=====
မြန်မာ့သမိုင်းနဲ့ ပတ်သက်လို့ အရင်တုန်းက သိထားတာနဲ့ အကြောင်းအရာ မှန်တွေဟာ တစ်ရံတစ်ခါ အလွန်တရာမှာ ကွဲလွဲ နေတတ်တယ် ။
ဥပမာ .. အယုဒ္ဓယကို အလောင်းမင်းတရားကြီး သိမ်းယူပြီး ဖျက်ဆီး ခဲ့တယ်လို့ သိထား ကြတယ် ။ ကတယ်တမ်းမှာတော့ အယုဒ္ဓယကို အလောင်းမင်းတရား တပ်က ငါးရက်မျှသာ သိမ်းထားနိုင်ခဲ့ပြီး ဘုရင် ဖျားနားလို့ တပ်ခေါက် အမြန် ပြန်လာ ခဲ့ရတယ် ။ ထင်သလောက် အဖျက်အဆီး မခံခဲ့ရဘူး ။
၁၇၆၇ ခုနှစ် ဆင်ဖြူရှင်မင်း လက်ထက်ကျမှ အကြီးအကျယ် ဖျက်ဆီး ခံရ သတ်ဖြတ် ခံခဲ့ရတာ ဖြစ်တယ် ။ ဆင်ဖြူရှင်လည်း လပိုင်းပဲ သိမ်းထား နိုင်ခဲ့ပြီး တရုတ် စစ်မြေပြင်ကို ရင်ဆိုင်ဖို့ အတွက် တပ်တွေကို ပြန်ခေါ် ခဲ့ရတယ် ။
မြန်မာ့သမိုင်းမှာက အလောင်းဖုရားဟာ ရောဂါကြောင့် သေခဲ့တယ်လို့ ဆိုတယ် ။ ထိုင်းသမိုင်းမှာ ကတော့ သူ့ အမြှောက်တပ်ကို စစ်ဆေးရင်း ယမ်း မတော်တဆ ပေါက်ကွဲပြီး ရခဲ့တဲ့ ဒဏ်ရာနဲ့ အပြန်လမ်းမှာ သေတယ်လို့ ဆိုတယ် ။ ဘယ်သူမှား ဘယ်သူမှန် သလဲ ဆိုတာ ကိုယ်ဥာဏ် ၊ မျက်စိနဲ့ ကြည့်နိုင်ဖို့သာ လိုပါတယ် ။
ပြည်တွင်းစစ် ဖြစ်ခဲ့ရတဲ့ တရားခံ အစစ်ဟာ ဖဆပလ အစိုးရ
ဆိုတာ ဘယ် သမိုင်းရေး ဆရာမှ မရေးခဲ့ကြဘူး ။
ဗမာ့ထွက်ရပ်ဂိုဏ်းနဲ့ တို့ဗမာအစည်းအရုံးက ခေါင်းဆောင်တွေက ဒုတိယ ကမ္ဘာစစ်မှာ ဖက်ဆစ်နဲ့ ပေါင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ သမိုင်း အမှားကို သခင်စိုး တစ်ယောက်မှ လွဲလို့ ဘယ်သူကမှ တပ်အပ် စွပ်စွဲ မပြောခဲ့ကြဘူး ။
ဂျပန် တော်လှန်ရေး ဆိုတာ ဂျပန် စစ်ရှူံးခါနီးမှာ စစ်ရာဇ၀တ်ကောင် အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ အတွက် ကမန်းကတမ်း ထလုပ်ခဲ့တဲ့ တော်လှန်ရေးပဲ ဆိုတာ သမိုင်းကို ခရေတွင်းစေ့ လေ့လာ သူတွေပဲ သိတယ် ။ အညာခံ နေရသူတွေ ကတော့ တော်လှန်ရေးနေ့ကို မတ်လ ( ၂ရ )က ဖြစ်သင့် သလား ဒီဇင်ဘာ ( ၂၇ ) ဖြစ်သင့် သလားလား ဆိုတာနဲ့ ငြင်းနေ ကြတုန်းပဲ ။
တကယ် ဆန်းစစ် ကြည့်ရရင် မြန်မာ့ အထက်တန်း သမိုင်းတွေမှာ သမိုင်း အမှန်တွေကို ဖုံးကွယ် ရေးသား ခဲ့ကြပြီး မျိုးချစ်စိတ်နဲ့ ဖုံးလွှမ်း ခဲ့ကြတယ် ။ ရလာဒ် ကတော့ တတိုင်းပြည်လုံး အံ့ကုန်ရော ။
ဗိုလ်ချုပ်နဲ့ ပတ်သက်လာရင် ဘယ်သူကမျှ အမှန်ကို ရှေ့ထွက် မပြောရဲကြ ၊ ကြောက်ကြ ရတယ် မဟုတ်လား ။ တစ်ချို့ကသာ အနည်းငယ် ရဲတင်းပြီး စာအုပ် တစ်ချို့မှာ မသိမသာ ရေးရေးလေး အကွက်နင်း ဖေါ်ပြ တတ်ကြတာပဲ ရှိတယ် ။
ဗိုလ်ချုပ် ဂုဏ်သိက္ခာ ထိခိုက်အောင် ဝေဖန် ရေးသားသူ ဆိုရင် အလိုအလျှောက်ကို သစ္စာဖေါက် ဖြစ်ရတဲ့ ခေတ် တစ်ခေတ် အတော်ပဲ တာရှည် ခဲ့တယ် ။
ဒီနေ့ခေတ် ကတော့ ဒါတွေကို ကျော်လွှားပြီး သွားရမယ့် ခေတ် ၊ အမှန်ကို အမှန်အတိုင်း သိမြင် သုံးသပ် ရမယ့် ဒီမိုကရေစီ ခေတ် ၊ အကြောက်တရားတွေ အားလုံးကို တော်လှန် ရမယ့် ခေတ်ကို ရောက်နေ ပါပြီ ။ ဒီနေ့မှာ အရင်ခေတ်က ဖုံးကွယ် နေတဲ့ သမိုင်းဟောင်းတွေ တဖြေးဖြေး ထွက်ပေါ် လာနေ ပါပြီ ။ မြင်အောင် ကြည့်တတ်ဖို့ပဲ လိုတယ် ။
ကိုကိုဦး
No comments:
Post a Comment