်မာပေါက်ကလေးလေးတွေ အများကြီး။ သူတို့ ဘာမှ မသိကြဘူး။ သိခွင့်လဲ မရှိကြဘူး။ ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အစွန်းရောက် မဖြစ်ဖြစ်အောင် တွန်းပို့နေတာ။ မြန်မာပြည်မှာ မြန်မာတွေလို နေထိုင်သွားလာတွေးခေါ်လာအောင် လုပ်ဖို့ စိတ်ကူးလဲ မရှိဘူး။ ပညာရေးဟာ အကောင်းဆုံး ကုထုံးလို့လဲ မမြင်ဘူး။ မေတ္တာ သည်သာလျှင် အကောင်းဆုံး ဖြေရှင်းနိုင်သော လက်နက် လို့ မတွေးမြင်ဘူး။
နောက်ဆုံး ဟိုက ရရာ တုတ်ဓါးဆွဲပြီး တိုက်ခိုက်ကြရော။ သူတို့နေရာမှာ ဆရာစံဆိုလဲ သူတို့လို တိုက်မှာပဲ။ တိုက်တော့ ပြန်နှိမ်နှင်းရတာပေါ့။ ဘယ်သူအစိုးရလုပ်လုပ် ဒါမျိုးကို လွှတ်ထားလို့ ရမလား။ ဒါနဲ့ ခင်ဗျားတို့ ဆိုးသံသရာကြီး ပြီးမဆုံးတော့ဘူး။

အဲဒီ ဘူးသီးတောင်မောင်တောက လူ သုံးသိန်းကို လူ့စွမ်းအားရင်းမြစ်လို့ ပြောင်းမြင်ပါ။ အဲဒီဒေသကို စီးပွားရေးလုပ်ငန်းရှင်တွေ ပညာရှင်တွေ လွှတ်ပါ။ ဒေသတွင်း စိုက်နိုင်လောက်တဲ့ကြိမ်၊ ဂုံလျှော် ဆိုတာမျိုးတွေနဲ့ လက်မှု လုပ်ငန်းတွေ ထူထောင်ပါ။ ယောက်ျားမိန်းမ မှန်သမျှ အလုပ်တွေ လုပ်ကြ၊ ဝင်ငွေတွေ ရကြ၊ ကလေးတွေကျောင်းတွေ မတက်မနေရ တက်ခိုင်း၊ အကောင်းဆုံးဆရာဆရာမတွေနဲ့ ဒီမိုကရေစီယဉ်ကျေးမှု၊ ဘာသာအသီးသီး အပြန်အလှန်လေးစားဖို့လိုတာ၊ မြန်မာပြည်နယ်နမိတ်တွင်းနေထိုင်တဲ့ မြန်မာပြည်သားတိုင်း စောင့်ထိန်းရမယ့် သစ္စာ ကျင့်ဝတ် စသဖြင့်တွေ ကို သင်ကြား၊ တချိန်ထဲမှာ လုံခြုံရေးကို စေ့နေအောင် အကြမ်းဖက်မှု အုံကြွမှုတွေ မဖြစ်အောင် ကာကွယ်ရေးတွေလုပ်။
အဲဒီ ကမ္ဘာ့ချီ ပြဿနာဖြစ်နေတဲ့ နေရာကြီးဟာ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ ကုန်ထုတ်လုပ်မှုတွေ ရှိတဲ့ ဒေသကြီး ဖြစ်သွားမယ်။ သူတို့ဟာလဲ စီးပွားရေးပြေလည် နေထိုင်ရတာ ပြည့်စုံနေရင် အေးအေးချမ်းချမ်းနဲ့ နေထိုင်သွားပါလိမ့်မယ်။

အစိုးရဟာ အဲဒီဒေသဖွံ့ဖြိုးရေးကို တခြားဒေသတွေထက်ကို အလေးထား လုပ်ဆောင်ကြရမှာ။ နောက် သူတို့ကို တကိုယ်တော်ကူညီနေတဲ့ ရှမ်းလူငယ်လေးတယောက်ရှိတယ်။ အဲဒီလို သူတို့ယုံကြည်တဲ့ လူမှုရေးသမားတွေ ကို အကူအညီတောင်းပြီး ခေါင်းဆောင်ခိုင်းပြီးယုံကြည်မှုပြန်တည်ဆောက်ရမှာ။

ဒီလိုပါပဲ။ ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်ပြည်၊ မွန်၊ ရခိုင် ဒေသတွေကို အဓိကထားပြီး လုပ်ကြရမှာ။
ရန်ကုန် ကိုချည်း 'သ' နေလို့ ကျနော် ကော်ဆဲ ခဲ့တာလဲ အဲဒါကြောင့်ပဲ။
မိသားစုတစု ကို အပြန်အလှန် ချစ်စိတ်တွေ၊ သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ကြသလို တိုင်းပြည်ကိုလဲ အမုန်းတရားတွေ ရှိနေရင် တည်ဆောက်လို့မရ၊ ပြိုကွဲဖို့ပဲ ဖြစ်မယ် ဆိုတာ မြင်ဖို့ကောင်းတယ်။
တိုင်းပြည်ဆိုတာ မိသားစုတစုပဲ။ ရုပ်ရှင်တွေထဲ မွေးစားသားကို ခွဲခြားဆက်ဆံလို့ ရန်ငြိုးတွေဖွဲ့ ကလဲ့စားတွေ ချေ၊ ပျက်စီးပြိုကွဲကြတဲ့ မိသားစုတွေ ခင်ဗျားတို့ကြည့်ဖူးရင် သင်ခန်းစာယူပါ။
ခု ကိုးကန့် ဖြစ်လာပြီ။

ဒီတိုင်းပြည်မှာမွေးဖွားကြီးပြင်းလာတဲ့ တရုတ် ကုလား ဟာ ဒီတိုင်းပြည်ရဲ့ မွေးစားသားသမီးတွေပါ။

ညီရင်းအကို မောင်ရင်းနှမ၊ သားရင်းသမီးရင်းလို တည်ဆောက်ကြရမှာ။
အမေရိကန်ပြည်မှာပေါက်တဲ့ တရုတ်ကလေးတွေ ဘယ်အချိန်မေးမေး အမေရိကန်ပဲ။ ဘယ်သူမှ တရုတ်ပြည်ကြီး တမ်းတမနေဘူး။
ခင်ဗျားတို့ အသုံးမကျလို့၊ ခွဲခြားဖိနှိပ်နေလို့ မြန်မာပြည်က ကုလား၊ တရုတ် ကုလားတမ်းတ၊ တရုတ်တမ်းတ ကုန်ကြတာ။ ခင်ဗျားတို့ညံ့လို့ပဲ မှတ်လိုက်ပါ။

ဓမ္မပီယနဲ့ မဘသဘုန်းကြီးတွေဟာ ဒီလောက် ဗုဒ္ဓစာပေတွေ သင်ထားရက်နဲ့ ရဟန်းစိတ်မဝင်နိုင်တဲ့ 'လူ'တွေ။
လူတောင်မှ တော်တော့်ကို တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း ဦးတည် မောင်းနှင်နေတဲ့၊ ဆင်ခြင်တုံတရားမသွင်းနိုင်အောင် ခေါင်းထဲ ချီးတွေ ပြည့်နေတဲ့၊ သောက်သုံးမကျလှတဲ့ လူတွေ။

ဗုဒ္ဓအရေခြုံထားတာ အင်မတန် နှမျောမိတယ်။

ချိုတူးဇော်

Friday, March 24, 2017


မြန်မာစစ်တပ် နှင့် KIA တပ်မဟာ ၆ တိုက်ပွဲ ဖြစ်

25 March 2017
Kachinnews
နေစဉ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရှမ်းပြည် အရှေ့ပိုင်း ကိုးကန့်ဒေသနှင့် ဆက်စပ်နေသော ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) နယ်မြေ ဘက်တွင်လည်း မတ် ၂၄၊ သောကြာနေ့မှ စပြီး တိုက်ပွဲ ဖြစ်ပွားလာသည်။

Mungbaw (မုံးဘော်) အနီး Manping (မံပင်း) ဘက်မှ Howa Bum ရွာဟောင်း ဘက်သို့ တက်လာသည့် အစိုးရ တပ်ဖွဲ့ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ကို မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု KIA တပ်ရင်း ၃၆ တပ်ဖွဲ့များ စောင့်ကြို တိုက်ခိုက်ရာမှ ၄ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

နံနက် ၈ နာရီမှ ၁၂ နာရီထိ ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ တပ်ဘက် ထိခိုက်သေဆုံးမှု များနိုင်ပြီး Mungbaw (မုံဘော်) Maihpang (မိုင်းဖန်) စခန်းမှ ၁၂၀မမ လက်နက်ကြီး အနည်းဆုံး ၇ ကြိမ် ပစ်ကူပေး ခဲ့ကြောင်း နာမည် မဖော်လိုသော KIA တပ်မဟာ ၆ အရာရှိ တဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။

ယခု တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်၏ စစ်ဆင်လှုပ်ရှားမှုပေါ် မူတည်ပြီး သံလွင်မြစ် အနောက်ဘက် KIA တပ်မဟာ ၆ မုံကိုးဒေသမှာ တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း အထက် KIA အရာရှိက ဆိုပါသည်။

တစ်လ ကျော် ကိုးကန့် ဒေသတွင် တိုက်ပွဲဖြစ်ပွားလာချိန် ယခု KIA တပ်မဟာ ၆ မုံကိုး ဒေသ ဘက်တွင်လည်း နှစ်ဖက် တိုက်ပွဲ စတင် ဖြစ်ပွားလာသည်။

မြန်မာပြည် မြောက်ပိုင်းရှိ KIA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ (၇)ဖွဲ့ က မူလ ပင်လုံ စာချုပ် အတိုင်း ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လမ်းလွဲစေမည့် မြန်မာအစိုးရ၏ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်ကို လက်မှတ် မထိုးကြောင်း ဖေဖေါ်ဝါရီ ၂၄ နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုလို NCA ကို လက်မခံ ပယ်ချ လိုက်ပြီးနောက် မြန်မာစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) ကြား အထူးသဖြင့် သံလွင်မြစ် အရှေ့ဘက် ကိုးကန့် ဒေသတွင် နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပါသည်။

Oppression and torture terror police ( Myanmar ( Burma ) )

Zawzaw Zaw