Tuesday, April 18, 2017

မြန်မာတို့သည် ဒီနေ့ ဒီအချိန်ခါတွင် အလွန်ပင် ရိုင်းစိုင်းသော လူများ တစ်စ တစ်စ ပွါးများ လာခြင်း


မြန်မာတို့သည် ဒီနေ့ ဒီအချိန်ခါတွင် အလွန်ပင် ရိုင်းစိုင်းသော လူများ
တစ်စ တစ်စ ပွါးများ လာခြင်း
=====

လူမျိုးတိုင်း လူမျိုးတိုင်းဟာ
ဒေသန္တရ အခြေအနေ အရ
လူများစု ဖြစ်တဲ့ အခါ ဖြစ်လိုက်
လူနည်းစု ဖြစ်တဲ့ အခါ ဖြစ်လိုက်
ရှိတတ်ပါတယ် ။

မိမိ လူများစု ဖြစ်နေတဲ့ အချိန်မှာ
လူနည်းစုတွေကို အနိုင်ကျင့်တာလောက်
အောက်တန်းကျတဲ့ စိတ်ဓါတ် မရှိတော့ဘူး ။

အဲသလို အောက်တန်းကျတဲ့ စိတ်ဓါတ်ကို
မဟာ စိတ်ဓါတ် ၊ မျိုးချစ် စိတ်ဓါတ်လို့ ထင်နေကြတဲ့
သူတွေ ရှိနေတာ သမိုင်းရဲ့ ဆိုးမွေတွေကြောင့် ပဲ ။

မြန်မာ့သမိုင်းက ဘာတွေ သင်ပေး သလဲ ။
မဟာစိတ်ကို သင်ပေးတယ် ။
အနိုင် ရလို စိတ်ကို ရိုက်သွင်း ပေးတယ် ။
တရား မျှတမှုကို လမ်း မပြဘူး ။
ညီညွတ်ရေးကို လမ်း မညွှန်ဘူး ။
တို့က အများစု တို့ ဖြစ်ချင်တာကို
အနည်းစုက လိုက်နာ ရမယ် ဆိုတဲ့
ဗိုလ်ကျ စိုးမိုး လိုစိတ်ကို ရိုက်သွင်း ပေးတယ် ။

အကျိုးဆက် ကတော့
တစ်ချိန်တစ်ခါက ယဉ်ကျေး လှပါသည် ဆိုတဲ့
မြန်မာတို့သည် ဒီနေ့ ဒီအချိန်ခါတွင်
အလွန်ပင် ရိုင်းစိုင်းသော လူများ
တစ်စ တစ်စ ပွါးများ လာခြင်း ပေတည်း ။

ဘယ်လို လုပ်ကြ မလဲ အရပ်ကတို့ ရေ ။

ကိုကိုဦး

No comments:

Post a Comment

Zawzaw Zaw