Monday, April 24, 2017

ဟီးရိုး တစ်ယောက်ရဲ့ မာနတရားဟာ အတော့်ကို ခါး ခဲ့ပါတယ်

ဟီးရိုး တစ်ယောက်ရဲ့ မာနတရားဟာ အတော့်ကို ခါး ခဲ့ပါတယ်
=====

မြန်မာနိုင်ငံရေးဟာ အစမကောင်းလို့ အနှောင်း မသေချာတာပဲလို့ အားမနာတမ်း ပြောရမှာပဲ ဖြစ်တယ် ။

လွတ်လပ်ရေး ရစဉ်က ဘာ ပြည်တွင်းစစ်မှ မရှိသေးဘူး ။
တိုင်းပြည်ကို ဘယ်လို အတူတကွ တည်ဆောက် ကြမယ်
ဆိုတဲ့ စိတ်ထားထက် နိုင်ငံရေး အတွေ့အကြုံ နည်းပါးမှု
မင်းလား ၊ ငါလား ဆိုတဲ့ ပုဂ္ဂိုလ်​ရေး ပြိုင်ဆိုင်မှု အပြုတ် တိုက်ရေး
ဆိုတဲ့ ဗိုလ်လုမှုတွေကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရတယ်လို့
ပြောရမယ် ။

ဘယ်သူကမှ နိုင်ငံ တစ်နိုင်ငံကို ဘယ်လို အုပ်ချုပ် ရမယ် ဆိုတဲ့
အတွေ့အကြုံ မရှိသေးပဲ လွတ်လပ်ရေး ရရင် တော်ပြီ ၊
ငါတို့ နိုင်ငံ ငါတို့ အုပ်ချုပ် ပြမယ် ။ ငါတို့ လုပ်ပြမယ် ။
တကယ်ဆိုရင် အတွေ့အကြုံ ရှိသူတွေ ဆီက တိုင်းပြည်ကို ဘယ်လို အုပ်ချုပ် ရမယ် ဆိုတဲ့ အတွေ့အကြုံကို ရယူဖို့ အခွင့်အရေး တစ်ခုကို
လက်လွတ် ပေးလိုက် ရတဲ့ သူတို့ အမှားကို သူတို့ မသိသွားကြ ရှာဘူး ။
ပြည်သူတွေကတော့ ဒီနေ့အထိ ဒီ အကျိုးဆက်ကို ခံစား နေရတုန်း ပဲ ။

ဗြိတိသျှ လက်ထဲကနေ လွတ်လပ်ရေး ရချိန်မှာ ဒိုမီနီယမ်လည်း မယူခဲ့ ။
ကမ္ဘာ့ နိုင်ငံပေါင်း ( ၅၂ ) နိုင်ငံ စတင် ပါခဲ့ ကြတဲ့ commonwealth nations ထဲကို မ၀င်ခဲ့တာ မြန်မာ တစ်နိုင်ငံပဲ ရှိတယ် ။

ဒီနေရာမှာ ကြုံလို့ ဒိုမီနီယမ် ဆိုတာကို သေချာ သိအောင်
paste လုပ်ထား ပေးခဲ့မယ် ။

... autonomous Communities within the British Empire, equal in status, in no way subordinate one to another in any aspect of their domestic or external affairs, though united by a common allegiance to the Crown, and freely associated as members of the British Commonwealth of Nations. ...

အသေးစိတ် လင့်က
https://en.wikipedia.org/wiki/Commonwealth_of_Nations

လွတ်လပ်ရေး ရပြီတဲ့ ............. စကတည်းက ဆိုသလို
တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ
စကတည်းက ကျည်​မပါတဲ့ တိုက်ပွဲတွေ အရမ်း ကြမ်းတယ် ။
အချင်းချင်း အပေးအယူ အလျှော့ အတင်း မရှိပဲ ပြင်းပြင်းထန်ထန်
တိုက်တယ် ၊ ခိုက်တယ် ၊ ဝေဖန်တယ် ဆိုတာထက် အပြတ်ရှင်းပွဲကြီး စတင်တော့ တယ် ။ တကယ်တော့ လွတ်လပ်ရေးဟာ ငြိမ်းချမ်းရေးနဲ့ မစခဲ့ပဲ အာဏာလုပွဲကြီးနဲ့ စခဲ့ ကြတယ်လို့ ​ပြောရမှာ ဖြစ်တယ် ။ အဲ့ဒီ အချိန်က ဆိုရင် ပင်လုံကတောင် ကြောက်လို့ ပုန်းနေ ရမယ် ထင်ပါတယ် ။

မော်လမြိုင်မြို့ ဘုရင်မ ပန်းခြံမှ ဗိုလ်ချုပ် မိန့်ခွန်းထဲက တစ်စွန်းတစ်စကပင် အတိုက်အခံ မှန်သမျှ အပြတ်ရှင်းမဲ့ လမ်းစဉ်ကို ဆွဲကိုင် ခဲ့တာကို တွေ့ရတယ် ။

မိန့်ခွန်း တစ်ချို့ထဲက .................... ကောက်နုတ်ပြရရင်
---------------

ဒုတိယ ဆန့်ကျင်ရေး အစု ဖြစ်တဲ့ သိန်းသန်း ကွန်မြူနစ်တွေကိုတော့ ခုတင်က စားဖားကြီးတွေထက် ပိုပြီး ဂရုစိုက် ရမယ် ။ ဒီ သိန်းသန်း ကွန်မြူနစ်တွေဟာ ဖဆပလထဲမှာ ရှိတုန်းက ဖဆပလ တစ်ဖွဲ့လုံးကို သူတို့ကသာ ကြိုးကိုင် ချင်တယ် ။ ဒီလို ကိုင်လို့ မရတော့ ဖဆပလဟာ ဒူးထောက်ရေး လမ်းစဉ် လိုက်သလေး ။ စေ့စပ်ရေး လမ်းစဉ် လိုက်သလေးနဲ့ တောင်စဉ်ရေ မရ စွပ်စွဲချက်တွေကြောင့်လဲ သူတို့ တတွေကို ဖဆပလထဲက ထုတ်ပစ် လိုက်ရတာ ပဲ ။

ဖဆပလရဲ့ တတိယ ဆန့်ကျင်ဖက် ဂိုဏ်းသား ဖြစ်တဲ့ အလံနီတွေ အကြောင်းကို ကျနော် နည်းနည်း ပြောချင်တယ် ။ အလံနီ နောက်လိုက်တွေ ကတော့ သနားစရာတွေ ပဲ ။ တောင်ပို့ကြီးကို ဘုရား မှတ်ပြီး ကိုးကွယ် နေကြတယ် ။ သူတို့ရဲ့ ဆရာကြီး သခင်စိုး ဆိုတာ ကတော့ အစက လူကောင်း တယောက် ဖြစ်ပေမယ့် စိတ်၏ ဖောက်ပြန်မှု ဒဏ်ကို မခံနိုင်တာနဲ့ အခုတော့ ကြမ်းပိုး တော်လှန်ရေး သမား ဖြစ်နေပြီ ။ ဗမာ့ လွတ်လပ်ရေးတွေ ဘာတွေကိုတောင် မျက်နှာ ထောက်မနေနိုင်တော့ ဘူး ။ ဒီလူဟာ ပိုက်ဆံသာ ခပ်များများ ရမယ် ဆိုရင် အကုန်လုံး လိုက်ဖျက် ပေးမှာ ပဲ ။ ကျနော် ပြောရင် ယုံပါ ။ သူ့အကြောင်းကို ဒီလောက်ပဲ ပြောပါရစေ ။

----------------

ကွန်မြူနစ်တွေကို တောမခိုအောင် အပေးအယူ အလျှော့အတင်း
မလုပ်နိုင်ခဲ့ဘူး ။ ကရင် စစ်ခေါင်းဆောင်တွေကို နေရာဆက် မပေးပဲ
စစ်တပ်ကို လက်ဝါးကြီး အုပ်လိုမှုတွေကလည်း အတိုင်းသား
မြင်တွေ့ ခဲ့ရပြီးပြီ ဆိုတော့ ပြည်တွင်းစစ်ကို ဖြစ်လာစေတဲ့
အဓိက အရင်းအမြစ်ကတော့ ဖဆပလ ခေါင်းဆောင်တွေပဲ
ဆိုတာ ငြင်းလို့ မရဘူး ။

လွတ်လပ်ရေးကို ရပြီ ။ ကျန်တာတွေက အသေးအဖွဲလေးပါ ဆိုပြီး
နိုင်ငံရေး ဘောင်ဗင် ခတ်ခဲ့ ကြတယ် ။ ဒီလိုနဲ့ပဲ ငြိမ်းချမ်းရေးကို
ပစ်စလက်ခတ် လုပ်ခဲ့တာတွေကို ဘယ်သူ့ကို အပြစ် ပြောရမှာ လဲ ။
စဉ်းစားကြည့်ရင် အဖြေက ပေါ်နေ ပါတယ် ။

လွတ်လပ်ရေး ရခဲ့တာ ငါတို့ကြောင့်လို့သာ လက်မထောင် ကြပြီး
ငြိမ်းချမ်းရေး ဆုံးရှူံး ခဲ့ရတာ ငါတို့ကြောင့် မဟုတ်ဘူး ။
သူတို့ကြောင့် ဆိုတဲ့ အလိမ်အညာ သမိုင်းတွေကို
ရေးခဲ့ကြတာ ဘယ်သူတွေလဲ.. ပြောကြစမ်း ပါ ။

ဘယ်သူမှ ဒီနေ့အထိ မပြောရဲ ကြသေးဘူး မဟုတ်လား ။
ဘယ်ပြောရဲမှာ လဲ ။ ပြောတဲ့ကောင် မြောင်းထဲ ရောက်သွားမှာကို ကြောက်ကြ သူတွေပဲ မဟုတ်လား ။
ဘာဖြစ်လဲ ဆိုတော့ သူတို့ ကိုးကွယ်နေတဲ့ ဟီးရိုး
ကိုယ်တိုင် ငြိမ်းချမ်းရေး လမ်းကြောင်းကို မလိုက်ပဲ
ငါဆိုတဲ့ နိုင်ငံရေး မာန ဆုတ်ကိုင် ခဲ့တယ် ။
အပြုတ် တိုက်ရေး လမ်းစဉ်ကို ရွေးချယ် ကျင့်သုံး ခဲ့လို့ ပဲ ။၊
လုပ်ဖေါ် ကိုင်ဖက် အချင်းချင်း ညီညွတ်ရေးကိုပင် မတည်ဆောက်နိုင်ခဲ့ပဲ တိုင်းပြည် ညီညွတ်ရေးကို ငါ ဦးဆောင်ပြီး
လုပ်ပြမယ် ဆိုတဲ့ မာနတရားဟာ အတော့်ကို ခါး ခဲ့ပါတယ် ။

သိန်းဖေမြင့်ရဲ့ စကားကို ငှါးပြီး ပြောရရင်
ပွင့်ပွင့်လင်းလင်း ပြောခဲ့ ပါရစေ ဗျာ ။

http://maungmaungmyint.blogspot.com/2014/02/blog-post_8469.html

နာသူ ရှိရင်လည်း သမိုင်းကို သေချာ ပြန်ဖတ် ကြပါလို့ပဲ ပြောခဲ့ ချင်တယ် ။


ကိုကိုဦး

No comments:

Post a Comment

Zawzaw Zaw