တပ်မတော် အတွက် ဒီမိုကရေစီ သွေဖယ်ရေး စာတမ်းငယ်နဲ့ မော်လဲမြိုင်ကနေ ဇာသပြင် သွားရာ လမ်းက တံတား အနီးမှာ ကုလားကုန်း(Kalagon) ရွာ အကြောင်း
======
တပ်မတော် အတွက် ဒီမိုကရေစီ သွေဖယ်ရေး စာတမ်းငယ်
======
မြန်မာ့သမိုင်းမှာ သခင်စိုးကို သမိုင်းရေး ဆရာတွေက ခရစ်ဒစ် မပေးခဲ့ကြဘူး ။ တကယ့် သမိုင်းကို လေ့လာ သူတွေက သာလျှင် ဂျပန် တော်လှန်ရေး ခေတ်က သခင်စိုးရဲ့ အတွေးအခေါ် မှန်ကန်မှုကြောင့် မြန်မာ ပြည်သူတွေ အသေအပျောက် နည်းခဲ့ရတာကို မြင်ရမှာ ပါ ။ အနည်းဆုံး လူတစ်သိန်းလောက် ထပ်ပြီး သေနိုင်တဲ့
ဂျပန်ကို ထပြီး ကမန်းကတမ်း တော်လှန်ဖို့ လုပ်တဲ့ လုပ်ရပ်ကို သူ တားဆီးနိုင်ခဲ့လို့ပဲ ဖြစ်တယ် ။
ကျနော် လက်ဝဲသမားတစ်ယောက် မဟုတ်ပါ ။ ဂျပန် တော်လှန်ရေး ကာလမှာ
သူရဲ့ မှန်ကန်တဲ့ အတွေးအခေါ် အယူအဆ တစ်ရပ်ကို ကျနော် ခရစ်ဒစ် ပေးခဲ့ချင်တယ် ။
သခင်စိုးဟာ အိမ်ထောင်ရေး ကိစ္စ အရှုပ်အရှင်းများတာကြောင့် နိုင်ငံရေး အရ များစွာ ထိခိုက် ခဲ့ရပေမယ့် သူဟာ မြန်မာနိုင်ငံရေး အလှည့်အပြောင်း တစ်ခုကို အောင်မြင်စွာ လုပ်ခဲ့နိုင်တယ် ။ သခင်စိုး၏ လက်ဝဲ သွေဖည်ရေး အန္တရာယ် စာတမ်းကြောင့် အင်္ဂလိပ်ရဲ့ အကူအညီ မရခင် စောလျှင်စာ ထပြီး တိုက်မယ့် စစ်ရေး ခေါင်းဆောင်တွေကို သူ တားဆီးနိုင်ခဲ့လို့ ဂျပန် အထွက် ခေတ်မဲ့ အန္တရာယ်ကို ပြည်သူတွေ သိပ်ပြီး မခံစား ခဲ့ရဘူး ။
စင်္ကာပူလို နိုင်ငံ သေးသေးလေးကပင် လူပေါင်း တစ်သိန်း နီးပါး သေဆုံး ခဲ့ရတယ် ဆိုရင် သန်း လေးဆယ်ကျော် မြန်မာပြည်သားတွေ ဘယ်လောက် သေနိုင် မလဲ ဆိုတာ စဉ်းစား ကြည့်လို့ ရတယ် ။
သမတဟောင်း လီကွမ်ယုကတောင် သူတောင် အရပ်မြင့်လို့ ဂျပန်
အသတ် မခံခဲ့ရဘူးလို့ discovery မှာ ပြောခဲ့တယ် ။ အဲဒီ ကာလက
အရပ်ပုတဲ့ ဂျပန်တွေဟာ အရပ်မြင့်သူတွေကို ဂျပန် အမျိုးသမီးများနဲ့
မျိုးပွါး ယူခဲ့တာကြောင့် လီကွမ်ယု တစ်ယောက် ကံကောင်း ခဲ့ရတယ် ။
ဂျပန်နဲ့ ကမ္ဘာစစ် အစပိုင်းမှာ မပူးပေါင်း ခဲ့တာကြောင့် ဗြိတိသျှတပ်တွေရဲ့
မယုံသင်္ကာမှုတွေနဲ့ ရင်ဆိုင် နေရတဲ့ ဗမာ့တပ်မတော်ဟာ မန္တလေးကို
သိမ်းပြီးနေတာတောင် အကူ မပေးပဲ တိုင်းရင်းသား အများစု ပါဝင်တဲ့
Major-General Wingate ဦးဆောင်တဲ့ ခြင်္သေ့ ပျောက်ကြားတပ်
Chindits တွေကိုပဲ အကူအညီ ပေးခဲ့တယ် ။ ဒါပေမဲ့ မြောက်ပိုင်းမှာ
ဗိုလ်မှူးဗထူးတို့က ဂျပန်တွေကို မဟာမိတ်နဲ့ အတူ တိုက်ပွဲဝင်ခဲ့မှုကြောင့်
ယုံကြည်မှု ပြန်လည် ရရှိလာတယ် ။ ဗြိတိသျှတပ် လက်အောက်ကနေ
တိုက်ပွဲဝင် ရမယ်လို့ သဘောတူ ခဲ့ပြီး မဟာမိတ်နဲ့ ပြန်လည် လက်တွဲ ခဲ့ရတယ် ။
ပြောရမယ် ဆိုရင် ဗြိတိသျှတပ်က ပြန်လည် ယုံကြည်မှုကို လွယ်လွယ်နဲ့
မရခဲ့ဘူး ဆိုတာ ပါပဲ ။ ဗြိတိသျှဆီက လက်နက် အကူအညီ မရပဲ မြနမာပြည် အောက်ပိုင်းမှာ ကမန်းကတမ်း ထပြီး တိုက်ရင် ကိုယ်သေတွင်း ကိုယ်တူး သလို ဖြစ်မယ် ဆိုပြီး သခင်စိုးရဲ့ ဝေဖန်မှုကို မနှစ်မြို့ ခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေ အောင်ပွဲလည်း ခံရော သခင်စိုးကို နောက်ဆုံးတော့ ထောင်ထဲကို တွန်းပို့ လိုက်တာ ပါပဲ ။
မြန်မာ့သမိုင်းမှာ အစဉ်အလာ အတိုင်း ကြုံတွေ့ ခဲ့ရတဲ့ စစ်ရေး ခေါင်းဆောင်တွေဟာ စစ်တိုက် လာရတာ များရင် သူတို့ကသာ အနစ်နာခံသူတွေလို့ အမြဲတမ်း ယူဆ လာကြပြီး နိုင်ငံရေးသမားတွေကို အမှိုက်ခြင်းထဲ ပစ်ထည့်တဲ့ အယူအဆဟာ ဒီနေ့ အထိ ရှင်သန် နေတုန်း ပါပဲ ။
ဒီ အယူအဆ ရှင်သန် နေသ၍ ဒီမိုကရေစီ ဆိုတာ ရှင်သန် လာဖို့ မလွယ်ဘူး ။ တပ်မတော်ကို အယူအဆသစ် တစ်ခုနဲ့ ပြန်လည် မဖွဲ့စည်းနိုင်သရွှေ့ အမေတို့ နိုင်ငံရေးသမားတွေလည်း အဘတို့ တပ်မတော်ကို ထာဝရ နာခံ နေရဦးမယ်လို့ ယူဆ မိကြောင်းပါ ခင်ဗျား ။
http://www.myanmarpolitical.com/2013/10/blog-post_5889.html
===============
မော်လဲမြိုင်ကနေ ဇာသပြင် သွားရာ လမ်းက
တံတား အနီးမှာ ကုလားကုန်း(Kalagon) ရွာ အကြောင်း
======
မော်လမြိုင်သားတွေကို မေးကြည့် ရဦးမယ် ။
မော်လဲမြိုင်ကနေ ဇာသပြင် သွားရာ လမ်းက
တံတား အနီးမှာ ကုလားကုန်း(Kalagon) ရွာဆိုတာ ရှိသေးလား ။
ဂျပန်ခေတ်မှာ ရွာ အရပ်သားတွေကို မဟာမိတ် အားပေးသူ ဆိုပြီး
ရွာလုံးကျွတ် သတ်ဖြတ် ခဲ့ကြတယ် ။ စာထဲက အရ ရွာကိုပါ ၀ိုင်းပြီး ဖမ်းလူတွေကို ဗလီမှာ စုထား စေပြီး တစ်သုတ်ပြီး တစ်သုတ် သတ်ပစ် ခဲ့ကြတယ် ။
ကြိုးတုတ် မျက်နှာ စည်းပြီး လက်နက်နဲ့ ထိုးသတ်ပြီး ရေတွင်းထဲကို ထည့်ပြီး မြှုပ်သွား ခဲ့ကြတယ် ။ ရွာသား နှစ်ယောက်ပဲ လွတ်သွား ခဲ့ပြီး အားလုံးပေါင်း ခြောက်ရာကျော် အသတ်ခံ ခဲ့ကြ ရတယ် ။
ဗလီ ရှိတယ် ဆိုတော့
မူဆလင်တွေ အများစု နေတဲ့ ရွာ ထင်ပါတယ် ။ ကျနော် နေတဲ့
ကတိုးနဲ့ ဆိုရင် ငါးမိုင်လောက်ပဲ ဝေးမယ် ထင်တယ် ။
အဲဒီ ရွာ အခု ရှိသေးလား ။ ပျောက်သွားပြီ လား ။ သိတဲ့ လူ ပြောပြ ကြပါဦး ။
------------
THE KALAGON MASSACRE
On 7 July 1945, the Kalagon Massacre was committed against inhabitants of Kalagon, Burma, by members of the 3rd Battalion, 215th Regiment and the OC Moulmein Kempeitai of the Imperial Japanese Army. These units had been ordered by Major General Seiei Yamamoto, chief of staff of the 33rd Army, to sweep the area for guerrillas reportedly teamed with British paratroops.
British paratroopers, operating with the Burmese guerrillas, were the object of a search and destroy mission by the 3rd. Battalion, 215 Regiment of the Japanese 33rd. Division, in June 1945. Believing that the paratroopers were operating with the help of the local inhabitants, the 3rd.Battalion, accompanied by a detachment of the Kempei Tai, surrounded the village of Kalagon near Moulmein. By 4pm all the inhabitants were rounded up, the men confined in the local mosque, the women and children locked up in adjoining buildings.
That evening, eight of the younger women were taken out by the Kempei Tai and brought to their headquarters for the pleasure of their own officers. The next morning, a conference was held and orders given to destroy the village and all the inhabitants to be killed. The massacre began that same morning, the villagers being taken out in batches of five to ten, blindfolded and then bayoneted or shot.
Their bodies were then thrown down a number of deep wells around the village and as the wells filled up the bodies were pounded down with bamboo poles to make more space for the next batch of victims. In this way the 3rd. Battalion disposed of around 600 bodies. Two victims who miraculously escaped, were to give evidence at the trial of the battalion commander and thirteen others before a British Military Court held in Burma after the war.
-------
ဂျပန်ခေတ်မှာ မြန်မာနိုင်ငံသားတွေ တစ်သိန်း ခုနှစ်သောင်း ကနေ
နှစ်သိန်းခွဲ အထိ စစ်ဘေးဒဏ်ကြောင့် သေကြေ ကြရတယ် ။
နည်းနည်း နှောနှောတော့ မဟုတ်ဘူး ။ ဂျပန်တွေဟာ ၁၉၄၅ ခုနှစ်
စစ်ရှူံး ခါနီးမှာ သူတို့ လက်အောက်က အာရှ နိုင်ငံ အတော်များများကို
အထွက် ခတ်သွား ကြတယ် ။ မြန်မာပြည်လည်း အလူးအလဲ ခံလိုက် ရတယ် ။ အစားမတော် တစ်လုတ် ၊ အသွားမတော် တစ်လှမ်း ၊
အပေါင်းမတော်တော့ ငရဲကို ဖိတ်ခေါ် သလို ဖြစ်ခဲ့လေ သလား ဗျာ ။
-------
Wikimedia maps ကို နှိပ်ကြည့်ရင် ရွာနေရာကို ဖေါ်ပြ ပေးတယ် ။
အဲဒီ ရွာ အခု ရှိသေးလား ။ ပျောက်သွားပြီ လား ။ သိတဲ့ လူ ပြောပြ ကြပါဦး ။ ဤ နေရာတွင်လည်း ဖော်ပြ နိုင်ပါတယ် ။
ကိုကိုဦး
No comments:
Post a Comment