ဘာဖြစ်ဖြစ် တနိုင်ငံလုံး မြန်မာ ဖြစ်သွားရင်လည်း ကောင်းတာပဲ ဆိုတဲ့ အပြုသဘော မဆောင်တဲ့ စိတ်ဓါတ်
====
( ခု လက်ရှိ မြန်မာပြည်ကို ဗမာမင်းတွေ စုစည်း ထူထောင်လိုက်ခြင်း ဖြစ်တယ် ဆိုတဲ့ လူမျိုးရေး အသာစီးယူ ၀ါဒဖြန့်ချီရေး သမိုင်းလိမ် သားကောင်တွေရဲ့ Post တွေကို မကြာခဏ တွေ့ရတာမို့ ဒီ စာပိုက်လေးနဲ့ မျက်စင်း ခတ်စေချင်ပါတယ် )
အင်္ဂလိပ်ခတ် မတိုင်မီက မွန် ရခိုင် သျှမ်း စတာတွေဟာ မြန်မာပြည် အုပ်ချုပ်ရေး ချမှတ်တဲ့ အစိတ်အပိုင်း မဟုတ်ဘဲ မြန်မာမင်းကို အခွန် ဆက်သကြပြီး ကိုယ့်တိုင်းပြည် ကိုယ့်ဖါကိုယ် အုပ်ချုပ် နေခဲ့ကြတာ ဖြစ်ပါတယ် ။ အဲလို ဖြစ်ရတာကလဲ မြန်မာမင်းတွေကို စစ်ရှုံးနေတုန်း
အချိန်တွေမှာသာ ဖြစ်ပါတယ် ။
ဒီလို ကိုယ့်ထီး ကိုယ့်နန်း အုပ်ချုပ်ရေး ရှိပေမယ့် တပါး အမျိုးသား ဘုရင်တွေကို အခွန်ခံပြီး နေရတဲ့ စနစ်ဟာ ဥရောပမှာရော တကမ္ဘာလုံးမှာပါ ရှိခဲ့တယ်လို့ လေ့လာ ရပါတယ် ။ ဒီ မြွေမသေ တုတ်မကျိုး နည်းနဲ့ နယ်မြေ ချဲ့ ထွင်ရာမှာ ပြင်းပြင်းထန်ထန် ဆန့်ကျင် ခုခံမှု မခံရအောင် လုပ်နိုင် ခဲ့ကြတာလဲ ဖြစ်တယ်လို့ ထင်ပါတယ် ။
ဒီ့ထက် သေချာတဲ့ နည်းက မင်းနွယ် ဓါးစာခံ ပေးအပ်ထားတဲ့ နည်းနဲ့ သမီးပေး ဆွေမျိုး စပ်နည်းတွေ ဖြစ်တယ်လို့လဲ တွေ့ရပါတယ် ။ စစ်တပ်တွေကို ဖျက်သိမ်း ပစ်ပြီး ကိုယ့်တပ်ကို အစားထိုး ထားရှိတဲ့ နည်းကိုတောင် သိပ်မသုံး ခဲ့ကြဘဲ ဘုရင့်နွယ် အချင်းချင်း ပုဂ္ဂိုလ် အရ ချည်နှောင်တဲ့ နည်းသာ ဖြစ်ခဲ့ ပါတယ် ။
နယ်ချဲ့ ခေတ်မှာတော့ အဲလို ပုဂ္ဂိုလ် အရ ချည်နှောင်တဲ့ နည်းတွေ အစား စစ်ရေး အုပ်ချုပ်ရေး ပညာရေး အဘက်ဘက်ကို စစ်နိုင်တဲ့ ဘက်က အစားထိုး ပါတယ် ။ နယ်ချဲ့ အစိုးရ ဗဟိုက ချုပ်ကိုင်တဲ့ အုပ်ချုပ်ရေးရုံးတွေကိုလည်း အခရာ ကျတဲ့ မြို့ရွာတိုင်းမှာ ဖွဲ့စည်း တည်ထောင် ပါတယ် ။
ဒီတော့ အင်္ဂလိပ်က အကုန် သိမ်းလိုက်ပြီးနောက်မှာမှ အုပ်ချုပ်ရေး ရုံးတွေ
နေရာတိုင်း ထည်ထောင်ပြီး တပြည်ထဲ အဖြစ် စတင် အုပ်ချုပ်တာ ပါ ။
နဂိုလ်ကတော့ ရခိုင်နဲ့ မွန်ကို အိန္ဒိယနဲ့ ပေါင်းထား ပေးခဲ့ပါတယ် ။
နောက်တော့ မြန်မာပြည်ထဲ ပြန်သွင်း ခဲ့ပြီး တောင်ပေါ် မြေပြန့် အုပ်ချုပ်ရေး ပုံစံ ပြန်ပြောင်း ပါတယ် ။
နောက်ပိုင်းတော့ ၉၁ဌာန အုပ်ချုပ်ရေး ဘာညာ ဆိုတာနဲ့ လွှတ်တော် တစ်ခုထဲ တပြည်ထဲ ပိုဖြစ်လာအောင် လုပ်ပါတယ် ။ ဒါကို မြန်မာ ပဒေသရာဇ် အမျိုးသားရေး စိတ်ဓါတ် နိုးကြွတဲ့ နိုင်ငံရေး အင်အားစုတွေက ခွဲခြား အုပ်ချုပ်တယ် ဆိုပြီး စွဲချက် တင်ခဲ့တာ ဖြစ်လို့ သမိုင်း Facts အဖြစ် ယူလို့ မရနိုင်ဘူး ထင်ပါတယ် ။
အမှန်က သူ့ ဖါသူ ရှိနေ ခဲ့ကြတဲ့ နယ်မြေ အားလုံးကို နယ်ချဲ့ တစ်ဦးတည်းက ပိုင်ဆိုင် သွားရာ ကနေပြီး အသေ သဘောနဲ့ တပြည်ထဲ ဖြစ်အောင် လုပ်ခဲ့တာပါ ။ Divided and Rule လို့ ဆိုတာက တိုင်းရင်းသားပြည်တွေကို ဗမာပိုင် လုံးဝ ဖြစ်သွားအောင် သမိုင်း ပြောင်းပြန် လှန်ထားခြင်းသာ ဖြစ်တယ် ။
ပြည်ထောင်စု စိတ်ဓါတ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ သဘောထား ဖြစ်တယ် ။ သမိုင်းမှန် ဖြစ်စဉ် အမှန်တွေကို အုပ်ချုပ်ရေး ပညာပိုင်း ကနေ သတ်မှတ် ရရင်တော့ အင်္ဂလိပ် တကယ် လုပ်ခဲ့တာက Combined and rule သာလျှင် အမှန် ဖြစ်နေခဲ့တာ ပါပဲ ။
ဘာဖြစ်ဖြစ် တနိုင်ငံလုံး မြန်မာ ဖြစ်သွားရင်လည်း
ကောင်းတာပဲ ဆိုတဲ့ အပြုသဘော မဆောင်တဲ့ စိတ်ဓါတ် ရှိတဲ့
သူတွေကို ဖယ်ရှား ပစ်ရမယ် ။ အထူးသဖြင့်
တပ်မတော် အထဲမှာ ဒီလို စိတ်ဓါတ်လေးတွေကို
ရိုက်သွင်း ခံထား ရတယ် ။ ဒါကြောင့် စစ်တပ်က
လူတွေဟာ သူပုန်တွေကို အရမ်း မုန်းကြတယ် ။
မေမြို့ စစ်တက္ကသိုလ်မှာ ငြိမ်းချမ်းရေး ဘာသာရပ် ဆိုတာ
မရှိခဲ့ဘူး ။ စစ်ဘုရင် စိတ်ဓါတ်တွေကိုပဲ သင်ပေး ကြတယ် ။
အနော်ရထာ ၊ ဘုရင့်နောင် ၊ အလောင်းဘုရား ရုပ်ထုတွေဟာ
သက်သေ အဖြစ် မြင်နေ ရတယ် ။
ဒီလို စစ်ဘုရင် စိတ်ဓါတ် ၊ အမျိုးသား အစွန်းရောက်
စိတ်ဓါတ်တွေကို ပပျောက် သွားအောင် နောင်လာမယ့် အစိုးရ အဆက်ဆက်က ဆက်လက် တာဝန်ယူ သွားဖို့ လိုအပ်တယ် ။
သေချာ ပြန်စဉ်းစား ကြည့်နော် ။
တနိုင်ငံလုံး မြန်မာ ကြီးစိုး သွားရေး ဆိုတဲ့ ၀ါဒ ဆိုတာ
ဘယ်လိုမှ မအောင်မြင် နိုင်သလို ငြိမ်းချမ်းရေးကိုလည်း
ဘယ်လိုမှ သယ်ဆောင် သွားဖို့ မဖြစ်နိုင်ဘူး ။
အဂ္ဂ ၊ ကိုကိုဦး
Subscribe to:
Post Comments (Atom)
Zawzaw Zaw
-
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဗမာ့ သတ်မတော် စစ်ခွေးတွေ ကွာခြားချက် ====== အားလုံးသော တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ပြည...
-
ခလရ ၂၉၇တို့ကို ထပ်ပြီး ဂျင်းထည့် လိုက်ခြင်း ==== 24.1.2018 ဒီမနက် အစောကြီး 3:30AMမှာ ရှဒူဇွပ်နားက ခလရ (၂၉၇)တို့ တပ်စွဲရာ နေရာက...
-
ကိုးကန့် စစ်ပွဲ၌ ဗမာ့ မုဒိမ်း သတ်မတော် စစ်ခွေးတွေ အယောက် ( ၂၀ ) ကျော်လောက် မရှူ့ မလှ ထိခိုက် ကျဆုံး ===== 4 . 22 . 2017 နံ...
-
ငြိမ်းချမ်းမှု မရှိသေးသည့် ရှမ်းမြောက် ဒေသ တိုက်ပွဲ သတင်းနှင့် ဗမာ့ သတ်မတော်၏ ကျူးကျော်မှုမှ ကောက်ကျစ် ယုတ်မာ ရက်စက်မှု ====== ...
-
လူသတ် လိုင်စင် ပိုင်ဆိုင်သော ဒေါ်စု ===== ဒေါ်စု လူသတ် လိုင်စင် ဆု ရတိုင်း ပြည်ထောင်စု တိုင်းပြည် အတွင်းမှာ မ...
-
တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် ယနေ့တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွား မြန်မာ့တပ်မတော် ၁၀ ဦးကျော် ကျဆုံး ၂၀၁၇ ခုနှစ်၊မေလ ၃ ရက...
-
U.S စစ်တပ်ရဲ့ MOAB ဗုံးနှင့် မြောက်ကိုရီးယားကို ဗဟိုပြုနေတဲ့ စစ်ရေး အခြေအနေ ××××××× မြောက်ကိုရီးယားနဲ့ စစ်ရေးတင်းမာနေတုန်းမှ...
-
ကရင် အမျိုးသား အစည်းအရုံး၏ နိုင်ငံရေး ရည်မှန်းချက်နဲ့ လတ်တလော မြန်မာ့နိုင်ငံရေး အကြပ်အတည်း ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၆ကြိမ်ေ...
-
NLD ဒေါင်းစားမရဲ့ စစ်ခွေးတွေရဲ့ နိုင်ငံရေး အဆင့်လေ ။ NLD ဒေါင်းစားမရဲ့ သားသမီးတွေ အားလုံးက စစ်ခွေးနဲ့ အတူတူ ဖြစ်ကုန်လို့ ပဲ ။ ...
-
ထိုင်း တပ်မတော်နှင့် ကရင် မျိုးချစ် တပ်မတော်တို့ ပူးတွဲ စစ်ဆင်ရေး လေ့ကျင့် ခဲ့သည် ။
No comments:
Post a Comment