Monday, April 17, 2017

ဒီ အကျိုးဆက်ကြောင့် အာရှက ကိုလိုနီ နိုင်ငံတွေ လွတ်မြောက်ရာ လမ်းပွင့် ခဲ့ရတယ်


ဒီ အကျိုးဆက်ကြောင့် အာရှက ကိုလိုနီ နိုင်ငံတွေ လွတ်မြောက်ရာ လမ်းပွင့် ခဲ့ရတယ်
=====

သာမန် လူတွေ မမြင်နိုင်တာကို
သာမန် နိုင်ငံရေးသမားတွေ မတွေးမိတာတွေကို
မြင်နိုင် တွေးနိုင်တဲ့ သူတွေကတော့
အတွေးအခေါ် ရင့်ကျက်တဲ့ ပညာရှင်တွေ ပါပဲ ။

ဒါဟာ ကျနော်တို့လို သာမန် လူတွေ မတွေးမိခဲ့တာမျိုး ပေါ့ ။
ဂျပန်က ပုလဲ ဆိပ်ကမ်းကို ၀င်တိုက်တယ် ။
ဒုတိယ ကမ္ဘာစစ်ကြီး ပိုပြီး ကြီးထွား လာတယ် ။
ဒီလောက်ပဲ တွေးမိတယ် ။

ဒီ အကျိုးဆက်ကြောင့်
အာရှက ကိုလိုနီ နိုင်ငံတွေ
လွတ်မြောက်ရာ လမ်းပွင့် ခဲ့ရတယ်လို့
Noam Chomsky မီးမောင်း ထိုးပြမှ သိလာ ရတယ် ။

ငါ သိပါတယ် ဆိုပြီး
အခု အချိန်မှာ ထပြီး ပြောသူတွေဟာ
လိမ်တာပဲ ဖြစ်ရမယ် ။

*** Noam Chomsky is an American linguist, philosopher, cognitive scientist, historian, social critic, and political activist.

ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ ကြားနေ နိုင်ငံလို ဖြစ်နေတဲ့
အမေရိကန်ကို အင်္ဂလိပ်က သူဘက် ပါလာအောင် စည်းရုံးတော့
အတ္တလန်တိတ် ချာတာ ဆိုတာ ဖြစ်လာရတယ် ။

ချာတာထဲမှာ အမေရိကန်က တကယ်လို့ ကမ္ဘာစစ်ဟာ
အတ္တလန်တိတ် ကနေ အာရှ ၊ အာဖရိက စတဲ့ ဒေသတွေကို
ကူးစက်တော့မယ် ဆိုရင် ဒေသခံ နိုင်ငံတွေရဲ့ အကူအညီကို ရမှ
စစ်နိုင်မယ်လို့ ယူဆတယ် ။ ဒါကြောင့် အမေရိကန်က
အင်္ဂလိပ်ကို အိန္ဒိယ ၊ မြန်မာ ၊ မလေးရှား နိုင်ငံတွေကို
ချက်ခြင်း လွတ်လပ်ရေး ပေးရမယ်လို့ တောင်းဆို ခဲ့တယ် ။
နှစ်ဘက် ပြန်လည် ညှိနှိုင်းပြီး စစ်ကြီး ပြီးမှ ပေးမယ်လို့
သဘောတူ ခဲ့ကြတယ် ။

ဒီမှာ အတ္တလန်တိတ် ချာတာကို အသေးစိတ် လေ့လာလို့ ရတယ်နော် ။
https://en.wikipedia.org/wiki/Atlantic_Charter

မလေးရှား ၊ အိန္ဒိယတို့က မဟာမိတ်ဘက်က ၀င်တိုက်
ခဲ့ကြသော်လည်း ကျနော်တို့ ဗိုလ်ချုပ် ဦးဆောင်တဲ့
တပ်မတော်ကြီးကတော့ ဂျပန်တွေဘက်က ၀င်တိုက်ခဲ့တာ
သိပ်ကို ထင်ရှား ခဲ့တဲ့ သမိုင်း ပါ ။ တကယ်လို့ ဂျပန်က
စစ်ပွဲ နိုင်ခြေ ရှိခဲ့လျှင် ဂျပန်နဲ့ ဆက်တွဲ နေမှာ ကျိန်းသေတယ် ။
ဂျပန်က စစ်ရှူံးမဲ့ အရိပ် လက္ခဏာက သိသိသာသာ ပြလာတော့
ဖက်ဆစ် တော်လှန်ရေး ဆိုတာ ဖြစ်လာတာ ပါပဲ ။

မြန်မာ့သမိုင်းက ဒီလို မဟုတ်ဘူး ။ ဗိုလ်ချုပ် လုပ်တာ အကုန် အမှန်
ဆိုပြီး လိမ်ညာ လုပ်ကြံ ရေးထားတာတွေဟာ အင်မတန်မှ
ရှက်စရာကောင်းတဲ့ သမိုင်းတင်မှု တစ်ခု ပါ ။

ကိုကိုဦး

No comments:

Post a Comment

Zawzaw Zaw