Saturday, April 22, 2017

လူသား စိတ်နဲ့ နာဇီ ပါတီဝင် တစ်ဦး အကြောင်း


လူသား စိတ်နဲ့ နာဇီ ပါတီဝင် တစ်ဦး အကြောင်း
=====

Oskar Schindler ကို Schindler list ရုပ်ရှင်ကို ကြည့်ပြီးတော့
လူတွေ သိပေမယ့် John Rabe ကိုတော့ လူသိ အတော် နည်းပါတယ် ။
ဒီ Poster လေးကတော့ သူ့ အကြောင်း ရိုက်ကူးထားတဲ့
ရုပ်ရှင် ပိုစတာလေး ပါ ။

၁၉၃၇ခု တရုတ်ပြည် နန်ကင်း ဒေသကို ဂျပန်တွေက ကျူးကျော် ၀င်ရောက်ပြီး လူ အများအပြားကို သတ်ဖြတ်နေချိန်မှာ John Rabe ဆိုသူ နာဇီ ပါတီဝင် တစ်ယောက်က သူရဲ့ ပါတီဝင် အရှိန်အ၀ါကို သုံးပြီး Nanjing Safety Zone ကို ဦးဆောင် ထူထောင်ပြီး လူပေါင်း နှစ်သိန်းလောက်ကို ကယ်တင် နိုင်ခဲ့တယ် ။

နန်ကင်း ဒေသ တရုတ်နိုင်ငံ အတွင်းမှာ စီးပွါးရေး လာရောက်
လုပ်ကိုင်ကြသူ နိုင်ငံခြားသားတွေ ရှိတယ် ။
သူက အဲ့ဒီ လူတွေကို စည်းရုံး နိုင်ခဲ့တယ် ။
နာဇီပါတီဝင် တစ်ဦး ဖြစ်ပေမယ့် လူသားစိတ် ရှိသူမို့
သူ့ဘ ၀စည်းစိမ်တွေကို စတေးပြီးဖက်ဆစ်တွေ လက်ထဲက
လူတွေ အသက်ပေါင်းများစွာကို ကယ်တင် နိုင်ခဲ့တယ် ။

ဒါပေမယ့် သူ့ဘ၀ အတွက်တော့ အတော်လေး အပြောင်းအလဲ
အခက်အခဲ တွေ့ခဲ့ ရတယ ။၊ သူ့မှာ ဆီးချို ရောဂါ ရှိနေတယ် ။
လူတွေကို ကယ်တင်နိုင်ဖို့ သူပိုင် ပစ္စည်းတွေ ထုခွဲ ရောင်းချလို့ ကုန်တယ် ။
၁၉၃၈ခု ဂျာမဏီကို အပြန်မှာ ဟစ်တလာဆီ စာရေးပြီး
တရုတ်တွေကို အကူအညီ ပေးဖို့ သူ တင်ပြဖို့
ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူး ။

ဂက်စတာပို ပုလိပ်တွေရဲ့ ဖမ်းဆီး စစ်ဆေးမှုကို ခံရပြီးနောက်
သူ့ ကုမ္မဏီက လာရောက် အာမခံ ထုတ်ယူ ခဲ့ရတယ် ။
မဟာမိတ်တွေက ဂျာမဏီကို သိမ်းပိုက်လိုက်တဲ့ အခါမှာ သူဟာ
de-Nazified ဖြစ်လာဖို့ အတော်လေး စောင့်ခဲ့ရတယ် ။

သူ့မှာ work permit လည်း မရှိ ကျန်းမာရေးလည်း မကောင်းတော့ ဘူး ။
သူ့ မိသားစုတွေဟာ သစ်ဥ သစ်မြစ်တွေ ၊ စွတ်ပြုတ် ၊ ဆန်ပြုတ်နဲ့ ပေါင်မုန့်
အခြောက်တွေကို ပင်စားရတဲ့ အထိ ဆင်းရဲ မွဲတေ သွားခဲ့ရတယ် ။

သူ သတင်းကို တရုတ်ပြည် နန်ကင်း ဒေသက လူတွေဟာ
ပြန်ပြီး ကြားရတော့ အတော်လေးကို စိတ်မကောင်း ဖြစ်ခဲ့ ကြတယ် ။ နန်ကင်း မြို့တော်ဝန် ကိုယ်တိုင် သူ့ အတွက် ငွေတွေ စားစရာတွေကို
စုဆောင်းပြီး လစဉ် ပို့ဆောင် ထောက်ပံ့ ပေးခဲ့ ကြတယ် ။
ဒါပေမယ့် သူဟာ မကြာခင်မှာပဲ ဆီးချို ရောဂါနဲ့ ဘာလင်မှာ ဆုံးပါး ခဲ့ရတယ် ။

သူ့ အတွက် ပူဆွေး ခဲ့ရတဲ့ နန်ကင်းက ပြည်သူတွေဟာ
ဘာလင်က John Rabe အုပ်ဂူကို နန်ကင်းကို ရောက်အာင်
ခွင့်ပြုချက်နဲ့ ပြန်သယ် လာခဲ့ကြပြီး အောက်မေ့ဘွယ်
လုပ်ထား ခဲ့ကြတယ် ။

သူ့ Safety Zone လုပ်ခဲ့တဲ့ သူ့ရဲ့ နေအိမ်လေးကိုတော့
John Rabe and International Safety Zone Memorial Hall
အဖြစ် ၂၀၀၆ခုနှစ်မှာ ဖွင့်လှစ် နိုင်ခဲ့တယ် ။

ဒီ အဖြစ်အပျက်လေးကို ကြည့်ပြီး သင်ခန်းစာ ယူရရင်
တိုင်းပြည် တစ်ခုမှာ အစွန်းရောက် အယူဝါဒ တစ်ခု လွှမ်းမိုး သွားပြီ ဆိုရင်
လူတွေ အားလုံးဟာ အဲ့ဒီ အယူဝါဒရဲ့ သားကောင် ဖြစ်ကြရမှာ မလွဲပါဘူး ။

လူကောင်း သူကောင်းပင် ဖြစ်နေပါစေ ။ အဲ့ဒီ ၀ါဒအောက်က ရုန်းထွတ်ဖို့
မလွယ် ခဲ့ကြဘူး ။ ဒါကို သင်ခန်းစာ ယူကြ ရမယ် ။

John Rabe လို ၊ Oskar Schindler လူ အကြောင်း
ကမ္ဘာ့ သမိုင်း စာအုပ်ထဲမှာ ကလေးတွေကို သင်ပေး ရမယ် ။
ဒါမှ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး သမားတွေ ပိုများ လာမယ် ။

https://en.wikipedia.org/wiki/John_Rabe

ကိုကိုဦး

No comments:

Post a Comment

Zawzaw Zaw