Monday, April 3, 2017
အင်းစိန် တိုက်ပွဲ
အင်းစိန် တိုက်ပွဲ
=====
တိုက်ပွဲ အစပိုင်း
=====
၁၉၄၉ ဇန်န၀ါရီလ နှောင်းပိုင်း၌အင်းစိန်၊သမိုင်း၊ကြို့ ကုန်းဘက်တွင် ကေအဲန်ဒီအို နှင့် ဗိုလ်ကြီးအေးသာကျော် ဦးဆောင်သော UMP တပ်ဖွဲ့ ပူးပေါင်းအင်အား နှစ်ရာကျော်ရှိသည်။ ထိုအချိန်တွင် အင်းစိန် သမိုင်းလမ်းရှိ ကရင်တို့ ထံမှ လက်နက်သိမ်းယူရန် ဖဆပလအစိုးရတပ်ဖွဲ့  အင်အားနှစ်ထောင်ကျော်ခန့် ချထားသည်။
မင်္ဂလာဒုံတွင် ဗမာ့တပ်မတော်အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်ခွဲ (၂)ခွဲနှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများရှိနေပြီး ဖဆပလအစိုးရအမှုထမ်းအဖြစ်သာရှိနေသေးသည်။ ကရင့်ရိုင်ဖယ်တပ်ရင်း(၂)မှ တပ်စုတစုလည်း သမိုင်းရပ်ကွက်သို့ ဇန်န၀ါရီလ ၂၉-၃၀ လောက်က ရိက္ခာထုတ်ရန်ရောက်ရှိနေသည်။ ထိုအချိန်တွင်ရန်ကုန်တက္ကသိုလ်မှ ကရင်ကျောင်းသူကျောင်းသားများလည်း အင်းစိန်သို့ ပြောင်းရွှေ့ လာကြသည်။
၁၉၄၉ ဇန်န၀ါရီလ(၃၁)ရက်နေ့ ညနေ(၆)နာရီတွင် သမိုင်းခ၀ဲခြံကို ဖဆပလ အစိုးရတပ်ကစတိုက်သည်။ ခ၀ဲခြံရှိ KNDO တပ်များကပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်သဖြင့် ဖဆပလအစိုးရတပ်များဖရိုဖရဲဖြစ်လျှက်ဆုတ်ခွာသွားကြသည်။
ကရင်ရပ်ကွက်များကို အစိုးရမှစတင်တိုက်ခိုက်ပြီဆိုသည်နှင့်ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်က
KNDO ဘက်က ပါဝင်တိုက်ခိုက်လာသည်။ ညပိုင်းတွင် KNDO၊ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်နှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများ ပူးပေါင်း၍ မင်္ဂလာဒုံလေတပ်စခန်းရှိ ဖဆပလအစိုးရစစ်လက်နက်တိုက်ကို တိုက်ခိုက်စီးနင်းပြီး လက်နက်ခဲယမ်းမီးကျောက်များကို သိမ်းယူခဲ့သည်။ မင်္ဂလာဒုံကလေတပ်စခန်းကိုတိုက်ပြီးနောက် သိမ်းပိုက်ထားခြင်း သို့ မဟုတ်ဖျက်ဆီးပစ်ခြင်းမပြုဘဲအင်းစိန်စုရပ်သို့ ပြန်လာကြသည်။
ဤသည်မှာ စစ်ရေးအရလုပ်လေ့လုပ်ထမရှိသော အမှားအယွင်းဖြစ်သည်။ စစ်ပညာအရ ရန်သူ့ အင်အားဖြစ်စေသောအရာမှန်သမျှ
သိမ်းပိုက်ထား၍မရပါက ရန်သူ့ လက်ထဲပြန်မရောက်သွားအောင် လုပ်ရမည်ဖြစ်သည်။ ဤနည်းကို မြန်မာစစ်တပ်က သုဝဏ္ဏဘူမိ မွန်ပြည်၊ စယမ်ထိုင်းတို့ ၏အယုဒ္ဓယ နှင့် တိုင်းရင်းသားညီနောင်ရင်းတို့ ၏ စစ်ရေးအခြေခံဒေသများကိုတိုက်ခိုက်ရာတွင် မလွတ်တမ်းအသုံးချခဲ့သောစစ်ရေးထာဝရနည်းနာတရပ်ဖြစ်သည်။ ၂၀၀၀ခုနှစ်မတိုင်မီ ကေအဲန်ယူစခန်းများကို ယာယီသိမ်းပိုက်ထားနိုင်ခဲ့စဉ်ကလည်း ကရင့်အသက်သွေးကျောဖြစ်သော ကျွန်းတောများကို မြေလှန်ပြီးတလင်းပြင်လုပ်ပစ်ခဲ့သည်။
မဂ်လာဒုံလေယဉ်ကွင်းကိုကရင်ကမသိမ်မးပိုက်ထားသော်လည်း လေယဉ်မှူးများနှင့် လေတပ်အမှုထမ်းများမှာမူ ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ပြေးသွားကြပြီဖြစ်သဖြင့် မြန်မာ့လေတပ်မှ နယ်ရောက်စစ်ကူများကိုသွားရောက် သယ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ စစ်တွေ(ထိုစဉ်က အကယပ်ဟုခေါ်သည်) လေယဉ်ကွင်းတွင်ဆိုက်ကပ်ထားသည့် အင်ဒိုနီးရှားပိုင် ခရီးသည်တင်လေယဉ်ဖြင့် အမှတ်(၅)ဘားမားရိုင်ဖယ်တပ်ရင်း မင်္ဂလာဒုံသို့ ညတွင်းခြင်းစစ်ကူရောက်လာသည်။ မင်္ဂလာဒုံကို ကရင်များကကြိုတင်ဖျက်ဆီးထားခဲ့ပါက မြန်မာစစ်ကူများအဖို့ စစ်တွေမှ ရန်ကုန်အရောက် ပင်လယ်ခရီးမှလာရမှရမည်ဖြစ်သဖြင့်
၂ပတ်ခန့် ကြာမည်။
အင်းစိန်ကိုအစိုးရတပ်ကစတင်တိုက်ခိုက်လာသောအခါတွင် ခ၀ဲခြံနှင့်သမိုင်းမှ အရပ်သူ အရပ်သားများကလဲ အင်းစိန်သို့ ရွှေ့ ပြောင်းရှောင်ရှားလာကြသည်။ မင်္ဂလာဒုံလက်နက်တိုက်မှသိမ်းဆည်းခဲ့သည့် လက်နက်များကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊ အင်းစိန်ကျန်းစာကျောင်းသားများ
နှင့်အရပ်သူအရပ်သားများကို တပ်ဆင်ပေးလိုက်သဖြင့် ကရင်လက်နက်ကိုင်အင်အား တထောင်ခန့် ရှိလာသည်။
ကရင်လူထုနှင့် လက်နက်ကိုင်တပ်ဖွဲ့ များအတွက် ရိက္ခာပြသနာဖြေရှင်းနိုင်ရန် အင်းစိန်မြို့သိမ်းပွဲလုပ်ရန်ဖြစ်လာသည်။
အင်းစိန်တွင် ဆန်စက်(၈)လုံးနျင့် ဆန်ဂိုဒေါင် (၁၀)လုံးရှိသဖြင့် ဆန်အိပ် ငါးသောင်းကျော်နှင့် ဘိုကိတ်ပဲများစွာရှိသည်။
အင်းစိန်မြို့ တွင်းတွင် ကရင်ကိုတိုက်ရန် ဖဆပလနှင့် လဲဗီးတပ်များအင်အားနှစ်ထောင်ရှိနေသည်။
တချိန်တည်းတွင် ရန်ကုန်မြို့ တွင် ကရင်များနည်းတူ တခြားလက်နက်ကိုင်အဖွဲ့ များကလဲ ဖဆပလ တပ်ကို အလစ်အငိုက်ဝိုင်းတိုက်ကြသည်။ အင်းစိန်ဈေးကြီးလဲ တိုက်ပွဲတွင်မီးလောင်သွားသည်။ ဖဆပလတပ်ဖွဲ့ များခြေမှုန်းခြင်းခံရပြီး တပ်ပျက်ထွက်ပြေးကုန်သဖြင့် ဖေဖေါ်ဝါရီလ မနက်(၈)နာရီတွင် တိုက်ပွဲပြီးဆုံးသည်။ကေအဲန်ဒီအိုနှင့်ကရင်လူထုတပ်များက အင်းစိန်မြို့ ကိုသိမ်းပိုက်သည်။ အစိုးရဆန်ဂိုလ်ဒေါင်များမှ ဆန်များဖြင့် အင်းစိန်မြို့ စစ်ဘေးဒုက္ခသည်လူထုအား KNDO က လနှင့်ချီဝေမျှစောင့်ရှောက်နိုင်ခဲ့သည်။
ဘေးပတ် အကြောင်းအရာများ
======
အင်းစိန်မြို့ ကိုမသိမ်းမီက တွံတေးမြို့ ကို ဦးစွာသိမ်းပိုက်ထားပြီးဖြစ်သဖြင့် ရန်ကုန် ပြင်ပနှင့်ဆက်သွယ်နိုင်သည့် ကုန်းလမ်း၊ရေလမ်းများအားလုံးကိုလဲ ကရင်တပ်များက ဖြတ်တောက်ထိမ်းချုပ်ထားလိုက်သည်။
ပြည်တွင်းပြည်ပ မီဒီယာအားလုံးက မြန်မာအစိုးရကို ဖဆပလအစိုးရ အစား (၇) မိုင်အစိုးရဟုပြောင်းလဲသုံးနှုန်းလာသည်။
အင်းစိန်ကိုသိမ်းပိုက်ပြီးနောက်တပတ်တွင် သထုံမှ မွန်နှင့် ကရင်တပ်ဖွဲ့ များ ရောက်လာသဖြင့် မွန်တပ်အပါအ၀င်
ကရင်တပ်များ အင်အား တထောင့် ငါးရာကျော်ဖြစ်လာသည်။ ဖဆပလအစိုးရ၏ ဘားမားရိုင်ဖယ် တပ်ရင်း(၅)၊UMP တပ်များ၊ LEVY တပ်များနှင့်ရန်ကုန်တက္ကသိုလ်အပျော်တမ်းတပ်များအပြင် တိုက်လေယဉ်များ သံချပ်ကားများ အမြှောက်တပ်များ စစ်ရေယဉ်များဖြင့် နယ်ဘက်မှစစ်တပ်များကလည်း အင်းစိန်ကို နေ့ ညမပြတ်မလာရောက်ထိုးနှက်တိုက်ခိုက်သည်။
အစိုးရဘက်က လက်နက်ခဲယမ်းမီးကျောက် လိုအပ်သလိုရရှိနေသည်ကိုတွေ့ ရပြီး ကရင်များဘက်တွင်မူ တိုက်ပွဲတလခန့် အကြာတွင် ခဲယမ်းမီးကျောက်ပြတ်လပ်လာပြီဖြစ်သည်။စစ်ပညာကျွမ်းကျင်မှုကြောင့် ကျန်ရှိသမျှကျည်ဆံများဖြင့် ရန်သူကို တချက်တကောင်နှုန်း အမှည့်ချွေနိုင်၍သာလျှင် ဆက်လက်ခုခံနေနိုင်သေးခြင်းဖြစ်သည်။ အင်းစိန်မြို့နေရာအနှံ့ အပြားတွင် လက်နက်ခဲယမ်းမီး ကျောက်ရရှိနိုင်သောနေရာများကိုအသဲအသန်မြေလှန်ရှာဖွေကြသည်။
ကံအားလျှော်စွာ ကုလားလူမျိုးတဦးကသတင်းပေးသဖြင့် အင်္ဂလိပ်တို့ မြှုပ်နှံသွားသည့် ကျည်ဆံအမြားအပြားကိုတူးဖေါ်ရရှိကာ
နောက်ထပ် (၃) လခန့် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။
ဤနည်းဖြင့် ကရင်တပ်များ (၁၁၁)ရက် တိုင်တိုင်ခုခံတိုက်ခိုက်ပြီး ၁၉၄၉ မေလ(၂၁) ရက်တွင်အင်းစိန်မှဆုတ်ခွာကြသည်။ တိုက်ပွဲတွင်အင်အားထောင်ပေါင်းများစွာသုံးသော ဖဆပလ အစိုးရတပ်ဘက်က (၅၀၀၀) ကျော်ခန့် ကျဆုံးပြီး အင်အား တထောင့် ငါးရာကျော်ရှိသော ကရင်များဘက်က (၂၀၀) နီးပါးကျဆုံးသည်။ ကရင်ဘက်တွင် ဒဏ်ရာရသူ (၈၀၀)ကျော်ရှိသည်။
အင်းစိန်ကို ကရင်တပ်များကသိမ်းပိုက်ထားစအချိန်တွင် မြန်မာ့အသံမှ” ပြည်ထောင်စုမြန်မာနိုင်ငံသည် ကြီးမားသည့်အန္တရာယ် အတွင်းသို့ ကျရောက်နေကြာင်း” ၃ကြိမ်ထုတ်လွှင့်ကျေညာသည်ကိုကြားခဲ့ရကြောင်း ထိုသို့ ကျေညာပြီးနောက်ပိုင်းတွင် ရေဒီယို အသံလွှင့်ချက်များတိတ်သွားသည်။မကြာမီလူထုအတွင်းတွင် အင်းစိန်မြို့ကို ကရင်တပ်များသိမ်းလိုက်ပြီဆိုသည့်သတင်းများ ပြန့် ထွက်လာသည်။
ထိုအချိန်သည်မြန်မာပြည် သမတမှာ ရှမ်းအမျိုးသား စ၀်ရွှေသိုက်ဖြစ်ပြီး ၀န်ကြီးချုပ်မှာ ဦးနုဖြစ်သည်။ဖဆပလ က အစိုးရဖြစ်လျှက် အုပ်ချုပ်ရေးအာဏာ အားလုံးဝန်ကြီးချုပ်လက်တွင်ရှိသော ပါလီမန်ဒီမိုကရေစီဖြစ်သည်။သမတမှာမူ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကို အလှည့်ကျတင်မြှောက်ထားပြီး အုပ်ချုပ်ရေးနှင့်နိုင်ငံရေးတိုက်ရိုက်အာဏာမရှိသော အနေအထားဖြစ်သည်။ အရာရာတွင် ၀န်ကြီးချုပ်၏တင်ပြတောင်းဆိုချက်အတိုင်း တသွေမတိမ်း လက်မှတ်ရေးထိုးအတည်ပြုပေးရသော နိုင်ငံတော်တံဆိတ်တုံး ကြီးအဖြစ်သမတအားထားရှိသည်။
အင်းစိန်တိုက်ပွဲမစမီတွင် မြန်မာ့တပ်မတော်စစ်ဦးချုပ်နှင့် ရဲမှူးချုပ်ကြီးမှာ ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်သည်။ အင်းစိန်တိုက်ပွဲစဖြစ်လာသောအခါ ၀န်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်စမစ်ဒွန်းနေရာကို ဗိုလ်မှူးကြီးနေ၀င်းအားသိမ်းယူစေခဲ့သည်။ ဗိုလ်နေ၀င်းဗိုလ်ချုပ်ဖြစ်လာသောအခါ ဗိုလ်မှူးချုပ်ကျော်ဇောကို အင်းစိန်စစ်ဆင်ရေးမှူးအဖြစ်တာဝန်ပေးခဲ့သည်။ အင်းစိန်တိုက်ပွဲတွင် ဗိုလ်မှုးချုပ်ကျော်ဇော ဒါဏ်ရာပြင်းထန်စွာရခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇောသည် အမေရိကန်ကထောက်ပံ့ထားသော ရှမ်းပြည်နယ်မှ ပြည်ပြေးတရုတ်ကူမင်တန်များကိုချေမှုန်းစစ်ဆင်ရေးတွင် နာမယ်ကြီးလာသူဖြစ်သည်။ အမေရိကန်က တရုပ်ဖြူကူမင်တန်များကိုထောက်ပံ့ထားရခြင်းမှာ ဂျပန်ထိုးစစ်တုန်းက အမေရိကန် အဂ်လိပ်နှင့် ကူမင်တန်တို့ က တရုတ်ပြည်တွင် ပူးပေါင်းခုခံတိုက်ခိုက်ခဲ့စဉ်က CBI မဟာမိတ်များဖြစ်ခဲ့ပြီး အပြန်အလှန်ကူညီရေးစာချုပ်များရှိခဲ့၍ဖြစ်သည်။ CBI ဆိုသည်မှာ China Burma India Theater(Warfare) ဖြစ်သည်။
ကရင်များနှင့်တိုက်ခဲ့ရသော အင်းစိန်တိုက်ပွဲသည် သူ့ စစ်ရေးဘ၀အတွေ့ အကြုံအားလုံးအနက် ကျဆုံးမှုအများဆုံး ဆုံးရှုံးမှု အကြီးမားဆုံးဟု ဗကပ အဖြစ် တရုတ်ပြည် ကူမင်မြို့တွင် ခိုလှုံနေစဉ် ၂၀၀၀ခုနှစ်များက ကဗိုလ်ချုပ်ကျော်ဇောမှမီဒီယာများကို ဖွင့်ဟပြောကြားခဲ့သည်။
ဦးနုအစိုးရနှင့် ကေအဲန်ဒီအို စေ့စပ်ရေး
=======
အင်းစိန်တိုက်ပွဲအတွင်းတွင် ၀န်ကြီးချုပ်ဦးနုက အစိုးရနှင့်အတူ ကရင်ကိုဝိုင်းတိုက်ပေးရန် မြန်မာကွန်မြူနစ်သူပုန်များနှင့်စေ့စပ်ရာတွင် ကျောင်းတော်ကရန်စများကြောင့် အပြန်အလှန်ယုံကြည်မှုမရှိသဖြင့် စေ့စပ်ရေးပျက်ပြားသွားခဲ့သည်။ သို့ ဖြစ်၍ ကွန်မြူနစ်များနှင့်စေ့စပ်မှုကိုလက်လျှော့လိုက်ပြီး ကရင်နှင့်တိုက်ရိုက်စေ့စပ်ရေးလုပ်နိုင်ရန်အားထုတ်သည်။
လူအများလေးစားယုံကြည်ရသောကြားလူများဖြစ်သည့် ရန်ကုန်ရှ်ိ ဗြိတိသျှသံအမတ်ကြီး မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ်ကြီး ဒေါက်တာရပ်(ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အလီအပြင် အင်္ဂလီကန် ခရစ်ယန်ဂိုဏ်းချုပ်ကြီး ဘိရှော့ ၀က်(စ်)၊ ဆာစံစီဖိုး(ဗြမ္မဇို သာသနာတည်ထောင်သူ) ၏သမီး မစ္စဘမောင်ချိန် တို့ ကို စေ့စပ်ရေးအကျိုးဆောင်စေသည်။
ဦးနုကိုယ်တိုင်စောဘဦးကြီးထံရေးသားသော ကမ်းလှမ်းစာတွင် ကရင်ဗမာစစ်ပွဲကြောင့်လူထုတွေသေကြေပျက်စီးကြပြီးမြို့ ပြ နေအိမ်အဆောက်အဦးများမီးလောင်ပျက်စီးဆုံးရှူံးရသဖြင့် စေ့စပ်ဆွေးနွေးလိုကြောင်းပါရှိသည်။ ဥက္ကဌစောဘဦးကြီးက ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ၁၉၄၉ ဧပြီလ(၅)ရက်နေ့ တွင် ဆွေးနွေးကြသည်။ ထိုသို့ ဆွေးနွေးပွဲသို့ မသွားခင်တွင် ကရင်ခေါင်းဆောင်များက အစည်းအဝေးခေါ်ယူပြီး ဘာတွေပြောဆိုကြမည်၊ ဘာကိုလက်ခံပြီး ဘာကိုလက်မခံ စသည်တို့ ကို စေ့စေ့စပ်စပ်ကြိုတင်ညှိနှိုင်းမှုများမလုပ်ခဲ့ပေ။ တွေ့ ဆုံဆွေးနွေးပွဲ သို့ စောဘဦးကြီးနှင့်အတူ မန်းဂျိန်း(စ်) ထွန်းအောင်နှင့် စောဘဲလေတို့ သွားရောက်ခဲ့ပြီး အစိုးရဘက်က ဦးနု၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်နေဝင်းနှင့် ဦးချန်ထွန်းတို့ တက်ရောက်သည်။
ငြိမ်းချမ်းရေးလိုလားသောစိတ်အရင်းခံကြောင့်သော်လည်းကောင်း ကရင်လူမျိုးအချင်းချင်းဖြစ်သော ငြိမ်းချမ်းရေး အကျိုးဆောင်ဂုဏ်သရေရှိလူကြီးများ၏ဖျောင့်ဖျမှုကြောင့်သော်လည်းကောင်း ဦးနုအစိုးရ၏ ကရင်များလက်နက်ချပြီးအစိုးရနှင့်ပြန်လည်ပေါင်းစည်းရေး ငြိမ်းချမ်းရေးစာချုပ်ကို ဥက္ကဌစောဘဦးကြီး သဘောတူလက်မှတ်ထိုးခဲ့သည်။ သဘောတူညီချက်အရ ဧပြီလ(၈) ရက်နေ့  သမိုင်းတွင် လက်နက်ချပွဲလုပ်ရန်ပါရှိသည်။ အင်းစိန်စခန်းသို့ ပြန်ရောက်သောအခါ တခြားကရင်ခေါင်းဆောင်များက ထောင်ကွက်ထဲ ကျရောက်သွားပြီဟု တွက်ချက်ပြကြသည်။ ဥက္ကဌစောဘဦးကြီးက မိမိမှာ KNU အနေနှင့် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သဖြင့် ဦးနုအစိုးရနှင့်တိုက်ရိုက်စစ်ဖြစ်နေပြီး မတရားသင်းကျေညာထားခံရသော KNDO ကိုယ်တိုင် စေ့စပ်ပွဲသို့ သွားရောက်ပြောဆိုပြီး လက်မှတ်ထိုးခြင်းကို ရုပ်သိမ်းသင့်လျှင် ရုပ်သိမ်းခဲ့ရန်ကြရန် မန်းဘဇန်ကို ညွှန်ကြားခဲ့သည်။
သို့ ဖြစ်၍ ဧပြီလ (၆) ရက်နေ့တွင် မန်းဘဇံ ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးနုတို့ တွေ့ဆုံကြသည်။
ကရင်ကိုယ်စားလှည်အဖွဲ့ တွင်ထိုစဉ်က အင်းစိန်တိုက်ပွဲတွင်ပါဝင်သော ကရင်ခေါင်းဆောင်များဖြစ်သည့် KNDO တည်ထောင်သူ မန်းဘဇန်၊ ဗိုလ်စိုင်းကေနှင့် ဟန်တာသာမွှေးတို့ ဖြစ်သည်။ ကရင်အမျိုးသားများ၏ အဓိကလိုအပ်ချက်မှာ ကရင်ပြည်သာ ဖြစ်သဖြင့် အပစ်အခတ်ရပ်စဲစဉ် ကရင်ပြည် ရရှိရေးကိစ္စကိုသာ ဆွေးနွေးသွားရန် မန်းဘဇံက ဦးနုထံ တင်ပြသည်။ ဖဆပလ ခေါင်းဆောင်များက မန်းဘဇံ၏ ဆွေးနွေးချက်ကို လက်မခံ။ အပစ်ရပ်ပြီး လက်နက်ချရေးကိုသာ တောင်းဆိုသဖြင့်ဆွေးနွေးပွဲ ပျက်သွားသည်။
အဂ္ဂ
Saturday, April 1, 2017
မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် ( သို့မဟုတ် ) အမေ့ခံ လူသား တစ်ဦး
မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် ( သို့မဟုတ် ) အမေ့ခံ လူသား တစ်ဦး
===========
ဗိုလ်ချုပ် စမစ်ဒွန်း ဘာကြောင့် လွတ်လပ်ပြီး ခေတ် ဗမာ့ တပ်မတော် ရဲ့ ပထမဦးဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ရသလဲ။ သူ့ ကို ဘာလို့ ခန့်ခဲ့သလဲ။
ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူ မှာ စစ်သား နဲ့ နိုင်ငံရေး ကင်းရှင်းအပ်ပုံကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ရပ် စစ်ဝတ်စုံ ချွတ်ပြီးမှ နိုင်ငံရေး လုပ်ခဲ့ပုံ နဲ့ ဥပမာ ပြုရင်း ပြောရာမှာ ဗိုလ်ချုပ် က အဲဒီလို နိုင်ငံရေးလုပ်ဖို့ တပ်မတော် ရာထူး စွန့်အပြီးမှာ စစ်တပ် ကိုတော့ စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ Professional Soldier ဗိုလ်ချုပ် စမစ်ဒွန်း ကို ဦးစီးဖို့ လျာထားခဲ့တယ်လို့ ထည့်ဆိုသွားတယ်။ ဗိုလ်ချုပ် ရဲ့ စစ်သား နဲ့ နိုင်ငံရေး အလုပ် ခံယူချက် ကို သူ့ လုပ်ရပ် အရ အငြင်းပွားစရာ မရှိ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့တဲ့ ဗိုလ်ချုပ် စမစ်ဒွန်း ကို စစ်ဦးစီးချုပ် လုပ်ဖို့ ဗိုလ်ချုပ် လျာထားခဲ့တယ် ဆိုတာကတော့ တကယ့် သမိုင်း နောက်ခံ အရ “အပြည့်အဝ” မမှန်ဘူး။
ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီ စာချုပ် အရ ဗမာ့တပ်မတော် ပြန်လည် ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး တို့လို အင်္ဂလိပ်သင်တန်းဆင်း (British trained) ဗြိတိသျှဘားမား တပ် က လာသူတွေနဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း တို့လို ဂျပန်သင်တန်းဆင်း (Japan trained) မျိုးချစ် ဗမာ့တပ်မတော် ဘက်က လာသူတွေ ဆိုပြီး အုပ်စု နှစ်ခု ပါဝင်ခဲ့တယ်။ မျိုးချစ်ဘက် ဘီအိုင်အေ၊ ဘီဒီအေ ဆက်ထဲက ဗမာ့တပ်မတော် အတွက် ရွေးချယ်ခံရတဲ့ အရာရှိ အားလုံး (ရဲဘော်သုံးကျိပ်ဝင် ပါ မကျန်) အင်္ဂလိပ် စစ်သင်တန်း ပြန်တက်ရတယ်။ ပြီးတော့မှ အင်္ဂလိပ် အရာရှိတွေ လက်အောက်မှာ ဗမာ့တပ်မတော် ရဲ့ အရာရှိငယ်တွေ အဖြစ် တာဝန်ထမ်းဆောင်ရတယ်။ ဗမာ အရာရှိတွေ စစ်ပညာ၊ အုပ်ချုပ်ရေး ပညာ နဲ့ အတွေ့အကြုံ ရလာချိန် နောင်မှာ တဖြည်းဖြည်းနဲ့ အင်္ဂလိပ် အရာရှိတွေ က အကြံပေး အနေနဲ့သာ ရပ်တည်၊ နောက်ဆုံး လုံးဝ နေရာဖယ်ပေး၊ ဒီလို သဘော နဲ့ စခဲ့တယ်။
ဒီလို သဘောမှာ လွတ်လပ်ရေး မရခင်၊ ဗိုလ်ချုပ်လည်း မကျ ခင် ဗိုလ်ချုပ် စစ်တပ် ရာထူး စွန့်ချိန် မှာ သူ့ ရဲ့ စစ်တပ် အရိုက်အရာ ခေါင်းဆောင်မှု ကို လွှဲပေးခဲ့သူက ဗိုလ်လက်ျာ သာ ဖြစ်တယ်။ ဒီအချက် ကို ဘယ်သမိုင်းမှတ်တမ်းမှာ ကြည့်ကြည့်၊ သမိုင်းမှာ ပါဝင်ခဲ့သူ လက်ဝဲ၊ လက်ယာ၊ ဆိုရှယ်လစ် နိုင်ငံရေး အစုအဖွဲ့ အမျိုးမျိုး နဲ့ စစ်တပ် က ဘယ်လိုပုဂ္ဂိုလ်မျိုး ကို ကိုးကား ကိုးကား သိနိုင်တယ်။ ဗိုလ်လက်ျာ ဟာ ဗိုလ်ချုပ်ပြီးရင် ဒုတိယ စစ်ခေါင်းဆောင် ဆိုတဲ့ သဘောဟာ ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ ခေတ်ကတည်းက သမိုင်းဖြစ်ရပ်တွေအရ ထင်ရှားတယ်။
ဂျပန်တော်လှန်ရေး အပြီး ဗမာ့မျိုးချစ်တပ်မတော် ရဲ့ ရာထူးအဆင့် မှာ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၊ ဒု-စစ်သေနာပတိ ဗိုလ်မှူးကြီး လက်ျာ၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဇေယျ တို့ ရှိတယ်။ (ဗိုလ်နေဝင်း က နောက်ခံ နိုင်ငံရေးသမိုင်း အပြင် ပုဂ္ဂလိက ဘဝ ဖြစ်ရပ်တွေ ကြောင့် စစ်တပ်ရာထူးမှာ ဗိုလ်ဇေယျ အောက် ရောက်လိုက်၊ အထက်ရောက်လိုက် အမျိုးမျိုး ဖြစ်နေခဲ့တယ်။ ကာလအပိုင်းအခြား အလိုက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သူ့ အပေါ် ကိုင်တွယ်ပုံ အလိုက် ရာထူး အတက်အကျ ပြောင်းလဲ နေခဲ့တယ်။)
ဒီ အနေအထား နဲ့ ကန္ဒီ စာချုပ် (၁၉၄၅-စက်တင်ဘာ-၇) ချုပ်တယ်။ စာချုပ်အရ ဆိုခဲ့သလို ဗမာ့တပ်မတော် ပြန်ဖွဲ့တယ်။
ဗြိတိသျှဘားမား တပ်ဘက်က လာတဲ့ ဗိုလ်ချုပ် စမစ်ဒွန်း က ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် (Chief of Staff) ဖြစ်လာတယ်။ ဗိုလ်မှူးချုပ် စောကြာဒိုး က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (Chief of Army Staff) / စစ်ဆင်ရေးမှူး (Chief of Operations) ဖြစ်လာတယ်။ ဒုဗိုလ်မှူးကြီး စောရှိရှို က ကာကွယ်ရေးဦးစီးချုပ် (လေ) (Chief of Air Staff)၊ ရေကြောင်းတပ်မှူး ခင်မောင်ဘို (မေယု စစ်သင်္ဘော အင်္ဂလိပ်ဆီက ဗိုလ်ချုပ်အောင်ဆန်း လွှဲပြောင်းယူတော့ ဗိုလ်ချုပ် အမိန့်ပြန်တမ်း အရ မေယု စစ်သင်္ဘော ရဲ့ ပထဦးဆုံး ဗမာ စစ်ရေယာဉ်မှူး ဖြစ်ခဲ့သူ) က ကာကွယ်ရေးဦးစီးချုပ် (ရေ) (Chief of Naval Staff)၊ ဒုဗိုလ်မှူးကြီး စောဒိုနီ က စစ်ထောက်ချုပ် (Quartermaster General) အစ ရှိသဖြင့် စစ်ရုံး ရာထူး အဆင့် အသီးသီး ရခဲ့တယ်။ တပ်ရင်းအနေနဲ့ မျိုးချစ်ဘက်ကလာသူ အများစု ပါတဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၆) ခု (တခု က တိုင်းရင်းသား လူမျိုးစု စုံပါ)၊ ကရင် တပ် (၃) ခု၊ ချင်းတပ် (၃) ခု၊ ကချင်တပ် (၂) ခု၊ ဂေါရခါးတပ် (၁) ခု တို့ ရှိတယ်။ (ဗမာ့တပ်မတော် နောက်ခံသမိုင်း၊ လွတ်လပ်ပြီးခေတ် ဗမာ့တပ်မတော် ရာထူး၊ ပုဂ္ဂိုလ်အမည် နဲ့ ဖွဲ့စည်းပုံ အချက်အလက် အသေးစိတ် ကို အညွှန်းပါ စတိုင်းဘတ်၊ အင်ဒရူးဆတ် နဲ့ မောင်အောင်မျိုး စာအုပ်တွေမှာ လေ့လာနိုင်ပါတယ်။)
ဗိုလ်ချုပ် စမစ်ဒွန်း ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရခြင်းကို လေ့လာသူ အများ သုံးသပ်လေ့ရှိတာ တခုက ဗြိတိသျှ ရဲ့ ကိုလိုနီနယ်တွေမှာ ကျင့်သုံးတဲ့ သွေးခွဲအုပ်ချုပ်ခြင်း Divide and Rule အရ အင်္ဂလိပ် နဲ့ နီးစပ်တဲ့ ကရင် စစ်ဗိုလ်တွေကို ရာထူးကြီးပေးခြင်း ဆိုတဲ့ ကောက်ချက် ဖြစ်တယ်။ (အညွှန်းပါ မေရီ ကာလာဟန် စာအုပ် ရှု)
အဆိုပါ ကောက်ချက် အမြင် သုံးသပ်မှုကို စာရေးသူ အနေနဲ့ အပြည့်အဝ သဘော မတူပါ။ ဒီလို ခွဲခြားလိုခြင်း သဘောမျိုးတွေ ရှိတယ် ဆိုတာ မှန်ပေမယ့် စင်္ကာပူမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့တဲ့ သဘော ဗိုလ်ချုပ်စမစ်ဒွန်း ဟာ စနစ်တကျ သင်ကြားလေ့ကျင့်ထားတဲ့ စစ်ပညာ၊ စစ်အတွေ့အကြုံ ရှိ ဝါရင့် စစ်သား စစ်စစ် (နိုင်ငံရေး နောက်ခံ မပါ) ဖြစ်ခြင်း က သူ စစ်သေနာပတိ ဖြစ်ခြင်း ရဲ့ အဓိက အကြောင်း ဖြစ်တယ်။
စမစ်ဒွန်း၊ စောကြာဒိုး အပါအဝင် အခြား ကရင်၊ ကချင်၊ ချင်း၊ အင်ဂလိုဘားမီးစ် လူနည်းစု စစ်ဗိုလ်ကြီး တွေ ရာထူးရခြင်းက Professional Soldiers တွေ ဖြစ်လို့သာ ဖြစ်တယ်။ ဒါကြောင့် ဆောင်းပါး အစ မှာ ဒေါ်အောင်ဆန်းစုကြည့် အပြော ကို လုံးလုံး မှားတယ် လို့ မဆိုခဲ့ဘဲ နောက်ခံ သမိုင်း အရ အပြည့်အဝ မမှန်ဘူးလို့သာ ဆိုခဲ့ခြင်း ဖြစ်တယ်။ တခုက ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့သလို ဗိုလ်ချုပ်ရွေးခဲ့၊ လျာထားခဲ့ခြင်း ဖြစ်တယ် ဆိုတဲ့ သဘောမျိုးတော့ အပ်ချမတ်ချ ဆိုလိုမရပါ။ အထောက်အထားလည်း လေ့လာဖူးသလောက် မရှိပါ။ ဗိုလ်ချုပ် နဲ့ အခြား လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး ခေါင်းဆောင်တွေ ဆွေးနွေးဖူးတာ ရှိကောင်း ရှိမယ်။ ဒါပေမယ့် အဓိက ကတော့ ဗိုလ်ချုပ်ကျ အပြီး ပြောင်းလဲသွားရတဲ့ နိုင်ငံရေး ဖြစ်စဉ် အရ ပိုဆိုင်တယ်။
(စကားချပ် – ဒီလို လူနည်စု အုပ်စုဝင်ထဲ မှာ အတွေ့ကြုံရှိ၊ စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ စစ်သား အများစု ရှိနေခဲ့ခြင်းကလည်း ကိုလိုနီခေတ် ဗြိတိသျှ-အိန္ဒိယ (နောင် ဗြိတိသျှ-ဘားမား (၁၉၃၇ က စ)) စစ်တပ်မှာ ကရင်၊ ကချင်၊ ချင်း တိုင်းရင်းသား လူနည်းစု ဝင်တွေက မြန်မာ (ဗမာ) နဲ့ စာရင် ရာခိုင်နှုန်း ပို ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်တယ်။ ဂျပန်စစ်ပညာရခဲ့တဲ့ ဗမာ့ မျိုးချစ်တပ်မတော် အင်အားစု မှာလည်း လူငယ် အများစု သာဖြစ်သလို စစ်ပညာ သင်ရခြင်း က ဖုတ်ပူမီးတိုက် သဘောဆောင်တယ်။ သူတို့ဟာ ယေဘုယျ သဘောအရ Professional Soldiers ဆိုတာထက် နိုင်ငံရေး၊ အမျိုးသားရေး၊ မျိုးချစ်စစ် စတဲ့ ယုံကြည်ချက်ကြောင့် လက်နက်စွဲကိုင်ရတဲ့ တော်လှန်ရေးသမား အနေအထားမျိုး ဖြစ်တယ်။)
၁၉၄၇ ဖွဲ့စည်းပုံ ဟာ လွတ်လပ်ပြီး ဗမာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုစုံ အာဏာခွဲဝေရေး၊ အခွင့်အရေး နဲ့ ပြဿနာ ကို အလုံးစုံ မဖြေရှင်းနိုင်ခဲ့ဘူး။ ဗိုလ်ချုပ် ရဲ့ မျှော်မှန်းချက်၊ ဗိုလ်ချုပ် ရဲ့ မြန်မာ မဟုတ်တဲ့ အခြား တိုင်းရင်းသား လူမျိုးစုတွေ အပေါ် ပေးခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အကျိုးဆက်က လွတ်လပ်ပြီး ဗမာနိုင်ငံဟာ ပြည်ထောင်စု စနစ် စစ်စစ် ဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် အာဏာရ ဖ-ဆ-ပ-လ မှာ စစ်တပ် နဲ့ နီးစပ်တဲ့ ဗိုလ်နေဝင်း အနွယ် ဆိုရှယ်လစ် အုပ်စု က လွဲလို့ သခင်နု နဲ့ ဗိုလ်လက်ျာ လို ခေါင်းဆောင်ပိုင်းက ဗိုလ်ချုပ်ရဲ့ အမြာ်အမြင် “Unity in Diversity” ကို ဆက်လက် ဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသား လူနည်းစုဝင်တွေကို ဗမာပြည်မ နဲ့ တွဲနေချင်အောင် အခွင့်အရေးပေး၊ နေရာပေးမှ ရမယ် ဆိုတာကို သဘောပေါက်တယ်။ (နောက်ပိုင်း တကယ် အပြည့်အဝ မလုပ်နိုင်ခြင်းက တဏ္ဍာ)
ဒီလို သဘောကြောင့် နိုင်ငံရေး မှာ (တကယ့် အာဏာ မရှိတဲ့) သမ္မတ ရာထူး ကို တိုင်းရင်းသားတွေကို ပေးခြင်း မျိုး လုပ်ပြခဲ့သလို အာဏာချိန်ခွင်လျှာ ညှိတဲ့ အနေနဲ့ စစ်တပ်ရာထူး မှာလည်း ဆိုခဲ့သလို လူနည်းစု တိုင်းရင်းသားတွေကို ဦးဆောင်ခိုင်းခြင်း ဖြစ်တယ်လို့လည်း တနည်း သုံးသပ်နိုင်တယ်။
နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) မရှိချိန်၊ ဗိုလ်လက်ျာ (၁၉၁၁-၁၉၇၈) လည်း ဆိုခဲ့တဲ့ စစ်တပ်ရာထူး မယူနိုင်စရာ နိုင်ငံရေး လိုအပ်ချက်၊ အကြောင်းအချက်တွေ ဖြစ်လာချိန် တပ်မှာ ရဲဘော်သုံးကျိပ်ဝင် မျိုးချစ်ဘက်က လူကြီးပိုင်း ကျန်ခဲ့တာက ဗိုလ်နေဝင်း (၁၉၁၀-၂၀၀၂) နဲ့ ဗိုလ်ဇေယျ (၁၉၁၃-၁၉၆၈) နှစ်ဦးတည်းသာ ဖြစ်တယ်။ ဗိုလ်ကျော်ဇော (၁၉၁၈-၂၀၁၂) က စစ်ခေါင်းဆောင် အရည်အချင်း ပြည့်ပေမယ့် ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ တို့နဲ့ယှဉ်ရင် လူငယ်သာ ဖြစ်တယ်။ ကျန်ခဲ့တဲ့ လူကြီး နှစ်ယောက်မှာ ဗိုလ်ဇေယျ က ကွန်မြူနစ်ဘက် ယိမ်း သူ၊ ဗိုလ်နေဝင်း က ဆိုရှယ်လစ် အုပ်စု အပေါ် မှီတည်ပြီး မိမိ အာဏာ တည်ဆောက်နေသူ ဖြစ်တယ်။ (တကယ်က ဗိုလ်နေဝင်း မှာ နိုင်ငံရေးယုံကြည်ချက် မရှိပါ။ အာဏာ ယုံကြည်ချက်သာ ရှိတယ်။ လက်ဝဲ နိုင်ငံရေး အင်အားစု နဲ့ ပေါင်းပြီးလည်း အာဏာယူဖို့ ကြံစည်ခဲ့ပါတယ်။ (ဒီ သဘောကို ဒီဆောင်းပါး ဒုတိယပိုင်းမှာ ထည့် ဆွေးနွေးပါမယ်။)
လွတ်လပ်ရေး မရမီ နဲ့ ရပြီးစ အချိန် စစ်တပ် ပြင်ပ နိုင်ငံရေး နဲ့ ဖ-ဆ-ပ-လ မှာ အဓိက အာဏာလုရတဲ့ အုပ်စု နှစ်ခု ကလည်း ဆိုရှယ်လစ် နဲ့ ကွန်မြူနစ် အုပ်စု နှစ်စု သာ ဖြစ်တယ်။ ဒီလို နိုင်ငံရေး နောက်ခံ အနေအထားကြောင့် သခင်နု နဲ့ ဗိုလ်လက်ျာ ဟာ စစ်တပ်ဦးဆောင်မှု ရာထူး ကို နိုင်ငံရေး အရောင် လုံးဝ မရှိသူ ဗိုလ်ချုပ်စမစ်ဒွန်း ကို ပေးခဲ့ခြင်းလို့လည်း နောက်တနည်း ဖြည့်စွက် သုံးသပ်နိုင်တယ်။
ဆိုတော့ ဗမာ့ လွတ်လပ်ရေး ခေတ်ဦး ဗိုလ်ချုပ်စမစ်ဒွန်း ရဲ့ စစ်ဦးစီးချုပ် ရာထူး သမိုင်းဖြစ်စဉ် နဲ့ လူနည်းစု အုပ်စုဝင် စစ်ဗိုလ်များ စစ်တပ်ရာထူးကြီးများ (ခဏတာ လို့ပဲ ဆိုဆို) ရခဲ့ခြင်း မှာ အင်္ဂလိပ် ဆန္ဒ၊ စနစ်တကျ လေ့ကျင်သင်ကြားထားတဲ့ Professional Soldiers ဖြစ်မှု နဲ့ တိုင်းရင်းသား အရေး၊ နိုင်ငံရေး နောက်ခံ စတဲ့ အကြောင်း တွေကြောင့်လို့ ခြုံဆိုနိုင်တယ်။
မြန်မာ့တပ်မတော်မှာ ပထမဆုံး တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်တာဟာ အခုဆို ၃၈ နှစ် ရှိပါပြီ။ သူသာ အခုချိန်ထိ အသက်ရှိ နေမယ်ဆိုရင် အသက် ၁၁၁ နှစ်ရှိမှာလည်းဖြစ်ပါတယ်။
၁၉၀၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ဗိုလ်ချုပ် စမစ်ဒွန်းကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာ မွေးဖွားခဲ့တာဖြစ်တယ်လို့ မြေးဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့် အမှား နည်းနည်းဖြစ်ခဲ့တာကြောင့် ကလောမြို့နယ်၊ ခရစ်ယာန်သချိုင်းမှာရှိတဲ့ သူ့ရဲ့အုတ်ဂူမှာတော့ နိုဝင်ဘာ ၈ ရက်နေ့လို့ပဲ တွေ့နိုင်မှာပါ။
အခုဆိုရင် ဗိုလ်ချုပ် စမစ်ဒွန်းရဲ့ အုတ်ဂူနာမည်တွေ၊ မှတ်တမ်းတွေပျက်ပြီး ဆေးပြယ်နေတာကြောင့် သူ့မိသားစုဝင်တွေက လွန်ခဲ့တဲ့ရက်ပိုင်းက ပြုပြင်ခဲ့ရပါသေးတယ်။
အုတ်ဂူကတော့ မတ်လ ၂၃ ရက်နေ့က စပြင်တာဖြစ်ပြီး ၂၉ ရက်နေ့ မနေ့က ပြုပြင်မှု ပြီးစီးခဲ့ပါတယ်။ ပြုပြင်ပြီး မနက်ဖြန်မှာတော့ အောင့်မေ့သတိရပွဲလုပ်ဖို့လည်း ရှိပါတယ်။ အရပ် ၄ပေရှိတဲ့ ဗိုလ်ချုပ်စမစ်ဒွန်းကို “ဗိုလ်မှူးကြီး လေးပေ”လို့လည်း လူသိများပါတယ်။
ဗိုလ်ချုပ်စမစ်ဒွန်း (ခေါ်) ဗိုလ်မှူးကြီးလေးပေ ဟာ အိန္ဒိယနိုင်ငံ၊ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူဖြစ်ခဲ့၍ ပထမဆုံး ဂုဏ်ထူးဆောင် ဓါးဆုကို ရရှိခဲ့ပါတယ်။
သူဟာ သမ္မတစပ်ရွှေသိုက် လက်ထက် ၁၉၄၇-၄၈ ခုနှစ် ကာလမှာ လွတ်လပ်ရေးရပြီးကာစ တပ်မတော်ကို ဦးဆောင်ဖို့ ကရင် (ခရစ်ယာန်) တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းဟာ စစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရပါတယ်။
ဒါဟာ လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ဖော်ဆောင်ပြနေတဲ့ ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်မှုတွေဖြစ် လာတဲ့အခါမှာတော့ ဗိုလ်ချုပ်စမစ်ဒွန်း တဖြစ်လဲ ဗိုလ်မှူးကြီး လေးပေဟာ တာဝန်က အနားယူခဲ့ရပါတယ်။
အင်းစိန်တိုက်ပွဲ မစမီတွင် မြန်မာ့တပ်မတော် စစ်ဦးချုပ်နှင့် ရဲမှူးချုပ်ကြီးမှာ ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်း ဖြစ်သည်။ အင်းစိန် တိုက်ပွဲ စ ဖြစ်လာ သောအခါ ၀န်ကြီးချုပ် ဦးနု က ဗိုလ်ချုပ် စမစ်ဒွန်းနေရာကို ဗိုလ်မှူးကြီးနေ၀င်းအား သိမ်းယူစေခဲ့သည်။
သူရာထူးကနေ ၃နှစ်ခန့်တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ရာထူးလက်ခံရယူခဲ့သူဟာ ဗိုလ်ချုပ်နေဝင်းပဲ ဖြစ်ပါတယ်။
အနားယူပြီး နောက်ပိုင်းမှာတော့ သူဟာ ရှမ်းပြည်နယ်ကလောမြို့မှာ ဥယျာဉ်စိုက်ပျိုးပြီး စာရေး၊ စာဖတ်တဲ့အလုပ်နဲ့ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရင်း ၁၉၇၉ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူမသေခင် တစ်နှစ်အလိုမှာ ရေးခဲ့တဲ့ ဗိုလ်မှူးကြီးလေးပေ၏ အမှတ်တရများလို့ အဓိပ္ပါယ်ရတဲ့ “Memoirs of the Four-foot Colonel” ဆိုတဲ့ သူ့အတ္ထုပတိစာအုပ်ကို ကွယ်လွန်ပြီးတစ်နှစ်အကြာ Southeast Asia program, Cornell University က အင်္ဂလိပ်လို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဦးတင်ဦး(ကျူရှင်) က မြန်မာဘာသာပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူသိများတဲ့ စာအုပ်တစ်ခုတော့မဖြစ်ခဲ့ပါဘူး။
သမိုင်းကို အထောက်အကူပြုနိုင်တဲ့ အဲ့ဒီစာအုပ်ကိုပဲ လာမယ့် မေလအတွင်းမှာ မြန်မာဘာသာနဲ့ ထပ်ပြီး ထုတ်ဝေနိုင်ဖို့ လုပ်နေတယ်လို့ သိရပါသေးတယ်။
နိုင်ငံရဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာတစ်ပြည်လုံး ချစ်ခင်လေးစားကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူ့ကိုတော့ သိရှိတဲ့သူ သိပ်များများစားစား မရှိကြတော့ပါဘူး။
အဘိုးဖြစ်သူနဲပ ပတ်သက်ပြီး မြေးဖြစ်သူ ဦးစစိုးမှန်က အခုလိုပဲ ပြောလိုက်ပါတော့တယ်။
“ သိတဲ့သူနည်းတာပေါ့နော် ။ ဗိုလ်ချုပ်အောင်ဆန်းတာင် နှစ်တော်တော်များများ ပျောက်သွားသေးတယ် သိလား။ ကျွန်တော်တို့အဘိုးကြတော့လည်း ကရင်လူမျိုးလည်းဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော် ။ အမေ့ခံဖြစ်သွားတာပေါ့ ” ။
ဗိုလ်မှူးကြီး လေးပေ
၁၉၄၆ ခုနှစ်၊ လန်ဒန်မြို့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားမှာ ဖီးမာရှယ် ဝီလျှံဆလင်းမ်နဲ့ ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ စကားလက်ဆုံ ကြနေကြတယ်။ မြန်မာ နိုင်ငံကို ဂျပန်တွေဆီကနေ ပြန်လည် သိမ်းပိုက်စဉ်က အိန္ဒိယ-ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဖြစ်ခဲ့တဲ့ ဆလင်းမ်ဟာ သူ့အနီးက သတင်းထောက်တွေဘက် လှည့်ပြီး "ဒါ အရပ်လေးပေပဲ ရှိတဲ့ ဗိုလ်မှူးကြီး ဒွန်းလေ" ဆိုကာ နောက်ပြောင်ပြီး မိတ်ဆက် ပေးလိုက်တယ်။ အဲဒီက စပြီး စမစ်ဒွန်းကို ဗိုလ်မှူးကြီး လေးပေလို့ လူတွေက ခေါ်ကြတော့တယ်။
လူကောင်သေးသေးနဲ့ အဲ့ဒီ ကရင် အမျိုးသားကြီးဟာ အိန္ဒိယစစ် တက္ကသိုလ်ရဲ့ ပထမဆုံး အပတ်စဉ် သင်တန်းမှာ အတော်ဆုံး ကျောင်းသားဆုကို ရရှိခဲ့သူ ဖြစ်တယ်။ အဲ့ဒီနောက်ပိုင်း ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် လက်အောက်က ဧရာဝတီမြစ်ဝ က္ဆွန်းပေါ် ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင် ပြောက်ကျား တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တယ်။
ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်း ကာလမှာ အဓိက အခန်းက ပါဝင်ခဲ့တယ်။ စမစ်ဒွန်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ် အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။
အဲဒါဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေ အကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်း တခု ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်၊ ကရင်လူမျိုးတွေ ကိုယ်ပိုင် လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြတဲ့ အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင် ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင် တပ်ဖွဲ့တွေနဲ့အတူ တပ်မတော် ရာထူးတွေက ရပ်ဆိုင်း ပစ်ခဲ့ကြတယ်။
စမစ်ဒွန်းဟာ ကရင် အမျိုးသားရေး စိတ်ဓာတ် ပြင်းပြသူ တယောက် ဖြစ်ပေမယ့် ဗမာ့ တပ်မတော် အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်း ပီသတဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ်။ ပထမ ဦးဆုံး တပ်မတော် ဦးစီးချုပ် တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်း ပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။
တပ်မတော်ကနေ ထုတ်ပယ် ခံရပြီး နောက်ပိုင်းတွင်လည်း အစိုးရက သူ့အပေါ် သံသယ ထားခဲ့တယ်။ ၁၉၇၉ ခုနှစ်၊ ကွယ်လွန်ချိန် အထိ စောင့်ကြည့် ခံခဲ့ရတယ်။
မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ် စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူ မကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ 'Memoirs of the Four-foot Colonel' ဟာ ရေးသား ပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင် အာရှ အစီအစဉ်က ထုတ်ဝေ ဖြန့်ချိ ခဲ့ပါတယ်။
နံပါတ် (၂) အချက် ဗိုလ်ချုပ်စမစ်ဒွန်း စစ်တပ် ရာထူး က အနားယူခဲ့ရခြင်း (Forced to Retire) ဖြစ်စဉ် ကို ယေဘုယျ သမိုင်း အမြင်၊ မဆလ၊ နဝတ၊ နအဖ သမိုင်း ပုံဖော်မှု “ကရင် နဲ့ ပြည်တွင်းစစ် ဖြစ်ခြင်းကြောင့်” ဆိုတဲ့ သဘောဟာ မမှန်ကြောင်း (စာရေးသူ အမြင်) ကို ဆောင်းပါး ဒုတိယ ပိုင်းမှာ ဆက်လက် ဆွေးနွေး တင်ပြပါမယ်။
စာအုပ် အညွှန်း
“Memoirs of the Four-Foot Colonel” by Smith Dun, Ithica, NY: Cornell Southeast Asia Program, (1980).
“Burma’s Armed Forces: Power Without Glory” by Andrew Selth, Norwalk, CT : EastBridge, (2002).
“Making Enemies: War and State Building in Burma” by Mary P. Callahan, Ithaca, N.Y: Cornell University Press (2003).
“Historical Dictionary of Burma (Myanmar)” by Donald M. Seekins, vol. 59 of Asian/Oceanian historical dictionaries 59 (Illustrated ed.), Sacredcrow Press, (2006).
“Burma/Myanmar: What everyone needs to know” by David I. Steinberg, Oxford University Press, (2009).
“Building the Tatmadaw: Myanmar Armed Forces Since 1948” by Maung Aung Myoe, Institute of Southeast Asian Studies (2009).
ငြိမ်းချမ်းအေး ၊ မဇ္ဈိမ ၊ ဦးလှသောင်း
" နိုင်ငံရေးနဲ့ ထောက်ချောက်များ ၊ သတ်ကွင်းများ ၊ အကောက်ကြံမှုများ "
" နိုင်ငံရေးနဲ့ ထောက်ချောက်များ ၊ သတ်ကွင်းများ ၊ အကောက်ကြံမှုများ "
=========
အမေရိကားမှာ နေတော့ ကမ္ဘာ နိုင်ငံရေး ဇာတ်ခုံမှာ အမေရိကန် နိုင်ငံရေးသမားတွေ ( ဓနရှင် လူတန်းစား ကိုယ်စားလှယ်တွေ ) ဘယ်လို ကစား သလဲ ဆိုတာ ကိုယ် ဥာဏ်မှီသလောက် တွေ့ရတာတွေ ရှိပါတယ် ။
ရွေးကောက်ပွဲ အကြို ကတည်းက အခု သမတဖြစ်လာတဲ့ ထရန့်မ်က ပေါက်ဖေါ်နဲ့ မွတ်ဆလင် တိုင်းပြည်တွေကို မဲပြောပြီး လူတွေကို စည်းရုံးတယ် ။ ( အကြမ်းဖက်ဝါဒကလည်း တဖက်မှာ ရှိနေ ပြန်တယ် ။ ) ရုရှားကိုတော့ ဘာလိုလို ညာလိုလို သိပ်မပြောဘူး ။ ရူးချင်ယောင်ဆောင် ခဲ့တယ် ။
တကယ်က အမေရိကားမှာ ပေါက်ဖေါ်တွေ လုပ်တဲ့ ပစ္စည်းတွေက ကုန်တိုက်တွေမှာ သွားကြည့် အများစု တရုတ် ထုတ်တွေ အိုင်ဖုန်းက အစ တရုတ်ပြည်မှာ လုပ်တာ အမေရိကန် ကုမ္ပဏီ ထုတ် တရုတ် လုပ်ဆိုပါတော့ ထားတော့ ။
တဖက်ကလည်း ရုရှားနဲ့ အောက်လမ်းနည်းနဲ့ ရွေးကောက်ပွဲ ကာလကတည်းက အကောက်ကြံ ကစားခဲ့တယ်လို့ ( ထောက်လှမ်းရေး နည်းတွေ ဟက်ကာနည်းတွေ မျိုးစုံ သုံးခဲ့တယ်လို့ သိရတယ် ။ ရုရှားက ဟီလာရီကို ထရမ့်န်ထက် ပိုမုန်းတယ် ။ ) သတင်းတွေ လှိုင်လှိုင် ထွက်နေပြန်တယ် ။
ဘယ်လိုပင် ဖြစ်စေ နောက်ဆုံး မဲနိုင်ပြီး သမတ ဖြစ်လာတော့ သူ့ ထိပ်တန်း လုံးခြုံရေး ဆိုင်ရာ အကြံပေး အဖြစ် ခန့်အပ် လိုက်တဲ့ ဗိုလ်ချုပ်ဟောင်း မိုက်ဖလင့် ပူပူနွေးနွေး တလတောင် မပြည့်သေးဘူး နုတ်ထွက် သွားရပြန်တယ် ။ ( ရုရှားနဲ့ မဲဆွယ် ကာလက လျှို့ဝှက် ဆက်သွယ်ခဲ့လို့ ဆိုတယ် ။ ) အခု အိမ်ဖြူတော် အရာရှိ တစ်ယောက် ထပ်ထွက်သွားရပြန်ပြီ ။ ( ရွေးကောက်ပွဲ အကြို ကာလမှာ အိုဘားမားက သူ့ ဖုန်းတွေကို ခိုးနားထောင် ခဲ့ပါတယ်လို့ ထရန်မ်က စွပ်စွဲထားတာလည်း ရှိပြန်တယ် ။
ဒါပေမဲ့ ဘာ သဲလွန်စမှ မတွေ့ရဘူးလို့ ထောက်လှမ်းရေး ရပ်ကွက်က ပြောနေတယ် ။ ) ထရမ့်န် သားမက်တော် အဓိက အကြံပေး( မာစတာ ဘရိန်းလို့ ထင်ရ )တဲ့ ( Jared Kushner ) ဂျရပ် ကပ်ရှ်နာ ဆိုတဲ့ ငနဲလည်း ရုရှားနဲ့ ခွက်ပုန်း ရိုက်ခဲ့တဲ့ထဲ ပါနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာပြန်တယ် ။
သူ့ သမီးကတော့ ပစ္စည်းတွေ တရုတ်ပြည်ကနေ ကွန်တိန်နာပေါင်းများစွာ သွင်းလာတယ် ။ အခုအိမ်ဖြူတော်မှာ သမီးကို အရာရှိ ခန့်ပြန်တယ် ။ ဖလင့်က သူ့ကို လွတ်ငြိမ်းခွင့် ပေးရင် ရုရှားနဲ့ ဆက်နွယ်ခဲ့မှုတွေနဲ့ ပါတ်သက်ပြီး သက်သေ ထွက်ပါ့မယ် ပြောနေတယ် ။ ဘယ်လောက် တရားကျဖို့ ကောင်းသလဲ ။ ထိုးကျွေးတာတွေ ၊ အကွက်ရိုက်တာတွေ ၊ ကောက်ကျစ်တာတွေ ၊ ခွက်ပုန်းခုတ်တာတွေ စုံလို့ ။ ဒါတွေဟာ ဓနရှင် ဒီမိုကရေစီ စံနစ်အောက်မှာ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အာဏာ နိုင်ငံရေး အကောက်ကြံမှုတွေ ပါပဲ ။
ဒီကနေ့ ထရမ့်န်က ပြောလာ ပြန်တယ် ။ Trump says ex-adviser Mike Flynn should ask for immunity, cites 'witch hunt'. လို့ ဆိုတယ် ။ " မိုက်ဖလင့်ဟာ လွတ်ငြိမ်းခွင့် အတွက် တောင်းဆို ရလိမ့်မယ် ။ တခြား မလိုလား အပ်တဲ့ သူတွေ ဖယ်ရှား သုတ်သင် နိုင်အောင် ပါတဲ့ " ။ တကယ်တော့ သူ့ သားမက် ထိသွားမှာကို ကြိုကာ ထားလိုက်ပြီး လုပ်ရပ်ပေါ်သွားတဲ့ သူကို ထိုးကျွေးလိုက်တဲ့ ကစားကွက် ပါပဲ ။
ဓနရှင် လစ်ဘရယ် နိုင်ငံရေး လောကဟာ မက်ခယ်ယာဘယ်လီ ပြောခဲ့တဲ့ အာဏာ အတွက် အရှက်တရားမဲ့စွာ ထိုးနှက် တိုက်ခိုက်ကြတာ နိုင်ငံရေးလို့ ဆိုတာနဲ့ ကွက်တိ ကျမနေဘူးလား ။ ပိုဆိုးတာက အမျိုးသားရေး ဝါဒီလို ပုံဖမ်းပြီး ဘီလျှံနာတွေက နိုင်ငံရေးမှာ ဗြောင်ဝင် ကစား လိုက်ကြတယ် ။ ( တစ်ချိန်ကြရင် ဗမာပြည်မှာတောင် အခု လူပြောများတဲ့ ခရိုနီဆိုသူတွေ မဲနိုင်မလား ပြောလို့ ရမလား ။ ငွေများ မဲနိုင် ဆိုတာ ဖြစ်တတ်တဲ့ သဘော သက်တမ်းရှည် အမေရိကန် ရွေးကောက်ပွဲမှာ ဥပမာတွေ ပြနေပြီ ။ ဗမာပြည်က မဲရှင်တွေ ဥာဏ်အလွန် ရှိနိုင်မှ တော်ကာ ကျပါလိမ့်မယ် ။ ( ( စကားချပ် ) )
အခု အမေရိကန်မှာ သမတ ဖြစ်လာတဲ့ အထိ ဖြစ်နေပြီ ။ ဒီတော့ ရွေးကောက်ပွဲနဲ့ မဲနိုင်ပြီး တက်လာတိုင်း နိုင်ငံနဲ့ လူထု အတွက် ရိုးရိုးသားသား လုပ်မယ့် သူ ပါလို့ ဓနရှင် ဒီမိုကရေစီ စံနစ်မှာ အာမ လုံးဝ မခံနိုင်ပါဘူး ဆိုတာ သက်တမ်းရှည် အမေရိကား ရွေးကောက်ပွဲတွေကို လေ့လာ ကြည့်ပြီး တွေ့လိုက်ရတယ် ။
တစ်ခု ကျန်သွားတာ ပြောချင်ပါတယ် ။ အိုဘားမား သမတ လက်ထက်တုန်းက လူမဲ သမတဟာ အမေရိကားမှာ မွေးတာ မဟုတ်ပါဘူး ဆိုပြီး အော်ကြီးဟစ်ကျယ် မီဒီယာတွေကနေ တစ်ဆင့် ဗြောင်တိုက်ခိုက်ခဲ့တာ အခု သမတ ဖြစ်လာတဲ့ ထရမ့်န် ပါပဲ ။ ဟိုက အသာ စောင့်ကြည့်ပြီး မွေးစာရင်း လက်မှတ် ထုတ်ပြ လိုက်မှ ငြိမ်ကျ သွားတာပါ ။
အဲ့ဒါ အမေရိကန် နိုင်ငံရေး လောကပဲ စိတ်ပျက်စရာ ကောင်းတယ် မလား ။ မဲပေးသူတွေရဲ့ စဉ်းစား တွေးခေါ်ခဲ့မှုတွေကို မေးခွန်း ထုတ်ချင်စရာ မကောင်းဘူးလား ။ မဲနိုင်တိုင်း ရိုးသားတဲ့ နိုင်ငံရေးသမားလို့ ပြောမရတာတော့ ကျိန်းသေတယ် ။
လူအများစု အတွက် စဉ်းစား ပြောဆိုနေတဲ့ ဘားနီဆန်ဒါးလို အမတ်မျိုးက သမတလောင်းတောင် မဖြစ်ခဲ့ဘူး ။ ဟီလာရီဆိုတာလည်း ပြောစရာတွေ တစ်ပုံကြီးနဲ့ ပညာတတ် ဓနရှင် ပွဲစား ပါပဲ ။ ထရမ့်န်တောင် နိုင်အောင် မပြိုင်နိုင်တာ သူမ အားနည်းချက်တွေ အများကြီး ပါ ။ ဒီတော့ ဝေါလမ်းက ဘီလျှံနာ သူဌေးတွေ ထိပ် တက်လာ ပြန်တာ ပေါ့ ။
မဲပေးလိုက်ကြတာ ရလဒ်က အမျိုးသားရေး ဝါဒီဆိုသူ ဓနရှင်တွေကို အားပေးသလို ဖြစ်မနေဘူးလား ။ စဉ်းစား ကြည့်နိုင် ကြဖို့ ပါ ။ ကြုံလို့ တစ်ခု ဖေါက်သည် ချချင်ပါတယ် ။ အရင်တုန်းက ကျောင်းသား တော်လှန်ရေးမှာ ပါခဲ့ ပါတယ် ဆိုတဲ့ ( ပြည်ပရောက် ) သူတွေထဲမှာတောင် မဘသ ထောက်ခံ နေတဲ့ သူတစ်ချို့ရှိနေတယ် ။ သူတို့ အဖြစ်က စစ်အာဏာရှင်တော့ မကြိုက်ဘူး ။ အမျိုး ၊ ဘာသာ ၊ သာသနာတော့ မထိလေနဲ့လို့ ဆိုနေတယ် ။ ( ဒီလို အပြောမျိုးတွေ စစ်အုပ်စု သိပ်ပြီး ဘဝင်ခိုက်တာ ပေါ့ ။ )
အဲ့ဒီ အမျိုး ၊ ဘာသာ ၊ သာသနာ ဆိုပြီး ဘယ်သူတွေက မီးမွှေး ပေးခဲ့တာလည်း ဆိုတာ သူတို့ အနေနဲ့ နိုင်ငံရေး မျက်လုံးကန်းနေလို့ မမြင်နိုင်ကြ ပြန်ဘူး ။ ဒီတော့ ရန်သူ ထောင်ချောက်ထဲ ကားကနဲ ကျသွား ကြပါလေရော လား ။ " ငှက်မသိတော့ ဇရက် ဂျိုးထင် အချက် ( ဂျက် ) မသိတော့ သားမက် သူခိုးထင် " ဆိုတာ အင်မတန် သတိထား သင့်ပါတယ် ။
" ဘာနီဆန်ဒါဟာ ( သူဟာ အရင်းရှင် နိုင်ငံမှာ ' ဆိုရှယ်လစ် အိမ်မက်, မက်နေတယ် ။ ဆိုရှယ်လစ် သဘောတရား ရှိတဲ့ သူ ) နောက်ဆုံး တစ်ယောက်ကို ဘဲ ပါတီက အင်ဒို့ လုပ်ရမယ့် အချိန်ရောက်တဲ့ အခါ သူ့ အိမ်မက်ကို ခါထုတ် လိုက်ပြီး ( မဲ မကွဲအောင် ( ပါတီ အတွက် ) သူ့ထက် အခွင့်အလမ်း ပိုရှိမယ် ထင်တယ် ။ ဟီလာရီ'ကို သူကိုယ်တိုင် ဘဲ အင်ဒို့ စလုပ် လိုက်ရတယ် ။
" အဲ့ဒီ ညဟာ သူရော သူ့ကို ထောက်ခံတဲ့ ( နိုင်ငံ တစ်ဝက်ကျော် ရှိတဲ့ ) သူတွေ မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ ရတဲ့ ည " ။ " ဒါဟာ ဒီမိုကရေစီ' ဘဲ "
( ဟီလာရီတုန်းကလည်း
ဒီ အတိုင်းဘဲ ။ ဒါပေမယ့် အိုဘားမား မဲက တော်တော် သာပါတယ် ။ )
" စကားမစပ် " ထရမ့် သားမက်လည်း ဆီးနိတ်မှာ testimony လုပ်ရတော့ မယ် ။ ( ပတ်သက်တဲ့ အကုန်လုံး လိုလိုပါဘဲ ) ကြိုကာတဲ့ အနေနဲ့ သူ့တို့ ကိုယ်တိုင် အဆို ပြုထား ကြတယ် ။
ရှေ့ အပတ် ပိုကြည့်ကောင်း မယ် ။
ထွန်းထွန်းဂင်ကြီး ၊ မောင်လွင်
Thursday, March 30, 2017
ရောက်ရှိနိုင်ဖို့ ဒီ ခရီးရှည်
ရောက်ရှိနိုင်ဖို့ ဒီ ခရီးရှည်
======
ဗမာ လူမၽ်ိဳးၾကီး
စစ်အာဏာရှင်တွေ
ပိတ်ဆို့ ထား
ပျက်သုဉ်းဖို့ အတွက်
ငါတို့ရဲ့ စိတ်ဓာတ်
အဝေးကို ခရီးနှင်
ငါတို့ရဲ့ ဘဝများ
လွတ်လပ် ၊ လွတ်မြောက်ဖို့ အတွက်
လူ လူမျိုးစုစုံတွေနဲ့
စိတ် စိတ်သစ်နဲ့
တွေး အတွေးသစ်နဲ့
ရှေ့ကို ရှေ့ဆက်ခဲ့
မျော်လင့် မီးအိမ်နှင့်
ရွှေပြည်တော် သစ်ဆီသို့
တော်လှန်ရေး စိတ်ဓာတ်တွေ
ခရီး ထွက်ခဲ့
UNFCလည်း ​အေးချမ်း​မေ မဖြစ်​ဖို့ အ​ရေးကြီး တယ်
=====
UNFC အဖွဲ့ဝင် ၅ ဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ၀ အမျိုးသားအဖွဲ့ WNO ၊ ရခိုင်အမျိုးသား ကောင်စီ ANC ၊ လားဟူ ဒီမိုကရက်တစ် ပါတီ တို့ကနေ NCA လက်မှတ်ရေးထိုးတော့မယ်လို့ အစိုးရပိုင် မီဒီယာထဲ ပြောဆိုချက်တွေဟာ အပြည့်အစုံ မှန်ကန်ခြင်း မရှိသေးကြောင်း UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ပါတယ်။ UNFC အနေနဲ့ အစိုးရနဲ့ ညိနှိုင်းထားတဲ့ အချက်(၉)ချက်ကို ပြေလည်အောင်ညှိ နှိုင်းပြီးမှ NCAလက်မှတ်ရေးထိုးမယ့် အနေအထားရှိ တယ်လို့ဆိုပါတယ်။ VOA ထိုင်း အခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။
UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ ၅ ဖွဲ့ကနေ NCA အပစ်ရပ် လက်မှတ်ရေးထိုးတော့မယ်လို့ အစိုးရပိုင် မီဒီယာထဲမှာ ကြေညာသွားတဲ့ အပေါ် မဟုတ်မှန်ကြောင်း UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာ ကနေ အခုလိုပြောပါတယ်။
"မဟုတ်ဘူးခင်ဗျ။ ခုနက ပြောသွားတဲ့ အထဲမှာတော့ ဒီ ၅ ဖွဲ့က လက်မှတ်ထိုးတော့မယ်ဆိုတဲ့ သဘောထား မျိုးကတော့ အမှန်ကတော့ ညှိနှိုင်းထားတာမျိုးလည်း မရှိသေးဘူး။ ကျနော်တို့မှာလည်း တိတိကျကျ ဆုံးဖြတ်ချက် ချထားတာလည်း မရှိသေးဘူး ခင်ဗျ။"
UNFC အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ၀ အမျိုးသားအဖွဲ့ WNO၊ ရခိုင်အမျိုးသား ကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်ပါတီ တို့ကနေ NCA လက်မှတ်ရေးထိုးတော့မယ်လို့ အစိုးရပိုင် မီဒီယာထဲမှာ သာမက နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကပါ ထုတ်ပြန်ကြေညာခဲ့တာပါ။
UNFC အဖွဲ့ဝင်တွေ အနေနဲ့ အစိုးရနဲ့ ညိနှိုင်းထားတဲ့ အချက် (၉)ချက်ကို ပြေလည်အောင် ညှိနှိုင်းပြီးမှ NCA လက်မှတ်ရေးထိုးမယ့် အနေ အထားရှိတယ်လို့ နိုင်ဟံသာက ဆက်ပြောပါတယ်။
"ကျနော်တို့ကတော့ အဲဒီ NCA အရင်က ဆွေးနွေးထားတဲ့ NCA လိုင်းကိုဘဲ ဆက်ပြီးတော့မှ လိုက်သွားဖို့ ဆိုတဲ့ သဘောထားမျိုးတော့ ရှိတယ်။ အဲဒီ NCA နဲ့ ပတ်သက်ပြီးတော့ တလောက ကျနော်တို့ DPN အဖွဲ့တွေက ၉ ချက်ကို သွားပြန် ညှိတယ်။ မူအရ သဘောတူလာခဲ့တယ်။ အဲဒီပေါ်မှာလည်း ကျနော်တို့က တချို့ အချက်တွေကို ပြင်ဆင် ညှိနှိုင်းဆွေးနွေးဖို့ ရှိပါသေးတယ်။ အဲဒါတွေ ပြေလည်မှဘဲ ကျနော်တို့က ထိုးမှာပါ။"
UNFC ကနေတင်ပြထားတဲ့ အချက် (၉) ချက်ကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က မူအရ လက်ခံပြီး ဖြစ်ပေမယ့် အကျေအလည် တွေ့ဆုံဆွေးနွေးမှု မပြုရသေးဘူးလို့လည်း သူကဆိုပါတယ်။
တကယ်လို့ UNFC က တင်ပြထားတဲ့ အချက်အလက်တွေ ဆွေးနွေးလို့ ပြေလည်မယ်ဆိုရင် NCA လက်မှတ်ရေးထိုးသွားဖွယ် ရှိတယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိ UNFC အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲမှာ NCA လက်မှတ်ရေးထိုးရေး ကိစ္စနဲ့ ပက်သက်လို့ အမြင်ကွဲလွှဲမှု တွေရှိနေပါတယ်။
‘၀’ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဦးဆောင်ပြီး ဖေဖော်ဝါရီ နောက်ဆုံး ပတ်က ကျင်းပခဲ့တဲ့ ပန်ခမ်းညီလာခံရဲ့ အစည်းအဝေးအပြီး UWSA၀ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ KIO ကချင်လွတ်လပ်ရေး အဖွဲ့ SSPPမြောက်ပိုင်း ရှမ်းပြည်တပ်မတော် TNLAတအာန်းပလောင်တပ်ဖွဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)၊ ရခိုင်တပ်မတော်(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)တို့ဟာ NCA ကိုလက်မခံဘဲ ငြိမ်းချမ်းရေးလမ်းကြောင်းသစ်တခုကိုဖေါ်ဆောင်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ကျန်ရှိတဲ့ UNFC အဖွဲ့(၅)ဖွဲ့ အနေနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ့် သဘောရှိနေပါတယ်။
မွန်ပြည်သစ်ပါတီ အနေနဲ့ကတော့ NCA လက်မှတ်ရေးထိုးဖို့ သဘောတူကြောင်း မတ်လ(၂၁)ရက်နေ့မှာ ကျင်းပတဲ့ ဗဟို အလုပ်မှုဆောင် ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြသလို သင်္ကြန်အလွန်မှာ ဗဟိုကော်မတီ အစည်းအဝေးမှာ ထပ်မံ ဆွေးနွေး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
UNFC အဖွဲ့အနေနဲ့ ကတော့ တင်ပြထားတဲ့အချက် ၉ ချက်ကို ခိုင်မာအောင်ထပ်မံဆွေးနွေးပြီးတဲ့နောက် NCA ကို လက် မှတ်ရေးထိုးမယ်ဆိုပြီး မတ်လ ၁၄ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။
VOA
ရာသီဥတု ထိန်းသိမ်းရေး ဥပဒေတွေ Trump ဖျက်သိမ်း
ရာသီဥတု ထိန်းသိမ်းရေး ဥပဒေတွေ Trump ဖျက်သိမ်း
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေကို ချက်ချင်းပျက်ပြယ် သွားစေတဲ့ သမ္မတ အမိန့်ကို သမ္မတ Donald Trump အင်္ဂါနေ့က လက်မှတ်ရေးထိုး ခဲ့ပါတယ်။
အဲဒီဥပဒေ ကန့်သတ်ချက်ဟာ အမေရိကန် ကျောက်မီးသွေးလုပ်ငန်းတွေရဲ့ စီးပွားရေးကို ထိခိုက်စေတယ်လို့ Mr. Trump ကပြောပြီး သူ့ရဲ့ ရွေးကောက်ပွဲ ကတိအတိုင်း ပယ်ဖျက် လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် ကျောက်မီးသွေးတွင်း လုပ်သားတွေ အလုပ်ပြန် ရအောင်လုပ်ပေးမှာဖြစ်တယ်လို့ လက်မှတ်ထိုးပွဲမှာ သမ္မတကပြောပါတယ်။
အင်္ဂါနေ့က သမ္မတအမိန့်ထဲမှာ အရင်အိုဘားမား အစိုးရလက်ထက်ထဲက ချမှတ်ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်ပေါင်း ၁၂ ခုကျော်ကို အမေရိကန်နိုင်ငံတွင်း မှာ မြေတွင်းလောင်စာထုတ်လုပ်မှု တိုးမြှင့်ဖို့ရည်ရွယ်ပြီး ဆိုင်းငံ့၊ ပယ်ဖျက်၊ ရပ်ဆိုင်းလိုက် ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု တားဆီးနိုင်ရေးအတွက် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့ ဆောင်ရွက်နေတဲ့ Clean Power Plan သန့်ရှင်းစွမ်းအင် အစီအစဉ်ကို အမြန်ဆုံး ပြန်လည်သုံးသပ်ဖို့လည်း သမ္မတ Trump ကညွန်ကြားခဲ့ပါတယ်။
ကျောက်မီးသွေးထုတ်လုပ်တဲ့လုပ်ငန်းတွေကို ဗဟိုအစိုးရပိုင် မြေယာတွေ မငှားဖို့အရင်က ကန့်သတ်ထားတာကိုလည်း ဖယ်ရှားလိုက်ပါတယ်။ ဒါအပြင် အမေရိကန်ပြည်ထောင်စု ထဲမှာ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ကျောက်မီးသွေးထုတ်လုပ်မှု ကန့်သတ်ထား ချက်တွေကိုလည်း အင်္ဂါနေ့က သမ္မတအမိန့်နဲ့ ဖယ်ရှားလိုက်ပါတယ်။ ခုလို သမ္မတ လုပ်ပိုင်ခွင့်နဲ့ Mr. Trump လုပ်ခဲ့တဲ့အပေါ် ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဖျက်သိမ်းတဲ့ အမိန့်တရပ်ကို သမ္မတ Donald Trump က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို လေးစားလိုက်နာသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။
ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ စိန်ခေါ်မှုတွေကို တကမ္ဘာလုံး ရင်ဆိုင်နေရပြီး၊ တခြားအစိုးရတွေက မူဝါဒတွေ ပြောင်းပေမဲ့လည်း တရုတ်နိုင်ငံကတော့ ပြောင်းလဲမှာ မဟုတ်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Lu Kang က ပြောဆိုခဲ့တာပါ။
သမ္မတအမိန့်ကြောင့် ကမ္ဘာ့ရာသီဥတုအပေါ် လူတွေရဲ့လုပ်ရပ်တွေကနေ ရိုက်ခတ်နိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ငြင်းခုန်နေတာတွေ တကျော့ပြန် ပေါ်ပေါက်လာသလို၊ ရာသီဥတုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ ဆယ်စုနှစ်တွေနဲ့ချီပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ၀ိုင်းဝန်းကြိုးပမ်းမှုတွေ ဆုံးရှုံးမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
သမ္မတ Trump ကတော့ ကျောက်မီးသွေး တူးဖော်မှုတွေ ပြန်လည်လုပ်ဆောင်မှာဖြစ်ပြီး၊ သန့်ရှင်းတဲ့ကျောက်မီးသွေး ထုတ်လုပ်မယ်လို့ မနေ့တုန်းက သမ္မတအမိန့်ကို လက်မှတ်ရေးထိုးချိန်မှာ ပြောဆိုခဲ့တာပါ။
သမ္မတရဲ့ အမိန့်ကြောင့် ကြိုးပမ်းခဲ့သမျှတွေအားလုံး ပျက်စီးကုန်လိမ့်မယ်လို့ မြင်နေကြသလို၊ သိပ္ပံပညာရှင်တွေလည်း သဘောကျမှာ မဟုတ်ဘူးလို့လည်း ကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှုနဲ့ ပတ်သက်တဲ့ သုတေသနလေ့လာချက်ကြောင့် ၁၉၉၅ ခုနှစ်မှာ နိုဘဲလ်ဆု ရရှိထားတဲ့ နယ်သာလန်နိုင်ငံက သုတေသီ Paul Crutzen က ဗွီအိုအေကို ပြောပါတယ်။ သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူ Sean Spicerကတော့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရင်း အမေရိကန်မှာ စွမ်းအင်တိုးမြှင့်ထုတ်လုပ်နိုင်လိမ့်မယ်လို့ သမ္မတ Trump က ယုံကြည်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ဗွီဒီယို ဖိုင်​ - https://m.facebook.com/story.php…
ဖတ်​ရန်​ လင့်​ - http://occupydemocrats.com/…/jane-goodall-just-revealed-tr…/
ဗွီအိုအေ
ကျော်ဟိန်းပဲ သိတယ်
ကျော်ဟိန်းပဲ သိတယ်
=========
အမေရိကန်ဟာ လူမျိုးပေါင်းစုံ စုပေါင်း စပ်ပေါင်းထားတဲ့ နိုင်ငံ ဖြစ်တယ် ။
သမ္မတဟောင်း အိုဘားမားကို ကြည့်မလား ။
သမ္မတသစ် ဒေါ်နယ်လ်ထရန့်ကို ကြည့်မလား ။
သာမန် လူတွေကို ကြည့်မလား ။ အားလုံးဟာ
Racial Globalization era ခေတ်ကို ရောက်ခဲ့ ကြပြီ ။
ကျနော်တို့ မြန်မာနိုင်ငံကို ပြန်ကြည့်လိုက်
ဗိုလ်ချုပ်လည်း racial mixed ဖြစ်ခဲ့တယ် ။
ဗိုလ်ချုပ်ရဲ့ ဖခင် ရှေ့နေ ဦးဖါကို ၀ီကီပီးဒီးယားမှာ
ချင်း - မြန်မာ ရှေ့နေ တစ်ဦးလို့ ဆိုထားတယ် ။
ဒေါ်ခင်ကြည်လည်း racial mixed ဖြစ်ခဲ့တယ် ။
ဒေါ်ခင်ကြည် ဖခင်ကိုတောင် ခရစ်ယာန် ဖြစ်ခဲ့တယ်လို့လဲ
မရေမရာ လှစ်ပြ ထားတယ် ။ တို့လည်း သေချာ မသိဘူးလေ ။
သေချာချင်ရင်တော့ နိုင်ငံတော် အတိုင်ပင်ခံကို မေးကြည့်မှ ရမယ် ။
ကျနော် အပါအ၀င် သူငယ်ချင်းတွေ အားလုံး ပြန်ကြည့်တယ် ။
အားလုံး နှစ်မျိုးစပ် သုံးမျိုးစပ်တွေ ချည်းပဲ ။
အမေရိကန်ကျတော့ နိုင်ငံသား အားလုံးကို Americanလို့
ခေါ်ကြတယ် ။ ဘာမှ ပြသနာ မဖြစ်ဘူး ။
ကျနော် မြန်မာနိုင်ငံကျတော့ မြန်မာလို့ ခေါ်လည်း အဆင်မပြေဘူး ။
ဗမာ ဆိုရင်လည်း ပြသနာ ရှိတယ် ။ အင်္ဂလိပ်လို့ Myanmar ဆိုလည်း
ပြသနာ ရှိတယ် ။ ဘာကြောင့်လဲလို့ စဉ်းစားရင်း
တောထဲမှာ နေတုန်းက ဟာသလေး တစ်ခုကို သွား သတိ ရတယ် ။
မွန်ရွာတွေမှာ ရုပ်ရှင် ကြေငြာတာ့ ကြေငြာတဲ့ သူက
မြန်မာ စကားကို သိပ်ပြီး လည်လည် ၀ယ်ဝယ် မရှိဘူး ။
ပြမဲ့ကားက .. " ပန်းမမ လှဧကရီ " .. မင်းသားက ကျော်ဟိန်း နှစ်ကိုယ်ခွဲ ၊
သူက အသံဝဲ၀ဲနဲ့ အားပါးတရ ကြေငြာနေတုန်း နှစ်ကိုယ်ခွဲ ဆိုတဲ့
မြန်မာ စကားကို မေ့သွားပုံ ရတယ် ။ သူ အော်ပြီး ကြေငြာ လိုက်ပုံက
ဟေ့ .. မိတ်ချွေတို့ .. တို့ ညကား ကောင်းတယ် နော် .. လာကြည့် ကြနော် ။
ပန်းမမ လှအေးကရီ(ရယ်) .. ကျော်ဟိန်း ……. နှစ်ခု လုပ်ထား ။
ကောင်းမှကောင်း … နော် ..
အခုလည်း ဗမာနဲ့ မြန်မာကို နှစ်ခု လုပ်ထားတဲ့ ကိစ္စကို
လွှတ်တော်က ပြန်လည် စီစစ်ပြီး အဓိပါယ် ဖွင့်ဆိုချက် အပြည့်အစုံနဲ့
ဖွဲ့စည်းပုံမှာ ပိုပြီး ရှင်းရှင်း လင်းလင်း ပြန်လည် ပြဌါန်းဖို့ မလိုဘူးလား ။
ခုရှူပ် နောင်ရှင်းမဲ့ အစား အခု ရှင်းမှ နောင် မရှူပ်မှာကို
ကျော်ဟိန်းပဲ သိတယ်လေ ။
သူက တကိုယ်ထဲက နေပြီး ဒါရိုက်တာ အလိုကျ
နှစ်ကိုယ် ခွဲပြီး သရုပ် ပေးရ သူမို့ ပါ ။
ကိုကိုဦး
Zawzaw Zaw