Sunday, April 16, 2017

တာဝန်ရှိသူတွေ သမိုင်း အစစ် တစ်ခု ဖြစ်လာအောင် စွမ်းဆောင် ပေးစေချင်တယ် ဗျာ


တာဝန်ရှိသူတွေ သမိုင်း အစစ် တစ်ခု ဖြစ်လာအောင်
စွမ်းဆောင် ပေးစေချင်တယ် ဗျာ
=====

သခင် ကိုယ်တော်မှိုင်းနဲ့ ပတ်သက်လို့
ရေးကြ ပြောကြ ဂုဏ်ပြု ကြနဲ့
ကျောင်းသုံး စာအုပ်မှာပါ ပြဌါန်း ပေးဘို့
အဆိုပြုတဲ့ ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င်
မြန်မာ့ နိုင်ငံရေးသမားတွေကို မေးစရာ ရှိတယ် ။
နိုင်ငံရေးကို မဇ္စိုမ ပဋိပဒါ အမြင်နဲ့ ကြည့်ခဲ့ ကြဘူးလား ။
ကြည့်ခဲ့ဘူးတယ် ဆိုရင် မေးစရာ မေးခွန်း တစ်ခု ရှိတယ် ။

အင်္ဂလိပ် ဗြိတိသျှ အစိုးရကို
ကလောင် လက်စွမ်း ထက်ထက်နဲ့
တိုက်ခဲ့တဲ့ ငါတို့ အဖိုး တစ်ယောက်
ဘာဖြစ်လို့ ဂျပန်တွေကို
ကလောင်သွား ထက်ထက်နဲ့
မတိုက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းပါ ။

မြန်မာ့သမိုင်းမှာ လိမ်ထားတာတွေဟာ မပိရိဘူး ။ သေချာစွာ လေ့လာရင် ဟာကွက်တွေ အများကြီး တွေ့ရမယ် ။
ဥပမာ တစ်ခု ပြောပြမယ် ။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်ကို တော်လှန်ဖို့ တရုတ်ပြည်ကို
သွားပြီး ကွန်မြူနစ်တွေနဲ့ ဆက်သွယ် သွားတယ် ဆိုတဲ့ အချက်ကို
သေချာ ဆန်းစစ် ကြည့်ပါ ။

ဂျပန်တွေ မန်ချူးနဲ့ နန်ကင်းကို ၀င်မတိုက်ခင်
ချန်ကေရှိတ် အစိုးရကို ကွန်မြူနစ်တွေက လက်နက်ကိုင်
တော်လှန် နေတယ် ။ ဘာမှ ပြည့်ပြည့်စုံစုံ မရှိဘူး ။
ဂျပန် ၀င်လာတော့ ချန်ကေရှိတ်နဲ့ ယာယီ ငြိမ်းချမ်းရေး လုပ်ပြီး
လက်တွဲတယ် ။ ခဏပဲ ခံတယ် ။ ပြန်ကွဲ ပြန်တယ် ။

ဒီလို မပြည့် မစုံ ဖြစ်နေတဲ့ တရုတ် ကွန်မြူနစ်ပါတီကနေ
အကူအညီကို ရယူပြီး အင်အား ကြီးမားလှတဲ့ ဗြိတိသျှ
အစိုးရကို တော်လှန် ရလောက်အောင် ဗိုလ်ချုပ် မညံ့ဘူး ။

ဒါဆိုရင် ဗိုလ်ချုပ် တရုတ်ပြည်ကို သွားတာ ဘာအတွက် လဲ ။
ရှာလိုက် ဖွေလိုက်နဲ့ ။ နောက်ဆုံး ဆရာကြီး သခင် ကိုယ်တော်မှိုင်း
သခင်မြတို့နဲ့ ဂျပန် စစ်ဗိုလ်ချုပ် ထောက်လှမ်းရေး Suzuki Keiji
ခေါ် ဗိုလ်မိုးကြိုးနဲ့ အချိတ်အဆက် လုပ်ထားပြီးသားကို သွားတွေ့တယ် ။

In the 1930s, Suzuki, operating out of Bangkok, recruited a number of Burmese dissidents and radicals. His network of associates would later become the nucleus of the Minami Kikan (南機関?) underground spy organisation. He was closely connected with the Thakins, a nationalist group of students and labourers. In 1940, he secretly entered Rangoon with assistance from his network of contacts, posing as a reporter named Minami Masuyo.[1][4]

The Japanese knew little about Burma at the time and had few contacts within the country. The top Japanese agent in the country was Naval Reservist Kokubu Shozo, who had been resident there for several years and had contacts with most of the anti-British political groups. Suzuki visited Burma secretly in September 1940, meeting with political leaders Thakin Kodaw Hmaing and Thakin Mya. The Japanese later made contact with a Burmese student activist in China named Aung San. Aung San had left Burma in 1940 and had entered China in an attempt to make contact with communists in the country. He reached Amoy, where he was detained by Suzuki.

တို့ဗမာအစည်းအရုံးကလည်း ဗမာ့ တပ်မတော် အစ တို့ဗမာအစည်း
အရုံးကလို့ ဆိုထား ပြန်တော့ အားလုံးကို ချိတ်ဆက် လိုက်ရင်
ဗိုလ်ချုပ် တရုတ်ပြည်ကို သွားတာဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း
တို့ရဲ့ အစီအစဉ်ပဲလို့ ကောက်ချက် ချလို့ ရတယ် ။

ဒါဆိုရင် သမိုင်းကို ဘယ်သူတွေက လိမ်ပြီး ရေးနေတာလဲ ။
နောက် အများကြီး ရှိသေးတယ် ။ မြန်မာပြည် ကွန်မြူနစ်ပါတီ
တောခို သွားတဲ့ ကိစ္စ ။ ပြည်တွင်းစစ် ဖြစ်ရတဲ့ အကြောင်းရင်းတွေ
မှာလည်း လိမ်ထားတာတွေ ရှိသေးတယ် ။ ဖတ်နေတုန်းပဲ ။
နောက်ကြုံရင် ရေးဦးမယ် ။
လူတွေ မုန်းတာ မကြိုက်တာ အရေးမကြီး ဘူး ။

သမိုင်း အစစ်ကို နောက်လူတွေကို ဖတ်စေချင်တယ် ။
တာဝန်ရှိသူတွေ သမိုင်း အစစ် တစ်ခု ဖြစ်လာအောင်
စွမ်းဆောင် ပေးစေချင်တယ် ဗျာ ။

ကိုကိုဦး

No comments:

Post a Comment

Zawzaw Zaw