Friday, April 14, 2017

" စစ်အကြောင်း "


" စစ်အကြောင်း "

တချို့က
ဒီလိုပဲ မာန်တွေဖီပြီး
ပြီးသွားမှာပါ ပြောကြတယ်။

ကျနော်ကတော့
အဲလို မထင်ဘူး။
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်သွားနိုင်တယ်။

စစ်ဖြစ်ဖို့
လေယာဉ်တွေ
သင်္ဘောတွေ
ဒုန်းကျည်တွေထက်
အရူးတွေ အဓိက လိုတယ်။

ကမ္ဘာပေါ်
စစ်ဖြစ်ရသမျှ
အရူးအာဏာရ လို့ချည်း။

ပူတင်
ထရမ့်ပ်
ကင်ဂျုံအွပ် သုံးကောင်နဲ့တင်
လုံလောက်နေပြီ။

" တတိယစစ်ဂယက်နဲ့ မြန်မာပြည် "

ထရမ့်ပ် မြောက်ကို တိုက်မှာ
အဓိက တရုတ်ကို တိုက်ချင်တာ။

တရုတ်ကလဲ ကြောက်လို့
မြောက်ကို
ဟန်ဆောင် ကန်ပြထားတာ။

တရုတ်ကို
ထရမ့်ပ်နဲ့ ပူတင် က လုပ်ကြံချင်ပုံရတယ်။
အဓိက ကတော့
ကမ္ဘာ့စီးပွားရေးအကျိုးအမြတ် မှန်သမျှ
တရုတ်က တဘက်စောင်းနင်း ယူနေ ရနေလို့ပါ။

အရင်းရှင်တွေရဲ့ စစ်မှာ
အကြောင်းအရင်း ထက်
အကျိုးအမြတ် ပဲ
အဓိက ကျ ပါတယ်။
ဂျပန်ကလဲ
အဲဒါကြောင့် ပါလာတာ။
မြောက်ကြောင့်ပါတာ မဟုတ်ဘူး။

တရုတ်နဲ့ ကန် နဲ့
ထိပ်တိုက်ဖြစ်ခဲ့ရင်
မြန်မာပြည်ဟာ
စစ်ဂယက်လွတ်မယ်မထင်။
ဗျူဟာမြောက်ကို
ဆွဲသွင်းခံရလိမ့်မယ် မြင်မိတယ်။

" ဝေးပါ့ "

အမေရိကန်တွေ
စစ်မတိုက်ပါဘူး လို့
ကံသေကံမ ပြောနေကြတာတွေ ဖတ်ရတော့
အိုဘားမား ၈ နှစ်နဲ့
ရီပတ်ဘလီကန်တွေရဲ့ အာဖဂန်စစ်
အီရတ်စစ်တွေကို
မေ့ပစ်နိုင်ကြတာ အံ့သြရတယ်။

ရီပတ်ဘလီကန်တွေတက်လာတိုင်း
စစ် ရှာတယ်။
သူတို့က အဲဒီစစ်ပွဲတွေရဲ့ လက်နက်တွေ
ထုတ်တဲ့ သူဌေးတွေကိုးဗျ။

ချိုတူးဇော်

No comments:

Post a Comment

Zawzaw Zaw