Monday, April 24, 2017

မြန်မာ့သမိုင်းမှာ လိမ်တာ ညာတာ ဖြီးလုံး လှိမ့်လုံးတွေ အများကြီး ပဲ နှင့် သူရဲကောင်း ကိုးကွယ်မှု


မြန်မာ့သမိုင်းမှာ လိမ်တာ ညာတာ ဖြီးလုံး လှိမ့်လုံးတွေ အများကြီး ပဲ နှင့် သူရဲကောင်း ကိုးကွယ်မှု
======

ဘာဖြစ်ဖြစ် တနိုင်ငံလုံး မြန်မာ ဖြစ်သွားရင်လဲ
ကောင်းတာပဲ ဆိုတဲ့ အပြုသဘော မဆောင်တဲ့ စိတ်ဓါတ်
ရှိတဲ့ သူတွေကို ဖယ်ရှား ပစ်ရမယ် ။ အထူးသဖြင့်
တပ်မတော် အထဲမှာ ဒီလို စိတ်ဓါတ်လေးတွေကို
ရိုက်သွင်း ခံထား ရတယ် ။
ဒါကြောင့် စစ်တပ်က လူတွေဟာ သူပုန်တွေကို
အရမ်း မုန်းကြတယ် ။

၁၀တန်း အထိ သင်ခဲ့ ရတဲ့ မြန်မာ့သမိုင်းကို သေချာ ဖတ်ကြည့် ။
သမိုင်း စာမျက်နှာတွေမှာ ဟီးရိုးတွေပဲ မွေးထုတ်တယ် ။
အနော်ရထာ ၊ အလောင်းဘုရား ၊ ဘုရင့်နောင် ၊ တပင်ရွှေထီး
ကျန်စစ်သား ၊ ဗန္ဒုလ ၊ ညောင်ဦးဖီး ၊ ငထွေရှူး ၊ ငလုံးလက်ဖယ် ၊
ဗလမင်းထင် ၊ တိမ်ကြားမင်းခေါင် ၊
ရှင်ဖြူရှင် ၊ ဆရာစံ ၊ သခင်ဖိုးလှကြီး ၊
နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်ကိုယ်တော်မှိုင်း အထိ ပေါ့ ။
ဒါတောင် အများကြီး ကျန်သေးတယ် နော် ။ ထားပါတော့ ။

ပြောရမယ် ဆိုရင် မြန်မာ့သမိုင်းဟာ ဗဟုသုတ ရဖို့ သိဖို့ထက်
လူတွေကို ဟီးရိုးတွေကို ကိုးကွယ် ချင်လာအောင် လုပ်တယ် ။
ဥပမာ .. ဗန္ဒုလ ရွှေထီး ဆောင်းပြီး စစ်တိုက်တာတို့
ဆရာစံရဲ့ ပီးဆေး ထိုးပြီး သေနတ်နဲ့ ပစ်နေတဲ့ အင်္ဂလိပ်ကို
အသေခံ တက်ပြီး ဓါးနဲ့ တက်ခုတ်တာတို့
စုဖုရားလတ်ရဲ့ ခပ်စွာစွာနဲ့ အင်္ဂလိပ်ကို ခံချဖို့ ပြောတာတို့
ကလေးတွေ ခေါင်းထဲကို အတင်းအကြပ် မျက်ကန်း
မျိုးချစ် စိတ်ကို ရိုက်သွင်း ပေးနေတာနဲ့ အတူတူ ပဲ ။

စစ်နိုင်တာကို အသားပေး ဖေါ်ပြတယ် ။ စစ်ရှူံးခဲ့တာတွေ ၊ လူမဆန်စွာ ပြုကျင့်တာတွေကို မြှုပ်ကွယ် ထားတယ် ။
ဂျပန်ခေတ်တုန်းက ဂျပန်နဲ့ ဗမာ တပ်ပေါင်းပြီး
ကရင်တွေကို အကြီးအကျယ် နှိမ်နင်း သတ်ဖြတ် ခဲ့ကြတာကို
မြှုပ်နှံ ထားတယ် ။ ဗိုလ်ချုပ်အောင်ဆန်း လူပေါင်း မှားခဲ့တာကို
မှားတယ် မပြောပဲ ဂျပန်ကို စစ်ပညာ သင်ဖို့
ရည်မှန်းချက် ရှိရှိ သွားတဲ့ ပုံစံမျိုး ခေါင်းထဲကို အတင်း အဓမ္မ
ရိုက်သွင်း ခဲ့တယ် ။ အကျိုးဆက်ကတော့ ဦးဝိရသူတို့လို
ရဟန်းတွေ ၊ ၀ိုင်းကြည်မလို လူ ပုဂ္ဂိုလ်​တွေ ပေါ်လာတာ ပဲ ။
နောင်လည်း ပေါ်လာဦးမှာ ပဲ ။

ထိုင်း - ယိုးဒယားကို တိုက်တိုင်း နိုင်သလို သမိုင်းမှာ သင်ထားတယ် ။
ဘိုးတော်ဘုရား လက်ထက် ကျတော့ ထိုင်းကို သွားတိုက်တာ
မနိုင်တော့ ဘူး ။ ဘုရင့်နောင် မွေးစားသား နာရေစွန် မင်းသား
လက်ထက် ကျတော့ ထိုင်းတပ်တွေ အင်းဝ အထိ ရောက်ပြီးမှ
ပြန်လှည့်သွားတာကို ကလေးတွေ မသိရတော့ ဘူး ။
ကလေးတွေ စိတ်ထဲမှာ ထိုင်းဆိုတာ ငယ်နိုင်ပါကွာ ဆိုပြီး
သောက်တလွှဲ စိတ်ဓါတ်တွေ ပါသွားက အဖတ် တင်တယ် ။

အယုဒ္ဓယကို ရက်ရက်စက်စက် သတ်ဖြတ် ဖျက်ဆီး ပစ်ခဲ့တာတွေ
တို့ငယ်ငယ်တုန်းက မသိခဲ့ရဘူး ။ အာသံမဏိပူကို
ရက်ရက်စက်စက် ချေမှုန်း သတ်ဖြတ်ခဲ့လို့
အင်္ဂလိပ်က လွပ်လပ်ရေး ပေးတော့ အာသံမဏိပူတွေဟာ
ဗမာတွေအောက် မနေရဲလောက်အောင် ကြောက်ပြီး
အိန္ဒိယအောက်မှာ နေဖို့ ရွေးချယ် ခဲ့တယ် ။

ငြိမ်းချမ်းရေးကို ရည်ရွယ် ဖေါ်ဆောင်ထားတဲ့ သမိုင်း သင်ခန်းစာလေး တစ်မျက်နှာလောက် တွေ့မလားလို့ ရှာဖတ်ကြည့်
တွေ့ရမှာ မဟုတ်ဘူး ။ ဒါဆို မြန်မာ့သမိုင်းကို ကျောင်းသင်ခန်းစာမှာ
ပြဌါန်းထားတာတွေဟာ ဘာ အတွက်လဲ ။ မေးခွန်း ထုတ်ရတော့ မယ် ။

သမိုင်းထဲက နေပြီး နောင်လာ နောက်သားတွေ သင်ခန်းစာ ယူဖို့ လား၊
ငြိမ်းချမ်းရေး အတွက် ဦးတည်တာ လား ။ ဒါမှ မဟုတ်
ဗမာ့ ဇာတိသွေး ဇာတိမာန်ကြီး အမြင့်ဆုံးကို တက်အောင်
လုပ်ပြီး အမျိုးသား လက္ခဏာ ပြချင်တာ လား ။
ဗမာ့ဟာ အိမ်ရှင် ဖြစ်တယ်လို့ ကလေးတွေ ခေါင်းထဲကို ၀င်ဖို့ လား ။
ဟီးရိုးတွေကို ကိုးကွယ် ခိုင်းချင်လို့ သင်တာလား ဆိုတာ
ဒီနေ့ ဒီမိုကရေစီ အစိုးရ အနေနဲ့ ပြန်ပြီး သုံးသပ် စေချင်တယ် ။
ဒီနေ့ အဲ့ဒီ တချိန်တုန်းက ကလေးတွေက လူကြီး ဖြစ်လာပြီ ။
မင်းအောင်လှိုင်တို့လို ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာပြီ ။
ဝိရသူလို့ ရဟန်းတွေ ဖြစ်လာပြီ ။

သူတို့ကတော့ သမိုင်းထဲက ဟီးရိုးတွေကို ကိုးကွယ် နေကြပြီလေ ။
ကျနော်တို့က ဟီးရိုး မကိုးကွယ် ချင်ဘူး ။
လုပ်ဆောင် သမျှ ကောင်းတာတွေ အတွက် ( respect )
လေးစား ပေးကြမယ် ။ မှတ်တမ်း တင်ပေး ကြမယ် ။
တကယ် လိုချင်တာက သမိုင်းထဲက အမှန်တတရားနဲ့
အတူ ရလာတဲ့ သံဝေဂတရားတွေကို မျှဝေ ခံစားမယ် ။
ငြိမ်းချမ်းရေးနဲ့ အတူ ယှဉ်တွဲပြီး မျှမျှတတ
နေထိုင်ရေးကိုပဲ လိုလားတယ် ။

နောက်ဆုံး ပြောလိုက်မယ် ။
ဟီးရိုးတွေ ပေါတဲ့ နိုင်ငံ ဘယ်တော့မှ မငြိမ်းချမ်းဘူး ။
ဟီးရိုးတွေကို ကိုးကွယ် သူတွေနဲ့ အမှန်တရားကို လိုလား သူတွေ
အကြား အမြဲတမ်း ပဋိပက္ခ ရှိနေလို့ ပဲ ။

မေမြို့ စစ်တက္ကသိုလ်မှာ ငြိမ်းချမ်းရေး ဘာသာရပ် ဆိုတာ
မရှိခဲ့ဘူ ။ စစ်ဘုရင် စိတ်ဓါတ်တွေကိုပဲ သင်ပေး ကြတယ် ။
အနော်ရထာ ၊ ဘုရင့်နောင် ၊ အလောင်းဘုရား ရုပ်ထုတွေဟာ
သက်သေ အဖြစ် မြင်နေ ရတယ် ။

သူရဲကောင်း ကိုးကွယ်မှု
=====

အမေရိကန်မှာ ဘာဖြစ်လို့ အာဇာနည်တွေ ရှိသလားလို့
စဉ်းစား ကြည့်မိတယ် ။ လူဦးရေက သန်း( ၃၀၀ )ကျော် သမိုင်းကြောင်းကလည်း အရှည်ကြီး ပဲ ။
သမတ လင်ကွန်းလည်း လုပ်ကြံ ခံရတာပဲ ။
သူလည်း အာဇာနည် မဖြစ်ဘူး ။
သမတ ကနေဒီလည်း လုပ်ကြံ ခံရတာပဲ ။
သူလည်းပဲ အာဇာနည် မဖြစ်ဘူး ။

သေချာ စဉ်းစား ကြည့်စမ်း ။ အမေရိကန်တွေက တိုင်းပြည် အတွက်
လုပ်ဆောင်ရင်း အသက်ပေး ခဲ့တဲ့ သူတွေကို ဘယ်လို ဂုဏ်ပြုကြ
သလဲ ပေါ့ ။

ရှိတာ ပေါ့ ။ Memorial day အောက်မေ့ဘွယ် နေ့လေးမှာ
ကျန်ရစ်သူတွေက စွန့်လွတ်ခဲ့သူတွေ အားလုံး အတွက်
ရည်စူးပြီး ဂုဏ်ပြုတာလေးက တစ်မျိုး ချစ်စရာ ကောင်းတယ် ။
ဘယ်သူ နာမည်မှလည်း မတပ်ဘူး ။ ရာထူး အကြီးအငယ်လည်း
တန်းမစီ ထားဘူး ။ အားလုံး အသက်စွန့်တာခြင်း အတူတူ
တန်းတူ ဂုဏ်ပြု ပေးကြတယ် ။ လူတိုင်းကို တန်ဖိုးထား ပြတယ် ။

လက်စသတ်တော့ အမေရိကန်တွေဟာ
သူတို့ နောင်လာ နောက်သားတွေကို သူရဲကောင်း
ကိုးကွယ်တဲ့ ၀ါဒ( Heroism )ကို အမွေ မပေးခဲ့ဘူး ဆိုတာ ပါပဲ ။

တို့ မြန်မာနိုင်ငံကတော့ ဆန့်ကျင်ဖက်ကြီး ပဲ ။
သူငယ်တန်းက စလို့ တက္ကသိုလ် ရောက်တဲ့ အထိ
သူရဲကောင်း ဆိုတာ ကိုးကွယ်ရာ သင်ခန်းစာကို
အဆက်မပြတ် သင်ပေး ခဲ့တယ် ။ အကျိုးဆက်ကတော့
နိုင်ငံရေး လောင်းရိပ်အောက်က ထွက်ကို မထွက်နိုင်တော့ ဘူး ။
ဆက်ပြီး ကိုးကွယ်ကြ ။ နောင် အနှစ်တရာ တစ်ထောင် ၊
တစ်သောင်း ၊ တစ်သိန်းထိ လောင်းရိပ်ကတော့ ထိုးနေဦးမှာ ပဲ ။

ဒါကြောင့် တို့ မြန်မာပြည်မှာ ဟီးရိုး ကိုးကွယ် သူတွေက
လူတစ်ယောက်ကို နှိမ့်ချ ပြောဆိုချင်ရင်
" မင်းက ဘာကောင်မို့လို့လည်း " ဆိုပြီး
အဘိုးကိုလည်း လာပြီ မယှဉ်လေနဲ့ ။
အဖကိုလည်း လာပြီး မယှဉ်လေနဲ့ ။
အမေ့ကိုလည်း လာပြီး မယဉ်လေနဲ့ ဆိုပြီး
ပြောနေ ကြတာ လူတိုင်း သိကြပါတယ် ။
ဒါဆိုရင် လူတစ်ယောက်ရဲ့ တန်ဖိုး ဆိုတာက
ဘယ်ရောက် သွားပြီလဲ ။ ဒီလိုပဲ အမြဲတမ်း အနင်းချေ
ခံနေရမှာ လား ။ မေးစရာ ရှိလာပါတယ် ။

ဒါကြောင့် ကျနော်က ဟီးရိုး ကိုးကွယ်တဲ့ ၀ါဒကို
နားလည်မိလိုက်တာ ကတော့ မိမိကိုယ်ကို
မယုံကြည်ကြသူတွေဟာ ဟီးရိုးကို ကြေးရုပ် ထုပြီး
ဘုရားလို ကိုးကွယ် ခိုင်းလိုက်တာ ပါပဲ ။

ဒီလို စစ်ဘုရင် စိတ်ဓါတ် ၊ အမျိုးသား အစွန်းရောက်
စိတ်ဓါတ်တွေကို ပပျောက်သွားအောင်
နောင်လာမည့် ပင်လုံ ဖက်ဒရယ် ဒီမိုကရေစီ အစိုးရ အဆက်ဆက်က ဆက်လက် တာဝန် ယူသွားဖို့ လိုအပ်တယ် ။

ကိုကိုဦး

No comments:

Post a Comment

Zawzaw Zaw