နောင်တ ကင်းမဲ့ အတွေး မမှန်သ၍ ငြိမ်းချမ်းရေး ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး
=====
မာဂရက် သက်ချာ ကတော့ ဒီလို ပြောခဲ့တယ် ။
Europe was created by history.
America was created by philosophy.
ဥရောပဟာ သမိုင်းကနေ ဆင်းသက် လာတာ ဖြစ်တယ် ။
ဒီနေရာမှ created ကို ဖန်ဆင်းခဲ့တယ်လို့ မသုံးပဲ
နိုင်ငံရေးဆန်အောင် ဆင်းသက်တယ်လို့ သမိုင်းလို ဖတ်လို့
အဆင်ပြေအောင် ကျနော် သုံးထား ခဲ့တယ် ။
ဟုတ်တာပေါ့ .. အမေရိကန်ရဲ့ လွတ်လပ်ရေး ကြေငြာ စာတမ်းမှာ
all men are created equal ဆိုတဲ့ ဖီလော်ဆော်ဖီဟာ
လွတ်လပ်ရေးရဲ့ ပထမ သစ္စာ ဖြစ်ခဲ့တယ် ။
We hold these truths to be self-evident, that all men are created equal, that they are endowed by their Creator with certain unalienable Rights, that among these are Life, Liberty and the pursuit of Happiness.
သမတ လင်ကွန်းကလည်း ဒီ သစ္စာကိုပဲ တိုင်တည်ပြီး
လူမဲတွေကို ကျွန်ဘ၀ကနေ လွတ်မြောက် စေခဲ့တယ် ။
မာတင်လူသာကင်းကလည်း ဒီ သစ္စာကိုပဲ တိုင်တည်ပြီး
I have a dream ဆိုတဲ့ ကမ္ဘာကျော် မိန့်ခွန်းကို ပြောခဲ့တယ် ။
နိုင်ငံ အတွက် ငြိမ်းချမ်းရေး ရလာဒ်ကောင်းတွေ ပေါ်ထွက် ခဲ့တယ် ။
လေးစား အတု ယူဖွယ်ရာ မဟုတ်ပါလား ။
ဒါဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဟာလည်း ဘယ် အခြေခံ အပေါ်မှာ
တည်မှီ နေတာလဲ ဆိုတာ ပြန်ဆန်းစစ် ကြည့်မိတယ် ။
ပထမဦးဆုံး သမိုင်း စာမျက်နှာတွေကို လှန်ကြည့်လိုက်
ပထမ မြန်မာနိုင်ငံ ၊ ဒုတိယ မြန်မာနိုင်ငံ ၊ တတိယ မြန်မာနိုင်ငံတော်
ထူထောင်ခြင်း စတဲ့ အမျိုးသားရေးကို တောက်လျှောက် ၊ အခြေခံ လာခဲ့တယ် ။
ဒါဟာ ဘာကို ရည်ရွယ်သလဲ ဆိုတော့ မြန်မာနိုင်ငံဟာ
တို့ ဗမာတွေ တည်ထောင် ခဲ့တာကွ ၊ ဒီနေ့ တိုင်းရင်းသား ဆိုတာ
တို့ လက်အောက်ခံတွေပဲ အယူအဆကို ကလေး ဘ၀ကနေ
စနစ်တကျ ရိုက်သွင်း လာခဲ့တဲ့ ဖီလော်ဆော်ဖီကို သွားတွေ့ ရတယ် ။
ဘာပဲဖြစ်ဖြစ် ဒီနေ့အထိ ဒီ မှားယွင်းနေတဲ့ အတွေးအခေါ်ဟာ
အောင်မြင်နေတုန်းပဲ ဆိုရမယ် ။
ဝါရင့် နိုင်ငံရေးသမားတွေက အစ ကျောင်းသား ခေါင်းဆောင်
အဆက်ဆက် အဆုံး ဒီ အတွေးအခေါ်ကိုပဲ ယုံကြည်စွာ ဆုပ်ကိုင်
ခဲ့ကြတာပဲ မဟုတ်လား ။
ကိုယ့်ကိုယ်ကို တို့ မြန်မာတွေက တိုင်းရင်းသားတွေရဲ့
အချုပ်အခြာတွေကို ဖျက်ဆီး ၊ နယ်မြေတွေကို သိမ်းယူ
ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို တိမ်ကောအောင် လုပ်ခဲ့ မိတဲ့
ငါလည်းပဲ နယ်ချဲ့ အသေးစားလေး ပါလားလို့ ဘယ်တုန်းကများ
စဉ်းစား မိခဲ့ကြသလဲ ။ စဉ်းစားမိခဲ့သူ ရှိရင် ပြောပါ ။
လေးစားစွာ ခရစ်ဒစ် ပေးလိုက်ချင်တယ် ။
သေချာ မျှမျှတတ တွေးကြည့် စမ်းပါ ။
ဗြိတိသျှတွေကိုကျတော့ နယ်ချဲ့တွေလို့ ကဗ္ဗည်း တပ်တယ် ။
ကိုယ့် အလှည့်ကျတော့ နိုင်ငံထူထောင်တယ်လို့ စာဖွဲ့တယ် ။
တရား နည်းလမ်း ကျသလား ။ သမိုင်း မှန်ရဲ့လား ။
တကယ် ဆိုရင် အနော်ရထာ လက်ထက် ကတည်းက
ပုဂံကနေ နယ်ချဲ့ လာရင်း ကုန်းဘောင်ခေတ် ရောက်တော့
ယနေ့ လက်ရှိ မြန်မာပြည် အရွယ်အစား အထိကို နယ်ချဲ့
ခဲ့တယ်လို့ ပြောမှ မျှမျှတတ ဖြစ်မယ် ။
ကိုယ့်ထက် အင်အားကြီးတဲ့ ဗြိတိသျှ နယ်ချဲ့နဲ့ တွေ့တော့မှ
ဝဋ်လည်တယ်လို့ ဆိုရမှာ ပေါ့ ။
ဒါပေမယ့် လွတ်လပ်ရေးလည်း ရလာတော့
ဖီလော်ဆော်ဖီ ပြောင်းခဲ့လေ သလား ပြန်ကြည့်တော့
အရင်အတိုင်း မပြောင်းခဲ့ပါဘူး ဗျာ ။
မေမြို့ စစ်တက္ကသိုလ်လို ကျောင်းကြီးမှာ
ဂုဏ်ပြု ကြေးရုပ်ထုတွေနဲ့ တကြွားကြွား ဖြစ်လာတာပဲ ။ ထပ်တိုး လာခဲ့တယ် မဟုတ်လား ။
ကြာခဲ့ပြီလေ ........
ဒီ အတွေးအခေါ် အမှားတွေကို ပြင်နိုင်မဲ့သူ မျှော်ရင်းနဲ့
အမေလည်း အိုပြီ .. နေလည်း ညိုပြီ
ငြိမ်းချမ်းရေးလည်း မလိုတော့ ပြီလား ...
နောင်တ ကင်းမဲ့ အတွေး မမှန်သ၍
စတုတ္ထ မြန်မာနိုင်ငံတော်ကို ထူထောင် ကြမယ်ဟေ့ လို့သာ
ကြွေးကြော် ကြပါတော့ မဟာမျိုးချစ်များ ခင်ဗျာ
ကိုကိုဦး
No comments:
Post a Comment