Monday, May 22, 2017

မမျှတခြင်း


မမျှတခြင်း
===

ခွေးမျိုးတွေကြောင့် ဖက်ဒရယ် ပြည်ထောင်စု သမိုင်းကို မသိရတာ သူတို့ ဗမာ့ သတ်မတော် သမိုင်း ကြောင့် ပဲ ။

၂၄နာရီ ၊ လနဲ့ ချီပြီး လော်နဲ့ နှိပ်စက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ

၂၄နာရီ ၊ လနဲ့ ချီပြီး လော်နဲ့ နှိပ်စက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ
=====

ဗုဒ္ဓဘာသာဝင်တွေ တစ်ရပ်ကွက်လုံးကို လော်ကြီးနဲ့ ၂၄နာရီ ၊ လနဲ့ ချီးပြီး နှိပ်စက်တာကို ကျန်တဲ့ ဘာသာဝင်တွေ ဘာမှ မပြောခဲ့ကြဘူး ။ အခုဟာက သုံးနာရီကျော်လောက် အချိန် ၊ အနည်းဆုံး ကိုယ့် ပတ်ဝန်းကျင်လောက် ကြားနိုင်လောက်တဲ့ အရာကို မကြိုက်ရင် ၂၄နာရီ ၊ လနဲ့ ချီပြီး လော်နဲ့ နှိပ်စက်တဲ့ ဤအရာကို ပိုပြီး ဆင်ခြင် ပြောင်းလဲ သင့်ပါတယ် ။

ငါတို့ ကြီးပဲ ဆိုတဲ့ စိတ်ဓာတ်ကိုတော့ မြောင်းပုတ်ထဲ ကန်ချ ပစ်ရမယ် ။ လောကကြီးနဲ့လည်း အလွန်တရာမှ ခါးသီးပြီး ယုတ်ဆိုး လွန်းတယ် ။

ကျူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာကော်မရှင်

ကျူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာကော်မရှင်
======

(၁)
လွန်ခဲ့သော ၂၀၁၆ခု နိုဝင်ဘာက ကျူနီးရှားနိုင်ငံတွင်အစိုးရမဟုတ်သောပြည်သူအများ စုပေါင်း၍ အမှန်တရားနှင့် ဂုဏ်သိက္ခာ (Truth and Dignity Commission) ဆိုသည့်ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ အာဏာရှင်ဘင်အလီ (Zine el-Abidine Ben Ali) လက်ထက်က ဖြစ်ပွားခဲ့သောအစိုးရ၏ ရက်စက်ကြမ်း ကြုတ်စွာဖိနှိပ် ချုပ်ချယ်မှု လုပ်ရပ်များကိုကြားနာစစ်ဆေးပေးမည့် ကော်မရှင်တစ်ခုဖြစ်ပါသည်။ မတရားညှဉ်းပမ်း နှိပ်စက်ခံရသူ ထောင်သွင်းအကျဉ်းကျခံရသူ၊ သေဆုံး ခဲ့ရသူတို့၏ ဆွေမျိုးသက်သေများဖိတ်ခေါ်၍သူတို့ အတွေ့အကြုံများကို ကြားနာကြခြင်းဖြစ်ပါသည်။ အာဏာပိုင်များဘက် မှလည်း မည်သူမဆိုလာရောက် ထွက်ဆိုနိုင်ကြောင်းကိုလည်း ဖိတ်ခေါ်ထားပါသည်။

(၂)
၂၀၁၁ခု လွန်ခဲ့သော ၆နှစ်က ကျူနီးရှားနိုင်ငံတွင် သစ်သီးရောင်းသူတဦး စီးပွားရေးဒဏ် ဖိစီးပြီး ဆန္ဒပြသည့် အနေဖြင့် မိမိဘာသာ သတ်သေခဲ့ရာမှ အာရပ်နွေဦး (Arab Spring) ဟုခေါ်သော လူထုလှုပ်ရှားမှုတရပ် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုသည် အီဂျစ်၊ ယီမင်၊ လစ်ဗျားနှင့်ဆီးရီးယားနိုင်ငံများသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပါသည်။

ယခု၂၀၁၇ ခုနှစ်ရောက်သောအခါ အီဂျစ်နိုင်ငံတွင် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရမှာ ဖြုတ်ချခံခဲ့ရပြီးစစ်အာဏာရှင်အစိုးရ ရှိနေပါသည်။ ယီမင်၊ ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့တွင် ဆိုးရွားသော ပြည်တွင်းစစ်များဖြစ်နေကြ ရပါသည်။ ကျူနီးရှားနိုင်ငံတနိုင်ငံတွင်သာ ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရက အုပ်ချုပ်လျက် ရှိပါသည်။

အာရပ်နွေဦးလှုပ်ရှားမှုကြောင့် တိုင်းပြည်နိုင်ငံအများပြားတွင် အာဏာရှင်ကြီးများ  ပြုတ်ကျသွားကြသော်လည်း လူအများမျှော်လင့်သလို ဒီမိုကရေစီလူ့ဘောင်သစ်ကိုမထူထောင်နိုင်ခဲ့ကြပါ၊ အာဏာရှင်များ လက်ထက်က အတိုက်အခံအဖွဲ့ အစည်းများအပေါ် ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့ခြင်းများကြောင့် ၀န်ထမ်းအဖွဲ့အစည်း (သို့မဟုတ်) လူမှုအဖွဲ့အစည်းဟူ၍ အခိုင်အမာ မကျန်ရစ်တော့ပါ၊ အာဏာရှင်များမရှိတော့ချိန်တွင် နိုင်ငံတွင် လိုအပ်သည့် ဗျူရိုကရေစီ ယန္တယားကို ဆက်လက် မလည်ပတ်စေနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ကြပါသည်။

ကျူနီးရှားနိုင်ငံတွင်မူ ပြည်သူများဘက်က အစဉ်ရပ်တည်ခဲ့သော အဖွဲ့အစည်းတခုရှိခဲ့ပါသည်။ နိုင်ငံတွင် အကြီးဆုံး အလုပ်သမား သမဂ္ဂ (Trade Union) က ဦးဆောင်၍ ၂၀၁၃ ခုနှစ်တွင် ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ စုပေါင်း၍ (National Dialogue Quartet) ခေါ် အဖွဲ့အစည်းကို ထူထောင်ခဲ့ကြပါသည်။ သူတို့သည် မတူညီသော အဖွဲ့အစည်းများအကြား၊ ကြားဝင်စေ့စပ်ပေးနိုင်မှုကြောင့် ပဋိပက္ခများကို သက်သာစေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ကြပြီး လွတ်လပ်သော ရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ကြသည်။ ဒီမိုကရေစီ အစိုးရတက်လာသောအခါ ထိုအဖွဲ့ကြီးကို နိုဘယ်လ်ကော်မတီက ၂၀၁၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ချီးမြှင့်ခဲ့ပါသည်။

(၂)
ကျွန်တော်တို့သည် တောင်အာဖရိကနိုင်ငံ၏ လူဖြူအစိုးရ ချုပ်ငြိမ်းသွားအပြီးတွင် အာဏာရပါတီနှင့် အစိုးရ ကဦးဆောင် ဖွဲ့စည်းခဲ့သော (Truth and Reconciliation Commission) အကြောင်းကို ကြားဖူးကြပါသည်။ အသားအရောင်ခွဲခြားမှုစနစ်အောက်မှ လွတ်မြောက်လာသော အာဖရိကအစိုးရသစ်က ပြည်သူတို့၏ နစ်နာချက်များကို စုံစမ်း၊ စစ်ဆေး၊ ပြုပြင် ထိမ်းသိမ်းသင့်သည်တို့ကို လုပ်ဆောင်ကြရန် ဖြစ်ပါသည်။

ကျူးနီးရှားနိုင်ငံကလည်းဖြစ်ပြီးသမျှအကြောင်းတို့ကို မေ့ပျောက်ပြစ်ခြင်းထက် ၄င်းတို့ကိုစနစ်တကျ မှတ်တမ်း တင်ထားလို ဟန်ရှိပါသည်။ ထောင်ပေါင်များစွာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက ဘာရလိမ့်မည်ဟူ သောမျှော်လင့်ချက် ဘာမှမရှိဘဲ ကော်မရှင်သို့ လာရောက်ထွက်ချက်ပေးကြပါသည်။ ထိုထွက်ဆိုသူများအား စာဖြင့်လည်းကောင်း၊ မက်ဆေ့ခ်ျ များဖြင့်လည်းကောင်း၊ တယ်လီဖုံးတို့မှလည်းကောင်း၊ အားပေးစာ၊ အကြံပြုစာ၊ ထောက်ခံချက်ပေးစာ စသည်တို့ဖြင့် အမျိုးမျိုး ထောက်ခံမှုများ ရရှိနေကြပါသည်။

ငါးလအတွင်း ကြားနာမှု ရှစ်ကြိမ်လုပ်နိုင်ခဲ့ကြပါသည်။ မည်သို့ပင် စိတ်ထိခိုက်ကြေကွဲရပါသည် ဆိုစေ၊ မိမိတို့၏ အတိတ်ဖြစ်ရပ်များနှင့်ခံစားချက်အသီးသီးကို ရင်ဖွင့်နေကြပါသည်။ အာဏာရှင်ဟောင်း ဘင်အလီ ကိုယ်တိုင်မှာ ဆော်ဒီအာရေးဗီးရားနိုင်ငံတွင် နေထိုင်နေရာမှ ထိုတီဗွီအစီအစဉ်များကို အမြဲကြည့်ရှု့ နားထောင် နေသည်ဟု သူ့ရှေ့နေလုပ်သူက ပြောပြပါသည်။

ထိုကော်မရှင် အလုပ်လုပ်ပုံများမှာ ပြည်တွင်းစစ်နှင့်အခြားပဋိပက္ခများဖြင့် ပြည့်နေသော အရှေ့အလယ်ပိုင်း ဒေသအတွင်း၌ တောက်ပသောအလင်းရောင်တခု သဘွယ် ဖြစ်နေသည်ဟု သတင်းစာများက ရေးကြပါသည်။

ကျူနီးရှားနိုင်ငံတွင်း၌ ပြဿနာများပြီးဆုံးသွားပြီဟုဆိုလိုခြင်းမဟုတ်ပါ၊ လူငယ်လူရွယ်ထောင်ပေါင်းများစွာတို့ မှာ အကြမ်းဖက်သမား (ISIS) အဖွဲ့နှင့်သွားရောက်ပူးပေါင်းနေကြပြီး အချို့မှာလည်း နိုင်ငံသို့ ပြန်လာနေကြပြီ ဖြစ်သည်။ အလုပ်လက်မဲ့ပြဿနာ၊ အကျင့်ပျက်ခြစားနေခြင်းများ၊ အကြမ်းဖက် သောင်းကြမ်းသူတို့၏ တိုက်ခိုက်မှုများကြောင့်နိုင်ငံရေးအခြေအနေမှာ ရှုတ်ထွေးနေဆဲဖြစ်သည်ဟုလည်းဆိုနိုင်ပါသည်။

ကော်မရှင်၏ ဦးတည်ချက်ဖြစ်သည့် ပြီးခဲ့သော အဖြစ်အပျက်များမှ သင်ခန်းစာရယူရန်၊ အပြစ်ရှိသူများကို ထိုက်သင့်သော ပြစ်ဒဏ်ကိုပေးနိုင်ရန်၊ တဖက်ကလည်း ရန်သူတော်များအကြား ကြေအေးပြေလည်ပြီး အတူ တကွနေထိုင် အလုပ်လုပ်နိုင်ရန်ကိစ္စများမှာ အနှောင့်အယှက်နှင့် အခက်အခဲများစွာ တွေ့ကြုံကြရပါသည်။ ကော်မရှင်၏ လုပ်ရပ်များကို ရှုတ်ချသူများလည်းရှိနေကြပါသည်။

မည်သို့ဆိုစေ ပြည်သူသန်းပေါင်းများစွာတို့က သက်သေထွက်ချက်များကိုရင်သတ်ရှု့မောကြည့်ရှုအားပေး နေကြပါသည်။ အမှန်တရားကိုပြောကြားခြင်းဖြင့် ပြန်လည်ပေါင်းစည်းသင့်မြတ်ရေး၏ လမ်းစတခုဖြစ်သည် ဟုလည်း သဘောပေါက်လာကြပါသည်။ ဘာမှမဖြစ်စေဦး တပြည်လုံးက ပါဝင်ဆွေနွေး (National Debate) နေကြသည်ကိုမြင်ရသည်မှာ အားတက်ဖွယ်ပင်ဖြစ်ပါသည်။

ပဌမဆုံးအကြိမ် အခမ်းအနားကို ပြည်သူများ၏ ၃ပုံ၁ပုံ (၁.၈ သန်း) ကတီဗွီများမှကြည့်ခဲ့ကြပြီးလူဦးရေနှစ်သန်း ခန့်က အင်တာနက်မှကြည့်ရှုခဲ့ကြပါသည်။ တီဗွီကုမ္ဗဏီကြီး ၄ခုက တပြိုင်နက်တည်းထုတ်လွှင့်ပေးခဲ့ကြပါသည်။ အနှစ် ၆၀ကြာအောင် အုပ်ချုပ်သွားသောအာဏာရှင်အစိုးရလက်ထက် လူသတ်မှုများ၊ ပျောက်ဆုံးသွားသူများ၊ အကြမ်းဖက်နှိပ်စက်မှုများ အကြောင်းကို ညဉ့်နက်သန်းခေါင်တိုင်သည်အထိ သက်သေများက ဆက်တိုက် ထွက်ဆိုခဲ့ကြပါသည်။ ၂၀၁၀-၁၁ ခုနှစ်အထိ အစိုးရက ဖုံးကွယ်ရန်ကြိုးစားမှုများ၊ လိမ်လည်ပြောဆိုချက်များမှာ တစတစနှင့် ရုပ်လုံးပေါ်လာကြပါသည်။

သူအဖမ်းခံရစဉ်က အသက် ၂၀ သာရှိသေးသော Mr Bramin ဆိုသူမှာ သူ့အဖြစ်အပျက်များကို ဖွဲ့နွဲ့ပြောပြရင်း၊ နေချင်းညဉ့်ချင်း နိုင်ငံကျော်သူဖြစ်သွားပါသည်။ အစ္စလာမ် စစ်သွေးကြွသူများနှင့် ပူးပေါင်းသည်ဟူသော စွက်စွဲချက်ဖြင့် သူ အဖမ်းခံခဲ့ရခြင်းဖြစ်ရာ သူ၏ မျှော်လင့်ချက်များပျောက်ဆုံးသွားရပုံ၊ သူ၏မိသားစုဝင်များကို အစိုးရအရာရှိများကနှိပ်ကွတ်ကြပုံများကို စီကာပတ်ကုံးပြောပြခဲ့ပါသည်။

သူက သူတို့၏အခြေအနေမှာ အီရတ်နိုင်ငံ (Abu Ghrab Prison) ထောင်ထက် အခြေအနေပိုဆိုးကြောင်း၊ သူက ထိုစဉ်က ထောင်ပိုင်ဖြစ်သူ၏နာမည်ကို ထုတ်ဖေါ်ပြောခဲ့ရာ ထိုတောင်ပိုင်က ညှင်းပန်းနှိပ်စက်မှုများနှင့် ပါတ်သက်၍ ငြင်းဆိုခြင်းမပြုခဲ့ပါဟုဆိုသည်။ ထိုစဉ်က ထောင်ဝန်ထမ်းနှစ်ဦး ကလည်း ကော်မရှင်သို့လာပြီး အစစ်ခံခဲ့ရာ သူ့ထွက်ဆိုချက်များမှာ မှန်ကန်သည်ဟုထောက်ခံခဲ့ကြပါသည်။ “ကျွန်တော်က သူတို့ကိုအပြစ် မတင်ပါဘူး စနစ်ကြီးမှာဘဲအပြစ်ရှိပါတယ်” ဟု သူကပြောသည်။ ညှင်းပမ်းနှိပ်စက်ခံရသူတစ်ဦး၏ ခွင့်လွှတ် သောအပြောအဆိုကို တိုင်းပြည်က ရင်သတ်ရှုမောကြည့်ရှုအားပေးခဲ့ကြပါသည်။

ယခုအချိန်အထိ ကြားနာပြီးသမျှ အမှုပေါင်း ၆၅၀၀၀ ကျော်မျှရှိပြီးဖြစ်ရာ အမှု ၁၀၀ ခန့်ကို ဆက်လက်အရေး ယူနိုင်ရန် တင်ပြမည်ဟု ကော်မရှင်ထုတ်ပြန်ချက်များက ဆိုသည်။

ယခုကဲ့သို့ပြီးခဲ့သော ပြစ်မှုများအား ပြန်လည်သုံးသပ်ရသော အတွေ့အကြုံများကို တောင်အာဖရိက၊ လက်တင် အမေရိက ပိုလန်နှင့်အခြားနိုင်ငံအချို့တွင် ကြုံခဲ့ကြဖူးသည်။ ထိုနိုင်ငံများ၏ အတွေ့အကြုံများမှ သင်ခန်းစာယူ၍ နှိပ်စက်သူနှင့် ခံရသူကို မျက်နှာခြင်းဆိုင်ရအောင် မပြုလုပ်ပါဟု ကော်မရှင်ကဆိုသည်။ ထိုသို့ မျက်နှာခြင်းဆိုင် ပေးလျင် မလိုလားအပ်သောခံစားချက်ပေါက်ကွဲမှုများကြုံကြရသည်။ ကော်မရှင်က လာမည့်အစီအစဉ်များတွင် အာဏာပိုင်များဘက်မှ သက်သေ ထွက်သူများကို အဓိကထားဖိတ်ခေါ်ထားပြီး သူ့တို့က ထုတ်ဖေါ်ပြောဆိုကြမှ သာအာဏာရှင်တို့၏သဘော သဘာဝကို ပိုမိုနားလည်နိုင်မည်ဟုယူဆကြသည်။

(၃)
ကျူနီးရှားနိုင်ငံ လက်ရှိသမ္မတကြီးဖြစ်သူ မစ္စတာအက်စ်ဘာစီ (Beji Caid Essebsi) သော်လည်းကောင်း သူ၏အစိုးရ အရာရှိကြီးများသော်လည်းကောင်း ကော်မရှင်၏ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ကြပါ၊ သမ္မတကြီး မှာယခင်အာ ဏာရှင် လက်ထက်က အစိုးရအဖွဲ့ဝင်တဦးလည်းဖြစ်ပါသည်။ တချို့ကလည်း ကော်မရှင်မှာ တဖက်သက်ကျလွန်းသည်။ နစ်နာသူများဘက်က ပါလွန်းသည်ဟု ဝေဖန်ကြပါသည်။

ကျူနီးရှားနိုင်ငံကဲ့သို့ တစ်နိုင်ငံလုံးအုံကြွတော်လှန်ပြီး လူအများသေဆုံးကြရသော အဖြစ်အပျက်များက အစိုးရ ကို မိမိတို့၏ပေါ်လစီနှင့် တိုင်းပြည်အခြေအနေတို့ကို ပြန်လည်သုံးသပ်ရန်အခွင့်အရေးများပေးခဲ့ပါသည်။ ယခု ဒီမိုကရေစီခေတ် တွင်လည်း အတိတ်ကာလကဘာတွေမှားပြီး ဘယ်သို့လမ်းမှားရောက်ကြရခြင်းအကြောင်းကို ပေါ်လစီရေး ဆွဲသူ အာဏာ ပိုင်များက သိရှိနားလည်သဘောပေါက်ကြရန်လိုသည်။

ပြစ်မှုကျူးလွန်သူများကို ဖေါ်ထုတ်အပြစ်ပေးရန်ထက် ဘာ့ကြောင့်မှားခဲ့ရသည်ဆိုခြင်းကို သိနားလည်ကြရပါ မည်၊ သို့မှသာ အနာဂါတ်နိုင်ငံတော်တွင် မလိုလားအပ်သော ပေါ်လစီအမှားများချမှတ်ခြင်းကို ရှောင်ရှားနိုင်ကြ မည်ဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Tunisia’s Truth- Telling Renews a Revolution’s Promise, Painfully, Carlotta Gall, New York Time, April 22 2017.

( မိုးမခ )

သမိုင်းလိမ်​နဲ့ မြန်​မာ စစ်​အစိုးရ

သမိုင်းလိမ်​နဲ့ မြန်​မာ စစ်​အစိုးရ
=====

သမိုင်းမသိရင်နိုင်ငံရေးမသိဘူး၊
သမိုင်းမရှိရင်နိုင်ငံရေးမရှိဘူး၊
သမိုင်းမမှန်ရင်နိုင်ငံရေးမမှန်ဘူး၊
သမိုင်းဖျက်ရင်နိုင်ငံရေးပျက်တယ်၊

ဒီနေ့မြန်မာနိုင်ငံမှာလူငယ်တွေကအစ
လွတ်တော်အမတ်အဆုံးသမိုင်းကို
ကျေကျေညှက်ညှက်မလေ့လာမသိရှိပဲ
နိုင်ငံရေးတွေမှာပြောကြငြင်းခုံကြ
အမတ်တွေလုပ်နေကြတာအများကြီးတွေ့ရတယ်၊

ဒီလိုသမိုင်းရဲ့တန်ဘိုးကိုမသိတဲ့နိုင်ငံရေး
လုပ်သူတွေ လှုပ်ဆော်သူတွေကြောင့်
ငြိမ်းချမ်းရေးဟာ နီးသလိုလိုနဲ့ တစ်ခါတစ်လေ
ဝေးဝေးသွားတတ်တယ်၊

ပြီးတော့သမိုင်းအမှားကိုတောက်လျှောက်အမှန်ထင်လာခဲ့ပြီး
သမိုင်းမှန်ကိုလူတွေသိအောင်ကြိုးစားတင်ပြသူတွေကိုတောင်
ပြသနာရှာမုန်းတီးတာတွေကိုတွေ့ခဲ့ရဘူးတယ်၊

ယုတ်အစွဆုံး ဒီနေ့ခေါင်းဆောင်ပိုင်းတွေမှာတောင်
သမိုင်းအမှားကိုသိသိကြီးနဲ့ လက်ခံရွှေ့လျှားနေကြတဲ့
သူတွေအများကြီးပဲ၊ ဒါဟာ သစ္စာဖေါက်ခြင်းတစ်မျိုးပဲ၊

ဒီနေ့စာသင်ကျောင်းတွေမှာ ကလေးတွေကိုသင်ပေးနေတဲ့
သမိုင်းစာအုပ်ထဲမှာ အဆိပ်အတောက်တွေအများကြီး
ပါနေတယ်ဆိုတာ သိသူတွေရှိနေပေမဲ့ပြင်ဖို့ဘယ်သူကမှ
မတတ်နိုင်ကြဘူး၊

အစိုးရအဆက်ဆက်ကဖန်တီးလာတာတွေကို
လူထုကမသိပဲလက်ခံနေတာကြောင့်
လွယ်လွယ်ကူကူနဲ့ပြင်ဖို့မလွယ်တာပဲ၊
အသိရှိတဲ့အစိုးရဆိုရင် ဒီသမိုင်းရဲ့တန်ဘိုးကို
ပြန်လည်အဖတ်ဆယ်ရလိမ့်မယ်၊

ပြောရမယ်ဆိုရင် အစိုးရအဆက်ဆက်ဟာ
တာဝန်မဲ့ပြီးရင်းမဲ့နေခဲ့တယ်၊

သမိုင်းအမှန်ကိုပြောရဲဆိုရဲသူတွေဒီထက်မက
ပေါ်ထွက်လာဖို့ အနာဂတ်မှာအရေးကြီးတယ်၊

သမိုင်းဟာကျယ်ပြန့်လွန်းတယ်၊
သေတဲ့အထိလေ့လာလို့မကုန်နိုင်ဘူး၊
ဒါပေမဲ့မိမိနဲ့သက်ဆိုင်တဲ့သမိုင်းကိုတော့ကျေညှာက်ဖို့လိုတယ်၊

သမိုင်းကိုသစ္စာဖေါက်သူနေကြသူတွေအများကြီးပဲ၊
သိလို့ဖေါက်တာထက်မသိလို့ဖေါက်တာပိုများတယ်၊
ကိုယ့်အနီးအနားမှာပင်ရှိတတ်တယ်၊
မြင်အောင်ကြည့်တတ်ဖို့ပဲလိုတယ်၊

ကိုကိုဦး

Amen

Amen

ရာစုသစ်​၌ ​မွေးဖွားခြင်း

ရာစုသစ်​၌ ​မွေးဖွားခြင်း
=====

လောကကြီးထဲမှာ
မွေးဖွားခြင်းနဲ့
ကြွေလွင့်​ခြင်း
ရောက်​ရစမြဲ

အ​ကောင်းနဲ့ အဆိုး
အလင်းနှင့်​ အ​မှောင်
ဒွန်​တွဲ ​နေတဲ့ ​လောကကြီးမှာ
ကျွန်ုပ်​တို့ လူသား​တွေ
ဖြတ်​သန်း စီးဆင်း ​နေကြ

ဒွန်​တွဲ ​နေတဲ့ ​လောကကြီးမှာ
ကောင်းမွန်​ အသိတရား
လုပ်​​ဆောင်​ နိုင်​စွမ်း
အားအင်​ ခွန်​အားများကို
အသစ်​တဖန်​ ​မွေးဖွားကြ

လမ်းသုံးကြောင်း

လမ်းသုံးကြောင်း
======

ဒုတိယကမ္ဘာစစ်ပြီးတော့ ဂျပန်ဖက်ဆစ်နယ်ချဲ့ စစ်ရှုံးသွားပြီး အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လဲ တော်တော်ကြီး ချိနဲ့အားနည်း သွားတဲ့အချိန်မှာ ဗမာပြည်သူလူထုတွေနဲ့ ဗမာပြည်နိုင်ငံရေးသမားတွေအဖို့ လွတ်လပ်ရေး စိတ်ကူးတွေ အကောင်အထည် ပေါ်ဖို့ နီးစပ်လာခဲ့တယ်။ လွတ်လပ်တဲ့ဗမာပြည် ထူထောင်ရေးနဲ့ပတ်သက် ပြီး လမ်းကြောင်းသုံးကြောင်းလဲ အပြိုင်ပေါ် လာခဲ့တယ်။ (လက်ဝဲ) ဖက်ဒရယ်လမ်းကြောင်း၊ သီးခြားလွတ် လပ်ရေးလမ်းကြောင်းနဲ့ အင်ပါယာလမ်းကြောင်းတို့ဖြစ်တယ်။

အင်္ဂလိပ်တွေ ၁၈၂၆ မှာ ပထမဆုံးသိမ်းခဲ့တဲ့ ရခိုင် နဲ့ တနင်္သာရီ၊ ၁၈၅၂ မှာ ဒုတိယမြောက်သိမ်းခဲ့တဲ့ အောက်ဗမာပြည်၊ ၁၈၈၅ မှာ တတိယသိမ်းခဲ့တဲ့ အထက်ဗမာပြည်တို့ဟာ ဗမာပြည်မ Burma Proper အဖြစ် ပူးပေါင်းအုပ်ချုပ်ရေးချခံရပြီး  ၁၈၈၅ နောက်ပိုင်းမှ သိမ်းပိုက်ခံရတဲ့ ရှမ်း ကချင် ချင်း ကရင်နီ နယ်မြေ တွေကိုတော့ သီးခြားအုပ်ချုပ်ရေးတွေချခဲ့တယ်။ ဒီနယ်မြေတွေကို ၁၉၃၅ ခုမှာ ခြွင်းချန်နယ်မြေများ Scheduled Areas လို့သတ်မှတ်ပြီး ဇယား (၁) နယ်မြေနဲ့ ဇယား (၂) နယ်မြေတွေအဖြစ် ခွဲခြားခဲ့တယ်။ ဇယား (၁) ဝင်နယ်မြေတွေက ဗမာပြည်မအစိုးရအောက်မှာမရှိဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေး ကြီးကြီးမားမားရ ပြီး ဇယား (၂) ဝင်နယ်မြေတွေကတော့ ဗမာပြည်မအစိုးရအောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစုံတရာရခဲ့ တယ်။ အင်္ဂလိပ်တွေရဲ့ နှိပ်ကွပ်သွေးစုတ်မှုကို အများဆုံးခံရတဲ့ ဗမာပြည်မဟာ သဘာဝကျစွာဘဲ နိုင်ငံရေးအရ အလှုပ်ရှား အထကြွဆုံးဖြစ်ခဲ့တယ်။

ရခိုင် မွန် ဗမာ နိုင်ငံရေးသမားတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ် ရေးကို အပြင်းထန်ဆုံးတိုက်ပွဲဝင်ခဲ့ကြတယ်။ အဲသလိုတိုက်ပွဲဝင်ရာမှာ အဓိကအားဖြင့် ဗမာပြည်မ အဝန်း အဝိုင်းရဲ့ လွတ်လပ်ရေးကိုဘဲ စိတ်ဝင်စားခဲ့တာဖြစ်ပြီး ရှမ်း ကချင် ချင်း ကရင်နီ နယ်မြေတွေကို ဗမာပြည် နဲ့ မသက်ဆိုင်ဘူးလို့ဘဲ သဘောပေါက်ကြတယ်။ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ သွေးခွဲအုပ်ချုပ်ရေး Divide-and-Rule ကြောင့် သွေးကွဲရတာလို့ အကြောင်းပြကြပေမဲ့ တကယ်တော့ သမိုင်းကြောင်းအရ၊ ပထဝီအနေ အထားအရ၊ ယဉ်ကျေးမှုနဲ့သဘာဝအရ သီးခြားစီဖြစ်နေခဲ့တာ ဖြစ်တယ်။

ဒီနိုင်ငံရေးသမားတွေထဲမှာ လက်ဝဲသမားတွေကတော့ မာ့က်စ်-လီနင်တို့ရဲ့ နိုင်ငံတကာဝါဒ (ဝါ) လူမျိုးစုံ သွေးစည်းချစ်ကြည်ရေးဝါဒ Internationalism ခံယူကြတာဖြစ်လို့ ဗမာပြည်မအပါအဝင် တိုင်းရင်းသားနယ် မြေတွေ တပူးတပေါင်းတည်း လွတ်လပ်ရေးယူဖို့၊ အဲ့ဒီကာလက ဆိုဗီယက်ပြည်ထောင်စုလို ဖက်ဒရယ်ပြည် ထောင်စုဖွဲ့ဖို့ လိုလားကြတယ်။ ဒီထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ကွန်မြူနစ်ခေါင်းဆောင်များနဲ့ ရှမ်းပြည်က ဦးတင်ဧတို့လို တိုင်းရင်းသားလက်ဝဲလူငယ်တွေ ပါဝင်ကြတယ်။

အဲဒီကာလက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဗမာပြည်လက်ဝဲသမားတွေဟာ ဆိုဗီယက်ရုရှား၊ ယူဂို ဆလားဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ခွဲထွက်ခွင့်ထည့်ထားတာ၊ သမတနိုင်ငံတွေ စုပေါင်းပြီး ပြည် ထောင်စုဖွဲ့ထားတာကို အထင်ကြီးအားကျနေတာဖြစ်တယ်။ ဗမာနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်တဲ့ ရှမ်းပြည် ကလက်ဝဲလူငယ်တွေကလဲ အကြွင်းမဲ့ပူးပေါင်းရေးကို လိုလားတာမဟုတ်ဘဲ ဆိုဗီယက်မှာလို လုံးဝကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ ခွဲထွက်ခွင့်ရှိတဲ့ပြည်နယ်မျိုးကို လိုချင်တာဖြစ်တယ်။

ရှမ်းပြည်ကလက်ဝဲလူငယ်တွေ လွှမ်းမိုးထားတဲ့ အာရှလူငယ်အသင်းရဲ့ ၁၉၄၄ ခု ဧပြီလ တောင်ကြီး ညီလာခံမှာ အဆို ၂၁ ချက်ချတဲ့ထဲက အမှတ်(၁၅) မှာ “နာမည်ပြောင်းရေးကိစ္စ။ မိစ္ဆာအင်္ဂလိပ်လက် အောက်မှ လွတ်မြောက်သောအထိမ်းအမှတ်၊ ကျွန်ဘဝကို မေ့ပျောက်နိုင်ရန်လည်းကောင်း၊ နိုင်ငံတော် အတွင်းရှိ တိုင်းရင်းသားများသွေးစည်းညီညွတ်မှုကိုလည်းကောင်း ရည်ရွယ်၍ လက်ရှိ ဗမာနိုင်ငံတော်၊ ဗမာ လူမျိုးဟူသောအမည်မှ တိုင်းရင်းသားအားလုံးတို့နှင့်သက်ဆိုင်၍ အားလုံးတို့ သဘောတူကျေနပ်မည့် သင့် လျော်သောနာမည်တခုကို အမြန်ဆုံးပြောင်းလဲ၍ မှည့်ခေါ်ပေးရန် နိုင်ငံတော်အစိုးရအား လေးနက်စွာ တိုက်တွန်းကြောင်း” လို့ ဆုံးဖြတ်ခဲ့တယ်။

(‘ဇာနည်နိုင်ငံ’ ဆိုတဲ့နာမယ်ကိုတောင် အဆိုပြုခဲ့သေးတယ်။) ဂျပန်လက်နက်မချခင်၊ ဒုတိယကမ္ဘာစစ်မပြီးခင် ကျင်းပတဲ့ ၁၉၄၅ ခု ဇူလိုင်လ ဗကပ ဒုတိယကွန်ဂရက်က ဖက်ဒရယ်နိုင်ငံထူထောင်ဖို့ နိုင်ငံရေးပါတီတွေထဲမှာ ပထမဆုံးအဖြစ် အဆိုပြုခဲ့တယ်။ ၁၉၄၆ ခု ဇန်နဝါရီလ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလပထမညီလာခံမှာလဲ ဗကပ ကွန်ဂရက်လောက် မတိကျ အသေးမစိတ်ပေမဲ့ ခွဲထွက်ခွင့်နဲ့ လွတ်လပ်စွာသဘောတူညီမှုအခြေခံပေါ်မှာ စုပေါင်းနိုင်ငံထူထောင်ဖို့ မူချခဲ့တယ်။

ဗမာနိုင်ငံရေးသမားတွေထဲမှာ လက်ဝဲသမားအုပ်စုအပြင် နောက်အုပ်စုနှစ်စုကတော့ ပြည်နယ်တွေမပါဘဲ ဗမာပြည်မတခုတည်းနဲ့နိုင်ငံထူထောင်ချင်သူတွေရယ်၊ ပြည်နယ်တွေကို ကိုလိုနီအဖြစ်သဘောထားပြီး ပြည် ထောင်စုနာမယ်ခံ တကျော့ပြန်ဗမာအင်ပါယာထူထောင်ချင်သူတွေရယ်ဖြစ်တယ်။ ယေဘုယျအားဖြင့် ပြော ရရင် ဗမာနိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးသမားတွေအများစုကတော့ သီးခြားစီလွတ်လပ် ရေး၊ သီးခြားစီတိုင်းပြည်ထူထောင်ရေးကိုဘဲ စိတ်ဝင်စားကြတယ်။ ဒီထဲမှာ ထူးခြားတာက ပအိုဝ်းတိုင်း ရင်းသား ဆီဆိုင်စော်ဘွား စဝ်ခွန်ကြည်ဟာ ၁၉၃၅ ခုကတည်းက ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ကို တင်ပြခဲ့တာဖြစ်တယ်။

၁၉၄၅ စက်တင်ဘာလ ကန္ဒီစာချုပ်ချုပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာကိုယ်စားလှယ်အဖွဲ့ သီရိလင်္ကာနိုင်ငံ အသွားလမ်းမှာ ကပ္ပလီကျွန်းမှာ လေယာဉ်ခဏနားတော့ ဗိုလ်ကျော်ဇောက လွတ်လပ်ရေးရရင် ဒီကပ္ပလီ ကျွန်းတွေလဲ ဗမာပြည်ထဲပြန်ထည့်ဖို့ အင်္ဂလိပ်ဆီကတောင်းရမယ်လို့ပြောတော့ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရရင် အန်ဒမန်ကျွန်း နီကိုဘာကျွန်းတွေရဖို့ထက် ရှမ်းပြည် ကချင်ပြည်တွေ ဗမာပြည်ထဲပါဖို့ ပိုအရေးကြီးတယ်လို့ ပြောခဲ့တယ်။ နောင်မှာ ဗမာ့တပ်မတော်ဗိုလ်မှူးချုပ်ဖြစ်လာပြီး ဗကပ ဗဟိုကော်မတီ ဖြစ်သွားခဲ့တဲ့ ဗိုလ်ကျော်ဇောဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ‘အမြော်အမြင်ကြီးမှု အသိဉာဏ်ကြီးမှု’ကို အသက် ထက်ဆုံး တလေးတစားနဲ့ တဖွဖွပြောခဲ့တယ်။

၁၉၄၆ ဖေဖော်ဝါရီလ ၈ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပါဝင်တဲ့ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့နဲ့ ရှမ်းပြည်လူငယ် ကိုယ်စား လှယ်တွေ တွေ့တဲ့အခါ “ခြွင်းချန်နယ်များမပါဘဲ ဗမာပြည်အား လုံးဝလွတ်လပ်ရေး ပေးခဲ့ရင် လက်ခံမလား” မေးတော့ ဦးဘဖေက “ယူတန်ယူမယ်၊ အခြေအနေအရသာ ဆောင်ရွက်ရမယ်” လို့ ဖဆပလကိုယ်စားဖြေခဲ့တယ်။ ဖဆပလ အလုပ်အမှုဆောင်တချို့ကလဲ “ရှမ်းပြည်ဟာ ပထဝီအနေအထားအရ ကုန်းတွင်းပိတ် ဖြစ်နေလို့ စီးပွားရေးနဲ့ အကြပ်ကိုင်လိုက်ရင် ဗမာများနဲ့ မပေါင်းမဖြစ် ပေါင်းကိုပေါင်းရမယ်” လို့ပြောခဲ့သေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ အဲသလိုပြောင်မပြောဘဲ “စီးပွားရေးစီမံကိန်းလုပ်လိုက်ရင် တခါတည်းပေါင်း လာရမယ်”လို့ စကားပရိယာယ်နဲ့ ပြောခဲ့တယ်။ နောင်မှာ ဖဆပလက ထုတ်ပစ်လိုက်ရတဲ့ ဝါရင့်နိုင်ငံရေး သမား ဗမာမွတ်စလင် ဦးဘဖေ (ဘကြီးဘဖေ--တောင်ကျရေနွားနှစ်ကောင်မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်လို့ သခင်ကိုယ်တော်မှိုင်းက စာချိုးခဲ့ရတဲ့ ‘ပူးသတ်ရေး’အချောင်ဝါဒသမား) က ၁၉၃၁-၃၂ လန်ဒန်စားပွဲဝိုင်းအစည်းအဝေးမှာ ‘ဗမာပြည်မနဲ့မပေါင်းရင် ရှမ်းပြည်ထဲက ရထားလမ်းတွေ ပြန် ဖြုတ်ပစ်မယ်၊ စာတိုက်တွေ ကြေးနန်းဓာတ်တိုင်တွေ ဖြုတ်ပစ်လိုက်မယ်၊ အာလူးမဝယ်ဘဲ နေလိုက်မယ်’ လို့ ခြိမ်းခြောက်ခဲ့ဖူးကြောင်း ရူးသလိုပေါသလိုနဲ့ ဂုဏ်ယူပြီး ပြောနေတယ်။

(တကယ်တော့ အဲဒီရထားလမ်း တွေ ဓာတ်တိုင်တွေကလဲ အင်္ဂလိပ်ကလုပ်ပေးခဲ့တာဖြစ်လို့ ဗမာအစိုးရ၊ ပြည်မအစိုးရနဲ့ ဘာမှမဆိုင်ပါဘူး။) ဖဆပလ ထဲက တောင်ကြီးသား ဗမာမွတ်စလင် ဦးဖေခင်ကတော့ ရှမ်းပြည်လက်ဝဲလူငယ်တွေဘက်က ပါပြီး ဂရုတစိုက်နဲ့ ဗိုလ်ချုပ်နားပေါက်အောင် ဖြောင်းဖြပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်ချုပ်ပြီးပြန်လာတော့ ဦးနု၊ ဦးကျော်ငြိမ်းတို့က ခွဲထွက်ခွင့်ပေးတာ ကို အပြင်းအထန်ကန့်ကွက်ကြတယ်။

ဒါကြောင့် ဗိုလ်ချုပ်ကလဲ မလွန်ဆန်နိုင်ဘဲ တရားသူကြီးချုပ် ဦးမြင့် သိန်းကို “ဖြစ်နိုင်ရင် ရှမ်းနဲ့ကချင်ကို အခြေခံဥပဒေထဲမှာ ခွဲထွက်ခွင့်အပိုဒ်မထည့်ဖို့ ပြောပေးပါ” လို့ ခိုင်းခဲ့ တယ်။ ဒါပေမဲ့ ပြောလို့မရရင်လဲ “မရလဲပြီးရောပေါ့။ အရေးကြီးတာမှမဟုတ်ဘဲ။ တခြားနိုင်ငံ အခြေခံဥပဒေ တွေမှာ အဲလိုခွဲထွက်ခွင့်ပါတဲ့အပိုဒ်ကို ဘယ်တိုင်းပြည်မှာမှ အသုံးပြုခဲ့တာ မရှိခဲ့ပါဘူး။

လိုလိုလားလား ထည့်ထားတဲ့အပိုဒ်ဖြစ်တယ်။ ဒါ့အပြင် ကျနော် ပင်လုံမှာသဘောတူခဲ့တာကို ဖဆပလ အဖွဲ့ချုပ်က လက်ခံ အောင် ဆောင်ရွက်ပါမယ်” လို့ ဗိုလ်ချုပ်ကပြောခဲ့တယ်။ ပြောတဲ့အတိုင်းဘဲ ဗိုလ်ချုပ်မကျဆုံးခင် မေလကုန် အပြီး ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမညီလာခံမှာ တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် အခြေခံဥပဒေမူကြမ်း ဆွဲတော့ နံပတ်တစ်အဆင့်ရှိတဲ့ ပြည်ထောင်စုပြည်နယ်တွေနဲ့ နံပတ်နှစ်အဆင့်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရပြည် နယ်တွေအတွက် ခွဲထွက်ခွင့်ထည့်ပေးခဲ့တယ်။

ဗိုလ်ချုပ်ကျဆုံးပြီးနောက် ဖဆပလခေါင်းဆောင်တွေက ၁၉၄၇ အခြေခံဥပဒေထဲမှာ ခွဲထွက်ခွင့်မပါစေဖို့ အပြင်းအထန်ကြိုးစားခဲ့ကြတော့ အမျိုးသားရေးအားနည်းသေးတဲ့ ချင်းခေါင်းဆောင်တွေက အလွယ်တကူ လက်ခံလိုက်ပြီး KNU ခွဲထွက် KYO ကရင်ခေါင်းဆောင်တွေကိုလဲ စည်းရုံးလို့ရခဲ့တယ်။ ကချင်ပြည်ကိုတော့ ဇယား ၂ ဝင် ဗန်းမော်ခရိုင် ထည့်ပေးရလို့ ခွဲထွက်ခွင့်စွန့်ရမယ် ဆိုပြီး တပတ်ရိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရှမ်းပြည်မှာတော့ စော်ဘွားတွေတင်မကဘဲ လက်ဝဲသမားရှမ်းလူငယ်တွေကပါ ခွဲထွက်ခွင့်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားလို့ ၄၇ အခြေခံဥပဒေထဲ ထည့်ပေးရတယ်။ ဒါတောင် ၁၀ နှစ်ပြည့်မှ ခွဲထွက်နိုင်တယ်လို့ ညစ် လိုက်သေးတယ်။ ကရင်နီမှာလဲ ကင်းဝန်မင်းကြီးစာချုပ်ရှိနေတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံ ပြီး ပူးပေါင်းချင်တဲ့ ကရင်နီခေါင်းဆောင်တွေက တခြားကရင်နီခေါင်းဆောင်တွေ ကရင်နီပြည်သူတွေကို စည်းရုံးနိုင်အောင် ခွဲထွက်ခွင့် ထည့်ပေးလိုက်ရတယ်။ ဒီလိုနဲ့ ၄၇ အခြေခံဥပဒေမှာ ရှမ်းနဲ့ကရင်နီ နှစ်ပြည် နယ်ဘဲ ခွဲထွက်ခွင့်ရခဲ့တယ်။

ပဏာမပြင်ဆင်မှုညီလာခံမှာ ချမှတ်ခဲ့တဲ့ ပြည်နယ်လေးမျိုးနဲ့ ပြည်နယ်အစိုးရ-ပြည်နယ်လွှတ်တော် အာဏာ တွေကိုလဲ ကုန်ကျစရိတ်များတယ်၊ အကောင်အထည်ဖော်ဖို့ အရည်အချင်းရှိတဲ့လူ မလုံလောက်ဘူး၊ လွတ် လပ်ရေးအမြန်ရဖို့ အရင်လုပ်ရမယ်၊ နောက်မှ အခြေခံဥပဒေပြင်လဲရတယ်လို့ လှည့်ပတ်ပြောပြီး တိုင်းပြု ပြည်ပြုလွှတ်တော်မှာ အပေါ်ယံပြည်ထောင်စု၊ အနှစ်သာရတပြည်ထောင်နိုင်ငံလုပ်လိုက်တော့တယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလဲ ရှမ်းပြည်မှာ ပဒေသရာဇ်စော်ဘွားတွေအတွက် ပြည် နယ်(အထက်)လွှတ်တော်တခု၊ သာမန်ပြည်သူတွေအတွက် ပြည်နယ်(အောက်)လွှတ်တော်တခု သီးသန့်စီ ထားပေးဖို့ ပဒေသရာဇ်ဆန့်ကျင်ရေးသမား ရှမ်းပြည်လက်ဝဲလူငယ်တွေ တင်ပြတာကို ငွေမရှိ၊ လူမရှိဘူးလို့ အဖြေပေးခဲ့ဖူးတယ်။

မွန်တွေနဲ့ဗမာတွေ အတူတူလိုဖြစ်နေလို့ မွန်တွေအတွက် သီးခြားပြည်နယ်၊ သီးခြားအခွင့်အရေးတွေ မလို ဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ပြောခဲ့သေးတယ်။ ဒါ့အပြင် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် အခြေခံဥပဒေမူကြမ်းဆွဲတဲ့ ဖဆပလ ပဏာမညီလာခံမှာလဲ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်မ အနေ အထားကို မရှင်းမရှင်းလုပ်ခဲ့ပြီး လူမျိုးစုလွှတ်တော်အတွက် ပြည်နယ်တိုင်း အမတ်ဦးရေတန်းတူရွေးခွင့် မပေးခဲ့ဘဲ ဗမာပြည်မက အမတ်ဦးရေအများဆုံး (၇၀)၊ ရှမ်းနဲ့ကရင်က ဒုတိယအများဆုံး (၃၂ ယောက်စီ)၊ ကျန်ပြည်နယ်တွေက ကချင် ၁၃ ယောက်၊ ချင်း ၉ ယောက်၊ ကရင်နီ ၄ ယောက်ဆိုပြီး လျာထားခဲ့တယ်။ ဒါပေမဲ့ တဖက်မှာလဲ ပြည်နယ် ၄ မျိုးနဲ့ ပြည်နယ်သစ်တွေ ထူထောင်ခွင့်၊ ခွဲထွက်ခွင့်တွေ လမ်းဖွင့်ပေးခဲ့ တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံညီလာခံလုပ်နေတုန်းကလဲ အတူပါလာတဲ့ ဗမာပြည်မအစိုးရအဖွဲ့ဝင် ဝန်ကြီး ရခိုင်တိုင်းရင်းသား ဦးအောင်ဇံဝေကို အခြေခံဥပဒေဆွဲရင် ရခိုင်ပြည်နယ်အတွက် စဉ်းစားပေးမယ် လို့ ကတိပေးခဲ့ဖူးတယ်။ ပင်လုံစာချုပ် ချုပ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက သိန်းဖေမြင့်ကို မဏိပူရနဲ့အာသံကိုလွှတ်ပြီး လွတ်လပ် ရေးရရင် ဗမာပြည်ထဲပါဖို့ သွားစည်းရုံးစေခဲ့တယ်။ ဒါပေမဲ့ ဗမာစစ်သူကြီး ဗန္ဓုလကို စိတ်အနာကြီးနာနေဆဲ ဖြစ်တဲ့ မဏိပူရနဲ့ အာသံပြည်နယ်တွေက လက်မခံဘဲ အိန္ဒိယနဲ့ဘဲ ပေါင်းခဲ့ကြတယ်။ ဒါကြောင့် အဲဒီပြည် နယ်တွေအောက်မှာရှိနေတဲ့ ချင်းနဲ့ နာဂတွေလဲ ၂ နိုင်ငံထဲ ကွဲပါသွားခဲ့တယ်။ နောက်ဆုံးမှာတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ချင်တဲ့ လက်ဝဲသမားတွေလဲ အရေးနိမ့်သွားခဲ့တယ်။ ဗကပ ကိုယ်တိုင်လဲ ၁၉၇၅ နောက်ပိုင်းမှာ ဖက်ဒရယ်ကိုစွန့်လွှတ်ပြီး တရုတ်ပုံစံကိုယ်ပိုင်အုပ်ချုပ်ရေးလိုင်း ဝင်သွားခဲ့တယ်။

ဒီလိုနဲ့ တိုင်းရင်းသားတွေကို သဏ္ဌာန်အမျိုးမျိုးနဲ့ ဖိနှိပ်ကျွန်ပြုပြီး (စတုတ္ထမြန်မာနိုင်ငံတော် ပဉ္စမမြန်မာနိုင်ငံတော် စတဲ့) တကျော့ပြန် ဗမာအင်ပါယာ ထူထောင်ချင်သူတွေကဘဲ လွှမ်းမိုးသွားတာ အားလုံးမျက်မြင်ဖြစ်တယ်။ ပြည်နယ်တွေမပါဘဲ ပြည်မတခုတည်းနဲ့ နိုင်ငံထူထောင်ချင်သူတွေလဲ အခု တော့ ဗမာအင်ပါယာအရသာတွေ့သွားပြီး ဒီမိုကရေစီဆန့်ကျင်ရေး စစ်အုပ်စုဗဟိုပြု အင်ပါယာထူထောင် ချင်သူတွေအောက် ခေါင်းသျှိုးဝင်သွားပြီဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ပစေ ဒီကနေ့မှာတော့ လက်ဝဲမဟုတ်တဲ့ ဖက်ဒရယ်သမားတွေ ဗမာထဲမှာလဲ များလာပြီး တိုင်းရင်းသား တွေထဲမှာဆိုရင် အထူးအားကောင်းနေပြီဖြစ်တယ်။

ဂါမဏိ
( မိုးမခ )

မှန်​ကန်​တဲ့ ​ဖြောင့်​မတ်​ခြင်း လမ်း၌ ​လျှောက်​လမ်း ကြပါ ဗျာ


မှန်​ကန်​တဲ့ ​ဖြောင့်​မတ်​ခြင်း လမ်း၌ ​လျှောက်​လမ်း ကြပါ ဗျာ
====

ရွှေမင်းရဲ့ ဒူး​လေး ပါတီကို ကြံ့ဖွတ်​​တွေ သိန်း ၁၅၀၀​ပေးပြီး ဖြစ်​လာတာ တဲ့ ။ လီဆူး ကိုယ်​စားပြု ပါတီ ဆိုပြီး လုပ်​စား သွားတယ် တဲ့ ​။ အခု​တော့ လီဆူး လူမျိုးစု​တောင်​ သူတို့ လီဆူး ကိုယ်​စားပြု ပါတီ မဟုတ်​​ကြောင်း ငြင်းဆို လိုက်​တယ်​ ။ ရှမ်းနီထဲမှာလည်း ထိုကဲ့သို့ လည်း​ကောင်း ​တွေ့ရှိ ရတယ်​လို့ ​ပြောသွားတယ်​ ။

ဖက်​ဒရယ်​ ဒီမိုက​ရေစီ ပြည်​​ထောင်​စု တိုင်းပြည်​ အ​ရေး ( လူသားဝါဒ အ​ရေး )ကို တိုက်​​နေတဲ့ လူ​တွေက ကိုယ့်​ထက်​ ငယ်​တဲ့ သူကို ထပ်​ပြီး Nationalism ၊ Racist / Facist ​တွေကို ထပ်​ပြီး လုပ်​ ၊ ထပ်​ပြီး ကျင့်​သုံးရင်​ သူတို့ အတွက်​ ​ကောင်းသလား ၊ မ​ကောင်းသလား ဆိုတာ ခင်​ဗျားတို့ စဉ်​စား ကြည့်​ပါ ။ Nationalism ၊ Racist / Facist ဝါဒ​တွေကို မကြိုက်​လို့ ကမ္ဘာသိ အ​နေဖြင့်​ ​တော်​လှန်​ ​နေကြတာ မမြင်​ဘူးလား ။ ​နောက်​ပြီး ဒီ​ခေတ်​က လိမ်​ညာလို့ ရတဲ့ ​ခေတ်​ မဟုတ်​​တော့ဘူး ဆိုတာ​တော့ သိဖို့ လိုတယ်​ ။

အမှန်းတရားဟာ ဘယ်​​တော့မှ မ​သေပါဘူး ။ တန်းတူ ညီမျှ​ရေးမှ ခင်​ဗျာတို့ရဲ့ လူသားဝါဒ ဒီမိုက​ရေစီ အ​ရေး ရှင်​သန်​ဖို့ အတွက်​ လူမျိုးစု အခြား တိုင်းရင်းသား အ​ရေး ကိစ္စ အားလုံးကို သူတို့​တွေ လုပ်​​ဆောင်​ ​တော်​လှန်​ ​နေကြတာကို မင်းတို့​တွေ မမြင်​ ကြပြန်​ဘူးလား ။ ​နောက်​တစ်​ခုက မူမှန်​ ၊ လမ်း​ကြောင်းမှန်​ ၊ ရပ်​တည်​ချက်​မှန်​တဲ့ စိတ်​ဓာတ်​ မရှိရင်​ ဘယ်​​တော့မှ ​တော်​လှန်​​ရေး မ​အောင်​မြင်​ဘူး ဆိုတာ ယ​နေ့ ​တော်​လှန်​သူ အ​ပေါင်းတို့ သိကြတယ်​ ။

တော်​လှန်​သူ အ​ပေါင်းတို့က တိုင်းရင်းသား ပြည်​သူ​တွေကို ဘယ်​​တော့မှ မ​ဖောက်​ပြန်​ ရဘူး ဆိုတာ သူတို့​တွေ စွဲမြဲစွာ ဤ ကတိ သစ္စာ သံဓိဌာန်​ကို နှလုံးသားထဲမှာ ကိုင်​စွဲ ထားတယ်​ ။ ခင်​ဗျားတို့ လွဲ​နေတဲ့ အသိတရား​တွေကို ​ပြောင်းလဲပြီး မှန်​ကန်​တဲ့ ​ဖြောင့်​မတ်​ခြင်း လမ်း၌ ​လျှောက်​လမ်း ကြပါ ဗျာ ။

အလင်းမဲ့ ငါ့ဘဝ နေ့ရက်တွေ


အလင်းမဲ့ ငါ့ဘဝ နေ့ရက်တွေ
===

အလင်းမဲ့
နေ့တွေထဲ
လှိုင်းများနဲ့
ဘဝ ပင်လယ်မှာ
ငိုသံ နှိပ်စက်တဲ့
ညကို စောင့်ရင်း
နှလုံးအိမ်မှ
စီးဆင်း ခဲ့ရ
ပျက်စီးခြင်း
မျက်ရည်တွေနှင့်
ဘဝပေါင်း များစွာ

Friday, May 12, 2017

ဖက်ဒရယ် ဖြစ်ရင် လူမျိုးစု တိုင်းရင်းသား ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံလို့ပဲ လိုချင်တယ်


ဖက်ဒရယ် ဖြစ်ရင် လူမျိုးစု တိုင်းရင်းသား ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံလို့ပဲ လိုချင်တယ်
=====

ဖက်ဒရယ် ဖြစ်ရင် ဒို့တွေကတော့ မူလ ပင်လုံ ဖက်ဒရယ် ဒီမိုကရေစီ မူပဲ ။ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံလို့လဲ မလိုချင်ဘူး ။ လူမျိုးစု တိုင်းရင်းသား ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံလို့ပဲ လိုချင်တယ် ။

======

တိုင်းနှင့် ပြည်နယ်များ ကိုယ်ပိုင် အခြေခံ ဥပဒေ ရေးဆွဲခွင့် UPDJC သဘောတူ

12 May 2017
ဧရာဝတီ

နိုင်ငံရေး ဆွေးနွေးပွဲ ရလာဒ်အညီ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိစေရေး အတွက် ပြည်နယ်များ အားလုံး ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ ရေးဆွဲခွင့်ကို ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) က သဘော တူလိုက်ကြောင်း သတင်းရရှိသည်။

ယင်း ဆွေးနွေးပွဲတွင် ပါဝင်သူ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “ပြည်နယ် ဖွဲ့စည်းပုံ ရေးခွင့် ရှိခြင်းက ပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ် ပြုလိုက်တာပဲ” ဟု နံနက်ပိုင်း ဆွေးနွေးမှု အပြီးတွင် မီဒီယာများသို့ ပြောသည်။

UPDJC ၏ ယနေ့ နံနက်ပိုင်း ဆွေးနွေးပွဲတွင် နိုင်ငံရေး ကဏ္ဍ အောက်ရှိ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စုမူ၊ ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးရေး စသည့် အချက် ၇ ချက်ကို ဆွေးနွေးရာ ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်သည့် ကိစ္စတခုမှ လွဲ၍ ကျန်ခေါင်းစဉ် များကို အတည်ပြုနိုင်ခဲ့သဖြင့် ယင်းအချက် ၆ ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ဆက်လက် တင်ပြသွားမည်ဟု သိရသည်။

“ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဖို့ သဘောထား ကျသွားတယ်။ ဗမာပြည် သမိုင်းမှာ မရှိသေးဘူး။ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေမှာ ပြည်နယ်တွင်းမှာ ကျင့်သုံးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးခွင့်ကို မပေးဘူး။ ဘယ်ခေတ်မှာမှ မရှိခဲ့ဘူး။ အခု ဒီနေ့ရခဲ့ပြီ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

သို့သော် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံး ဆောင်ရွက်ရာတွင် ပြည်ထောင်စု အဆင့် ဖွဲ့စည်းပုံနှင့် ဆန့်ကျင် ကွဲလွဲ၍ မရဘဲ အငြင်းပွားဖွယ် ကိစ္စရပ်များ ရှိပါက ပြည်ထောင်စု အဆင့် ဖွဲ့စည်းပုံနှင့် အာဏာပိုင် တို့၏ အဆုံးအဖြတ် အောက်တွင် ရှိရမည်ဟု သဘော တူခဲ့ရကြောင်း ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်ထံမှ သိရသည်။

KNU မှ ဖဒိုစောကွယ်ထူးဝင်း က “ဆုံးဖြတ်ချက်တွေထဲမှာ အထူးသဖြင့် ကျနော်တို့တိုင်းရင်းသားတွေ လိုလားတဲ့ ဆန္ဒရှိတဲ့ ပြည်နယ် တိုင်းဒေသကြီးတွေမှာ ဖွဲ စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်တဲ့ အခွင့် အရေးပါရှိတယ် ဆိုတာ ဝမ်းမြောက်မိပါ တယ်။ ဒါကလည်း ကျနော်တို့ရဲ့ တဆင့်တက်ပြီးတော့ ပြည်ထောင်စု အနှစ်သာရပါတဲ့ စုဖွဲ့မှု တခုဖြစ်တဲ့ အတွက်ကြောင့် ကျေးဇူး တင်မိပါတယ်” ဟု ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောသည်။

ပြည်နယ် ဖွဲ့စည်းပုံက ခန့်အပ်သည့် ပြည်နယ် အစိုးရ၊ ပြည်နယ် လွှတ်တော်၊ ပြည်နယ် တရားရုံး များကို ဖွဲ့စည်းပုံနဲ့ အညီ ကျင့်သုံးနိုင်ပြီး ဥပဒေအရ ပေးအပ် ထားသည့် ပြည်နယ်တွင်း လုပ်ပိုင်ခွင့် အာဏာ များကို ပြည်ထောင်စု အဆင့်က စွက်ဖက်၍ မရနိုင်ကြောင်း သိရသည်။

“ကျနော်တို့က ရှမ်းပြည်နယ် အစိုးရကို သစ်ပင်တွေ ပြန်စိုက်ပါလားလို့ ပြောတော့ မရဘူး။ ပြည်ထောင်စု အဆင့် သစ်တော ဝန်ကြီးကို မေးရဦးမယ်တဲ့။ အဲလို မရှင်းလင်းရင် တိုင်းပြည် မတိုးတက်တော့ဘူး။ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့် ရှင်းရှင်းလင်း လင်း ဖြစ်သွားရင် အဲဒါကို ပြည်ထောင်စုက ပြန်ရုတ်သိမ်း လို့ မရတော့ဘူး”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ ဆွေးနွေးရာတွင် “ခွဲမထွက်ရ” ဆိုသည့် စာသားကို တပ်မတော်က ထည့်ခိုင်းကြောင်း၊ ခွဲမထွက်ရ ဆိုခြင်းသည် ပြည်ထောင်စု မပြိုကွဲရေးနှင့် အဓိပ္ပါယ်တူကြောင်း၊ တပ်မတော်က ဒို့တာဝန် အရေး ၃ ပါးကို စောင့်ရှောက် ချင်သည့် သဘောထားမျိုး ရှိကြောင်းလည်း UPDJC အစည်းအဝေး တက်ရောက်ခဲ့သူ များက ပြောသည်။

“တိုင်းရင်းသားတွေ ပြောနေတဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး၊ အဲဒီ အခွင့်အရေး ၂ ရပ် အပြည့်အဝရတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုရင်တော့ ခွဲသွားပါ မနေနဲ့တော့ ခွဲထုတ်ပါလို့ မောင်းထုတ်တာတောင် ဘယ်သူမှ မသွားဘူး”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

တိုင်းပြည် နာမည်မှာလည်း ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်လာနိုင်ပြီး တပ်မတော်ကိုမူ ဖက်ဒရယ် အမည်တပ် ရန် ပြဿနာ ရှိနိုင်သဖြင့် ပြည်ထောင်စု တပ်မတော်ဟုပင် ခေါ်ဆိုနိုင်ကြောင်း လည်း ၎င်းက သုံးသပ်သည်။

ယနေ့ ဆွေးနွေးသည့် ခေါင်းစဉ်များအနက် ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည့် ကိစ္စမှာ “နိုင်ငံရေးနှင့် ဘာသာ ရေး ရောယှက် ခြင်း မရှိစေရ”၊ “ဘာသာရေးကို အခြေမခံသည့် နိုင်ငံတော် ဖြစ်စေရမည်” စသည့် စာသားများကို ဆွေးနွေးရာတွင် ၂ ခါ ထပ်နေခြင်း၊ မကျေလည်ခြင်းများ ရှိနေသဖြင့် ချန်လှပ်ထားခဲ့ရသည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဗမာ့ သတ်မတော် စစ်ခွေးတွေ ကွာခြားချက်


တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဗမာ့ သတ်မတော် စစ်ခွေးတွေ ကွာခြားချက်
======

အားလုံးသော တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ပြည်ထောင်စု တိုင်းပြည် အတွက် ကောင်းကျိုး အပေါင်း လက္ခဏာ အပြုသဘော ဆောင်တဲ့ အလုပ်ပဲ လုပ်တာ အားလုံး မြင်တဲ့ အတိုင်း ပါ ။

အဲ့ဒါဟာ ၁၉၄၇ မူလ ပင်လုံ ဖက်ဒရယ် ဒီမိုကရေစီကို သစ္စာ ရှိစွာ ယနေ့ထိ ကိုင်စွဲ နေခြင်းကြောင့် ဖြစ်တယ် ။

ပြည်သူတွေ ဆီက ဗမာ့ သတ်မတော် စစ်ခွေးတွေလို ဒမြ ၊ မုဒိမ်း ၊ သူခိုး ၊ သတ်ဖြတ်တာတွေ မရှိဘူး ။

Thursday, May 11, 2017

မဘသ ဆိုတာ ကြာကူလီ ၊ ကောက်ရိုးပုံ စောင့်တဲ့ ခွေးတွေ ပါ


မဘသ ဆိုတာ ကြာကူလီ ၊ ကောက်ရိုးပုံ စောင့်တဲ့ ခွေးတွေ ပါ 
=====

အမျိုးသားရေး ဆိုပြီး အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်ကို လိုက်ပြီး ကန့်သတ် နေရင် ဒါဟာ အမျိုးသားရေး မဟုတ်တော့ ဘူး ။ မဟာဖိုဝါဒ ဖြစ်သွားပြီ ။

မုဒိမ်း ၊ သူခိုး ၊ ဓါးပြတွေနဲ့ ဘုရားတကာ ၊ မဘသ ဘုန်ကြီး ၊ မျိုးညစ်တွေကို ပေါင်းပြီး ရွာတစ်ရွာကို အုပ်ချုပ် ခိုင်းရင် အဆင်ပြေ နိုင်ပါ့မလားလို့ အမေ့ကို မေးကြည့်ကြ ပါဗျာ ။

ကိုကိုဦး

Generation Day - God Smack

ဘယ်​​တော့မှ တိုင်းရင်းသား ပြည်​သူ​တွေကို မ​ဖောက်​ပြန်​ဘူး


ဘယ်​​တော့မှ တိုင်းရင်းသား ပြည်​သူ​တွေကို မ​ဖောက်​ပြန်​ဘူး
=====

ဒေါ်စုတ်​တို့ အဖွဲ့ တိုင်းပြည်​ကို မတည်​​ဆောက်​ တတ်​ရင်​လဲ အစိုးရ တက်​မလုပ်​နဲ့ ။ ငါတို့ ဆီမှာ အခွင့်​အာဏာ မရှိဘူး ဆိုတဲ့ ​သောက်​သုံးမကျတဲ့ စကားကို မ​ပြောကြနဲ့ ။ နိုင်​ငံ​ရေးကို သ​ဘော​ပေါက်​တဲ့ လူ​တွေက လွန်​ခဲ့တဲ့ ၁၀နှစ်​ ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ ​အောက်​ ဝင်​ရင်​ ဒီလို ထွက်​လာမယ့်​ အ​ဖြေ ရလဒ်​ကို ​ပြောခဲ့ပြီး ကြပြီ ။

လူ ပုဂ္ဂိုလ်​ စွဲ​တွေနဲ့ နိုင်​ငံ​ရေး တက်​လုပ်​​နေတာ​တွေက ရုပ်​ဆိုး အကျည်းတန်​ ​သောက်​မြင်​ကို ကပ်​လွန်းတယ်​ ။ တိုင်းပြည်​ရဲ့ ဖြစ်​ပျက်​​နေတဲ့ တိုင်းရင်းသား ပြည်​သူ​တွေရဲ့ ပြသနာ ဒုက္ခကို မမြင်​တတ်​တဲ့ ​ခွေးသူ​တောင်းစား ​ဒေါ်စုတ်​နဲ့ သားသမီး​တွေ ဖြစ်​တယ်​ ။

ဒေါ်စုတ်​နဲ့ သူ့ရဲ့ သားသမီး​တွေဟာ ဗမာ့ သတ်​မ​တော်​ စစ်​​ခွေး​တွေနဲ့ အဆင်​ အတူတူ ပဲ ။ တိုင်းရင်းသား ပြည်​သူ​တွေ ဒီ​နေ့ ​နေရာတိုင်းမှာ ဗမာ့ သတ်​မ​တော်​ စစ်​​ခွေး​တွေ​ကြောင့်​ ဒုက္ခ ​ရောက်​​နေတာကို မမြင်​ကြပဲ အပြစ်​ဖို့​နေကြတာဟာ ​ခွေး​တွေထက်​ကို ​အောက်​တန်း ကျတဲ့ ​ဒေါ်စုတ်​နဲ့ သားသမီး​တွေရဲ့ စိတ်​ဓာတ်​​တွေ ပဲ ။

ဒေါ်စုတ်​နဲ့ သားသမီး​တွေ​ကြောင့်​ ဗမာ့ သတ်​မ​တော်​ စစ်​​ခွေးရဲ့ ရက်​စက်​ ယုတ်​မာ သတ်​ဖြတ်​ မတရားမှု နင်းပြားခံ ဒုက္ခထဲမှာ ​ပြေးလွှာတာ​တွေ ပိုပြီး ခံစား​နေရတယ်​ ။ လူ​တွေလို ​မေတ္တာတရား မရှိ မထားနိုင်ရင်​​ ဗမာ့ သတ်​မ​တော်​ စစ်​​ခွေး​တွေနဲ့ ​ဒေါ်စုတ်​ သားသမီး​တွေဟာ ​ခွေး​လောက်​ကို အသိတရား မရှိတာကို ​ဖော်​ပြ​နေခြင်းပဲ ဖြစ်​တယ်​ ။

ကျွနု​ပ်​တို့က​တော့ ​ဒေါ်စုတ်​​လောက်​ ​ခြေဖျား​တောင်​ မမှီ​ပေးမယ့်​ ​ခွေး​လောက်​ ​သောက်​သုံးမကျတဲ့ ​ဒေါ်စုတ်​ စိတ်​ဓာတ်​လို မဟုတ်​ဘူး ။ ဘယ်​​တော့မှ ဗမာ့ သတ်​မ​တော်​ စစ်​​ခွေး​တွေနဲ့ မ​ပေါင်းစား ဘူး ။ ဘယ်​​တော့မှ တိုင်းရင်းသား ပြည်​သူ​တွေကို မ​ဖောက်​ပြန်​ဘူး ။

UNFC မူ အတိုင်း ဆက်သွားရန် မွန်ပြည်သစ် ပါတီ ဆုံးဖြတ်


UNFC မူ အတိုင်း ဆက်သွားရန် မွန်ပြည်သစ် ပါတီ ဆုံးဖြတ်
=====

မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီ အစည်းအဝေးမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မူအတိုင်း ဆက်လက် ရပ်တည်သွားရန် အပါအဝင် အချက် ၃ ချက် ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးအတွက် ဆက်လက်ပြီး နည်းလမ်းရှာကြိုးပမ်းသွားရန်နှင့် တံတားအရေးကိစ္စနှင့် စပ်လျဉ်း၍ မွန်ပြည်သူလူထုမှ ညီညွတ်စွာ တိုက်ပွဲဝင်နေသည်ကို ထောက်ခံကြောင်းနှင့် မွန်ပြည်သူများ ဆန္ဒပြ တောင်းဆို နေချိန်တွင် မွန်ပြည်သစ်ပါတီမှ တစ်စုံတစ်ရာ ထုတ်မပြောခဲ့ခြင်းသည် နောက်ကွယ်မှ မွန်ပြည်တစ်ပါတီနှင့် ပတ်သက် ဆက်နွယ်နေသည် ဆိုသည့် စွပ်စွဲချက်မျိုး ဖြစ်ပေါ်မည်ကို မလိုလားခြင်းကြောင့် ဖြစ်ကြောင်း စသည့်တို့ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ၏ လူမှုကွန်ယက်တွင် မွန်ဘာသာဖြင့် ဖော်ပြထားသည်။

“ကျွန်တော်လည်း မွန်ဘာသာနဲ့ ရေးထားတာတွေပဲ သိပါတယ်။ ယူအန်အက်ဖ်စီ မူအတိုင်း ရပ်တည်သွားမယ်ဆိုတဲ့ အချက်တွေ ပါပါတယ်” ဟု မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ နိုင်ရွှေသိန်းက မဇ္စျိမကို ပြောသည်။

မွန်ပြည်သစ်ပါတီ၏ ဌာနချုပ် ရေးချောင်းဖျားတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှ မေလ ၈ ရက်နေ့ထိ ကျင်းပခဲ့ပြီး အဆိုပါ အချက် ၃ ချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသည် မွန်ပြည်သစ်ပါတီ၏ ညီလာခံမှ သတ်မှတ်ထားသည့် ၆ လတစ်ကြိမ် ကျင်းပသော ပထမဆုံးအကြိမ်နှင့် အရေးကြီးဆုံး အစည်းအဝေး ဖြစ်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးရေး၊ မထိုးရေးနှင့် မွန်ပါတီများ ပေါင်းစည်းနိုင်ရေးတို့ ဆွေးနွေးနိုင်ရေး တို့ အပါအဝင် ဆွေးနွေးရန် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်ရေးအတွက် UNFC နှင့်အတူ NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆွေးနွေးနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ် တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။

မေလ 11 ရက် 2017 ခုနှစ်
မဇ္ဈိမ

Wednesday, May 10, 2017

မိုဇူးလ်ကို မြန်မာနိုင်ငံက လာရောက် ကူညီသူ ကရင် အမျိုးသား သူနာပြု


မိုဇူးလ်ကို မြန်မာနိုင်ငံက လာရောက် ကူညီသူ ကရင် အမျိုးသား သူနာပြု
====

ဆေးမှူး အဲလိယဟာ Free Burma Ranger-FBR အဖွဲ့က ကရင်အမျိုးသား ၀ါရင့်သူနာပြုဆေးမှူးတစ်ဦးပါ။ သူဟာ လျင်မြန်သလို အထူးကျွမ်းကျင် ရဲရင့်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အသက် ၄၆နှစ်အရွယ်ရှိ ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်တဲ့ သူဟာ လှပတက်ကြွတဲ့ ‘Cat’ (ကြောင်)လို့ခေါ်တဲ့ သူနာပြု ဆရာမလေးနဲ့ အိမ်ထောင်ပြုခဲ့ပြီး သူတို့မှာ သားသမီး ၄ယောက်ရှိပါတယ်။

အဲလိယဟာ ပါရမီရှိတဲ့ ဆေးမှူး၊ သင်တန်းဆရာ၊ ရိုးရာလက်ဝှေ့ချန်ပီယံ၊ ပန်းချီဆရာ၊ အဆိုတော်၊ စားဖိုမှူးနဲ့ မုဆိုးတစ်ယောက် ဖြစ်သလို ဘက်စုံအားကစားသမားတယောက်လည်း ဖြစ်ပါတယ်။ သူဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှာ ဆေးမှူးတယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲကြားမှာ ရဲစွမ်းသတ္တိရှိတဲ့အတွက် အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်နိုင်ပြီး ရှုတ်ထွေးတဲ့အခြေအနေတွေ ကိုင်တွယ်နိုင်တဲ့ အရည်အချင်းရှိသလို သက်ကယ်စွမ်းရည်လည်းရှိတဲ့အတွက် သူ့ကို လေးစားချစ်ခင်ကြသူတွေ များပါတယ်။

သူဟာ လူတိုင်းနဲ့လည်း အဆင်ပြေအောင် ဆက်ဆံနိုင်သူလည်း ဖြစ်ပါတယ်။ အမြဲလိုလို မျက်နှာပြုံးနဲ့နေလေ့ရှိတတ်ပြီး သူရှိနေ တဲ့နေရာမှာ ထူးခြားကျယ်လောင်တဲ့ သူ့ရဲ့ရယ်သံတွေကို ကြားနေရတတ်ပါတယ်။ ဖိစီးမှုတွေရှိနေတဲ့အချိန်မှာ ကြောင့်ကျပြီး ပျာယာခတ် မနေတတ်သလို ဘယ်တော့မှ လက်မလျှော့တတ်သူလည်းဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိ ဆုတောင်းတတ်သူ၊ သူ့မှာ ရှိတာအားလုံးကို မျှဝေပေးတတ်သူ၊ ထူးထူးခြားခြား ပါရမီရှိသူတဦးလည်း ဖြစ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ဖြစ်ရပ်ကလေးတွေကိုကြည့် ရင် သူ့ရဲ့ပင်ကိုယ်စရိုက် သဘာဝအတွင်းသဘောကို တွေ့မြင်နိုင်ပါတယ်။

ပထမဆုံးရိန်းဂျား။
၁၉၉၇ခုနှစ် ဗမာ့တပ်မတော်ရဲ့ထိုးစစ်ကာလ အတောအတွင်းမှာ လူပေါင်း ၁၀၀၀၀ကျော်လောက် ထိုင်းနိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။ ကျနော်တို့ရှိနေတဲ့ နယ်စပ်လမ်းပေါ်မှာတော့ သူတို့ရှိစုမဲ့စုလေးတွေကို သယ်ယူပြေးလွှားလာကြတဲ့ မိသားစုတွေနဲ့ ပြည့်ကြပ်နေခဲ့ပါတယ်။

ကျနော်က ကားကို လမ်းဘေးချရပ်ပြီး ကားပေါ်က ဆင်းလိုက်တဲ့အချိန်မှာ လူတယောက်ဟာ တောထဲက ပေါ်လာပါတယ်။ သူ က ပြောက်ကျားယူနီဖောင်းအပြည့် ၀တ်ထားပြီး လွယ်ကြိုးမှာ လက်ပစ်ဗုံးတစ်လုံး ချိတ်ထားပါတယ်။ လက်ထဲမှာလည်း အမ်-၁၆ တစ်လက် ကိုင်ထားပါတယ်။ နားတစ်ဘက်မှာ အနီရောင်တောက်နေတဲ့ နားကပ်တစ်ဘက်နဲ့ သူ့အပြုံးကတော့ နွေးထွေးပွင့် လင်းလှပါတယ်။ သူ့ကြည့်ရတာ ပင်လယ်ဓားပြတစ်ယောက်နဲ့ တူနေပါတယ်။

သူက “ဟဲလို”လို့ အင်္ဂလိပ်လို နှုတ်ဆက်လိုက်ပြီး “ကျနော်က အဲလိယပါ။ ဆေးမှူးတစ်ယောက်ပါ။ ကျနော် ဘာအကူအညီပေးရ မလဲဗျ။” လို့ မေးပါတယ်။
ကျနော်က ‘ငါ့လူရာ ခင်ဗျားက တမန်တော်တစ်ပါး၊ ပင်လယ်ဓားပြ တမန်တော်တစ်ပါးပါဗျာ’လို့ စဉ်းစားနေမိရင်း “ဟုတ်ကဲ့ ကျနော် နေမကောင်းဖြစ်ပြီး နောက်မှာ ကျန်ခဲ့တဲ့သူတွေကို ကူညီချင်လို့ပါ”လို့ ပြောလိုက်ပါတယ်။

အဲလိယက ကျနော့်ကားပေါ်က ကျောပိုးအိတ် ၄လုံးနဲ့ ထည့်ထားတဲ့ ဆေးဝါးပစ္စည်းတွေကို ကြည့်လိုက်ပြီး ထွက်ပြေးလာတဲ့ လူ တချို့ကို တားလိုက်ပါတယ်။ သူက အုပ်စုတခုက ယောက်ျား ၃ယောက်ကို “ခင်ဗျားတို့ မနက်ဖန်ပြေးလို့ ရပါတယ်။ အခုတော့ ခင်ဗျားတို့လူတွေကို ကူညီရမယ့်အချိန်ပဲ။ ကျနော်တို့ကိုလာပြီး ကူညီကြပါအုံး”လို့ပြောပြီး အဲဒီလူ ၃ယောက်ကို ဆေးအိတ် ၃အိတ် ပေးလိုက်ပါတယ်။ ကျနော်က စတုတ္ထအိတ်ကို ကောက်ယူလိုက်ပါတယ်။ နောက် ကျနော်တို့ပြေးနေကြတဲ့ ဒုက္ခသည် တွေကြားကဖြတ်ပြီး ကျနော်တို့ ကူညီနိုင်တဲ့သူတွေကို ကူညီဖို့ နယ်စပ်ဖက်ကိုထွက်ခဲ့ကြပါတယ်။

တစ်ပတ်လောက်ကြာတော့ ကျနော်တို့မှာ ဆေးဝါးတွေကုန်သွားပြီး ကျနော့်ကားဆီ ပြန်ရောက်တဲ့အချိန်မှာတော့ ကျနော့်ကား အနားမှာ မြေမြှုပ်မိုင်းနင်းမိတဲ့လူတယောက်ကို တွေ့ရပါတယ်။ ကျိုးပြတ်သွားတဲ့ သူ့ရဲ့ခြေငုတ်ကတော့ အနာရင်းနေပါပြီ။ ဆေးရုံမှာ ချက်ချင်းကုသခံဖို့ လိုအပ်နေတဲ့ သူ့ကို ကျနော့်ကားပေါ်တင်လိုက်ပါတယ်။ အဲလိယက လူနာကို သယ်ယူသွားတုန်း ဆေးသွင်းလို့ရအောင် သူ့ရဲ့အကြောဆေးသွင်းအိတ်ကို ကားခေါင်မိုးမှာ ချိတ်လိုက်ပါတယ်။

ကျနော်တို့မိုင်းထိတဲ့သူကို ကားပေါ်မှာ စိတ်ချရအောင်လုပ်ပြီးတဲ့အချိန်မှာ နေက ၀င်နေပြီ။ အဲလိယက ကျနော့်ကိုလှည့်ပြီး ကျနော့်မိန်းမနဲ့သားက မြန်မာနိုင်ငံထဲက တနေရာရာမှာ ရောက်နေတယ်။ အခု ကျနော် သူတို့ကိုသွားရှာရမယ်။ နောက်တစ် ပတ်လောက်ဆို ကျနော် သေရင်သေနေပြီပေါ့ဗျာ..ဟားဟား” လို့ ပြောပါတယ်။ သူ ရယ်လိုက်တော့ သူ့သွားတွေ လက်ကနဲ ဖြစ် သွားပြီး သူက ပြုံးပြီး ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ကျနော် သူနဲ့အတူ ဆုတောင်းပြီး သူက ညအမှောင်ထဲကို ၀င် ရောက်သွားခဲ့ပါတယ်။

မှတ်စု……။ အဲဒီတုန်းက အဲလိယဟာ သူ့မိသားစုကိုရှာတွေ့ခဲ့ပြီး ခုတော့ သူနဲ့ကြောင်ကလေး(Cat)မှာ ကလေး ၄ယောက် ရှိ နေပါပြီ။ အဲလိယဟာ ကျနော်တို့ရဲ့ လေ့ကျင့်သင်ကြားမှုကို အချိန်ပိုင်းအကြိမ် ၁၀၀၊ အချိန်ပြည့် ၄၃ကြိမ်အထိ အဖွဲ့တွေကို ဦးဆောင် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့တွဲပြီး ကယ်ဆယ်နိုင်ခဲ့ တဲ့ ပထမဆုံး ဖရီးဘားမားရိန်းဂျား-FBR အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။

ဘယ်သူ့ကို အလုပ်အကျွေးပြုမှာလဲ။
ကျနော်တို့လုပ်ငန်းကို ပထမဆုံး ခြိမ်းခြောက်လာခဲ့တဲ့အချိန်၊ ကျနော်တို့အလုပ်ကိုဆက်ပြီးလုပ်ဖို့ မရေရာတော့တဲ့အချိန်မှာ အဲလိယက ကျနော့်ကို မေးခဲ့ပါတယ်။ “ကရင်တွေနဲ့အတူ အလုပ်လုပ်လို့ မရနိုင်တော့ဘူးဆိုရင် ခင်ဗျား စိတ်မကောင်းဖြစ်မှာ လား။”လို့ မေးပါတယ်။

ကျနော်က “သေချာတာပေါ့ဗျာ။ ကျနော်စိတ်မကောင်းဖြစ်မှာပဲပေါ့။”လို့ ဖြေလိုက်ပါတယ်။
အဲလိယက “စိတ်မကောင်းမဖြစ်ပါနဲ့။ ခင်ဗျားက ကရင်တွေအတွက် အလုပ်လုပ်နေတာမဟုတ်ပါဘူး။ ခင်ဗျားက ဘုရားသခင်အ တွက် အလုပ်လုပ်ပေးနေတာပါဗျာ။ ဘုရားသခင်က ခင်ဗျားကို တနေရာရာမှာ အသုံးချနိုင်ပါတယ်။ သုံးပါလိမ့်မယ်။ ခင်ဗျား ကျနော်တို့ကို အများကြီးကူညီခဲ့ပြီးပါပြီ။ ကျနော်တို့ ဆက်လုပ်သွားမှာပါ။ ကျနော်တို့အတွက် စိတ်မပူပါနဲ့။ ဘုရားသခင် အလို တော်အရ လုပ်ပါဗျာ။”လို့ ပြောခဲ့ပါတယ်။

ခင်ဗျားတို့ရဲ့ တာဝန်က ဘာပါလဲ။
ကျနော် အဲလိယကို ဒုတိယအကြိမ် တွေ့ခဲ့ရတဲ့အချိန်မှာ ၁၉၉၇ခုနှစ် ထိုးစစ်အတွင်း သူ့မိသားစုကို ပြန်ရှာတွေ့ခဲ့ပြီးတဲ့အချိန်ပါ။ ကျနော်က သူ့ကို “ခင်ဗျားမိသားစု အန္တရာယ်တွေ့နေခဲ့တဲ့အချိန်မှာ ကျနော်နဲ့ ဒုက္ခသည်တွေကို ခင်ဗျား ဘာဖြစ်လို့ ကူညီနေခဲ့ တာလဲဗျာ”လို့ မေးလိုက်တော့ သူက “ဘ၀မှာ ကျနော်တို့က အရာရာတိုင်းကို ထိန်းချုပ်လို့ မရဘူးလေဗျာ။ ကျနော်တို့ကို ဘုရား သခင်က ချပေးတဲ့တာဝန်တွေကို ကျနော်တို့ လုပ်ရမှာပေါ့။ ကျနော်လည်း ကျနော့်မိသားစုကို ချစ်တာပေါ့ဗျာ။ အကူအညီလည်း ပေးချင်တာပေါ့။ ဒါပေမယ့် ကျနော်က သူတို့ ဘယ်ရောက်နေမှန်းတောင်မှ မသိခဲ့တာပဲ။”လို့ ပြန်ဖြေခဲ့ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်က ထောင်သောင်းချီတဲ့ အကူအညီလိုနေတဲ့ မိသားစုတွေ ဘယ်မှာရှိနေတယ်ဆိုတာ သိနေတယ် လေ။ သူတို့က ကျနော့်ရှေ့မှာတင်ပါပဲ။ ကျနော်က ဘုရားသခင်နဲ့ ကျနော့်မိတ်ဆွေတွေကို ကျနော့်ရဲ့ရှေ့မှာ ရှိနေတဲ့သူတွေကို လုပ်ပေးနိုင်တာတွေ လုပ်ပေးပြီးတဲ့အထိ ယုံကြည်ထားခဲ့တာပါ။ ဘုရားသခင်က အရာရာကို စောင့်ရှောက်နိုင်ပါတယ်။ ကျနော် က မလုပ်နိုင်ပါဘူး။ နောက် ကျနော်လုပ်လို့ပြီးပြီဆိုတာနဲ့ ကျနော့်မိသားစုကို ရှာဖို့သွားခဲ့ပြီး သူတို့ကို အခုလို လုံလုံခြုံခြုံ တွေ့ခဲ့ရ လို့ ကျနော် ပျော်ခဲ့ရတာပေါ့ဗျာ။

ကျနော်က ဘုရားသခင်အလိုတော်အတိုင်း နေချင်ပါတယ်။ သူပေးခဲ့တဲ့ လက်ဆောင်တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ သိပ်ကောင်းတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာလည်း ကျနော်သိပါတယ်။ တခါတလေလည်း မကောင်းတာတွေ လုပ်ခဲ့မိပါတယ်။ ဒါပေမယ့် ကျနော်က ဘုရားသခင်ကို ယုံကြည်မှုရှိဖို့ အမြဲတမ်းကြိုးစားနေပါတယ်ဗျာ။”လို့ သူက ပြောခဲ့ပါ တယ်။
…………

ဖရီးဘားမားရိန်းဂျား- FBR သည် လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပြည်တွင်းနေရာရွှေ့ပြောင်းခံရသူများကို မေတ္တာနှင့် အကူအညီပေး နေသောအဖွဲ့ ဖြစ်သည်။ တိုင်းရင်းသား ကွင်းဆင်းအဖွဲ့များ၏ကွန်ယက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သေဆုံးမှုများနှင့် ဗမာစစ်တပ်၏ ဖိနှိပ်မှုအောက်က လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသူများနှင့် ပတ်သက်သည့် အစီရင်ခံစာများကို အသုံးပြုပြီး လှုပ်ရှားနေသောအဖွဲ့လည်းဖြစ်သကဲ့သို့ ဗမာစစ်တပ်၏ တိုက်ခိုက်ချေမှုန်းမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ပြည်တွင်း ရွှေ့ပြောင်းခံ(နေရပ်စွန့်ခွါ) ပြည်သူများအတွက် ဆေးဖက်ဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများကိုပါ ကူညီပေး နေသည့်အဖွဲ့ဖြစ်သည်။

၂၀၁၇၊ ဖေဖော်ဝါရီလ ၇ရက်နေ့က Free Burma Ranger-FBR မှ ပေးပို့လာသော ဆောင်းပါးကို ဘာသာပြန်ဆိုထားသည်။

ကေအိုင်စီ

ပုဂ္ဂိုလ်​ရေး ကိုးကွယ်သူတွေကြောင့် နိုင်ငံရေးဟာ တစ်ခါတစ်ခါ ဗွက်ထတယ်


ပုဂ္ဂိုလ်ရေး ကိုးကွယ်သူတွေကြောင့် နိုင်ငံရေးဟာ တစ်ခါတစ်ခါ ဗွက်ထတယ်
=====

အဲလိစဘက်ဘုရင်မက
လက်အိတ်မ၀တ်ပဲနှုတ်ဆက်တာကို
ဂုဏ်ယူနေကြတဲ့သူတွေကိုပြောချင်တယ်၊

ခင်ဗျားတို့မြန်မာလိုရေးနေတာကို
နယ်လ်ဆင်မင်ဒယ်လားသာ
မသေခင်သိသွားခဲ့ရင်..ဘယ်လိုနေမလဲဆိုတာ
စဉ်းစားကြည့်မိရဲ့လား၊

ဂုဏ်ယူစရာမဟုတ်ပဲဂုဏ်ယူနေကြတဲ့
ပုဂ္ဂိုလ်ရေး ကိုးကွယ်သူတွေကြောင့်
နိုင်ငံရေးဟာ တစ်ခါတစ်ခါ ဗွက်ထတယ် ၊

ဒါနိုင်ငံရေးလား၊
အဆင့်အတန်းခွဲခြားတာကို
လက်သင့်ခံတဲ့သဘောလား၊
အားပေးနေတာလား၊

အမှန်တကယ်ဆိုရင်
လူလူချင်းဘာမှအပိုစာတွ
လုပ်နေစရာမလိုဘူး၊

ဘုရင်စနစ်ဆိုတာ
ယနေ့ကမ္ဘာမှာ
အခွင့်ထူးခံလူတန်းစားပဲခေါ်ခေါ်
လူသောက်မြင်အကပ်ဆုံးလူတန်းစားပဲခေါ်ခေါ်
သူတို့ကိုမှန်အိမ်ထဲထည့်ပြီး
ပြစားနေသလောက်ပဲ
တန်ဖိုးရှိတော့တယ်၊

အမျိုးသားရေးဆိုပြီး
အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်ကို
လိုက်ပြီးကန့်သတ်နေရင်
ဒါအမျိုးသားရေးမဟုတ်တော့ဘူး၊
မဟာဖိုဝါဒဖြစ်သွားပြီ၊

ကိုကိုဦး

Tuesday, May 9, 2017

လူသတ်​ လိုင်​စင် ပိုင်ဆိုင်သော ဒေါ်စု


လူသတ်​ လိုင်​စင် ပိုင်ဆိုင်သော ဒေါ်စု
=====

ဒေါ်စု လူသတ်​ လိုင်​စင်​ ဆု ရတိုင်း ပြည်​​ထောင်​စု တိုင်းပြည်​ အတွင်းမှာ မငြိမ်းချမ်း​ရေး တရားဥပ​ဒေ မစိုးမိုး​ရေး ဇာတ်​လမ်းက စတင်​ လာပြီ ။

မင်္ဂလာ​တောင်​ညွှန့်​ ၁၂၂လမ်း ကခုလက်​ရှိအ​ခြေ​နေ ရခိုင်​ပြည်​မှ အိစ္စလာမ်​များခိုဝင်​​ရောက်​ရှိလာသည်​ဟုဆိုကာ မဘသ နှင့်​ မျိုးညှစ်​အုပ်​စုမှ ဝင်​​ရောက်​ရှာ​ဖွေ​နေရင်​ ရဲများ​ရောက်​ရှိလာပီ ရဲများနှင့်​ မဘသ မျိုးညှစ်​အုပ်​စုတို့သည်​ က​တောက်​ကစအချို့ဖြစ်​ခဲရာ လမ်းသွားလမ်းလာအိစ္စလာမ်​ ​ယောက်ျား​လေးလူငယ်​တစ်​ဦးအား မဘသမျိုးညှစ်​အုပ်​စုမှမိန်းက​လေးတစ်​​ယောက်​မှဝင်​​ရောက်​ရိုက်​နက်​မှူးဖြစ်​ပွားခဲရာ ရပ်​ကွက်​​နေအိစ္စလာမ်​များမှ ဓားဆွဲတုတ်​ဆွဲကာ မဘသ မျိုးညှစ်​များအား​ခွေး​မောင်းသလို​မောင်းထုတ်​ပီပါပီ​ဖြစ်​​ကြောင့်​ သတင်း​ကောင်းပါးအပ်​ပါသည်​။

မှတ်​ချက်​။ ။မဘသမျိုးညှစ်​များသည်​ မင်္ဂလာ​တောင်​ညွှန့်​ရဲစခန်းနားသို့အုပ်​စုလိုက်​အပြုံလိုက်​ ​ခွေး​ဟောင်​သလိုလိုက်​​ဟောင်​​နေလျှက်​ :-)

ဖုန်းသတင်း

Zaw Myin

ဒေါ်စုနှင့် လူသတ်​ လိုင်​စင်

ဒေါ်စုနှင့် လူသတ်​ လိုင်​စင်
=====


ကဲ ​ဒေါ်စု လူသတ်​ လိုင်​စင်​ ဆု ချီးမြှင့်​ ခံရတိုင်း တိုက်​ပွဲ​တွေကလည်း စိပ်​စိပ်​ လာတယ် ။ ​ဒေါ်စု ဆု​တွေဟာ လူသတ်​ လိုင်​စင်​​တွေ ဖြစ်​တယ်​ ။ ​ပြေးကြည့်​စရာ မလို ​တွေးကြည့်​တာနဲ့ မြင်​​နေပြီ ။

ဒေါ်စု ဝုတ်​ဝုတ်​ သားသမီး​တွေက အံ့မခန်း ပါလား ။

ဒေါ်စု ဝုတ်​ဝုတ်​ သားသမီး​တွေက အံ့မခန်း ပါလား ။

ကွန်မြူနစ် စနစ်၏ အကြွင်းအကျန်


ကွန်မြူနစ် စနစ်၏ အကြွင်းအကျန်

(၁)

ရုရှားပြည်တွင် ၁၉၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့သော ဗော်ရှီဗစ်တော်လှန်ရေးနှင့် ပါတ်သက်၍ အထိမ်းအမှတ်ပွဲများကို ခမ်းခမ်းနားနားကျင်းပခဲ့ကြသည်မှာ ၁၉၈၇ခုနှစ် မစ္စတာဂိုဗာချော့ ( Mikhail Gorbachev) သမ္မတရာထူးတွင်ရှိ နေစဉ်က နောက်ဆုံးဖြစ်ပါသည်၊ ရင်ပြင်နီတွင် ရုရှားတပ်တော်က နောက်ဆုံးပေါ် တိုက်ချင်းပြစ်ဒုံးပျံကြီးများ အပါအ၀င် စစ်လက်နက်ပစ္စည်းများကို ရရှားတပ်မတော်၏အင်အားအဖြစ် ပြသခဲ့ကြပါသည်၊ တော်လှန်ရေးကြီး က မွေးဖွားပေးလိုက်သော လူထု၏စွမ်းအင်နှင့် ကမ္ဘာကြီးတွင် ကွန်မြူနစ်ဝါဒ၏ အရေးပါပုံအခမ်းကဏ္ဍကို ဖွင့်လှစ်ပြသသည်ဟုလည်း ယူဆနိုင်ပါသည်။

နိုင်ငံခြားဧည့်သည်များအကြားတွင် တောင်အာဖရိကနိုင်ငံ လက်ဝဲယိမ်းပါတီခေါင်းဆောင် အိုလီဗာတမ်ဗို (Oliver Tambo) နှင့် ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖက်တို့ ပါဝင်ပါသည်၊ “လီနင်သည် ထာဝရ အသက်ရှင် နေမည်”ဆိုသောကဗျာစာသားကိုလည်း ကြီးမားသည့် ဆိုင်းဘုတ်ကြီးများဖြင့် ချိတ်ဆွဲခဲ့ကြပါသည်၊

(၂)

လူငယ်များက လီနင်၏ ရုပ်အလောင်းထားရှိရာ အာဇာနည်ဗိမ္မာန်သို့ ချီတက်အလေးပြုခဲ့ကြပါသည်၊ တိုင်းသူ ပြည်သားအများစု၏ခံစားချက်မှာ မျိုးချစ်စိတ် ထက်သန်ခြင်းကတဖက်၊ အစာရေစာရှားပါးပြီး လူသုံးကုန်ပစ္စည်း များ ဈေးကြီးခြင်းဒဏ်ကို ခံစားကြရသည်ကတဖက် ဖြစ်ခဲ့ကြပါသည်။

ထိုစဉ်ကမူ လာမည့် နှစ်နှစ်အတွင်း ကွန်မြူနစ်ဝါဒကြီးမြင့်ခြင်းမှ လျှောကျခဲ့ရပြီး လေးနှစ်ကြာလျင် ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားရတော့မည်ဟု ဘယ်သူမှ မခန်မှန်းနိုင်ခဲ့ကြပါ၊ ၁၉၁၇ခုနှစ် ဗော်ရှီဗစ်တော်လှန်ရေး ကြီးကြောင့်တိုင်းပြည်၏ ဂုဏ်သိက္ခာတက်လာရန်မရှိတော့ဘဲ တဖြည်းဖြည်းကျဆင်းနေရခြင်းကိုသာ သတိ ထားမိခဲ့ကြပါသည်။

ယနေ့အခြေအနေတွင်မူ ဖြစ်ပေါ်ခဲ့သော သမိုင်းအဖြစ်အပျက်များအပေါ်အမြင်များမှာ ပြောင်းလဲကုန်ကြပါပြီ၊ အထင်ကရ ကွန်မြူနစ်နိုင်ငံအဖြစ်တည်ရှိနေသည့် ရုရှားနှင့်တရုတ်နိုင်ငံတို့မှာပင် ကားလ်မတ်စ်နှင့်အိမ်ဂျယ် (Karl Marx and Engels) တို့၏ကွန်မြူနစ်ဝါဒမှာ ချုပ်ငြိမ်းလုနီးပါးဖြစ်နေပါသည်၊ အစိုးရချုပ်ကိုင်မှု မရှိသော ဈေးကွက်စီးပွားရေးစနစ်သည်သာ သဘာဝကျပြီး မရှောင်လွဲနိုင်သည့်လမ်းဖြစ်နေပါပြီ၊

ကွန်မြူနစ်ခေါင်းဆောင်တဦးဖြစ်သော လီယွန်ထရော်စကီး (Leon Trotsky) က တချိန်တွင် ကွန်မြူနစ်ဝါဒသည် သမိုင်း၏အမှိုက်ပုံ (Dusbin Of History) ထဲသို့ ရောက်သွားရလိမ့်မည်ဟု နိမိတ်ဖတ်ခဲ့ဖူးပါသည်၊ တချိန်တည်း မှာပင်အနောက်နိုင်ငံများ၏ ဈေးကွက်စီးပွားရေးစနစ်မှာလည်း ၂၀၀၈ခု ဈေးကွက်ပြိုကွဲမှုဒဏ်မှ နလံမထူနိုင်ကြ သေးသည်ကိုလည်းတွေ့မြင်နိုင်ပါသည်၊ နောင်တွင် ဤအခက်အခဲမျိုး ထပ်မံမကြုံရစေရန် ခိုင်မာသော အာမခံချက်ကိုလည်း မတွေ့မမြင်ကြရသေးပါ၊

ယခုအချိန် ၂၁ရာစုတွင် ရုရှားနိုင်ငံ၌ ပူတင် (Vladimir Putin) အစိုးရက ကွန်မြူနစ်စနစ်ကို ပုံစံအသစ်ဖြင့် အသက်သွင်းရန် ကြိုးစားနေမှုများကို စိုးရိမ်စိတ်ဖြင့် ကမ္ဘာကြီးကစောင့်ကြည့်နေကြပါသည်၊ ဆင်းရဲချမ်းသာ ကွာဟမှုကြီးထွားလာနေချိန်တွင် အစိုးရကဗြောင်ကျကျ လာဘ်ပေးလာဘ်ယူလုပ်နေကြသည်ကို လစ်လျူရှုထား သည်၊ မတရားမှုများကို ယနေ့အစိုးရက ဖယ်ရှားမပေးနိုင်ပါ။

ယခင် ကွန်မြူနစ်ပါတီအဆက်ဆက်က စီးပွားရေးတွင် ပြည်သူများအကြား တန်းတူညီမျှ ဖြစ်ရမည်ဟုဆိုခဲ့ကြ သည်၊၊ အစိုးရကချမှတ်သည့် စီမံကိန်းစီးပွားရေးဖြင့် ချီတက်ရမည်၊ အပြောင်းအလဲသည် တော်လှန်ရေးပုံစံဖြင့် လာရမည်ဟု ပြည်သူလူထုကို စည်းရုံးခဲ့ကြပါသည်။

သို့တစေ ထိုဝါဒ၊ ပေါ်လစီများကို တပြိုင်နက်တည်း အကောင်အထည်ဖေါ်ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ပါ၊ အာဏာကိုလူတစုကချုပ်ကိုင်ထားသဖြင့် အုပ်ချုပ်သူလူတန်းစားနှင့် ၄င်းတို့က မျှဝေပေးသည့် ချမ်းသာသော လူတန်းစားဟူ၍ ဖြစ်ပေါ်လာသည်၊ အကြမ်းဖက်မှုများဖြင့် ရှုပ်ထွေးနေသော တော်လှန်ရေးမှာ စိတ်ကူးယဉ် ဖန်တီးထားသော ရန်သူလူတန်းစားကို အမြဲတိုက်ခိုက်နေကြရသည်။

ပထမကမ္ဘာစစ်ပြီးချိန်တွင် ရုရှားနိုင်ငံသည်ပထမဆုံး ကွန်မြူနစ်ဝါဒကို ထူထောင်ခဲ့သည့်နိုင်ငံဖြစ်သည်၊ အရှေ့ ဥရောပတွင် သူတို့နှင့်သဘောတူနိုင်ငံအငယ်ကလေးများသာ ထွက်ပေါ်ခဲ့သည်၊ အမေရိကန်တို့ဦးဆောင် သော ဈေးကွက်စီးပွားရေးစနစ်မှာ ကွန်မြူနစ်တို့နှင့်ပြောင်းပြန်ဖြစ်နေသည်၊ စားသုံးသူတို့ကို ဦးစားပေးရသောစနစ် ဖြစ်သည်၊ အစိုးရက စီးပွားရေးလုပ်ငန်းများတွင် တိုက်ရိုက်ပါဝင် စွက်ဖက်ခြင်းမရှိရပေ။

၁၉၂၉ခုနှစ်က wall street ဈေးကွက်ပြိုပျက်မှုဖြစ်ခဲ့ခြင်းကြောင့်အရင်းရှင်စနစ်သည်လည်းစားသုံးသူ ပြည်သူ လူထု ကိုအကာအကွယ်မပေးနိုင်ဟူ၍ ဖြစ်လာပြန်သည်၊ ဆက်တိုက်ဖြစ်ခဲ့သောစီးပွားရေး ဆုတ်ကပ်ကြောင့် လည်းကောင်း၊ ဈေးကွက်၏ လူအများမမြင်နိုင်၊ နားမလည်နိုင်သော သဘာဝက ချုပ်ကိုင်ထား ခြင်းကြောင့် လည်းကောင်း တခြားစနစ်ရှိနိုင်သေးသလားဟု ရှာဖွေကြံဆခဲ့ကြသည်၊

ဖက်ဆစ်ကိုတိုက်ရန်လိုသဖြင့် ရရှားခေါင်းဆောင် စကာလင်၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ချုပ်ချယ်မှုများကို မသိကျိုးကျွံပြုခဲ့ကြသည်၊ ဖက်ဆစ်တို့ကို အောင်ပွဲခံရသည့် ၁၉၃၀-၄၀ နှစ်များနောက်တွင် ကွန်မြူနစ်တို့၏ ပေါ်ပြူလာဖြစ်မှုမှာ တာရှည်မခံခဲ့ပြန်ချေ၊ အရှေ့ဥရောပနိုင်ငံများတွင် ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်မှုများ ကြောင့်ဆိုဗီယက်ရုရှားတို့၏ သြဇာအာဏာမှာ မှေးမှိန်သွားသည်၊ စစ်ကြီးဖြစ်နေစဉ်က အစိုးရကဦးစီးသော စီမံကိန်းစီးပွားရေးစနစ်မှာ အဆင်ပြေသလိုလိုရှိခဲ့စေခါမူ ငြိမ်းချမ်းသော ကာလတွင်မူ အလုပ်မဖြစ်ခဲ့ပြန်ချေ။

၁၉၆၆ခု ကျူးဘားနိုင်ငံက ဦးစီးပြုလုပ်ခဲ့သော တိုက်သုံးတိုက် ကွန်မြူနစ်ညီလာခံကို အာဖရိက၊ တောင်အမေရိကားနှင့် အာရှနိုင်ငံ ၈၂ နိုင်ငံတက်ရောက်ခဲ့ကြပြီး အရင်းရှင်နှင့် ကိုလိုနီဝါဒဆန့်ကျင်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်၊ နိုင်ငံအများအပြားမှ အစိုးရများကို တော်လှန်ရေးအတွက် ကွန်မြူနစ်ကိုယ်စားလှယ်များ စုဝေးခဲ့ကြ ခြင်းလည်း ဖြစ်ပါသည်၊ အာဖဂန်နစ္စတန်၊ အင်ဂိုလာ၊ အာရှနိုင်ငံအများအပြား၌ ဆိုရှယ်လစ်ဝါဒကို အသက်သွင်း လာခဲ့ကြပြန်ပါသည်။

တရုပ်ပြည်တွင် ၁၉၄၉ခု တော်လှန်ရေး အောင်မြင်ပြီးချိန်တွင် အမေရိကန်တို့အဖို့ ကွန်မြူနစ်ဝါဒပြန့်ပွားခြင်းကို အန္တရာယ်တခုအဖြစ်သတ်မှတ်ပြီး ထိုဝါဒကို ဟန့်တားရေးအတွက် စစ်အင်အားကိုသုံးခဲ့ပါသည်၊ အမေရီကန်တို့ က ဗီယက်နမ်နိုင်ငံတွင် စစ်အကြီးအကျယ်တိုက်နေချိန်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို နိုင်ငံများစွာက ထူထောင်ခဲ့ကြပါသည်။

ကမ္ဘာကြီးတွင် အဓိကကျသည့် စီးပွားရေးစနစ်ပြောင်းလဲမှုများကို တွေ့မြင်နေရခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ စက်မှုဖွံ့ဖြိုးသည့်ကုမ္ပဏီများဖြင့် ချမ်းသာသောလူတန်းစားများ ရှိနေကြသလိုပင် ပညာတတ်ပြီး မိမိဘ၀ အခြေ အနေကို အားမရနိုင်ကြသည့် ၀န်ထမ်းအများစုကလည်း စနစ်ကိုသာ အပြစ်ဖို့ကြပါသည်၊ ကားလမတ်(စ်)က ကြွေးကျော်ခဲ့သည်မှာ “လူအားလုံးမိမိတို့စွမ်းရည်အလိုက် အလိုဆန္ဒပြည့်ရစေရမည်” ဟူသော အာမခံချက်မှာ လူအများကို များစွာဆွဲဆောင်ခဲ့ပါသည်။

နိုင်ငံတော်အနေဖြင့် စည်းစိမ်ချမ်းသာကို တပြေးညီဆောင်ကျဉ်းပေးနိုင်မည့်စနစ်(သို့) အခြေခံလစာကို အစိုးရ ကပြည်သူအားလုံးကို ပေးဝေသည့်စနစ်ကို ဖင်လန်နှင့် နယ်သာလန်နိုင်ငံတို့တွင် စမ်းသပ်လျက်ရှိကြပါသည်။

(၃)

၁၉၈ရခုနှစ်က မော်စကိုရင်ပြင်နီတွင် ပြုလုပ်ခဲ့သော အောက်တိုဘာတော်လှန်ရေး အထိမ်းအမှတ်ပွဲတော်ကြီး များကို ကျွန်တော်တို့တွေ့မြင်ရတော့မှာ မဟုတ်သလို ကွန်မြူနစ်ဝါဒ အသက်ပြန်ဝင်လာရန်လည်း မဖြစ်နိုင်တော့ပါ၊ ဗဟိုကစီစဉ်ပေးသည့် စီမံကိန်းစီးပွားရေးစနစ် နှင့် ပြည်သူကိုဖိနှိပ်မည့် (Gulag)ခေါ် အကျဉ်းထောင်များကို လည်း မမြင်လိုကြတော့ပါ။

လီနင်လည်း ကွယ်လွန်ခဲ့ပါပြီ၊ ကွန်မြူနစ်ဝါဒသည်လည်း မှေးမှိန်သွားခဲ့ပါပြီ၊ သို့တစေ သူတို့ကို စင်ပေါ်ရောက် လာအောင်တွန်းအားပေးခဲ့သည့် မညီမျှမှုများမှာမူ ကမ္ဘာတွင် ရှိနေဆဲဖြစ်ပါသည်။

ကိုသန်းလွင်
Ref: What’s left of communism, New York Time 24, February 2017

( မိုးမခ )

Zawzaw Zaw