Wednesday, May 10, 2017

ပုဂ္ဂိုလ်​ရေး ကိုးကွယ်သူတွေကြောင့် နိုင်ငံရေးဟာ တစ်ခါတစ်ခါ ဗွက်ထတယ်


ပုဂ္ဂိုလ်ရေး ကိုးကွယ်သူတွေကြောင့် နိုင်ငံရေးဟာ တစ်ခါတစ်ခါ ဗွက်ထတယ်
=====

အဲလိစဘက်ဘုရင်မက
လက်အိတ်မ၀တ်ပဲနှုတ်ဆက်တာကို
ဂုဏ်ယူနေကြတဲ့သူတွေကိုပြောချင်တယ်၊

ခင်ဗျားတို့မြန်မာလိုရေးနေတာကို
နယ်လ်ဆင်မင်ဒယ်လားသာ
မသေခင်သိသွားခဲ့ရင်..ဘယ်လိုနေမလဲဆိုတာ
စဉ်းစားကြည့်မိရဲ့လား၊

ဂုဏ်ယူစရာမဟုတ်ပဲဂုဏ်ယူနေကြတဲ့
ပုဂ္ဂိုလ်ရေး ကိုးကွယ်သူတွေကြောင့်
နိုင်ငံရေးဟာ တစ်ခါတစ်ခါ ဗွက်ထတယ် ၊

ဒါနိုင်ငံရေးလား၊
အဆင့်အတန်းခွဲခြားတာကို
လက်သင့်ခံတဲ့သဘောလား၊
အားပေးနေတာလား၊

အမှန်တကယ်ဆိုရင်
လူလူချင်းဘာမှအပိုစာတွ
လုပ်နေစရာမလိုဘူး၊

ဘုရင်စနစ်ဆိုတာ
ယနေ့ကမ္ဘာမှာ
အခွင့်ထူးခံလူတန်းစားပဲခေါ်ခေါ်
လူသောက်မြင်အကပ်ဆုံးလူတန်းစားပဲခေါ်ခေါ်
သူတို့ကိုမှန်အိမ်ထဲထည့်ပြီး
ပြစားနေသလောက်ပဲ
တန်ဖိုးရှိတော့တယ်၊

အမျိုးသားရေးဆိုပြီး
အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်ကို
လိုက်ပြီးကန့်သတ်နေရင်
ဒါအမျိုးသားရေးမဟုတ်တော့ဘူး၊
မဟာဖိုဝါဒဖြစ်သွားပြီ၊

ကိုကိုဦး

No comments:

Post a Comment

Zawzaw Zaw