ကမ္ဘာ ပေါ်မှာ အကောင်းဆုံး ရုပ်ရှင်ကားတွေ ဟာ အမေရိကန်နိုင်ငံ ဟောလီဝုဒ်က နေထွက်တာ အများဆုံးပါ...
ဒီတော့ ...
အမေရိကန်မှာ ...
အကောင်းဆုံး
သရုပ်ဆောင်တွေ၊ အကောင်းဆုံး ဒါရိုက်တာတွေ၊ အကောင်းဆုံးဇာတ်ညွှန်းတွေ၊
အကောင်းဆုံးဇာတ်လမ်းတွေ ရှိနေတယ်ဆိုတာ ညင်း မရပါဘူး ...
အခုလည်း ...
အမေရိကန်တွေ ...
ထရန့် ကြီးကို မင်းသားတင်ပြီး ...
အက်ရှင်ဇာတ်ကားကြီးရိုက်နေတယ်...
တကမ္ဘာလုံး ...
သူ့ ဇာတ်လမ်း ...
သူ့ ကို စောင့်ကြည့်နေရတာ ...
CNN တို့  BBC တို့ ဆို ပိုက်ဆံဘယ်လောက်များတောင် ရှာပြီးကြပြီလည်း မသိ...
မင်းသားကြီးကို အရူးကွက်နင်းခိုင်းပြီး တင်လာကြတာ...
ရွေးကောက်ပွဲတလျှောက် ပြောချင်တာပြော ...
ရှေ့ ပြော နောက်ပြော မညီမညာတွေ နဲ့  တကယ့်အရူးကွက်နင်းပြီး တက်လာတာ ...
ပြီးတော့ ရွှေဘဆိုတော့ ဇာတ်နာအောင်က လည်း လုပ်ရသေးတယ်...
တက်လာပြီးချင်းချင်း ...
သူ ပြော တဲ့ Immigration Law တွေ ...
Obama Care တွေ ကို သူ လုပ်ချင်သလို လုပ်လို့ မရဘူး ဆိုတဲ့ သဘောမျိုးနဲ့  ...
သမ္မတဖက်က နေ ဇာတ်နာအောင်အရှုံးပေးထားလိုက်တယ်...
အခု ...
တကယ်ဆော်ပြီဆိုတော့လည်း ...
အများစောက်မြင်ကပ်နေတဲ့ကောင်တွေကို တကယ် ပြီပြီပြင်ပြင် ဆော်ပြတယ်...
တကမ္ဘာလုံး လက်ခုပ် ဝိုင်းတီးပေးကြတယ်...
တဖက်မှာလည်း မြောက်ကိုရီးယားကို စစ်မြူထားတယ်...
တရုတ်ကြီးကိုလည်း ခေါ်ပြီး ပါးစပ်ပိတ်ထားပြီးပြီ...
တကမ္ဘာလုံး စက္ကန့် နဲ့ အမျှ ဒီသတင်းတွေ ပဲစောင့်ကြည့်နေကြတယ်...
အောင်မြင်ပါတယ်...
အမေရိကန်တွေရိုက်တဲ့ ရုပ်ရှင် ...
အတု ယူသင့် ယူ ရမှာပဲ...
တကမ္ဘာလုံး အမေရိကန်တွေ ရိုက်တဲ့ ရုပ်ရှင်ထဲမှာ .....
မျှော .........
နီးလာပြီ ...
တကယ်ချတော့မယ် ထင်တယ်...
အားလုံး စစ်ပြင်ထားကြပြီ ...
အမေရိကန် နေ့ လည် သတင်း ...
မြန်မာ ည သန်းခေါင်လောက်ပေါ့...
အမေရိကန်ပိုင်ဂူအမ်းကျွန်းမှာလည်း ဗုံးကြဲလေယာဉ်တွေ အဆင်သင့်ဖြစ်နေပြီတဲ့
ကပ္ပိယထိပ်ပြောင်
No comments:
Post a Comment