Monday, April 10, 2017

ရက္ခိုင့် တပ်မတော် ဒု - စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် ဆက်သွယ် မေးမြန်းချက်


ရက္ခိုင့် တပ်မတော် ဒု - စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် ဆက်သွယ် မေးမြန်းချက်

“အခက်အခဲရှိရင် သူတို့အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားထားတာတွေရှိတဲ့အတွက် တရုတ်ကို ကျနော်တို့နဲ့တွေ့ဆုံတဲ့ အချိန်တိုင်း ပါဝင်ဖို့ တောင်းဆိုရခြင်းဖြစ်တယ်”

ရက္ခိုင့်တပ်မတော် (AA)သည် တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်ဖွဲ့ TNLA၊ ကိုးကန့် MNDAA တို့နှင့် မြောက်ပိုင်းမဟာမိတ်ဖွဲ့စည်းကာ လက်ရှိ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်း ပါဝင်ခွင့်ရရှိရေးနှင့် ရက္ခိုင့်လူထု ရသင့်ရထိုက်သော အခွင့်အရေးများအတွက် တိုက်ပွဲဝင်လျက်ရှိသည်။ ထို့ကြောင့် တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ရခိုင်ဒေသမှာလည်း တခါတရံ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများနောက်ကွယ်တွင် တရုတ်အစိုးရနှင့် UWSA တို့ ရှိနေပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ထောက်ပံ့ နေကြောင်း ပြောဆိုမှုများထွက်ပေါ်လာခဲ့သည်။ အလားတူ အစိုးရ၏ NCA လမ်းကြောင်းပေါ်မှ ရှောင်ဖယ်သွား ပြီး UWSA ၏ ဦးဆောင်မှုနောက်သို့ လိုက်မည်ဆိုလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ပြောဆိုသံများ လည်းရှိနေသည်။

အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်(AA)မှ ဒုတိယစစ်ဦးစီးချုပ်အား မွန်သတင်းအေဂျင်စီ အလွတ်သတင်းထောက် မင်းတေဇာအောင် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ဧပြီ (၁၀) ရက်နေ့ဆိုရင် AA စဖွဲ့တာ (၈) နှစ်ပြည့်ပြီလို့သိရပါတယ်။ အဆိုပါနေ့မှာ ဘယ်လို အထိမ်းအမှတ်မျိုး လုပ်ဖို့ရှိပါသလဲ။

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ရက္ခိုင့်တပ်မတော်နေ့ရောက်တိုင်း စစ်ဒေသအသီးသီးမှာ တာဝန် ထမ်း ဆောင် နေကြတဲ့ ရက္ခိုင့်တပ်မတော် စစ်သည်၊စစ်မယ်တွေ၊ ULA အဖွဲ့ဝင်တွေအနေနဲ့ ရောက်ရှိနေတဲ့ စစ်ဒေသ ရဲ့  စစ်ရေး၊ နိုင်ငံရေး အခြေအနေအပေါ်မူတည်ပြီး ရက္ခိုင့်တပ်မတော်နည်း ရက္ခိုင့်တပ်မတော်ဟန် (AA နည်း AA စတိုင်) နဲ့ ကျင်းပကြတယ်။ ဒီ (၈) နှစ်တာကာလအတွင်းမှာ ငါးနှစ်မြောက်တပ်မတော်နေ့ကိုတော့ စစ်ရေးပြ တွေ အပါအဝင် မဟာမိတ်အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး ကျနော်တို့အနေနဲ့ အခမ်းနားဆုံး ကျင်းပနိုင်ခဲ့ တယ်။

အဲဒီ ငါးနှစ်မြောက်တပ်မတော်နေ့ဟာ ရက္ခိုင့်တပ်မတော်ရဲ့  သမိုင်းဖြစ်ခဲ့သလို ရက္ခိုင်တော်လှန်ရေးသမိုင်းထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောရင်လည်း ရပါတယ်။ အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ အကျဉ်း ချုံးပြီးပဲ ကျင်းပခဲ့ကြတယ်။ မနှစ်က (၇) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ကိုတော့ ရက္ခိုင်ပြည်ရဲ့  အလယ်ဗဟို ချက်မ အနီး (Heart of Arakan) မှာ ကျင်းပနိုင်ခဲ့တယ်။ ဒီနှစ်လည်းပဲ သိပ်ပြီးကြီးကြီးကျယ်ကျယ် ခမ်းခမ်း နား နား ကျင်းပဖို့ အစီအစဉ်မရှိပါဘူး။ သက်ဆိုင်ရာ စစ်ဒေသအသီးသီးနှင့် ပြည်တွင်း ပြည်ပကိုရောက်ရှိနေကြတဲ့ ULA အဖွဲ့ဝင်တွေ ဦးဆောင်ကျင်းပကြတဲ့ ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားတွေဆီကို ရက္ခိုင့် တပ်မတော် တပ်မှူးချုပ် မိန့်ခွန်းသဝဏ်လွှာ ပေးပို့တာမျိုးလောက်ပဲ လုပ်ဖြစ်မှာပါ။ တစ်ချို့ နေရာတွေမှာတော့ Online (အွန်လိုင်း)မိန့်ခွန်း ပြောကြားတာမျိုးရှိတယ်။ဒီနှစ် လိုင်ဇာပတ်ဝန်းကျင်မှာတော့ (၈) နှစ်မြောက် ရက္ခိုင့် တပ်မတော်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တယ်။ နောက်လာမည့် ၂၀၁၉ ဆယ်နှစ်ပြည့် (Aluminium Anniversary) အလူမီနီယံရတုမှာတော့ ခမ်းခမ်းနားနားနဲ့ အကောင်းဆုံး ကျင်းပ သွားဖို့ လျာတားထားပါတယ်။

မေး ။ ။(၈) နှစ်တာကာလမှာ AA ရဲ့အောင်မြင်မှုဟာ ဘာတွေဖြစ်မလဲ။ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ပြီလား။ မရောက် သေးဘူးဆိုရင် ဘယ်လိုရှေ့ဆက်ဖို့ စဉ်းစားထားပါသလဲ။

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ရက္ခိုင့်တပ်မတော်ရဲ့အဓိက အောင်မြင်မှုက ရက္ခိုင်ပြည်သူတစ်ရပ်လုံး နီးပါးက ရက္ခိုင့်တပ်မတော်ကို ထောက်ခံလာခြင်း၊ ယုံကြည်အားကိုးလာခြင်း၊ ပိုပြီးတော့ မျှော်လင့်လာခြင်းလို့ ပြောရမှာပဲ။ နောက်ပြီး မဟာမိတ်အဖွဲ့အစည်းတွေက ရက္ခိုင့်တပ်မတော်အပေါ် တန်ဖိုးထားလေးစားခြင်း၊ တရုတ်နိုင်ငံအပါအဝင် နိုင်ငံကြီးတွေက ရက္ခိုင့်တပ်မတော်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေ ဦးဆောင်ပြီး ဘယ်လို နိုင်ငံရေး ရည်မှန်းချက်နဲ့ သွားနေတယ်ဆိုတာကို သိရှိသွားကြတာတွေကလည်း ULA/AA ရဲ့ အောင်မြင်မှုလို့ ပြောလို့ ရပါတယ်။အအောင်မြင်ဆုံးလို့ ပြောလို့ရတာက ရက္ခိုင့်တပ်မတော် ရက္ခိုင်ပြည်မှာ အခြေချ လှုပ်ရှားနိုင် ခဲ့တာပါပဲ။ဒီလိုမျိုး အနေအထားကို ရောက်ရှိလာတာကလဲ တစ်နေ့တည်း တစ်ရက်တည်းနဲ့ ရလာတာ မဟုတ် သလို တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ရလာတာ မဟုတ်ပါဘူး။ ရဲဘော် ရဲဖက်တွေရဲ့  ဘဝ၊ အသက်၊ သွေးချွှေးတွေ များစွာ စတေးပြီးမှ ရရှိလာခဲ့တာပါ။ အလကား ရခဲ့တာ တစ်ခုမှ မရှိခဲ့သလို နေရာတိုင်း၊ အဆင့် တိုင်းမှာ စိန်ခေါ်မှု၊ အခက်အခဲ၊ အတားအဆီး၊ အတိုက်အခံတွေ တပုံကြီးရှိခဲ့တယ်။ဒါတွေကို ကျနော်တို့အားလုံး စုစည်းညီညွတ်စွာနဲ့ တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် အခုလိုမျိုး ရလာခဲ့တာပါ။ နောက်ပြီး ဒီဟာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိသလို တစ်ခုပြီးမှ တစ်ခုရရှိ လာတာပါ။

ကျနော်တို့အနေနဲ့က ဒီလောက်အနေအထားမျိုးနဲ့ ရောင့်ရဲတင်းတိမ်မနေဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်၊ ရက္ခိတအိမ်မက်တွေ အကောင် အထည် ပေါ်ပြီးမှသာ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ပြီလို့ပြောရမှာပဲ။ လိုချင်တဲ့ ပန်းတိုင်ရောက်ပြီ လားဆို မရောက်သေးပါဘူး။ ဒါပေမဲ့ အရင်လောက်တော့ မဝေးတော့ပါဘူး။ လိုချင်တဲ့ပန်းတိုင်ကို မရောက် ရောက်အောင် ကြိုးစားနေဆဲ၊ ချီတက်နေဆဲလို့ ပြောရမှာပဲ။ ULA/AA က ချမှတ် အကောင်အထည်ဖော်နေတဲ့ ရက္ခိတလမ်းစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ပြီးရင်လည်း ပြီးဆုံးမသွားသေးဘဲ အဲဒီ ရရှိပြီးသားကို ဆက်လက် တည်တံ့အောင် ထိန်းသိမ်းသွားရမယ့် အလုပ်တွေက ဆက်လို့ ရှိနေအုံးမှာပါ။

မေး။ ။UNFC က AA အပါအဝင် (မြောက်ပိုင်းမဟာမိတ်အဖွဲ့)ကို NCA မှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးနေ ပါ တယ်။ ဒါပေမဲ့ NCA လမ်းကြောင်းပေါ်က ရှောင်ပြီးတော့ UWSA နဲ့ပူးပေါင်းသွားဖြစ်ခဲ့တာ ဘာကြောင့်ပါလဲ။

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ အရင်အစိုးရရဲ့  နိုင်ငံရေး ကလိန်ကကျစ်ကျမှု၊ မရိုးသားမှုတွေ၊ လက်ရှိ အစိုးရရဲ့  နိုင်ငံရေးအခင်းအကျင်း၊ အစိုးရကိုယ်တိုင်က လူမျိုးကြီးဝါဒကို ဆက်လို့ အကောင်အထည် ဖော်နေ တာတွေ၊ စစ်တပ်ရဲ့  တိုင်းရင်းသား လူမျိုးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကို အမြစ်ပြုတ် ထိုးစစ် ဆင် စစ်ရေးဖိအားပေးမှုတွေ၊ တန်းတူညီမျှမှုကို မသိကျိုးကျွန်ပြုကာ တစ်ဖွဲ့ကိုပေါင်း တစ်ဖွဲ့ကို တိုက်နေတာ တွေ၊ စစ်တပ်ဖက်က ငြိမ်းချမ်းရေးမူ (၆) ကို ဆက်လို့ ဇောင်းပေးပြောဆိုနေတာတွေက ဒီလိုအနေအထားမျိုး မရောက်ရောက်အောင် တွန်းပို့နေလို့ ဒီလို အနေအထားမျိုးကို ရောက်သွားတာပါ။

မေး။ ။ကျနော်သိသလောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံညှိုနှိုင်းမှုက အဆင်ပြေဖို့ နီးစပ်နေပြီး “လက်နက်ကိုင်လမ်းစဉ် နဲ့ လက်နက်ကိုင် ပဋိပက္ခ”ဆိုတဲ့ စကားလုံးအပေါ်မှာ သဘောတူညီမှု မရ သေး တာပဲရှိတယ်။ ဒါကို ဆက်ညှိပြီးတော့ NCA လမ်းကြောင်းကိုသွားဖို့ မရှိတော့ဘူးလား။

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ဒီရက်ပိုင်းအတွင်းမှာ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ Dr. တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့  စီစဉ်ပေးမှုနဲ့ တွေ့ဆုံ့ဖို့ ရှိပါ တယ်။ အဲလိုတွေ့ဖို့ ငြိမ်းချမ်းရေးကော်မရှင်ဖက်ကစပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဖက် (ယူနန်ပြည်နယ် လမ်း ကြောင်း) တစ်ဆင့် ကမ်းလှမ်းတာပါ။ တွေ့ဆုံကြမည့်ရက် သတ်မှတ်ပြီးသလို ကျနော်တို့ အဖွဲ့အနေဖြင့် အစည်းအဝေးတက်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီတွေ့ဆုံတဲ့ အချိန်ပြီးမှသာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ကို စောင့်ကြည့်ရုံနဲ့ ဆွေးနွေးပြီး ရလာဒ်အပေါ်မူတည်ပြီး ကောက်ချက်ချရမှာဖြစ်တယ်။

မေး ။ ။NCA မထိုးဘဲ UWSA ဦးဆောင်မှုနဲ စာချုပ်အသစ်ပေါ်ပေါက်ရေး လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ တကယ် လို့ အစိုးရဘက်က ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို တက်ခွင့်ပြုမယ်ဆိုရင်ဘာကို ရွေးချယ်မှာပါလဲ။

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ တတိယအကြိမ် ပန်ခမ်းညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အဖွဲ့အစည်း အားလုံးနီးပါးက ပန်ခမ်းမူအတိုင်း လျှောက်လှမ်းဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ ကျနော်တို့ ULA/AA အနေနဲ့ ပန်ခမ်း တတိယအကြိမ်ညီလာခံက သဘောတူ ချမှတ်ထားတဲ့မူ၊ အဲဒီက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးအဖွဲ့နဲ့သွားဖို့ အဆင်သင့်ဖြစ်နေသလို အခြားသောအဖွဲ့အစည်း တော်တော်များကလည်း အဆင်သင့် ဖြစ်နေကြပါပြီ။ ဆိုလိုတာက NCA လက်မှတ်မထိုးဘဲ UWSA ၏ ဦးဆောင်မှုနဲ့ တတိယအကြိမ် ပန်ခမ်းညီလာခံက ချမှတ်ထားတဲ့ မူအတိုင်း သွားမယ်လို့ ဆိုလိုတာပါပဲ။

တကယ်လို့ အစိုးရဖက်က ဒုတိယအကြိမ် ပင်လုံညီလာခံကို တက်ခွင့်ပြုခဲ့မယ်ဆိုရင် ကျနော်တို့ကို ဘယ်လိုပုံစံ မျိုးနဲ့ ဖိတ်မလဲဆိုတာရယ်၊ (ဥပမာ---လေ့လာသူလား၊ ကိုယ်စားလှယ်လား) ဘယ်သူတွေကို ဖိတ်မလဲ။ ဆိုလို တာက ကျနော်တို့ရဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲက ကချင်၊ကိုးကန့်၊ တအာင်းပလောင်အဖွဲ့တွေအပေါ်မှာ ရော ဘယ်လိုသဘောထားမျိုး ရှိသလဲ။ အဲဒီအဖွဲ့တွေကိုရော ဖိတ်မှာလား) စသည့် အချက်တွေ အပေါ်မှာ မူတည်ပြီး တက်သင့်မတက်သင့် စဉ်းစားမှာပါ။

နောက်ပြီး ဒီတကြိမ်ကျင်းပမည့် အချိန်ကာလအတွင်း စစ်ရေး အခြေအနေတွေက ဘယ်လိုရှိမလဲဆိုတာရယ် ကို စောင့်ကြည့်အုံးမှာပါ။ ပင်လုံမှာ ကျင်းပနေတုန်းအချိန်ကဆိုရင် ပင်လုံနဲ့ သိပ်မဝေးတဲ့ နေရာတွေမှာ တိုက်ပွဲ တွေ ရှိနေခဲ့တယ်။ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနေတဲ့ အချိန်တွေမှာတောင် တိုက်ပွဲတွေကို မရပ်တန့်နိုင်တဲ့ အခြေအနေဆိုတော့ ဒါဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်လောက်ဘူး။အဲဒီနောက်ပိုင်း မြန်မာစစ်တပ်ရဲ့  ထိုးစစ်တွေ အရှိန်မြင့်ပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့တာတွေ ရှိတယ်။ ဒါကြောင့် တကယ်လို့ ကျနော်တို့ကို ဖိတ်ခဲ့ရင်တောင် ကျင်းပမယ့်အချိန်မှာ နိုင်ငံရေး၊ စစ်ရေး မိုးလေဝသတွေ ဘယ်လိုအနေအထားမှာ ရှိနေမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး တက်သင့်/မတက်သင့် ဆုံးဖြတ်မှာပါ။

မေး။ ။မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဖို့ရှိတယ်။ ဒါပေမဲ့ ဗိုလ်မှူးချုပ်တို့ဖက်က တရုတ်နဲ့ “ဝ” ကိုယ်စားလှယ်တွေကို ပါဝင်ဖို့ တောင်းဆိုနေတယ်။ ဒါက ဘာကြောင့်ပါလဲ။ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချမှတ်ခွင့် မရှိလို့ပါလား။

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ဟုတ်ကဲ့ … ဒီရက်ပိုင်းအတွင်းမှာ တွေ့ဖို့ရှိပါတယ်။ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပါဝင်ဖို့ တောင်းဆိုတာက မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ဖြစ်နေတဲ့ တိုက်ပွဲအများစုက တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်နေတယ်။မစ္စတာ ဆွန်ကော်ရှန်းနဲ့ ကျနော်တို့ တွေ့တဲ့အချိန်မှာ ဒီတရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းဖို့အတွက်ကို လိုလား ကြောင်း၊ ပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပြေပြေလည်လည်ဖြစ်အောင် ဖြေရှင်းဖို့သူက အမြဲတမ်း တိုက်တွန်း ပြောဆိုတယ်။ နောက်ပြီး သူတို့အနေနဲ့လည်း ငြိမ်းချမ်းရေးကော်မရှင်နဲ့တွေ့ဖို့ လမ်းကြောင်းမရှိရင် သူတို့ဆီက တစ်ဆင့် (ယူနန်ပြည်နယ် လမ်းကြောင်းကတစ်ဆင့်) ဆက်သွယ်ပေးလို့ရတယ်ဆိုတာမျိုးရယ်၊ တကယ်လို့ ကျနော်တို့ဖက်ကအစိုးရနဲ့ ဆက်သွယ်တဲ့လမ်းကြောင်း အခက်အခဲရှိရင် သူတို့အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားထားတာတွေရှိတဲ့အတွက် တရုတ်ကို ကျနော်တို့နဲ့တွေ့ဆုံတဲ့ အချိန်တိုင်း ပါဝင် ဖို့ တောင်းဆိုရခြင်းဖြစ်တယ်။

“ဝ” အဖွဲ့အစည်းကတော့ နိုဝင်ဘာ (၂၀) တိုက်ပွဲအစမှာ ကတည်းကပင် ထုတ်ပြန် ကြေငြာချက် ထုတ်ထား တာရှိတယ်။ “ဝ” အဖွဲ့အစည်းအနေဖြင့်လည်း အခုလိုမျိုး ပြဿနာတွေကို ဖြေရှင်းတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွား သည့် နှစ်ဦးနှစ်ဖက် ပြန်လည်သင့်မြတ်ရေးနှင့်ညှိုနှိုင်းဆွေးနွေးရေးတို့ အတွက် လိုအပ်သည့် အကူအညီ ဆောင်ရွက်ပေးနိုင်ဖို့ သူတို့အဖွဲ့အနေနဲ့ အချိန်ပြည့် အဆင်သင့်ရှိတယ်ဆို တာမျိုးကို နိုဝင်ဘာ (၂၄) ရက်နေ့ ရက်စွဲနဲ့ ထည့်သွင်း ထုတ်ပြန်ထားတဲ့အတွက်ကြောင့် တောင်းဆိုရတာမျိုး ဖြစ်တယ်။ နောက်ပြီးကျနော်တို့တွေ ကိုယ်တိုင်ကလည်း မစ္စတာဆွန်းကော်ရှန်းဆီကို တင်ပြဆွေးနွေးတဲ့ အထဲ မှာ နောက်နောင် မည်သည့် တွေ့ဆုံ မှုမျိုးတွင်မဆို UWSA အား ပါဝင်စေမှုအား လိုလားကြောင်း တင်ပြထားတဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်။

မေး ။ ။AA အဖွဲ့ကို ချင်းအမျိုးသားတပ်ဦး CNF က ပလက်ဝမြို့နယ်အတွင်းမှာ စစ်ရေးမလှုပ်ရှားဖို့ တောင်းဆို ထား တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို နားလည်မှုရယူပြီး ဖြေရှင်းဆောင်ရွက်သွားဖို့ စဉ်းစားထားပါသလဲ

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ မိုင်ဂျာယန်ညီလာခံ အစည်းအဝေးအတွင်း တွေ့ဆုံဆွေးနွေးနေစဉ် ကာလမှာ မိုင်ဂျာယန်အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကျနော်တို့ AA က ဦးစီးချုပ်ပါဝင်တဲ့အဖွဲ့နဲ့ CNF အဖွဲ့အစည်းက ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာရှိတယ်။ အဲလိုအလွတ်သီးသန့်နှစ်ဖွဲ့တွေ့တဲ့အချိန်မှာ ကျနော်တို့ ULA/AA ဖက်ကရှင်းပြ တာကတော့ အဲဒီတောင်တန်းတွေပေါ်မှာ ဘာကြောင့်စစ်ရေး လှုပ်ရှား ရသလဲ ဆိုတာမျိုးကို ရှင်းပြခဲ့တယ်။

အဲဒီလိုမျိုး စစ်ရေးအရ မလွဲမရှောင်သာ လှုပ်ရှားဆောင်ရွက်ရတာတွေဟာ မြန်မာစစ်တပ်ရဲ့  ကျနော်တို့ ရက္ခိုင့် တပ်မတော်အပေါ်မှာ အမြစ်ပြုတ် ချေမှုန်းရေးထိုးစစ်ကို ဆင်နွှဲနေတဲ့အတွက် လှုပ်ရှားရကြောင်း ရှင်းပြခဲ့တယ်။ နောက်ပြီး အဲဒီအချိန်ကာလတုန်းကလည်းကျနော်တို့ ULA/AA အနေနဲ့ CNF အပါအဝင် ချင်းသာသနာပိုင် အဖွဲ့အစည်း၊ ချင်းလူငယ် အဖွဲ့အစည်း၊ ချင်း CBO/CSO တွေဆီကိုလည်း အချိန်နဲ့တပြေးညီ စာပို့ပြီးတော့ ဒီကိစ္စတွေ ဘာကြောင့် ဖြစ်ရသလဲဆိုတာမျိုးကို ရေးသားပြီး ပေးပို့ခဲ့တာတွေ ရှိခဲ့တယ်။ တစ်ချို့ ချင်းပြည်သူလူ ထုနဲ့ ချင်းလူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ကျနော်တို့အပေါ် စာနာနားလည်ကြောင်း ပြသခဲ့ကြပါတယ်။

မေး။ ။မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့  ငြိမ်းချမ်းရေး ရည်မှန်းချက်က ဘယ်လိုပုံစံလဲ။ ဘယ်လိုပုံစံမျိုးသွားလိုပါသလဲ။

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ အခုအချိန်မှာ ကျနော်တို့က တတိယအကြိမ် ပန်ခမ်းညီလာခံက ချမှတ် ထားတဲ့ မူအတိုင်း သွားဖို့ရှိနေတော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်က အဲဒါလို့ ပြောရင်ရပါတယ်။ သင့်တော်တဲ့ အချိန်ကာလတစ်ခုမှာ ဘယ်လိုပုံစံ၊ ဘယ်လိုမူဆိုတာ ချပြသွားဖို့ အစီအစဉ်ရှိပါတယ်။

မေး။ ။ဒီရက်ပိုင်း ရခိုင်မှာ ထိတွေ့မှုတွေ ပြန်ဖြစ်တယ်လို့ ကြားရပါတယ်။ အဲဒီအခြေအနေလေး သိချင်ပါတယ်။

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ဟုတ်ပါတယ်။ ဒီရက်သတ္တပတ်အတွင်း မတ်လ (၂၆) ရက်မှာတော့ ရက္ခိုင်မှာ ထိတွေ့မှုပြန်ဖြစ်ခဲ့တယ်။ ကျနော်တို့ ရက္ခိုင့်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ ရက္ခိုင်ဒေသမှာ တိုက်ပွဲ စဖြစ်တဲ့ ၂၀၁၅ ကနေ ၂၀၁၇ အထိ နှစ်နှစ်နီးပါး ရှိပြီဖြစ်တယ်။ ရက္ခိုင်ဒေသမှာတော့ တချိန်လုံး တိုက်ပွဲဖြစ် နေတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ စစ်တပ်ဖက်ကတော့ အမြစ်ပြုတ် ချေမှုန်းရေးလုပ်ငန်းကိုတော့ တချိန်လုံး တောက်လျှောက် လုပ်နေခဲ့တယ်။

ကျနော်တို့က လှုပ်ရှားစစ်ကြောင်းပုံစံနဲ့ လှုပ်ရှားတယ်ဆိုတော့ ထိပ်တိုက်တွေ့တဲ့အချိန် တိုက်ပွဲတွေဖြစ်လေ့ ရှိပြီး ထိပ်တိုက်မတွေ့တဲ့ အချိန်တိုက်ပွဲမဖြစ်ဘူး။ တစ်ခါတစ်လေတော့ စစ်ရေးဖိအားတွေ တအားများနေတဲ့ အချိန် ကျနော်တို့က ပြန်ပြီး တိုက်ခိုက်တာမျိုးတွေတော့ ရှိတယ်။ အဓိက,ကတော့ စစ်တပ်ဖက်က စစ်ဆင်ရေး လှုပ်ရှားမှုအနည်း/အများအပေါ် မူတည်ပြီး တိုက်ပွဲဖြစ်ကြတာများတယ်။ ဒါကြောင့် တိုက်ပွဲတွေက အချိန်မရွေး ဖြစ်နိုင်တဲ့ အနေအထားဟာ နေရာတိုင်း၊အချိန်တိုင်းမှာ ရှိနေတယ်။ နောက်ပြီး တိုက်ပွဲ အများစုကလည်း ကျနော်တို့ တိုင်းရင်းသားမဟာမိတ် နယ်မြေတွေထဲမှာပဲ ဖြစ်နေတယ်။ စစ်တပ်ဖက်မှ ကျနော်တို့ကို အမြစ်ပြုတ် ချေမှုန်းရေးကို ကြံစည် ကြိုးစားနေသမျှ ကာလပတ်လုံး ရက္ခိုင်ဒေသမဟုတ်ဘူး၊ အခြားနေရာတွေမှာလည်း တိုက်ပွဲတွေ ဆက်လို့ရှိနေမှာပါပဲ။

မေး။ ။ဘာများ ပြောလိုပါသေးသလဲ။

ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ကျနော်တို့ ULA/AA အနေနဲ့ ရက္ခိတလမ်းစဉ်ကို ချမှတ်ပြီး အမျိုးသား ရေး သမိုင်းပေးတာဝန်တွေကို သဘောတရားနဲ့လက်တွေ့ပေါင်းစပ်ပြီး စနစ်တကျ အချိုးညီစွာ ကြိုးစားလုပ် ဆောင်နေတယ်။ အဲလိုကြိုးစားဆောင်ရွက်နေတဲ့အချိန်မှာ လှုပ်ရှားရုန်းကန်မှု တိုက်ပွဲတွေကို တစ်ရက်ပြီး တစ်ရက်ဆင်နွှဲနေတယ်။ ရက္ခိုင့်ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ တပြိုင်နက်တည်း ကြိုးစားနေတဲ့အချိန်မှာ ကမ္ဘာ့အနှံ့ကို ရောက်ရှိနေကြတဲ့ ရက္ခိုင်လူမျိုး၊ ရက္ခိုင်မျိုးနွယ်စုတွေအားလုံးလည်း မိမိရောက်ရှိနေတဲ့ နေရာမှ နေ၍ ရက္ခိုင့်ဂုဏ်သိက္ခာကို မြှင့်တင်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

မွန်သတင်းအေဂျင်စီ

ကေအဲန်ယူ ဒုဥက္ကဌဟောင်း ပဒို နော်စီဖိုးရာစိန်၏ စကား လက်ဆောင်


ကေအဲန်ယူ ဒုဥက္ကဌဟောင်း ပဒို နော်စီဖိုးရာစိန်၏ စကား လက်ဆောင်

“ကျမတို့ လုပ်ဖော်ကိုင်ဖက်တွေကို အားပေးလိုတာက စိတ်ပျက်ဖို့ မလိုပါဘူး”

(၁၆) မြောက် ကေအဲန်ယူ ကွန်ဂရက်အတွင် ကျင်းပသည့် ရွေးကောက်ပွဲအပြီးတွင် ဗဟို ကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များတွင် ပြန်လည်ရွေးချယ်ခြင်းမခံတော့သည့် ၀ါရင့် ကေအဲန်ယူ၏ အမြင့်ဆုံးအမျိုးသမီးခေါင်းဆောင် ကေအဲန်ယူ ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ ကရင်ပြည်သူလူထုနှင့် အသစ်တက်လာသည့် ကေအဲန်ယူ ခေါင်းဆောင်များအတွက် စကားလက်ဆောင်အချို့ ကို ဖော်ပြလိုက်ပါတယ်။
______________

၁၆ ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်မှာ ခေါင်းဆောင်သစ်တွေကို ရွေးချယ်တယ်။ အထူးသဖြင့် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးချုပ်၊ တွဲဘက်အတွင်ရေးမှူး ၁နှင့် ၂တွေကို အသစ်ရွေးချယ်ခဲ့တယ်။ အမြဲတမ်းဗဟိုကော်မတီဝင် အသစ်ရွေးချယ်လိုက်တယ်။ လူဟောင်းတွေ ဖြစ်ကြတဲ့ ၁၅ကြိမ်မြောက် ကွန်ဂရက်မှာ အရွေးကောက်ခံခဲ့ရတဲ့ ဒုဥက္ကဌ၊ တွဲဘက် အတွင်းရေးမှူး ၁၊ ၂တွေကတော့ ရွေးချယ်တာ မခံရပါဘူး။ အဲသလိုပဲ အမြဲတမ်းကော်မတီဝင်ထဲမှာလည်း ကျမတို့က ရွေးချယ်ခြင်းမခံရဘူး။ ကျမတို့ကို မရွေးချယ်ပေမယ့် ကျမတို့ သဘောထားကတော့ ကျမတို့ အမျိုးသားရေး အလုပ်ဖြစ်တဲ့အတွက် ကျမတို့ကို ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ ကျမတို့ အမျိုးသားရေးအလုပ်ကတော့ နေရာတိုင်းမှာ ရှိပါတယ်။ အဲဒါကြောင့် ဘယ်အလုပ်ပဲ ဖြစ်ဖြစ် ကျမတို့ လုပ်နိုင်ပါတယ်။ ကျမတို့ အမျိုးသားရေးအတွက် လုပ်နိုင်ပါတယ်။ ဒါကြောင့် ဘာအခက်အခဲမှ မဖြစ်စေဘူးပေါ့နော်။

အခြေအနေအချို့ အထူးသဖြင့် အချို့သော အပြင်လူအချို့ က ကျမတို့ကို ခေါင်းမာတဲ့သူတွေ ဖြစ်ကြတယ်လို့ယူဆကြတယ်။ အနေအထားကတော့ ကျမတို့က ခေါင်းမာတဲ့လူအနေအထားမှာ ရှိတဲ့အတွက်ကြောင့် ဒီတစ်ကြိမ်မှာတော့ ကျမတို့ကို အမြဲတမ်း ဗဟိုကော်မတီဝင်ထဲမှာ ရွေးချယ်တာ မခံရဘူး။ သို့သော်လည်း ကျမတို့ ထင်တာကလေ အချို့သော နေရာတော်တော်များများက ပြည်သူလူထုတွေက ဒီရွေးကောက်ပွဲ အဖြေထွက်လာတဲ့အခါမှာ ကျမတို့ ပါဝင်စေချင်တာ ရှိကြပါတယ်။ တော်တော် မျှော်လင့်ရှာကြပါတယ်။ အချို့သော ခေါင်းဆောင်တွေက ဒီရွေးကောက်ပွဲမှာ မပါဝင်လာတဲ့အတွက် အချို့ လူတွေက စိတ်တွေပျက်ကြတယ်ဆိုတာ ကျမတို့ ကြားသိနေရပါတယ်။ သို့သော်လည်း ကျမတို့ ပြည်သူလူထုပဲ ဖြစ်ဖြစ်၊ ပြည်တွင်း၊ ပြည်ပမှာ ရှိကြတဲ့ ကျမတို့ လုပ်ဖော်ကိုင်ဖက်တွေကို အားပေးလိုတာက စိတ်ပျက်ဖို့ မလိုပါဘူး။ ကျမတို့ လုပ်နိုင်တဲ့ အမျိုးသားရေးအလုပ်ဆိုတာ အများကြီးရှိပါတယ်။ အမြဲတမ်းကော်မတီဝင်ထဲမှာ ဖြစ်စေ၊ ဗဟို အလုပ်အမှုဆောင်ထဲမှာ ကျမတို့ အရွေးမခံရပေမယ့် အမျိုးသားရေးအတွက် ကျမတို့ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ ကျမတို့ လက်တွဲကြပြီးပူးပေါင်း လုပ်ဆောင်ကြမယ်။

နောက်တစ်ခု ပေးသိချင်တာက အချို့သော အထင်မှားတာ ရှိပါတယ်။ ကျမတို့က ခေါင်းမာတယ်။ ငြိမ်းချမ်းရေးကို မလိုလားဘူး။ ဒါက မမှန်ပါဘူး။ ကျမတို့က ရွေးကောက်ခံတာဖြစ်စေ၊ မရွေးကောက်ခံရတာ ဖြစ်စေ ကျမတို့ ငြိမ်းချမ်းရေး ချစ်မြတ်နိုးတဲ့လူတွေဖြစ်တယ်။ ကျမတို့ ပြည်သူတွေ ဖိနှိပ်မှု ဘ၀က အမှန်တကယ် လွတ်မြောက်ချင်တယ်။ ကျမတို့ ပြည်သူတွေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရစေချင်ပါတယ်။ ကျမတို့ ပြည်သူတွေ စစ်အာဏာရှင် ဖိနှိပ်မှု ဘ၀က အမှန်တကယ် လွတ်မြောက်ဖို့အတွက်က ကျမတို့ရဲ့ မျှော်မှန်းချက်ပါပဲ။ အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အခုလုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေးကို ကျမတို့က အားပေးတယ်။ ပြီတော့ အခု တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်လာဖို့ ကျမတို့ မျှော်လင့်တယ်။ အထူးသဖြင့် နိုင်ငံရေး မျှော်မှန်းချက်ကို ရရှိဖို့အတွက်က ကျမတို့ စိတ်အားထက်သန် တယ်။ ကျမတို့ အမှန်တကယ် ကြိုးစားပမ်းစား လုပ်ခဲ့ပါတယ်။ ပြီးတော့ ကျမတို့ မျှော်မှန်းချက်နဲ့ မျှော်လင့်ချက်ပန်းတိုင်ရောက်ဖို့အတွက် ကျမတို့ စိုးရိမ်တာရှိပါတယ်။ ရန်သူရဲ့ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေ လမ်းကြောင်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတယ်။ ဒါကြောင့် အခုကျမတို့ သွားနေတဲ့ လမ်းကြောင်းက ကျမတို့စိုးရိမ်တယ်။ ရန်သူရဲ့ လှည့်ကွက်ထဲမှာ မျှောမနေဖို့ဖြစ်စေ၊ သွေးဆောင်ဖျားယောင်းမှုအောက်မှာ ကျမတို့ပါမသွားဖို့ ဖြစ်စေ ဒါတွေကို ကျမတို့ အများစုက စိုးရိမ်မှုတွေ ရှိကြပါတယ်။ သို့သော်လည်း ကျမတို့ ပြောချင်တာက ကျမတို့ အမှန်တကယ် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြတဲ့ သူတွေဖြစ်ကြပါတယ်။ စည်းလုံးညီညွတ်မှုကို လိုလားတဲ့အတွက် ကျမတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၄ နှစ်အတွင်း၊ ရှစ်နှစ်အတွင်းမှာ တည်တောက်နေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုက ကျမတို့ မျှော်မှန်းချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒါက အခု အခြေအနေနဲ့ အချိန်အခါပဲဖြစ်ပါတယ်။

အထူးသဖြင့် အခု ရွေးကောက်ခံရတဲ့ ခေါင်းဆောင်သစ်တွေကို သူတို့ကို ဆန္ဒပြု ဆုတောင်းပေးပါတယ်။ လေးနှစ်သက်တမ်းမှာ သွားဖို့ ဒီကွန်ဂရက်မှာ အမျိုးသားရေးတာဝန်ပေးခြင်းခံရတဲ့အတွက် လုပ်ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲတွေကတော့ ရှိကြမယ်ဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့ဆက်သွားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စေ၊ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့ ဖြစ်စေ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေကို အားပေးချင်တယ်။ ကျမတို့ သွားခဲ့တဲ့ လမ်းကြောင်းက တိုင်းရင်းသားလူမျိုးစုတွေနဲ့သွားခဲ့တယ်။ ကျမတို့တွေ အခြားတိုင်းရင်းသားတွေနဲ့ နည်းတူ အတူတကွ ဖိနှိပ်ခြင်းခံခဲ့ရတယ်။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ အခက်အခဲ၊ နိုင်ငံရေးအခက်အခဲတွေဟာ ကျမတို့ ကရင်တိုင်းရင်းသားတွေလည်း အတူတကွ ဖိနှိပ်ခံရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ရှေ့ဆက် အတူ သွားဖို့အတွက် ကျမတို့ လမ်းကြောင်းရှာကြမယ်။ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ကျမတို့ တိုင်းရင်းသားတွေ အတူတကွ ရရှိဖို့အတွက် ခေါင်းဆောင်တွေကို အားပေးချင်တယ်။ ပြီးတော့ ကျမအားပေးချင်တာက ဘယ်လိုပဲဖြစ်ပါစေ ၁၆ကြိမ်မြောက် ကွန်ဂရက်က ချမှတ်ထားတဲ့၊ ကေအဲန်ယူချမှတ်ထားတဲ့ အခြေခံလမ်းစဉ်တွေဖြစ်စေ တစ်ဆင့်ချင်းတစ်ချင်း အတူသွားကြပြီးတော့ ပြည်သူတွေအတွက် အတူတကွ သွားကြမယ်။ ပြည်တွင်း၊ ပြည်ပ ဆက်စပ်မှုများလာဖို့အတွက် ကျမတို့ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် အတိုင်းသွားမယ်ဆိုရင် ကျမတို့ လိုလားတဲ့ အတိုင်း ဖြစ်လာမှာဖြစ်ပါတယ်။

ကေအိုင်စီ

About A Girl - Nirvana

ပင်​လုံ ဖက်​ဒရယ်​ လမ်း​ကြောင်း ​ပေါ်မှာ ​ရောက်​ဖို့ ပိတ်​ဆို့​နေတဲ့ ချီး​ပေ ချီးထုတ်​​တွေကို ရ​အောင်​ ဖယ်​ရှား ပစ်​ရမှာ ပဲ ။
ဗမာတွေဟာ ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကို နိုင်ငံတကာ အမြင်တွေ ဘယ်လို ရှိသလဲ ဆိုတာ ဘယ်တော့မှ မလေ့လာပဲ မြန်မာ့ စာအုပ်တွေမှာ ပါတဲ့ အတိုင်း ၀ါဒဖြန့်ချီထားတဲ့ အတိုင်းပဲ ဖင်ပိတ်ပြီး ငြင်းတတ် ကြတယ် ။
တကယ့် သမိုင်းကို နှံ့နှံ့စပ်စပ် သိသူတွေနဲ့ ကျတော့ ဂွကျ ကုန်တယ် ။ ဘာတေးလင်နာတို့လို ပုဂ္ဂိုလ်တွေနဲ့ သွားငြင်းရင် သောက်ရှက် အကြီးအကျယ် ကွဲလိမ့်မယ် ။
မမှန်​တဲ့ မြန်​မာ့သမိုင်း​ကြောင်းကို အမြန်​ဆုံး ဖယ်​ရှား ပစ်​ရမှာ ပဲ ။

Johnny Lynn

NLD ဒေါင်းစားမရဲ့ စစ်ခွေးတွေရဲ့ နိုင်ငံရေး အဆင့်လေ ။

NLD ဒေါင်းစားမရဲ့ သားသမီးတွေ အားလုံးက စစ်ခွေးနဲ့ အတူတူ ဖြစ်ကုန်လို့ ပဲ ။ စစ်ခွေး ဘောမတွေလည်း NLD ဒေါင်းစားမရဲ့ စစ်ခွေး သားသမီးတွေ ပြန်ဖြစ်သွားလို့ပဲ ဖြစ်တယ် ။

နိုင်ငံရေး အခြေခံ အသိတရား သဘောတရားတောင် မသိပဲ နိုင်ငံရေး အဆင့် တဲ့ ။ နိုင်ငံရေး တော်လှန်ရေး လုပ်တာဟာ အဆင့်ကို လိုချင်လို့ လုပ်တာ လား ။ ပြည်သူ အတွက် လုပ်တာ လား ။ သိဖို့ လိုတယ် ။ နိုင်ငံရေး လုပ်ရင် လူ ဆိုတာ မှန်ဖို့ပဲ လိုတယ် ။ ဘာ အဆင့်မှ မလိုဘူး ကွ ။

နိုင်ငံရေး အခြေခံ အသိတရား သဘောတရားတောင် မသိပဲ နိုင်ငံရေး လုပ်နေမယ့် အစား ခင်ဗျာ အိပ်နေတာမှ အကျိုး ရှိအုံးမယ် ။

Sunday, April 9, 2017

ဂျပန်မှာ ဂွင်ဖန် လုပ်စားတော့ မည်လား ။ ဒေါက်တာ ထွန်းအေး ပြန်ထွက် လာပြန်ြ...

ဘာသာ ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ် ပစ်ရမယ့် “ ဝီရသူ ”


ဘာသာ ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ် ပစ်ရမယ့် “ ဝီရသူ ”
====

ဖတ်ဖူးတာကြာပါပြီ၊ ဇာတကဝတ္တုတပုဒ်ထဲကပဲဖြစ်မှာပါ။ အတိအကျတော့မမှတ်မိတော့ပါဘူး။ မှတ်မိသလို အတိုချုပ် ရေးသားလိုက်ပါတယ်။

တခါက လယ်သမားတဦးဟာ သူ့စပါးတွေကို ကြွက်တကောင်က နေ့စဉ် ကိုက်ဖောက်စားသောက်နေတဲ့အတွက် ပူပန် သောက ရောက်နေရပါတယ်။ ဒါနဲ့ အဲဒီကြွက်သောင်းကျန်းကို ထောင်ချောက်ဆင်ပြီးဖမ်းဆီးပါတယ်။ ဖမ်းမိတဲ့အခါ တခါထဲ သတ် မပြစ်ဘဲ ကြွက်ရဲ့အမြှီးမှာ အဝတ်စကို ချီပြီး မီရှို့ကာ လွှတ်လိုက်ပါတယ်။ ပူလွန်းလို့ ကြွက်လည်း ပြေးမိပြေးရာပြေးရင်း လယ်သမားရဲ့ စပါးကျီထဲကို ဝင်ပြေးတဲ့အတွက် စပါးကျီတခုလုံး မီးလောင်ပြာကျရတဲ့အဖြစ်ကို ဆိုက်ရောက်သွားရပါတယ်။

အခုလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) နဲ့ ဒီချုပ်အစိုးရအနေနဲ့လည်း သင်္ကန်းဝတ် “ဝီရသူ” ကို ကိုင် တွယ် နေပုံက အနှီလယ်သမားကဲ့သို့အခြေကို ဆိုက်ရောက်သွားတော့လေမလားဆိုတဲ့ စိတ်နဲ့ စိုးရိမ်နေမိပါတယ်။

(မဟန) အဖွဲ့ကြီးက သင်္ကန်းဝတ်ဝီရသူအား “တရားဟောခွင့် တနှစ်ပိတ်ပင်ကြောင်း” အသိပေးအကြောင်းကြားစာကို သက် ဆိုင်ရာ သံဃအဖွဲ့အစည်းအသီးသီးသို့ (၁၀-၃-၂၀၁၇) ရက်စွဲဖြင့်ပေးပို့ခဲ့ပါတယ်။ ယခုဆိုလျှင် ထိုစာပေးပို့သည်မှာ တလ တင်းတင်း ပြည့်မြောက်တော့ မည်လည်းဖြစ်ပါတယ်။

ထိုအချိန်ကာလအတွင်း သင်္ကန်းဝတ် ဝီရသူသည် (မဟန) အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်ကို မနာခံတဲ့ အပြင် (မဟန) အဖွဲ့ကြီးနဲ့ ဆရာတော်ကြီးများအပေါ် မထီလေးစားပြောဆိုမှုများ၊ ဖီဆန်မှုများကို နောက်လိုက်နောက်ပါအချို့ဖြင့် အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ပြီး အကြိမ်ကြိမ် အခါခါ ဖောက်ဖျက်ကျူးလွန်နေပါတယ်။

– (မဟန) အဖွဲ့ကြီးရဲ့ ညွန်ကြားလွှာအမှတ် (၈၃)၊ (၉၁) ၊ (၉၃) နှင့် (၉၄) တို့ကိုလည်း ဖောက်ဖျက်ကျူးလွန်ကြောင်း
– ဘာသာတခုနှင့်တခုအကြားအမုန်းတရားများပွားများပြီးဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့်ဟောပြောမှုများ
– အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ
– တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများ
– နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန်ဟောပြောမှုများ စတဲ့ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ကြောင်း (မဟ န) အဖွဲ့ကြီး၏ အဆိုပါထုတ်ပြန်ချက်၌ အတိအလင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ထို့အပြင် တရားမဟောရ တနှစ်ပိတ်ပင်ထားသည်ကိုလည်း မနာခံတဲ့အပြင် ညွန်ကြားချက်နဲ့ ဥပဒေများကို လက်တလုံးခြား ပြုလျက် ဖောက်ဖျက်နေပါတယ်။ သို့ပါ၍ (၉-၃-၂၀၁၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ စတုတ္တနေ့ အစည်း အဝေးကဆုံးဖြတ်ခဲ့သည့်အတိုင်း လျှင်မြန်တိကျစွာ အရေးယူဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ထိုဆုံးဖြတ်ချက် အပိုဒ်(ခ)၌ ဤသို့တိကျ ရှင်းလင်းစွာ ဆုံးဖြတ်တော်မူခဲ့ကြပါတယ်။

“(ခ) လိုက်နာဆောင်ရွက်ခြင်းမရှိပါ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ရန် ”

တပည့်တော်အနေဖြင့် (မဟန) အဖွဲ့ကြီးရဲ့ အဆိုပါ ထုတ်ပြန်ချက်နဲ့ပက်သက်ပြီး (၁၁ – ၃ -၂၀၁၇ ) ရက်စွဲဖြင့်ရေးသားပြီး “မိုးမခအွန်လိုင်းစာမျက်နှာ” ၌ဖော်ပြခဲ့သော (အဆက်မပြတ်မှိုင်းတိုက်အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများ အ ကြောင်း) ဆောင်းပါး၌ အောက်ပါအတိုင်းရေးသား ဖော်ပြခဲ့ပါတယ်။

(မဟန) ၏ ထိုကြေညာချက်ကို ဖတ်ရတော့ ပဏာမသာဓု တကြိမ် လှိုက်လှဲစွာခေါ်မိပါတယ်။ “သာဓု” ကို ချွေတာပြီး အလီ လီခွဲ၍ ခေါ်ပါရစေလို့ (မဟန) ဆရာတော်ကြီးများထံ ဦးတင်လျက် ရိုသေစွာလျှောက်ထားလိုက်ပါတယ်။ “သာဓု” ကို ဘာ လို့ ချွေတာပြီး အလီလီခေါ်ချင်ရတာလဲဆိုတာကို ရှင်းလင်းပါရစေ။

အချက် နှစ်ချက်ကြောင့်ပါ။

ပထမအချက်က မြတ်ဗုဒ္ဓ၏ နူးညံ့သိမ်မွေ့သော တရားတော်နှင့်အဆုံးအမတို့ကို အလျင်းမျက်ကွယ်ပြုလျက် ကြမ်းတမ်းရိုင်း ပြပြီး ရုန့်ရင်းသောစကားများကို မြိန်ရေယှက်ရေပြောဆိုနေသာ ထိုသင်္ကန်းဝတ် “ဝီရသူ” သည် ထိုအမိန့်ကို တိတိကျကျ နာခံပါမည်လောဟူသော အချက်။

ဒုတိယအချက်က (မဟန) အဖွဲ့ကြီး၏ တားမြစ်ချက်ကို “ဝီရသူ” က မနာခံ၊ ပယ်လှန်၊ အာခံလာလျှင် ချက်ချင်းလက်ငင်း ထိ ရောက်စွာ အရေးယူပါ့မည်လောဟူသော အချက်တွေကြောင့်ပဲဖြစ်ပါတယ်။

တကယ်တော့ “ဝီရသူ” မှာ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့်သူမျိုးသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၊ သာသနာ၏ မျက် နှာတော်ကို သင်္ကန်းခြုံပြီး အိုးမဲသုတ်နေသူ၊ ရွံ့ပုတ်နဲ့ပက်နေသူမျှသာဖြစ်ပါတယ်။ “တရားဟောခွင့် တနှစ်ပိတ်ပင်ခြင်း” မှာ နောက်ကျ၍ ပြစ်ဒဏ်မှာ အင်မတန်မှပျော့လွန်းနေပါတယ်။ အရေးမယူဘဲ သည်းခံ၍ဆိတ်ဆိတ်နေတော်မူနေတာနဲ့စာလျှင် ယခုကဲ့သို့ အရေးယူလာခြင်းမှာ သာဓုခေါ်၍ ကြိုဆိုဖွယ်ရာဖြစ်ပါတယ်။ — ဟူ၍ဖြစ်ပါတယ်။

ဖော်ပြပါ ဆောင်းပါး၌ ပါရှိခဲ့သော တပည့်တော်၏ ယူဆချက် အခြေခံအားဖြင့် မမှားဟု ဆိုနိုင်ပါလိမ့်မယ်။

ပထမအချက် “ဝီရသူ”ဟာဆရာတော်ကြီးများရဲ့ဆုံးဖြတ်ညွန်ကြားချက်များကိုမလိုက်နာခြင်း၊ ဒုတိယအချက် ထိုသို့ “ဝီရ သူ” က မလိုက်နာ/ အာခံဖီဆန်ခြင်းကို ချက်ချင်းလက်ငင်းထိရောက်စွာအရေးယူရန် နှောင့်နှေးနေခြင်း ဆိုတဲ့အချက်များ က တပည့်တော် ယူဆ ချက်ကို ခိုင်လုံကြောင်းသက်သေပြသနေပါတယ်။

တပည့်တော်အမြင်၌ (မဟန) အဖွဲ့ကြီးက (၁၀-၃-၂၀၁၇) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ [စာအမှတ် ၀၂၃/ (၄၇- အထူး) – ၉/၃/သာ- မဟန ] “တရားဟောခွင့်ပိတ်ပင်ခြင်း” အကြောင်းကြားစာ၌ အတိအလင်းဖော်ပြပါရှိသော“ဆုံးဖြတ်ချက်(ခ)” အတိုင်း တိကျလျှင်မြန်စွာ အရေးယူဆောင်ဖို့အရေးတကြီးလိုအပ်ပါတယ်။

ဆက်လက် နှောင့်နှေးကြံ့ကြာနေမယ်ဆိုပါက လယ်သမားကဲ့သို့ စပါးကျီတခုလုံးမီးဟုန်းဟုန်းတောက်မယ့် ဘေးအန္တရာယ်ကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ် အရှင်သူမြတ်တို့ဘုရား။

ဗုဒ္ဓဘာသာကို ကြည်ညိုရင်းစွဲရှိကြသော သံဃာတော်များ၊ ပြည်သူပြည်သားများအနေဖြင့် သုံးကြိမ်သောသာဓုကို လှိုက် လှိုက်လှဲလှဲ ခေါ်ဆိုချင်နေကြပြီဖြစ်ပါကြောင်း (မဟန) အဖွဲ့ကြီးထံ ဦးတင်လျှောက်ထားအပ်ပါတယ်ဘုရား။

တကယ်တော့ “ဝီရသူ” ဟာ ဗုဒ္ဒဘာသာ၊ သာသနာတော်မှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့်သူမျိုးသာဖြစ်ပါတယ်။

တူမောင်ညို
( မိုးမခ )

Saturday, April 8, 2017

ငြိမ်းချမ်းမှု မရှိသေးသည့် ရှမ်းမြောက် ဒေသ တိုက်ပွဲ သတင်းနှင့် ဗမာ့ သတ်မတော်၏ ကျူးကျော်မှုမှ ကောက်ကျစ် ယုတ်မာ ရက်စက်မှု


ငြိမ်းချမ်းမှု မရှိသေးသည့် ရှမ်းမြောက် ဒေသ တိုက်ပွဲ သတင်းနှင့် ဗမာ့ သတ်မတော်၏ ကျူးကျော်မှုမှ ကောက်ကျစ် ယုတ်မာ ရက်စက်မှု
======

၂၀၁၇ ခုနှစ် ၊ ဧပြီလ (၇) ရက်နှင့် (၈) ရက် တိုက်ပွဲ သတင်းများ

(၁) ယခုရက်များတွင် ကိုးကန့်ဒေသအတွင်း တိုက်ပွဲများအနည်းငယ်လျော့နည်းသွားသော်လည်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင် တအာင်း(ပလောင်)ဒေသ၌ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

(၂) ဧပြီလ (၇) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာအုပ်စု၊ နမ့်စိမ့်ရွာအထက်ဖက်တောင်ကုန်းအနီးတွင် ညနေ (၅) နာရီ (၁၅) မိနစ်မှ (၆) နာရီခန့်အထိ မြန်မာစစ်တပ်၏ တပ်မ (၃၃) လက်အောက်ခံတပ်ရင်း ၊ ခမရ (၁၂၀) နှင့် မိမိတို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းတိုက်ပွဲတွင် ရန်သူသည် အထိနာပြီး နမ့်စိမ်ရွာဖက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၃) ဧပြီလ (၈) ရက်နေ့တွင်လည်း တအာင်းဒေသတွင် တိုက်ပွဲ နှစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့သည်။ ပထမတိုက်ပွဲမှာ ယမန်နေ့ကဖြစ်ပွားခဲ့သော ခမရ (၁၂၀) နှင့် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နာရီဝက်နီးပါးခန့်ကြာမြင့်ခဲ့သည်။

(၄) ယနေ့ ဧပြီလ (၈) ရက်နေ့၊ ဒုတိယတိုက်ပွဲသည်ကား မန်တုံမြို့နယ်၊ နာအော်ကြီးကျေးရွာ နှင့် မန်မိုင် ကျေးရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်တပ်ဖက်မှ တပ်မ (၃၃) လက်အောက်ခံ တပ်ရင်း တစ်ခုနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(၅) တိုက်ပွဲ နှစ်ရက်အတွင်း ရန်သူ့ဖက်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။

(၆) မြန်မာစစ်တပ်သည် နမ့်ခမ့်တပ်စခန်း၊ မန်တတ် တပ်စခန်း နှင့် မိုင်းဝီးတပ်စခန်းများမှ လက်နက်ကြီးများဖြင့် မန်စပ်ကျေးရွာ၊ နမ့်စိမ်ကျေးရွာများဖက်သို့ ညနေမိုးချုပ်သည်အထိ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၇) ရန်သူ့ဖက်မှ ပစ်လိုက်သောလက်နက်ကြီး ကျည်အချို့သည် ရွာနီးရွာစပ်များ၌ ကျရောက်ပေါက်ကွဲခဲ့သည်။ လောလောဆယ်၌ လူနေအိမ်များ၊ အရပ်သားပြည်သူလူထုများ ထိခိုက်ဒဏ်ရာရမှုကိုမသိရသေးပါ။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့
Northern Alliance ( Burma)
We Fight , We Win

====

ယနေ့တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ၂ ကြိမ်ထပ်မံဖြစ်ပွား

၂၀၁၇ ခုနှစ် ဧပြီလ ၈ ရက်နေ့

တအာင်းဒေသ၊ တပ်မဟာ (၁) နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ တပ်မဟာ (၃) နယ်မြေ၊ မန်တုံမြို့နယ် တို့၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။

နေ့လည် (၁၁း၀၅) နာရီ အချိန်မှ (၁၁း၄၀) နာရီအချိန်အထိ တပ်မဟာ (၁) နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာနှင့် နမ့်စိမ့်ကျေးရွာ အထက်ဖက်တွင် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ နှင့် မြန်မာ့တပ်မတော် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ တို့ တစ်ကြိမ်၊ နေ့လည် (၁၁း၄၀) နာရီအချိန်တွင် တပ်မဟာ (၃) နယ်မြေ၊ မန်တုံမြို့နယ်၊ နာအော်ကြီးကျေးရွာနှင့် မန်မိုင်ကျေးရွာကြားတွင် ခိုမုံးဖက်မှ ထိုးစစ်ဆင်ထိုးလာသော မြန်မာ့တပ်မတော် တပ်မ(၃၃)နှင့် တအာင်းတပ်မတော် တပ်ရင်း (၆၈၃) တို့ တစ်ကြိမ် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အသေးစိတ်မသိရသေးပါ။
နမ့်ခမ်းမြို့နယ်၌ ဖြစ်ပွားသောတိုက်ပွဲတွင် တိုက်ပွဲပြီးဆုံးသွားသော်လည်း မြန်မာ့တပ်မတော်သည် နမ့်ခမ်းတပ်စခန်း၊ မန်တတ် တပ်စခန်းနှင့် မိုင်းဝီးတပ်စခန်း တို့မှ ၃ ဖက် ၃ တန် ဖြင့် မန်စပ်ကျေးရွာနှင့် နမ့်စိမ့်ကျေးရွာ ဖက်သို့ ယခုညမိုးချုပ်သည်အထိ ဆက်လက် ပစ်ခတ်တိုက်ခိုက် လျက်ရှိသည်။
မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန်၊ အဆောက်အဦး ထိခိုက်မှုရှိမရှိ မသိရသေးပါ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

======

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ပြန်လည်ဖြစ်ပွား

၂၀၁၇ ခုနှစ် ဧပြီလ ၇ ရက်

တအာင်းဒေသ၊ တပ်မဟာ ၁ နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာအုပ်စု၊ နမ့်စိမ့်ရွာအထက်ဖက်တောင်ကုန်းတွင် ယနေ့ ညနေ ၁၇း၁၅ နာရီမှ ၁၈း၀၀ နာရီ အချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၅၇၁ နှင့် မြန်မာ့တပ်မတော် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မြန်မာ့တပ်မတော်သည် တအာင်းတပ်မတော် ယာယီစခန်းချထားသည့် တောတွင်းသို့ ထိုးစစ်ဆင်လာရာမှ တအာင်း တပ်မတော်၏ အဝေးကင်းနှင့် တိုးပြီး နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။

တိုက်ပွဲချိန် နာရီဝက်ကြာ ဖြစ်ပွားပြီး မြန်မာ့တပ်မတော်ဖက် အထိနာသဖြင့် ၁၈း၀၀ နာရီတွင် နမ့်စိမ့်ရွာဖက်သို့ ပြန်လည် ဆုတ်ခွါသွားရာမှ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ပြီးဆုံး သွားသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

လွတ်လပ်ရေး ဘယ်က လာသလဲ ဆိုတာ သေချာ မသိကြတဲ့ သူတွေ အတွက်


လွတ်လပ်ရေး ဘယ်က လာသလဲ ဆိုတာ သေချာ မသိကြတဲ့ သူတွေ အတွက်
=======

ကျနော် မြန်မာတွေဟာ ကိုယ်ရခဲ့တဲ့ လွတ်လပ်ရေး
ဘယ်က လာသလဲ ဆိုတာ သေချာ မသိကြဘူး ။
ဘာဖြစ်လဲ ဆိုတော့ အရင်တုန်းက သမိုင်း နောက်ခံ
မြန်မာ စာအုပ် စာပေတွေကို ရေးခဲ့တဲ့ သူတွေဟာ
သူ သိသလောက် အထဲက ဗဟုသုတနဲ့ ရေးခဲ့တာမို့်
မပြည့်စုံ ခဲ့ဘူး ။ လိုအပ်ချက်တွေ အများကြီး
ကျန်ခဲ့တယ်လို့ ယူဆရလိမ့်မယ် ။

ပြီးတော့ ကျောင်းသင်ရိုး ညွှန်းတမ်း စာအုပ် ၊ စာပေတွေ ပြုစု သူတွေရဲ့
အထက် လမ်းညွှန်ချက် အရ လိုရာဆွဲ
ရေးပေး ရတာတွေကြောင့်လည်း ဖြစ်မယ် ။
ဘယ်သူ မေးမေး လွတ်လပ်ရေး ဘယ်က လာသလဲ ဆိုရင်
ဗိုလ်ချုပ်က လာတယ်လို့ ဖြေကြမယ့် သူကြီးပဲ ။
ကျနော်လည်းပဲ ဒီ အတိုင်းပဲ ။ အသက် ငါးဆယ်ကျော် အထိ
ဗိုလ်ချုပ်ပဲ ဖြစ်ခဲ့တယ် ။ အခုတော့ ကျနော့် အမှားကို
ကျနော် ပြင်လိုက်ပြီမို့ လွတ်လပ်ရေး ဘယ်က လာသလဲ မေးရင်
ဗိုလ်ချုပ်က ရလာတယ်လို့ ကျနော် ဘယ်တော့မှ မဖြေတော့ ဘူး ။
ဗိုလ်ချုပ်လည်း ပါတယ် ။ ဒီလောက်ပဲ ဖြေရတော့ မယ် ။

နောက်တစ်ချက်က Self - determination နဲ့ ပတ်သက်လို့
ခွဲထွက်ရေး ဟုတ်တယ် မဟုတ်ဘူး ငြင်းဆို နေခဲ့ကြတာလဲ
ဒီ မပြည့်စုံတဲ့ သမိုင်းကြောင်း အချို့ကို မသိသေးတာပဲလို့
ယုံကြည်တယ် ။ ဒါကြောင့် ပိုပြီး ပြည့်စုံတဲ့ သမိုင်းကြောင်း တစ်ခုကို
ရဖို့ အတွက် ကျနော် ထပ်ပြီး ရှာဖွေ လေ့လာ ကြည့်တယ် ။

Atlantic Charter အကြောင်း အနည်းငယ် ရှေ့မှာ အာတီကယ် တစ်ခု
ရေးထားခဲ့ဘူးတယ် ။ အခု ထပ်ဖြည့်ပြီး ရေးချင်တာက ဒီချာတာကနေ
Declaration by United Nations ကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ( ၁ )
ရက်နေ့မှာ ထုတ်ပြန် ခဲ့ပြီး ထို အခြေခံ မူမှ တဆင့်ကနေ တဆင့်ပြီး ၁၉၄၅
ခုနှစ် အောက်တိုဘာလ ( ၂၄ )ရက်နေ့မှာ ကမ္ဘာ့ ကုလသမဂ္ဂကို
ဖွဲ့စည်း တည်ထောင် လာနိုင်ခဲ့ရတဲ့ အထိ အဆင့်ဆင့် ဖြစ်ပေါ် တိုးတက် လာမှု ပါ ။

ကမ္ဘာ့ နိုင်ငံကြီး လေးခု ဖြစ်တဲ့ ဗြိတိသျှ ၊ အမေရိကန် ၊ တရုတ်နဲ့ ရုရှားတို့က
ဦးဆောင် လက်မှတ် ရေးထိုး ခဲ့ပြီး နိုင်ငံပေါင်း ( ၂၆ ) နိုင်ငံက စတင် လက်မှတ်
ရေးထိုး လာခဲ့ကြတယ် ။ အင်္ဂလိပ် ကိုလိုနီ နိုင်ငံ အထဲက သြစတေးလျှ ၊ ကနေဒါ ၊ အိန္ဒိယ ၊ နယူးဇီလန်နဲ့ တောင်အာဖရိကတို့က ပါဝင် လက်မှတ် ရေးထိုး ခဲ့ကြသော်လည်း မြန်မာနိုင်ငံ ပါဝင် ခဲ့တာ မတွေ့ခဲ့ရဘူး ။

ကြေငြာချက်ရဲ့ အနှစ်သာရ ကတော့ ၀င်ရိုးတန်း နိုင်ငံတွေ အပေါ်
အနိုင်ရ အောင်ပွဲခံပြီးလျှင် လက်တွဲခဲ့တဲ့ နိုင်ငံတွေကို
self determination ကိုယ်ပိုင်ပြဌါန်းခွင့် ပေးဖို့ပဲ ဖြစ်တယ် ။

The Declaration by United Nations, on 1 January 1942, was the basis
of the modern UN.[3] The term "United Nations" became synonymous
during the war with the Allies and was considered to be the formal name
that they were fighting under.[8] The text of the declaration affirmed the
signatories' perspective "that complete victory over their enemies is
essential to defend life, liberty, independence and religious freedom,
and to preserve human rights and justice in their own lands as well as
in other lands, and that they are now engaged in a common struggle
against savage and brutal forces seeking to subjugate the world".
The principle of "complete victory" established an early precedent for
the Allied policy of obtaining the Axis' powers' "unconditional surrender".
The defeat of "Hitlerism" constituted the overarching objective, and
represented a common Allied perspective that the totalitarian militarist
regimes ruling Germany, Italy, and Japan were indistinguishable.[9]
The declaration, furthermore, "upheld the Wilsonian principles of
self determination," thus linking U.S. war aims in both world wars.[10]

အသေးစိတ် ဖတ်လိုပါက
https://en.wikipedia.org/wiki/Declaration_by_United_Nations

ဒီတော့ ကိုယ်ပိုင်ပြဌါန်းခွင့် ဆိုတာ စစ်ပြီးရင် သူတို့ မဟာမိတ်နဲ့ လက်တွဲ ခဲ့တဲ့
နိုင်ငံတွေကို သူတို့ ဖါသာ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ကို ပေးလိုက်တာ ပါပဲ ။
ဒီတော့ ရွေးချယ်စရာတွေက လုံးဝ လွတ်လပ်ရေး ၊ ဒိုမီနီယမ် အုပ်ချုပ်ရေးကို
နှစ် အကန့်အသတ် တစ်ခု ယူထားပြီးမှ မိမိတို့ လက် ၊ မိမိတို့ခြေ နိုင်နင်းချိန်မှ ယူမယ့် လွတ်လပ်ရေး ၊ ဖေါက်ကလန်ကျွန်းလို တစ်ချို့ ဒေသ territory ငယ်တွေ ဆိုရင် ဗြိတိသျှ အစိုးရရဲ့ ကိုလိုနီ စသည် အဖြစ် ဆက်ပြီး နေခဲ့ကြတယ် ။

ဒါကြောင့် ကိုယ်ပိုင်ပြဌါန်းခွင့်နဲ့ ပတ်သက်လို့ ခွဲထွက်ရေး ဟုတ်တယ်
မဟုတ်ဘူး ဆိုတာ တော်တော်လေး ကွဲလွဲ နေကြတယ် ။ ဒါကြောင့်
ဗြိတိသျှက မြန်မာပြည်ကို လွတ်လပ်ရေး ပေးမယ့် အချိန်မှာ တောင်တန်း
territory နဲ့ မြေပြန့်တွေကို ခွဲပြီး လွတ်လပ်ရေး ပေးမယ့် အဆို တိုင်းရင်းသားတွေကို စဉ်းစားဖို့ ပေးခဲ့တာ ပေါ့ ။

စက္ကူဖြူ ကြေငြာ စာတမ်း အပေါ် စိုးရိမ်မှုတွေကြောင့် လွတ်လပ်ရေး အမြန် ရဖို့
မြန်မာနဲ့ အစိုးရနဲ့ ပေါင်းပြီး ယူဖို့ ဖြစ်လာ ခဲ့တာ ပဲ ။
အမှန် တကယ် ဆိုရင် တိုင်းရင်းသားတွေ ကနေ သူတို့ ဘာသာ သီးခြား လွတ်လပ်ရေးကို ယူမယ်လို့ ဆုံးဖြတ် ခဲ့ရင် ချက်ခြင်းတော့ ဖြစ်လာမယ် မထင်ဘူး ။

ဘရူနိုင်း နိုင်ငံမှာလို ဗြိတိသျှ အစိုးရ အစောင့်အရှောက်နဲ့ နှစ်ပေါင်း အတော်ကြာ နေပြီးမှ ရလာ လိမ့်မယ် ။ ဘရူနိုင်းဟာ ၁၉၈၄ ခုနှစ် ကျမှ လုံးဝ လွတ်လပ်ရေး ရခဲ့တယ် ။

အတ္တလန်တစ် ချာတာမှသည် ကုလသမဂ္ဂ ကြေငြာ စာတမ်း
ကုလသမဂ္ဂ ကြေငြာ စာတမ်းမှသည် ကိုယ်ပိုင်ပြဌါန်းခွင့် ၊
ကိုယ်ပိုင်ပြဌါန်းခွင့်မှသည် လွတ်လပ်ရေး ၊
လွတ်လပ်ရေးမှသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာ
တစ်ဆက် တစ်စပ်ထဲ ရှိနေခဲ့တယ် ။ ဒါကို ကျနော်တို့ နားလည် ရမယ် ။ မသိ ကျိုးကျွန် လုပ်လို့ မရဘူး ။

ဒါကြောင့် ဒီနေ့ တိုင်းရင်းသားတွေ လက်နက်ကိုင်
တော်လှန် နေကြတာဟာ ဘာကြောင့်လဲ ။
ကျနော်တို့ အသေအချာ နားလည်ဖို့ လိုတယ် ။
ဘယ်သူ မကောင်းဘူး ညာဘူး ဆိုတဲ့ ၀ါဒ ဖြန့်ချီမှု နောက်လိုက်ဖို့ မလိုဘူး ။

ဝါဒဖြန့်ချီရေး ဆိုတာ ငြိမ်းချမ်းရေးကို အကျိုး မပြုဘူး ။ ဇစ်မြစ်ကို ဖုံးလွှမ်းပြီး နောက်ဆက်တွဲ အကျိုးဆက်တွေကို အပြစ်ဖို့ ချင်တဲ့ ငြိမ်းချမ်းရေး အဖျက် လမ်းစဉ် တစ်ခုပဲ ဖြစ်တယ် ။

ဒါကြောင့် လက်ရှိ စစ်ခေါင်းဆောင်တွေနဲ့ အတူ
အစိုးရသစ်ဟာလည်း ၀ါဒဖြန့်ချီမှုတွေ အစား
ပူးပေါင်း ဆောက်ရွက်နိုင်မယ့် အခြေခံကို ဦးတည်ရမယ် ။

တိုင်းရင်းသားတွေ အတွက် ကျနော်တို့ နားလည်ပြီး လုပ်ဆောင် ရမည်မှာ
ယခင်တုန်းက မြန်မာ အစိုးရနဲ့ ပေါင်းလိုက်မိခါမှ ဆုံးရှူံး လိုက်ရတဲ့ သူတို့
အခွင့်အရေးတွေကို ပြန်ပေးပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးဟာ အဓိကကျတဲ့ နိုင်ငံရေး ပြသနာ ဖြေရှင်းရေး
လမ်းကြောင်းပဲ ဖြစ်တယ် ။

ဒါကြောင့် တိုင်းရင်းသားတွေ အဆိုပြုထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု
တည်ဆောက်ရေးကို ကျနော်တို့ မြန်မာ အများစုက ငြင်းဆိုခဲ့လျှင်
အလွန်ပင် တရား မျှတမှု မရှိတဲ့ လုပ်ရပ် တစ်ခု အဖြစ် ကျန်ခဲ့မယ် အပြင်
ဘယ်တော့မှလည်း ငြိမ်းချမ်းတဲ့ နိုင်ငံ တစ်ခု အဆင့်ကို ရောက်လာမှာ
မဟုတ်ဘူးလို့ ပြောခဲ့ ပါရစေ ခင်ဗျာ ။

ကိုကိုဦး

ဗဟို အလုပ် အမှုဆောင် ၁၁ဦးနှင့် ဌာနဆိုင်ရာ တာဝန်ခံများကို ကေအဲန်ယူ ရွေးချယ် အတည်ပြု


ဗဟို အလုပ် အမှုဆောင် ၁၁ဦးနှင့် ဌာနဆိုင်ရာ တာဝန်ခံများကို ကေအဲန်ယူ ရွေးချယ် အတည်ပြု

ဧပြီ ၈ ရက်၊ ၂၀၁၇ ခုနှစ်
ကေအိုင်စီ

ဖားအံရိုင်၊ လေးဝါးစခန်းတွင် ကျင်းပနေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ရွေးကောက်ပွဲတွင် နောက်ထပ် ၄ နှစ်သက်တမ်းအတွက် ဦးဆောင်မည့် ဗဟိုအလုပ်အမှုဆောင် ၁၁ ဦးနှင့် ဌာနဆိုင်ရာ တာဝန်ခံများကို ယနေ့ မွန်းလွဲပိုင်းတွင် ရွေးချယ်အတည်ပြုလိုက်ပြီဟု သိရသည်။

ကေအဲန်ယူ၏ ဗဟို အလုပ်အမှုဆောင် ၁၁ ဦးမှာ ဥက္ကဌ စောမူတူးစေးဖိုး ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး၊ တွဲဘက်အတွင်းရေးမှူး (၁) စောဆဲပွယ်၊ တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ပဒိုနော်ဒါးဒါး ပဒိုမန်းငြိမ်းမောင်၊ ပဒိုစော သမိန်ထွန်း၊ ပဒိုစောရောဂျာခင်နှင့် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးတို့ဖြစ်ကြသည်။

ထို့အပြင် ကေအဲန်ယူ၏ ဌာနဆိုင်ရာ ၁၄ ခုဖြစ်သည့် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ ကျန်းမာရေးနှင့် လူမှုကယ်ဆယ်ရေးဌာန ၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာန၊ သစ်တောဌာန ၊ လယ်ယာနှင့် စိုက်ပျိုးရေးဌာန ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန ၊ အခွန်တော်နှင့် ဘဏ္ဍာရေးဌာန၊ တရားရေးဌာန ၊ နိုင်ငံခြားရေးဌာန၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာန ၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန၊ မဟာမိတ်ရေး ရာဌာန၊ သတ္တုတွင်းဌာန နှင့် ကာကွယ်ရေးဌာနတို့၏ ဌာန တာဝန်ခံ အသီးသီးကိုလည်း ရွေးချယ် အတည်ပြု လိုက်ပြီး ဖြစ်သည်။

Friday, April 7, 2017

US Attacks Syria - Navy Destroyer Launches Missile Strikes ( ရုပ်သံ )

ဒီလို အမှန်တရားကို တည့်တည့် ပြောတဲ့ လူမျိုး အယောက် တစ်ရာလောက် ဆိုရင်


ဒီလို အမှန်တရားကို တည့်တည့် ပြောတဲ့ လူမျိုး အယောက် တစ်ရာလောက် ဆိုရင် မြန်မာပြည် နိုင်ငံရေးကို သဟဇာတ ဖြစ်အောင် လုပ်လို့ ရပြီ ။

လက်ရှိ အနေအထားမှာက မျိုးဆက်သစ်တွေ အနေနဲ့ ပိုပြီး သိနားလည်အောင် အရင် လူကြီးတွေက ပိုပြီး အနာခံ လမ်းပြ ပေးကာမှ ရတော့မယ် ။ တစ်ချို့ မြန်​မာ လူကြီး ဆိုရင် မြန်မာ့သမိုင်းကြောင်းကို သေချာ မလေ့လာ ကြပဲ ဇွတ်ပြောနေတာ တွေ့နေရတယ် ။

ကျနော်တို့ ကရင်တွေလည်း တစ်ဦး တစ်ယောက်ထဲကိုပဲ စံထားတဲ့ နိုင်ငံရေးထက် စုပေါင်း ခေါင်းဆောင်မှု စနစ်ကို ပိုပြီး သဘော ကျတယ် ။

Johnny Lynn

Zawzaw Zaw