====
တတိယကမ္ဘာစစ်မဖြစ်ဘူးလို့ ကံသေကံမပြောလို့ မရတဲ့အခြေအနေလို့ ထင်တယ်။ ရုရှကပူတင်တော်တော်ဂျိုကြွနေသလို၊မြောက်ကိုရီးယားပြသ နာက ရပ်မနေဘူး တမြေ့မြေ့နဲ့မီးစက ပိုကြီးလာပြီး တခုခုဖြစ်ဖို့ ဦးတည်နေ တယ်။ ထုံးစံအတိုင်း တရုတ်ရဲ့ရပ်တည်ချက်က မရှင်းလင်းဘူး၊ လျှို့ဝှက်မှုတွေအပြည့်။ အီရန်က နူရဖို့လုပ်နေတယ်၊ အီရန်လက်ထဲ နူရောက်ရင် အရင်ဆုံး အစ္စရေးကိုပစ်မယ်လို့ပြောတယ်။ ဒီကြားထဲမှာ IS နဲ့ အစ္စလမ်မစ် အစွန်းရောက်တွေ ရန်ကိုလည်း လျှော့တွက်လို့မရပြန်ဘူး။ ယူအက်စ်ကို ဦးဆောင်နေတာလဲ သိတဲ့အတိုင်း ထရမ့်ဖြစ်နေတယ်။
မြန်မာ့အရေးကို ကြည့်ရင်လည်း မရေရာဘူး။ ဒီကြားထဲ အဖွဲ့ပေါင်းစုံ၊ ပါတီပေါင်းများစွာ၊
တပ်ပေါင်းစုမျိုးစုံ၊ အသံကလည်း အမျိုးစုံ။ သာမန်ပြည်သူတယောက်ဟာ
အဖွဲ့အစည်းတွေများလွန်းလို့ အမည်နာမတွေများလွန်းလို့ ဘယ်သူကဘာလဲ
ဘာတွေလုပ်လို့ ဘာတွေဖြစ်နေလဲ ဘယ်နားရောက်နေပြီလဲဆိုတာ
သိဖို့မလွယ်ဘူး။
ကိုထွဋ်
ကိုထွဋ်
No comments:
Post a Comment