လွတ်လပ်ရေး ဘယ်က လာသလဲ ဆိုတာ သေချာ မသိကြတဲ့ သူတွေ အတွက်
ကျနော် မြန်မာတွေဟာ ကိုယ်ရခဲ့တဲ့ လွတ်လပ်ရေး
ဘယ်က လာသလဲ ဆိုတာ သေချာ မသိကြဘူး ။
ဘာဖြစ်လဲ ဆိုတော့ အရင်တုန်းက သမိုင်း နောက်ခံ
မြန်မာ စာအုပ် စာပေတွေကို ရေးခဲ့တဲ့ သူတွေဟာ
သူ သိသလောက် အထဲက ဗဟုသုတနဲ့ ရေးခဲ့တာမို့်
မပြည့်စုံ ခဲ့ဘူး ။ လိုအပ်ချက်တွေ အများကြီး
ကျန်ခဲ့တယ်လို့ ယူဆရလိမ့်မယ် ။
ပြီးတော့ ကျောင်းသင်ရိုး ညွှန်းတမ်း စာအုပ် ၊ စာပေတွေ ပြုစု သူတွေရဲ့
အထက် လမ်းညွှန်ချက် အရ လိုရာဆွဲ
ရေးပေး ရတာတွေကြောင့်လည်း ဖြစ်မယ် ။
ဘယ်သူ မေးမေး လွတ်လပ်ရေး ဘယ်က လာသလဲ ဆိုရင်
ဗိုလ်ချုပ်က လာတယ်လို့ ဖြေကြမယ့် သူကြီးပဲ ။
ကျနော်လည်းပဲ ဒီ အတိုင်းပဲ ။ အသက် ငါးဆယ်ကျော် အထိ
ဗိုလ်ချုပ်ပဲ ဖြစ်ခဲ့တယ် ။ အခုတော့ ကျနော့် အမှားကို
ကျနော် ပြင်လိုက်ပြီမို့ လွတ်လပ်ရေး ဘယ်က လာသလဲ မေးရင်
ဗိုလ်ချုပ်က ရလာတယ်လို့ ကျနော် ဘယ်တော့မှ မဖြေတော့ ဘူး ။
ဗိုလ်ချုပ်လည်း ပါတယ် ။ ဒီလောက်ပဲ ဖြေရတော့ မယ် ။
နောက်တစ်ချက်က Self - determination နဲ့ ပတ်သက်လို့
ခွဲထွက်ရေး ဟုတ်တယ် မဟုတ်ဘူး ငြင်းဆို နေခဲ့ကြတာလဲ
ဒီ မပြည့်စုံတဲ့ သမိုင်းကြောင်း အချို့ကို မသိသေးတာပဲလို့
ယုံကြည်တယ် ။ ဒါကြောင့် ပိုပြီး ပြည့်စုံတဲ့ သမိုင်းကြောင်း တစ်ခုကို
ရဖို့ အတွက် ကျနော် ထပ်ပြီး ရှာဖွေ လေ့လာ ကြည့်တယ် ။
Atlantic Charter အကြောင်း အနည်းငယ် ရှေ့မှာ အာတီကယ် တစ်ခု
ရေးထားခဲ့ဘူးတယ် ။ အခု ထပ်ဖြည့်ပြီး ရေးချင်တာက ဒီချာတာကနေ
Declaration by United Nations ကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ( ၁ )
ရက်နေ့မှာ ထုတ်ပြန် ခဲ့ပြီး ထို အခြေခံ မူမှ တဆင့်ကနေ တဆင့်ပြီး ၁၉၄၅
ခုနှစ် အောက်တိုဘာလ ( ၂၄ )ရက်နေ့မှာ ကမ္ဘာ့ ကုလသမဂ္ဂကို
ဖွဲ့စည်း တည်ထောင် လာနိုင်ခဲ့ရတဲ့ အထိ အဆင့်ဆင့် ဖြစ်ပေါ် တိုးတက် လာမှု ပါ ။
ကမ္ဘာ့ နိုင်ငံကြီး လေးခု ဖြစ်တဲ့ ဗြိတိသျှ ၊ အမေရိကန် ၊ တရုတ်နဲ့ ရုရှားတို့က
ဦးဆောင် လက်မှတ် ရေးထိုး ခဲ့ပြီး နိုင်ငံပေါင်း ( ၂၆ ) နိုင်ငံက စတင် လက်မှတ်
ရေးထိုး လာခဲ့ကြတယ် ။ အင်္ဂလိပ် ကိုလိုနီ နိုင်ငံ အထဲက သြစတေးလျှ ၊ ကနေဒါ ၊ အိန္ဒိယ ၊ နယူးဇီလန်နဲ့ တောင်အာဖရိကတို့က ပါဝင် လက်မှတ် ရေးထိုး ခဲ့ကြသော်လည်း မြန်မာနိုင်ငံ ပါဝင် ခဲ့တာ မတွေ့ခဲ့ရဘူး ။
ကြေငြာချက်ရဲ့ အနှစ်သာရ ကတော့ ၀င်ရိုးတန်း နိုင်ငံတွေ အပေါ်
အနိုင်ရ အောင်ပွဲခံပြီးလျှင် လက်တွဲခဲ့တဲ့ နိုင်ငံတွေကို
self determination ကိုယ်ပိုင်ပြဌါန်းခွင့် ပေးဖို့ပဲ ဖြစ်တယ် ။
The Declaration by United Nations, on 1 January 1942, was the basis
of the modern UN.[3] The term "United Nations" became synonymous
during the war with the Allies and was considered to be the formal name
that they were fighting under.[8] The text of the declaration affirmed the
signatories' perspective "that complete victory over their enemies is
essential to defend life, liberty, independence and religious freedom,
and to preserve human rights and justice in their own lands as well as
in other lands, and that they are now engaged in a common struggle
against savage and brutal forces seeking to subjugate the world".
The principle of "complete victory" established an early precedent for
the Allied policy of obtaining the Axis' powers' "unconditional surrender".
The defeat of "Hitlerism" constituted the overarching objective, and
represented a common Allied perspective that the totalitarian militarist
regimes ruling Germany, Italy, and Japan were indistinguishable.[9]
The declaration, furthermore, "upheld the Wilsonian principles of
self determination," thus linking U.S. war aims in both world wars.[10]
အသေးစိတ် ဖတ်လိုပါက
https://en.wikipedia.org/wiki/Declaration_by_United_Nations
ဒီတော့ ကိုယ်ပိုင်ပြဌါန်းခွင့် ဆိုတာ စစ်ပြီးရင် သူတို့ မဟာမိတ်နဲ့ လက်တွဲ ခဲ့တဲ့
နိုင်ငံတွေကို သူတို့ ဖါသာ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ကို ပေးလိုက်တာ ပါပဲ ။
ဒီတော့ ရွေးချယ်စရာတွေက လုံးဝ လွတ်လပ်ရေး ၊ ဒိုမီနီယမ် အုပ်ချုပ်ရေးကို
နှစ် အကန့်အသတ် တစ်ခု ယူထားပြီးမှ မိမိတို့ လက် ၊ မိမိတို့ခြေ နိုင်နင်းချိန်မှ ယူမယ့် လွတ်လပ်ရေး ၊ ဖေါက်ကလန်ကျွန်းလို တစ်ချို့ ဒေသ territory ငယ်တွေ ဆိုရင် ဗြိတိသျှ အစိုးရရဲ့ ကိုလိုနီ စသည် အဖြစ် ဆက်ပြီး နေခဲ့ကြတယ် ။
ဒါကြောင့် ကိုယ်ပိုင်ပြဌါန်းခွင့်နဲ့ ပတ်သက်လို့ ခွဲထွက်ရေး ဟုတ်တယ်
မဟုတ်ဘူး ဆိုတာ တော်တော်လေး ကွဲလွဲ နေကြတယ် ။ ဒါကြောင့်
ဗြိတိသျှက မြန်မာပြည်ကို လွတ်လပ်ရေး ပေးမယ့် အချိန်မှာ တောင်တန်း
territory နဲ့ မြေပြန့်တွေကို ခွဲပြီး လွတ်လပ်ရေး ပေးမယ့် အဆို တိုင်းရင်းသားတွေကို စဉ်းစားဖို့ ပေးခဲ့တာ ပေါ့ ။
စက္ကူဖြူ ကြေငြာ စာတမ်း အပေါ် စိုးရိမ်မှုတွေကြောင့် လွတ်လပ်ရေး အမြန် ရဖို့
မြန်မာနဲ့ အစိုးရနဲ့ ပေါင်းပြီး ယူဖို့ ဖြစ်လာ ခဲ့တာ ပဲ ။
အမှန် တကယ် ဆိုရင် တိုင်းရင်းသားတွေ ကနေ သူတို့ ဘာသာ သီးခြား လွတ်လပ်ရေးကို ယူမယ်လို့ ဆုံးဖြတ် ခဲ့ရင် ချက်ခြင်းတော့ ဖြစ်လာမယ် မထင်ဘူး ။
ဘရူနိုင်း နိုင်ငံမှာလို ဗြိတိသျှ အစိုးရ အစောင့်အရှောက်နဲ့ နှစ်ပေါင်း အတော်ကြာ နေပြီးမှ ရလာ လိမ့်မယ် ။ ဘရူနိုင်းဟာ ၁၉၈၄ ခုနှစ် ကျမှ လုံးဝ လွတ်လပ်ရေး ရခဲ့တယ် ။
အတ္တလန်တစ် ချာတာမှသည် ကုလသမဂ္ဂ ကြေငြာ စာတမ်း
ကုလသမဂ္ဂ ကြေငြာ စာတမ်းမှသည် ကိုယ်ပိုင်ပြဌါန်းခွင့် ၊
ကိုယ်ပိုင်ပြဌါန်းခွင့်မှသည် လွတ်လပ်ရေး ၊
လွတ်လပ်ရေးမှသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာ
တစ်ဆက် တစ်စပ်ထဲ ရှိနေခဲ့တယ် ။ ဒါကို ကျနော်တို့ နားလည် ရမယ် ။ မသိ ကျိုးကျွန် လုပ်လို့ မရဘူး ။
ဒါကြောင့် ဒီနေ့ တိုင်းရင်းသားတွေ လက်နက်ကိုင်
တော်လှန် နေကြတာဟာ ဘာကြောင့်လဲ ။
ကျနော်တို့ အသေအချာ နားလည်ဖို့ လိုတယ် ။
ဘယ်သူ မကောင်းဘူး ညာဘူး ဆိုတဲ့ ၀ါဒ ဖြန့်ချီမှု နောက်လိုက်ဖို့ မလိုဘူး ။
ဝါဒဖြန့်ချီရေး ဆိုတာ ငြိမ်းချမ်းရေးကို အကျိုး မပြုဘူး ။ ဇစ်မြစ်ကို ဖုံးလွှမ်းပြီး နောက်ဆက်တွဲ အကျိုးဆက်တွေကို အပြစ်ဖို့ ချင်တဲ့ ငြိမ်းချမ်းရေး အဖျက် လမ်းစဉ် တစ်ခုပဲ ဖြစ်တယ် ။
ဒါကြောင့် လက်ရှိ စစ်ခေါင်းဆောင်တွေနဲ့ အတူ
အစိုးရသစ်ဟာလည်း ၀ါဒဖြန့်ချီမှုတွေ အစား
ပူးပေါင်း ဆောက်ရွက်နိုင်မယ့် အခြေခံကို ဦးတည်ရမယ် ။
တိုင်းရင်းသားတွေ အတွက် ကျနော်တို့ နားလည်ပြီး လုပ်ဆောင် ရမည်မှာ
ယခင်တုန်းက မြန်မာ အစိုးရနဲ့ ပေါင်းလိုက်မိခါမှ ဆုံးရှူံး လိုက်ရတဲ့ သူတို့
အခွင့်အရေးတွေကို ပြန်ပေးပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးဟာ အဓိကကျတဲ့ နိုင်ငံရေး ပြသနာ ဖြေရှင်းရေး
လမ်းကြောင်းပဲ ဖြစ်တယ် ။
ဒါကြောင့် တိုင်းရင်းသားတွေ အဆိုပြုထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု
တည်ဆောက်ရေးကို ကျနော်တို့ မြန်မာ အများစုက ငြင်းဆိုခဲ့လျှင်
အလွန်ပင် တရား မျှတမှု မရှိတဲ့ လုပ်ရပ် တစ်ခု အဖြစ် ကျန်ခဲ့မယ် အပြင်
ဘယ်တော့မှလည်း ငြိမ်းချမ်းတဲ့ နိုင်ငံ တစ်ခု အဆင့်ကို ရောက်လာမှာ
မဟုတ်ဘူးလို့ ပြောခဲ့ ပါရစေ ခင်ဗျာ ။
ကိုကိုဦး
No comments:
Post a Comment